ၾကားသိရသမွ်

ကမာၻ႔ အႀကီးဆုံး ၾကယ္လိပ္ႀကီးအား ပုဂံၿမိဳ႕ ေလာကနႏၵာ ေဘးမဲ့ေတာဥယ်ာဥ္၌ လာေရာက္ေလ့လာႏိုင္​ေၾကာင္း…

ကမာၻ႔ အႀကီးဆုံး ၾကယ္လိပ္ႀကီးအား ပုဂံၿမိဳ႕ ေလာကနႏၵာ ေဘးမဲ့ေတာဥယ်ာဥ္၌ လာေရာက္ေလ့လာႏိုင္​ေၾကာင္း…
ျမန္မာႏိုင္ငံဟာ ထူးဆန္း အံ့ဩဖြယ္ရာေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ႏိုင္ငံတစ္ခု ျဖစ္ပါတယ္။ ယခုအခါ မွာလည္း မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္၊ ပုဂံၿမိဳ႕၊ ေလာကနႏၵာ စြယ္ေတာ္ျမတ္ ေစတီအနီးရွိ

ေလာကနႏၵာ ေဘးမဲ့ေတာဥယ်ာဥ္ ၌ ကမာၻ႔အႀကီးဆုံး ၾကယ္လိပ္ႀကီးအား လာေရာက္ေလ့လာ ၾကည့္ရႈႏိုင္ေၾကာင္း ေလာကနႏၵာ ေဘးမဲ့ေတာဥယ်ာဥ္ အုပ္ခ်ဳပ္ေရးမႉးက ေျပာၾကားလာပါတယ္။

ကမာၻ႔ ရွားပါးၾကယ္လိပ္ မ်ားကို (၂၀၀၁) ခုႏွစ္က တရားမဝင္ ကုန္သြယ္မႈမ်ား အေတာ္ေလး ျပဳလုပ္ခဲ့ၾကၿပီးမွ ထို တရားမဝင္ ကုန္သြယ္မႈမ်ားမွ ဖမ္းဆီးရမိခဲ့တဲ့ ျမန္မာ့ ၾကယ္လိပ္ အထီး (၄၂)ေကာင္၊ အမ (၄၀) ေကာင္အား

ပုဂံၿမိဳ႕ ေလာကနႏၵာ ေဘးမဲ့ေတာ ဥယ်ာဥ္တြင္ ၿခံေလွာင္ စနစ္ျဖင့္ ေမြးျမဴခဲ့ေၾကာင္း သိရပါတယ္။ ျမန္မာတစ္ႏိုင္ငံထဲမွာသာ ရွိတဲ့ ရွားပါးမ်ိဳးစိတ္ ၾကယ္လိပ္ သားေပါက္မ်ားကိုေတာ့ ေနရင္းေဒသမ်ားသို႔ ျပန္လည္ လႊတ္ေပးခဲ့​တယ္လို႔ ဆိုပါတယ္။

ထို တရားမဝင္ ကုန္သြယ္မႈမွ ဖမ္းဆီးရမိခဲ့တဲ့ ၾကယ္လိပ္ (၈၄) ေကာင္အနက္ ၾကယ္လိပ္မတစ္ေကာင္ ဟာ (၂၁) ႏွစ္အၾကာျဖစ္တဲ့ ယခုႏွစ္ (၂၀၂၂) ခုႏွစ္ မွာေတာ့ ကမာၻေပၚရွိ အႀကီးဆုံး ၾကယ္လိပ္အျဖစ္ မွတ္တမ္းတင္ ႏိုင္ခဲ့ေၾကာင္း၊

အသက္ အားျဖင့္ (၂၂) ႏွစ္ခန႔္ ရွိမည္ဟု ၾကယ္လိပ္မ်ားရဲ႕ ေက်ာေပၚ ႏွစ္စဥ္ ထြက္ေပၚလာေလ့ရွိေသာ လိုင္းမ်ားကို ေရတြက္ကာ အနီးစပ္ဆုံး သက္တမ္းအား ခန႔္မွန္းထားျခင္း ျဖစ္ေၾကာင္း သိရပါတယ္။

ကမာၻ႔အႀကီးဆုံး ၾကယ္လိပ္မႀကီး ဟာ အတန္အစား အေနျဖင့္ အ႐ြယ္ေရာက္ေနၿပီ ျဖစ္ကာ ေက်ာခြံအလ်ား (၄၇.၈) စင္တီမီတာ၊ ေက်ာခြံအနံ (၃၂.၇) စင္တီမီတာ ၊ ရင္ခြင္အလ်ား (၄၀) စင္တီမီတာ၊

ရင္ခြင္အနံ (၂၇) စင္တီမီတာ၊ အျမင့္ (၂၅.၅) စင္တီမီတာ၊ အေလးခ်ိန္ (18kg) (၃၉.၆၉) ေပါင္၊ (၁၁.၀၁) ေပါင္ ရွိၿပီး ထူးျခားခ်က္ အေနျဖင့္ ၾကယ္လိပ္မႀကီး ဟာ အပ်ိဳႀကီး ျဖစ္ေၾကာင္း သိရပါတယ္။

မူရင္းတင္ဆက္သူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

ကမ္ဘာ့ အကြီးဆုံး ကြယ်လိပ်ကြီးအား ပုဂံမြို့ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်၌ လာရောက်လေ့လာနိုင်ကြောင်း…
မြန်မာနိုင်ငံဟာ ထူးဆန်း အံ့ဩဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ယခုအခါ မှာလည်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ လောကနန္ဒာ စွယ်တော်မြတ် စေတီအနီးရှိ

လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် ၌ ကမ္ဘာ့အကြီးဆုံး ကြယ်လိပ်ကြီးအား လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူးက ပြောကြားလာပါတယ်။

ကမ္ဘာ့ ရှားပါးကြယ်လိပ် များကို (၂၀၀၁) ခုနှစ်က တရားမဝင် ကုန်သွယ်မှုများ အတော်လေး ပြုလုပ်ခဲ့ကြပြီးမှ ထို တရားမဝင် ကုန်သွယ်မှုများမှ ဖမ်းဆီးရမိခဲ့တဲ့ မြန်မာ့ ကြယ်လိပ် အထီး (၄၂)ကောင်၊ အမ (၄၀) ကောင်အား

ပုဂံမြို့ လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်တွင် ခြံလှောင် စနစ်ဖြင့် မွေးမြူခဲ့ကြောင်း သိရပါတယ်။ မြန်မာတစ်နိုင်ငံထဲမှာသာ ရှိတဲ့ ရှားပါးမျိုးစိတ် ကြယ်လိပ် သားပေါက်များကိုတော့ နေရင်းဒေသများသို့ ပြန်လည် လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ထို တရားမဝင် ကုန်သွယ်မှုမှ ဖမ်းဆီးရမိခဲ့တဲ့ ကြယ်လိပ် (၈၄) ကောင်အနက် ကြယ်လိပ်မတစ်ကောင် ဟာ (၂၁) နှစ်အကြာဖြစ်တဲ့ ယခုနှစ် (၂၀၂၂) ခုနှစ် မှာတော့ ကမ္ဘာပေါ်ရှိ အကြီးဆုံး ကြယ်လိပ်အဖြစ် မှတ်တမ်းတင် နိုင်ခဲ့ကြောင်း၊

အသက် အားဖြင့် (၂၂) နှစ်ခန့် ရှိမည်ဟု ကြယ်လိပ်များရဲ့ ကျောပေါ် နှစ်စဉ် ထွက်ပေါ်လာလေ့ရှိသော လိုင်းများကို ရေတွက်ကာ အနီးစပ်ဆုံး သက်တမ်းအား ခန့်မှန်းထားခြင်း ဖြစ်ကြောင်း သိရပါတယ်။

ကမ္ဘာ့အကြီးဆုံး ကြယ်လိပ်မကြီး ဟာ အတန်အစား အနေဖြင့် အရွယ်ရောက်နေပြီ ဖြစ်ကာ ကျောခွံအလျား (၄၇.၈) စင်တီမီတာ၊ ကျောခွံအနံ (၃၂.၇) စင်တီမီတာ ၊ ရင်ခွင်အလျား (၄၀) စင်တီမီတာ၊

ရင်ခွင်အနံ (၂၇) စင်တီမီတာ၊ အမြင့် (၂၅.၅) စင်တီမီတာ၊ အလေးချိန် (18kg) (၃၉.၆၉) ပေါင်၊ (၁၁.၀၁) ပေါင် ရှိပြီး ထူးခြားချက် အနေဖြင့် ကြယ်လိပ်မကြီး ဟာ အပျိုကြီး ဖြစ်ကြောင်း သိရပါတယ်။

မူရင်းတင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။