ေဗဒင္

8.Sep .2022 မှ 14.Sep.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

8.Sep .2022 မှ 14.Sep.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီတစ်ပတ်အတွင်းကောင်းသောအကူအညီတွေရလာတတ်ပါတယ်။အထူးသဖြင့်အရွယ်ရောက်ပြီးသား သမီးကြောင့် အဆင်ပြေမှုကြုံရတတ်ပါတယ်။

သားသမီးတွေဆီက ငွေအား၊လုပ်အားရရှိနိုင်ပါတယ်။ လုပ်ငန်းခွင် အတွင်း မိမိချိတ်ဆက်ထားသောအလုပ်များကနေ အကျိုးအမြတ်ရရှိပါလိမ့်မယ်။

တတ်သိနားလည်သော မိတ်ဆွေ များရဲ့အကူအညီတွေရလွယ်ပါတယ်။ အထူးသဖြင့်ဒီအပတ်ထဲ ဝန်ဆောင်မှုပေးရတဲ့အလုပ်တွေအဆင်ပြေတိုးတတ်

ပါလိမ့်မယ်။ကျန်းမာရေးမကောင်းသူများ ဆီးဝမ်းသွေးလေမှန်ပြီး ကျန်းမာရေးပြန်ကောင်းလာဖွယ်ရှိတာကိုမြင်ရမဲ့ ကာလပါပဲ။

အားနည်းချက်က ကြားသုံးကြားမဝင်သင့်ပါဘူး။

သူများပြဿနာကိုကိုယ့်ပြဿနာဖြစ်အောင်မလုပ်မိဖို့ လိုပါတယ်။ဈေးကွက်အပြောင်းအလဲကြောင့် မိမိပစ္စည်းတွေဈေးကောင်းရတတ်ပါတယ်။

လက်ဆောင်တွေ အမှတ်တရပစ္စည်းတွေလဲ ရလာတတ်ပါတယ်၊ လုပ်ငန်းတွေလဲ ထပ်မံချဲ့ထွင်နိုင်ပါလိမ့်မယ်၊ လူမျိုးခြားဘာသာခြား

တွေရဲ့အကူအညီတွေလဲရလာတတ်ပါတယ်။ အိမ်ထောင်ရေး အိမ်တွင်းရေး အလွန်ကောင်းပါတယ်။ အချစ် ရေး မှာတော့ ချစ်ရေးဆိုခြင်းခံရတတ်ပါတယ်။

စန်းလဲပွင့်နေတတ်ပါတယ်။ ပညာရေး ကတော့မိမိ ကိုယ်တိုင်က ပညာ ရေးထက် အပျော်အပါးကိုမက်နေပါလိမ့်မယ်။အကျိုးပေးဂဏန်း

1/4/2အထူးဟော လူမှုရေးကိစ္စများတွင်ကြားဝင် မပါဖို့လိုပါတယ်။ယတြာ အာလူးကြော်ဘုရားကပ်လှူပေးပါ

တနင်္လာ

ဒီအပတ်ထဲမှာတော့ ဖိနှိပ်မှု၊ချုပ်ချယ်မှုတွေအပြင် မနေလိုသောနေရာဒေသတွေမှာနေထိုင်ရတာမျိုးတွေဖြစ် တတ်ပါတယ်။

ဝန်ထမ်းဆို ဖိအားပေးခိုင်းစေခြင်းမျိုးခံရတတ်ပါတယ်။ခန္ဓာကိုယ်အတွင်းရေဓာတ်ဆုံးရှုံးတာမျိုးတွေ ဖြစ်တတ်တာမို့

နေပူထဲလုပ်နေသူများ၊ကာယအားစိုက်လုပ်ရသူများ သတိထားပြီးလုပ်ကိုင်ဖို့တိုက်တွန်းလိုပါတယ်။ လူကြီးများ အငန်လျှော့စားသင့်တဲ့ကာလပဲဖြစ်ပါတယ်။

တတ်နိုင်သမျှဒီအပတ်အတွင်းပေါ့ပေါ့ပါးပါးအလုပ်တွေသာ လုပ်ပါ။အမြတ်နည်းရင်နည်းပါစေ။

ငွေများများလိုချင်လို့အကြီးကြီးတွေလုပ်မယ်ကြံတိုင်းအဖက်ဖက်ကစဉ်းစားပြီး မှသာဆောင်ရွက်စေချင်ပါတယ်။

ငွေကြေးကံအားနည်းနေတာမို့ မလိုအပ်ဘဲနဲ့ ငွေထုတ်သုံးတာမျိုးတွေရှောင်စေချင် ပါတယ်။

လူငယ်များ အပေါင်းအသင်းတွေနဲ့အချိန်ကုန်နေတတ်ပါတယ်။ လုပ်ငန်းရှင်များ အောက်လက်ငယ်သား

တွေအလုပ်ထွက်သွားတာမျိုး တွေ့ရကြုံရတတ်ပါတယ်။ အထိုင်မနေရတဲ့ အလုပ်တွေတိုးတတ်နိုင်ပါတယ်။

အသေး စားစီးပွားရေးလုပ်ငန်းများအလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာတတ် ပါတယ်။ ငွေကြေးအဝင်နည်းနေတတ်ပါ တယ်။

မိမိအနေနဲ့ ချွေတာသုံးစေချင်ပါတယ်။ အိမ်ထောင်ရေးကတော့ အဆင် ပြေသာယာမဲ့အချိန်ပါပဲ။ အချစ်ရေး ကံကတော့ ထင်သလိုမဖြစ်သေးပါဘူး။

အချစ်ရေးသောကများရပါလိမ့်မယ်။ ပညာရေးကတော့ ပညာရှာဖို့ခက်ခဲတဲ့ အချိန်ပါပဲ။

အကျိုးပေးဂဏန်း 9/5/3အထူးဟော ကျန်းမာရေးပေါ့ဆလို့ မသင့်ပါဘူး။ယတြာ ဆီထမင်းဘုရားကပ်လှူပါ

အင်္ဂါ

ဒီအပတ်အတွင်း လုပ်နေကြပုံစံအတိုင်းလုပ်နေတာထက် ပုံစံပြောင်းပြီးဆောင်ရွက်သွားတာက ပိုကောင်း ပါတယ်။

သာမန်ရိုးကျဆောင်ရွက်နေခြင်းက အလုပ်မပြီးခြင်း၊ကြန့်ကြာခြင်းများဖြစ်ပေါ်စေနိုင်ပါတယ်။

တစ်ပါးသူ တွေထံကနေအကူအညီတွေယူရတာမျိုးတွေကြုံနေရတတ်ပါတယ်။တတ်နိုင်သမျှဒီအပတ်ထဲ မိအိုဖအို တွေရှိရင် ကျန်းမာရေးဂရုစိုက်ပေးပါ။

မိဘကျန်းမာရေးအားနည်းနိုင်တာမြင်လို့ပါပဲ။ကျန်းမာရေးအနေနဲ့ဝမ်းပျက် လွယ် သူများ သတိထားပါ။ ဒီအပတ်ထဲအစားမှားပြီး

ဝမ်းသွားတာမျိုးတွေအလွန်ဖြစ်ရတတ်ပါတယ်။ ကံကောင်းတာ က မိမိတို့ လှူချင် တဲ့အလှူအတန်းတွေ လှူခွင့်ကြုံလာရတတ်ပါတယ်။

သားသမီးတွေရှိရင် ကိုယ်တွယ် တတ်ဖို့လိုပါ တယ်။ ချော့ တစ်ခါ ချောက်တစ်လှည့်ပြောရမဲ့ကာလပါပဲ။ ငွေကြေးနဲ့ပတ်သက်ပြီး

အနည်း ငယ်အဝင် နည်းနေတတ် ပါ တယ်။ ဒါမှမဟုတ်ငွေဝင်ပြီး အဖတ်မတင်ပြန်ကုန်ရတာမျိုးတွေဖြစ်လွယ်ပါတယ်။

လျှို့ဝှက်ချက် တွေကိုဘယ်သူ့ ကိုမှ ပြောမပြသင့်ပါ။ ရှေ့တစ်မျိုးပြောသူ၊ကွယ်ရာတစ်မျိုးပြောသူတွေနဲ့ ဆုံတတ်လို့ ပါပဲ။

အိမ်ထောင်ရေးကိစ္စ တွေမှာ အဆင်အပြေဆုံးကာလလို့ပဲပြောရမှာပါ။ အချစ်ရေးကံကတော့ အနည်းငယ်သွေးအေးနေတတ်ပါတယ်။

ပညာရေး ကတော့ သင့် အဆင့်မှာရှိပါတယ်။အကျိုးပေးဂဏန်း 4/8/6အထူးဟော စီးပွားရေးကိုပုံစံတစ်မျိုးပြောင်းပြီးဆောင်ရွက်လုပ်ကိုင်ပါ။ယတြာ သရက်ယိုဘုရားကပ်ပေးပါ။

ဗုဒ္ဓဟူး/ရာဟု

အဆင်မပြေတာတွေကနေ စတင်အဆင်ပြေခြင်းလမ်းကိုလျှောက်ခွင့်ရတော့မဲ့ကာလပဲဖြစ်ပါတယ်။ စီးပွား ရေးအခွင့်အလမ်းတွေပေါ်လာနိုင်သလို

ဝန်ထမ်းဆိုလဲ နေရာကောင်းရခြင်း၊မိမိလုပ်ကိုင်တာတွေကို အသိအမှတ်ပြု ခံရခြင်း၊ မိမိစွမ်းဆောင်ရည်ကို customer တွေက ကောင်းသော

feedback ပေးခြင်းမျိုးတွေကြုံရတတ်ပါတယ်။ ငွေကံကောင်းနေတာမျိုးကြုံရတတ်ပါတယ်။ ရစရာရှိတဲ့ ငွေကြေးတွေ၊ကြန့်ကြာနေတဲ့အကြွေးတွေပြန်ရလာတတ်

ပါတယ်။ အလုပ်အတွက်စိတ်ချမ်းသာရပေမဲ့ မအားလပ်တာကြောင့် ပင်ပန်းတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။

ခရီးကောင်းတွေသွားရတတ်ပါတယ်။ခရီးသွားပြီးကံကောင်းခြင်းတွေပိုရလာတတ်လို့ပါပဲ။

အလုပ်ရှာနေသူများရပ်ဝေး က လျှောက်ထားတဲ့ အလုပ်တွေရတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက် ပြီး သင်တန်းဖွင့်တာမျိုး ၊တပည့်လက်ခံ

တာ မျိုးဆောင်ရွက် နိုင်ပါလိမ့်မယ်။ မိမိချဲ့ထွင်ချင်တဲ့ လုပ်ငန်းစီးပွားတွေတိုး ချဲ့နိုင်ပါလိမ့်မယ်။ကျန်းမာရေး အတွက် လဲ အရမ်း

တော့စိတ်ပူစရာမလိုသေးပါဘူး၊ အလွန်ဆုံး မတ်တပ်ဖျားမတ်တပ်နာလောက်ပဲ ဖြစ်ပါလိမ့်မယ်။လူချစ် လူခင် အရမ်း များမဲ့ကာလပါပဲ။

အချစ်ရေးလဲမိမိစိတ်တိုင်းကျဖြစ်ရပါလိမ့် မယ်။ အိမ်ထောင်ရေး သာယာပါလိမ့် မယ်။ အိမ်ထောင်ဖက်ရဲ့အလိုလိုက်ခြင်းကိုခံရပါလိမ့်မယ်။

အကျိုးပေးဂဏန်း 5/7/0အထူးဟော မိတ်ဆွေကောင်းတွေကိုတန်ဖိုးထားသင့်တဲ့ကာလပါပဲ။ယတြာ ထမင်းဆီဆမ်းဘုရားကပ်လှူပါ

ကြာသပတေး

အလုပ်ပိုတွေများနေတတ်ပါတယ်။ကိုယ့်အလုပ်ကိုယ်မလုပ်ရဘဲ သူများအလုပ်တွေနဲ့အချိန်ကုန်လူပန်းဖြစ်ရ တတ်ပါတယ်။တတ်နိုင်သမျှငွေမချေးပါနဲ့။

ငွေကြေးဆုံးရှုံးမှုတွေရှိနိုင်တာမျိုးတွေ့ရပါတယ်။ သူခိုးသူဝှက်အန္တရာယ် ရှိတာမို့ လုံခြုံရေးတင်းကြပ်ထားဖို့လိုအပ်ပါတယ်။

ဆိုင်ဖွင့်ထားသူများ အထူးသတိထားပါ။ တတ်နိုင်သမျှဒီအပတ် ထဲ ရေမကျွမ်းကျင်ဘဲ ရေလမ်းခရီးမသွားသင့်ပါ။

လက်ကားစီးပွားရေးသမားများ ဈေးအပြောင်းအလဲကြောင့် ဆုံးရှုံး နိုင်ဖွယ်ကြုံရတတ်ပါတယ်။

အပျော်အပါးကို ဦးတည်တဲ့ခရီးမျိုးတွေကို ဒီအပတ်ထဲရှောင်တာအကောင်းဆုံးပါပဲ။ အရာရာကိုချိန်ဆပြီးဆောင်ရွက်မှအဆင်ပြေမဲ့ကာလဖြစ်ပါတယ်။

ရပ်ဝေးသွားပြီး စီးပွားရှာခြင်းများ အကောင်း ဘက် ကိုများပါတယ်။ မိမိဖြစ်ချင် တာကိုဦးစားမပေးသင့်ပါ။

လုပ်ငန်းခွင်မှာတော့ အများဆန္ဒကိုဦးစားပေးလိုက်ပါ။ ကျန်းမာရေးကတော့ ဗိုက်နာတာ ၊အစာအိမ်ရောဂါနဲ့ အစာမကြေတာမျိုးလဲဖြစ်တတ်ပါတယ်။

မိတ်ဆွေတွေဒုက္ခပေး တာမျိုးလဲကြုံရတတ် ပါတယ်။ အိမ်ထောင်ရေးကံအလွန်ကောင်းနေပါလိမ့်မယ်။

အချစ်ရေးမှာတော့ အချစ်ဟောင်း ထက် အချစ်သစ် အပေါ် ပိုမိုစိတ်ညွှတ်နေမိတတ်ပါတယ်။

ပညာရေးကတော့ ကြိုးစားနိုင်မှ အဆင်ပြေမှာပါ၊ ပညာ ရေး အားနည်းနေ တတ်တဲ့ကာလပါပဲ။အကျိုးပေးဂဏန်း 1/6/5အထူးဟော မလိုအပ်ဘဲ

ဆရာလုပ်တာမျိုး၊သူများကိုအမိန့်ပေးတာမျိုးမလုပ်ပါနဲ့။ယတြာ အုန်းဆီတစ်ဗူး တစ်ဦးတစ်ယောက်ကိုလှူလိုက်ပါ။

သောကြာ

စိတ်ရှုပ်စရာလေးတွေအနည်းငယ်ရှိတာကလွဲလို့ဒီကာလအတွင်းအဆိုးတော့ သိပ်မမြင်ပါဘူး။ အိမ်တွင်းရေး ဗာဟီရများတာမျိုးတွေ၊

အလုပ်မှာသူများအစားထိုးလုပ်ပေးရတာမျိုးတွေကြောင့် စိတ်ကျဉ်းကြပ်ပင်ပန်းရတတ်ပါ တယ်။

တတ်နိုင်သ၍တော့ စိတ်ချမ်းသာအောင် နေပါ။ ငွေကံကောင်းတတ်ပေမဲ့ လိုအပ်နေသူတွေကိုပြန်ကူညီပေး ချင်တာကြောင့် ကုသိုလ်တွေတော့

ရလာတတ်တဲ့ကာလပါပဲ။ ကျန်းမာရေးကိုသတိထားဖို့လိုတဲ့ကာလလို့ သုံးသပ်လို့ ရပါတယ်။

လူရင်းတွေက ဒုက္ခအပေးတတ်ဆုံးကာလဖြစ်တာမို့ အနီးကပ်ဘယ်သူကိုမှမယုံသင့်ပါဘူး။ အပ်နှံထားတဲ့ အလုပ်တွေ ကိုမသေချာဘဲ ရက်မချိန်းပါနဲ့။

မိမိစိတ်ကူးအယူအဆတွေကိုတော့ အထူးကောင်းနေပါလိမ့်မယ်။ အများ ပိုင်ငွေများ မိမိဆီ ယာယီလာ အပ်တာမျိုးလက်မခံမိပါစေနဲ့၊

လာဘ်ပိတ်သွားတတ်လို့ပါ။ ဒီကာလမှာ မိတ်ဆွေ သူငယ်ချင်းတွေရဲ့အကူအညီတွေရလာတတ်ပါတယ်။

ကျန်းမာရေးကတော့အညံ့အဆိုးများတဲ့ကာ လထဲ ရောက်နေ ပါတယ်။ကျန်းမာရေးဂရုစိုက်ဖို့လိုအပ်တဲ့အချိန်ပါပဲ။

အိမ်ထောင်ရေးသုခနည်းတတ်တဲ့အချိန်ပါပဲ။ အချစ်ရေး က တော့ အဆင်ပြေစိတ်ချမ်းသာခွင့်ရပါလိမ့်မယ်။

ချစ်သူနဲ့ နားလည်မှုတွေ ပြန်ရပါလိမ့်မယ်။ ပညာရေး ကတော့ ဉာဏ် ဝီရိယတွေ မိမိစိုက်ထုတ်ဖို့ လိုအပ်တယ်လို့ သုံးသပ်မိပါတယ်။

အကျိုးပေးဂဏန်း 2/9/7အထူးဟော ရန်ပြဿနာတွေထဲ ဝင်မပါနဲ့ဗျ။ယတြာ နန်းကြီးသုပ်ဘုရားကပ်ပါ

စနေ

စိတ်ကူးကောင်း၊အကြံဥာဏ်ကောင်းတွေကြောင့် ဒီကာလမှာပေါ်လာတတ်ပါတယ်။ အလုပ်တွေကောင်းလာ နိုင်တဲ့အခြေအနေလဲမြင်ရတယ်။

မိသားစုအတွင်း အဝေးရောက်နေသူများနဲ့ ပြန်ဆုံရတတ်ပါတယ်။မိသားစုသိုက် သိုက်ဝန်းဝန်းနဲ့ပျော်ရွှင်ရမဲ့ကာလဖြစ်ပါတယ်။

သားသမီးတွေဆီက လက်ဆောင်ပစ္စည်းကောင်းတွေရလာတတ်ပါ တယ်။ ကျန်းမာရေးအတွက်လဲ ပူပန်ဖို့ သိပ်မလိုသေးတဲ့ကာလပဲဖြစ်ပါတယ်။

ငွေကံကောင်းနေတာမို့ ထီကံစမ်းလိုသူ များဒီအပတ်အတွင်းကံစမ်းထားသင့်ပါတယ်။ ရင်းနှီးထားတဲ့အလုပ်ကငွေရလာတတ်ပါတယ်။

မင်္ဂလာကိစ္စများ အလှူအတန်း ကိစ္စ များလဲ ကြုံရတတ်ပါ်တယ်။

လက်ကားစီးပွားရေးများအထူးတိုးတတ်ပါလိမ့်မယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး ရသလောက်စုမိဆောင်းမိတတ်ပါတယ်။

မိမိဖြစ်ချင်တာတွေကို အားစိုက်လုပ်ကိုင်နိုင်ပါလိမ့်မယ်။ အလှူအတန်း လေးတွေပြုရတတ်ပါတယ်။ ကျန်းမာရေးကတော့ အကောင်းဘက်ကို ပိုများပါတယ်။

ရောဂါဝေဒနာ ခံစားရသူများ လဲ ဒီကာလမှာ သက်သာခွင့်တွေရပါလိမ့်မယ်။အိမ်ထောင်ရေးသာယာမှာပါ။ အချစ်ရေးကံကောင်း နေတဲ့အတွက်

တစ်ယောက်မကတဲ့ အချစ်ရေးမျိုးလဲကြုံရတတ်ပါတယ်။ ပညာရေးကတော့ ကံလဲကောင်း မိမိလဲ ကြိုးစားပေါ့ဗျာ၊အကျိုးပေးဂဏန်း 1/3/0အထူးဟော

အောက်လက်ငယ်သားတွေကြောင့်အဆင်ပြေနိုင်တဲ့ကာလပါပဲ။ယတြာ အုန်းနို့ခေါက်ဆွဲဘုရားကပ်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 69 09 44 5555 695

==============

zawgyi,

8.Sep .2022 မွ 14.Sep.2022 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ဒီတစ္ပတ္အတြင္းေကာင္းေသာအကူအညီေတြရလာတတ္ပါတယ္။အထူးသျဖင့္အ႐ြယ္ေရာက္ၿပီးသား သမီးေၾကာင့္ အဆင္ေျပမႈႀကဳံရတတ္ပါတယ္။

သားသမီးေတြဆီက ေငြအား၊လုပ္အားရရွိႏိုင္ပါတယ္။ လုပ္ငန္းခြင္ အတြင္း မိမိခ်ိတ္ဆက္ထားေသာအလုပ္မ်ားကေန အက်ိဳးအျမတ္ရရွိပါလိမ့္မယ္။

တတ္သိနားလည္ေသာ မိတ္ေဆြ မ်ားရဲ႕အကူအညီေတြရလြယ္ပါတယ္။ အထူးသျဖင့္ဒီအပတ္ထဲ ဝန္ေဆာင္မႈေပးရတဲ့အလုပ္ေတြအဆင္ေျပတိုးတတ္

ပါလိမ့္မယ္။က်န္းမာေရးမေကာင္းသူမ်ား ဆီးဝမ္းေသြးေလမွန္ၿပီး က်န္းမာေရးျပန္ေကာင္းလာဖြယ္ရွိတာကိုျမင္ရမဲ့ ကာလပါပဲ။

အားနည္းခ်က္က ၾကားသုံးၾကားမဝင္သင့္ပါဘူး။

သူမ်ားျပႆနာကိုကိုယ့္ျပႆနာျဖစ္ေအာင္မလုပ္မိဖို႔ လိုပါတယ္။ေဈးကြက္အေျပာင္းအလဲေၾကာင့္ မိမိပစၥည္းေတြေဈးေကာင္းရတတ္ပါတယ္။

လက္ေဆာင္ေတြ အမွတ္တရပစၥည္းေတြလဲ ရလာတတ္ပါတယ္၊ လုပ္ငန္းေတြလဲ ထပ္မံခ်ဲ႕ထြင္ႏိုင္ပါလိမ့္မယ္၊ လူမ်ိဳးျခားဘာသာျခား

ေတြရဲ႕အကူအညီေတြလဲရလာတတ္ပါတယ္။ အိမ္ေထာင္ေရး အိမ္တြင္းေရး အလြန္ေကာင္းပါတယ္။ အခ်စ္ ေရး မွာေတာ့ ခ်စ္ေရးဆိုျခင္းခံရတတ္ပါတယ္။

စန္းလဲပြင့္ေနတတ္ပါတယ္။ ပညာေရး ကေတာ့မိမိ ကိုယ္တိုင္က ပညာ ေရးထက္ အေပ်ာ္အပါးကိုမက္ေနပါလိမ့္မယ္။အက်ိဳးေပးဂဏန္း

1/4/2အထူးေဟာ လူမႈေရးကိစၥမ်ားတြင္ၾကားဝင္ မပါဖို႔လိုပါတယ္။ယၾတာ အာလူးေၾကာ္ဘုရားကပ္လႉေပးပါ

တနလၤာ

ဒီအပတ္ထဲမွာေတာ့ ဖိႏွိပ္မႈ၊ခ်ဳပ္ခ်ယ္မႈေတြအျပင္ မေနလိုေသာေနရာေဒသေတြမွာေနထိုင္ရတာမ်ိဳးေတြျဖစ္ တတ္ပါတယ္။

ဝန္ထမ္းဆို ဖိအားေပးခိုင္းေစျခင္းမ်ိဳးခံရတတ္ပါတယ္။ခႏၶာကိုယ္အတြင္းေရဓာတ္ဆုံးရႈံးတာမ်ိဳးေတြ ျဖစ္တတ္တာမို႔

ေနပူထဲလုပ္ေနသူမ်ား၊ကာယအားစိုက္လုပ္ရသူမ်ား သတိထားၿပီးလုပ္ကိုင္ဖို႔တိုက္တြန္းလိုပါတယ္။ လူႀကီးမ်ား အငန္ေလွ်ာ့စားသင့္တဲ့ကာလပဲျဖစ္ပါတယ္။

တတ္ႏိုင္သမွ်ဒီအပတ္အတြင္းေပါ့ေပါ့ပါးပါးအလုပ္ေတြသာ လုပ္ပါ။အျမတ္နည္းရင္နည္းပါေစ။

ေငြမ်ားမ်ားလိုခ်င္လို႔အႀကီးႀကီးေတြလုပ္မယ္ႀကံတိုင္းအဖက္ဖက္ကစဥ္းစားၿပီး မွသာေဆာင္႐ြက္ေစခ်င္ပါတယ္။

ေငြေၾကးကံအားနည္းေနတာမို႔ မလိုအပ္ဘဲနဲ႔ ေငြထုတ္သုံးတာမ်ိဳးေတြေရွာင္ေစခ်င္ ပါတယ္။

လူငယ္မ်ား အေပါင္းအသင္းေတြနဲ႔အခ်ိန္ကုန္ေနတတ္ပါတယ္။ လုပ္ငန္းရွင္မ်ား ေအာက္လက္ငယ္သား

ေတြအလုပ္ထြက္သြားတာမ်ိဳး ေတြ႕ရႀကဳံရတတ္ပါတယ္။ အထိုင္မေနရတဲ့ အလုပ္ေတြတိုးတတ္ႏိုင္ပါတယ္။

အေသး စားစီးပြားေရးလုပ္ငန္းမ်ားအလုပ္အကိုင္အခြင့္အလမ္းေတြေပၚလာတတ္ ပါတယ္။ ေငြေၾကးအဝင္နည္းေနတတ္ပါ တယ္။

မိမိအေနနဲ႔ ေခြၽတာသုံးေစခ်င္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ အဆင္ ေျပသာယာမဲ့အခ်ိန္ပါပဲ။ အခ်စ္ေရး ကံကေတာ့ ထင္သလိုမျဖစ္ေသးပါဘူး။

အခ်စ္ေရးေသာကမ်ားရပါလိမ့္မယ္။ ပညာေရးကေတာ့ ပညာရွာဖို႔ခက္ခဲတဲ့ အခ်ိန္ပါပဲ။

အက်ိဳးေပးဂဏန္း 9/5/3အထူးေဟာ က်န္းမာေရးေပါ့ဆလို႔ မသင့္ပါဘူး။ယၾတာ ဆီထမင္းဘုရားကပ္လႉပါ

အဂၤါ

ဒီအပတ္အတြင္း လုပ္ေနၾကပုံစံအတိုင္းလုပ္ေနတာထက္ ပုံစံေျပာင္းၿပီးေဆာင္႐ြက္သြားတာက ပိုေကာင္း ပါတယ္။

သာမန္႐ိုးက်ေဆာင္႐ြက္ေနျခင္းက အလုပ္မၿပီးျခင္း၊ၾကန႔္ၾကာျခင္းမ်ားျဖစ္ေပၚေစႏိုင္ပါတယ္။

တစ္ပါးသူ ေတြထံကေနအကူအညီေတြယူရတာမ်ိဳးေတြႀကဳံေနရတတ္ပါတယ္။တတ္ႏိုင္သမွ်ဒီအပတ္ထဲ မိအိုဖအို ေတြရွိရင္ က်န္းမာေရးဂ႐ုစိုက္ေပးပါ။

မိဘက်န္းမာေရးအားနည္းႏိုင္တာျမင္လို႔ပါပဲ။က်န္းမာေရးအေနနဲ႔ဝမ္းပ်က္ လြယ္ သူမ်ား သတိထားပါ။ ဒီအပတ္ထဲအစားမွားၿပီး

ဝမ္းသြားတာမ်ိဳးေတြအလြန္ျဖစ္ရတတ္ပါတယ္။ ကံေကာင္းတာ က မိမိတို႔ လႉခ်င္ တဲ့အလႉအတန္းေတြ လႉခြင့္ႀကဳံလာရတတ္ပါတယ္။

သားသမီးေတြရွိရင္ ကိုယ္တြယ္ တတ္ဖို႔လိုပါ တယ္။ ေခ်ာ့ တစ္ခါ ေခ်ာက္တစ္လွည့္ေျပာရမဲ့ကာလပါပဲ။ ေငြေၾကးနဲ႔ပတ္သက္ၿပီး

အနည္း ငယ္အဝင္ နည္းေနတတ္ ပါ တယ္။ ဒါမွမဟုတ္ေငြဝင္ၿပီး အဖတ္မတင္ျပန္ကုန္ရတာမ်ိဳးေတြျဖစ္လြယ္ပါတယ္။

လွ်ိဳ႕ဝွက္ခ်က္ ေတြကိုဘယ္သူ႔ ကိုမွ ေျပာမျပသင့္ပါ။ ေရွ႕တစ္မ်ိဳးေျပာသူ၊ကြယ္ရာတစ္မ်ိဳးေျပာသူေတြနဲ႔ ဆုံတတ္လို႔ ပါပဲ။

အိမ္ေထာင္ေရးကိစၥ ေတြမွာ အဆင္အေျပဆုံးကာလလို႔ပဲေျပာရမွာပါ။ အခ်စ္ေရးကံကေတာ့ အနည္းငယ္ေသြးေအးေနတတ္ပါတယ္။

ပညာေရး ကေတာ့ သင့္ အဆင့္မွာရွိပါတယ္။အက်ိဳးေပးဂဏန္း 4/8/6အထူးေဟာ စီးပြားေရးကိုပုံစံတစ္မ်ိဳးေျပာင္းၿပီးေဆာင္႐ြက္လုပ္ကိုင္ပါ။ယၾတာ သရက္ယိုဘုရားကပ္ေပးပါ။

ဗုဒၶဟူး/ရာဟု

အဆင္မေျပတာေတြကေန စတင္အဆင္ေျပျခင္းလမ္းကိုေလွ်ာက္ခြင့္ရေတာ့မဲ့ကာလပဲျဖစ္ပါတယ္။ စီးပြား ေရးအခြင့္အလမ္းေတြေပၚလာႏိုင္သလို

ဝန္ထမ္းဆိုလဲ ေနရာေကာင္းရျခင္း၊မိမိလုပ္ကိုင္တာေတြကို အသိအမွတ္ျပဳ ခံရျခင္း၊ မိမိစြမ္းေဆာင္ရည္ကို customer ေတြက ေကာင္းေသာ

feedback ေပးျခင္းမ်ိဳးေတြႀကဳံရတတ္ပါတယ္။ ေငြကံေကာင္းေနတာမ်ိဳးႀကဳံရတတ္ပါတယ္။ ရစရာရွိတဲ့ ေငြေၾကးေတြ၊ၾကန႔္ၾကာေနတဲ့အေႂကြးေတြျပန္ရလာတတ္

ပါတယ္။ အလုပ္အတြက္စိတ္ခ်မ္းသာရေပမဲ့ မအားလပ္တာေၾကာင့္ ပင္ပန္းတာမ်ိဳးေတြႀကဳံေတြ႕ရတတ္ပါတယ္။

ခရီးေကာင္းေတြသြားရတတ္ပါတယ္။ခရီးသြားၿပီးကံေကာင္းျခင္းေတြပိုရလာတတ္လို႔ပါပဲ။

အလုပ္ရွာေနသူမ်ားရပ္ေဝး က ေလွ်ာက္ထားတဲ့ အလုပ္ေတြရတတ္ပါတယ္။ ပညာေရးနဲ႔ပတ္သက္ ၿပီး သင္တန္းဖြင့္တာမ်ိဳး ၊တပည့္လက္ခံ

တာ မ်ိဳးေဆာင္႐ြက္ ႏိုင္ပါလိမ့္မယ္။ မိမိခ်ဲ႕ထြင္ခ်င္တဲ့ လုပ္ငန္းစီးပြားေတြတိုး ခ်ဲ႕ႏိုင္ပါလိမ့္မယ္။က်န္းမာေရး အတြက္ လဲ အရမ္း

ေတာ့စိတ္ပူစရာမလိုေသးပါဘူး၊ အလြန္ဆုံး မတ္တပ္ဖ်ားမတ္တပ္နာေလာက္ပဲ ျဖစ္ပါလိမ့္မယ္။လူခ်စ္ လူခင္ အရမ္း မ်ားမဲ့ကာလပါပဲ။

အခ်စ္ေရးလဲမိမိစိတ္တိုင္းက်ျဖစ္ရပါလိမ့္ မယ္။ အိမ္ေထာင္ေရး သာယာပါလိမ့္ မယ္။ အိမ္ေထာင္ဖက္ရဲ႕အလိုလိုက္ျခင္းကိုခံရပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 5/7/0အထူးေဟာ မိတ္ေဆြေကာင္းေတြကိုတန္ဖိုးထားသင့္တဲ့ကာလပါပဲ။ယၾတာ ထမင္းဆီဆမ္းဘုရားကပ္လႉပါ

ၾကာသပေတး

အလုပ္ပိုေတြမ်ားေနတတ္ပါတယ္။ကိုယ့္အလုပ္ကိုယ္မလုပ္ရဘဲ သူမ်ားအလုပ္ေတြနဲ႔အခ်ိန္ကုန္လူပန္းျဖစ္ရ တတ္ပါတယ္။တတ္ႏိုင္သမွ်ေငြမေခ်းပါနဲ႔။

ေငြေၾကးဆုံးရႈံးမႈေတြရွိႏိုင္တာမ်ိဳးေတြ႕ရပါတယ္။ သူခိုးသူဝွက္အႏၲရာယ္ ရွိတာမို႔ လုံၿခဳံေရးတင္းၾကပ္ထားဖို႔လိုအပ္ပါတယ္။

ဆိုင္ဖြင့္ထားသူမ်ား အထူးသတိထားပါ။ တတ္ႏိုင္သမွ်ဒီအပတ္ ထဲ ေရမကြၽမ္းက်င္ဘဲ ေရလမ္းခရီးမသြားသင့္ပါ။

လက္ကားစီးပြားေရးသမားမ်ား ေဈးအေျပာင္းအလဲေၾကာင့္ ဆုံးရႈံး ႏိုင္ဖြယ္ႀကဳံရတတ္ပါတယ္။

အေပ်ာ္အပါးကို ဦးတည္တဲ့ခရီးမ်ိဳးေတြကို ဒီအပတ္ထဲေရွာင္တာအေကာင္းဆုံးပါပဲ။ အရာရာကိုခ်ိန္ဆၿပီးေဆာင္႐ြက္မွအဆင္ေျပမဲ့ကာလျဖစ္ပါတယ္။

ရပ္ေဝးသြားၿပီး စီးပြားရွာျခင္းမ်ား အေကာင္း ဘက္ ကိုမ်ားပါတယ္။ မိမိျဖစ္ခ်င္ တာကိုဦးစားမေပးသင့္ပါ။

လုပ္ငန္းခြင္မွာေတာ့ အမ်ားဆႏၵကိုဦးစားေပးလိုက္ပါ။ က်န္းမာေရးကေတာ့ ဗိုက္နာတာ ၊အစာအိမ္ေရာဂါနဲ႔ အစာမေၾကတာမ်ိဳးလဲျဖစ္တတ္ပါတယ္။

မိတ္ေဆြေတြဒုကၡေပး တာမ်ိဳးလဲႀကဳံရတတ္ ပါတယ္။ အိမ္ေထာင္ေရးကံအလြန္ေကာင္းေနပါလိမ့္မယ္။

အခ်စ္ေရးမွာေတာ့ အခ်စ္ေဟာင္း ထက္ အခ်စ္သစ္ အေပၚ ပိုမိုစိတ္ၫႊတ္ေနမိတတ္ပါတယ္။

ပညာေရးကေတာ့ ႀကိဳးစားႏိုင္မွ အဆင္ေျပမွာပါ၊ ပညာ ေရး အားနည္းေန တတ္တဲ့ကာလပါပဲ။အက်ိဳးေပးဂဏန္း 1/6/5အထူးေဟာ မလိုအပ္ဘဲ

ဆရာလုပ္တာမ်ိဳး၊သူမ်ားကိုအမိန႔္ေပးတာမ်ိဳးမလုပ္ပါနဲ႔။ယၾတာ အုန္းဆီတစ္ဗူး တစ္ဦးတစ္ေယာက္ကိုလႉလိုက္ပါ။

ေသာၾကာ

စိတ္ရႈပ္စရာေလးေတြအနည္းငယ္ရွိတာကလြဲလို႔ဒီကာလအတြင္းအဆိုးေတာ့ သိပ္မျမင္ပါဘူး။ အိမ္တြင္းေရး ဗာဟီရမ်ားတာမ်ိဳးေတြ၊

အလုပ္မွာသူမ်ားအစားထိုးလုပ္ေပးရတာမ်ိဳးေတြေၾကာင့္ စိတ္က်ဥ္းၾကပ္ပင္ပန္းရတတ္ပါ တယ္။

တတ္ႏိုင္သ၍ေတာ့ စိတ္ခ်မ္းသာေအာင္ ေနပါ။ ေငြကံေကာင္းတတ္ေပမဲ့ လိုအပ္ေနသူေတြကိုျပန္ကူညီေပး ခ်င္တာေၾကာင့္ ကုသိုလ္ေတြေတာ့

ရလာတတ္တဲ့ကာလပါပဲ။ က်န္းမာေရးကိုသတိထားဖို႔လိုတဲ့ကာလလို႔ သုံးသပ္လို႔ ရပါတယ္။

လူရင္းေတြက ဒုကၡအေပးတတ္ဆုံးကာလျဖစ္တာမို႔ အနီးကပ္ဘယ္သူကိုမွမယုံသင့္ပါဘူး။ အပ္ႏွံထားတဲ့ အလုပ္ေတြ ကိုမေသခ်ာဘဲ ရက္မခ်ိန္းပါနဲ႔။

မိမိစိတ္ကူးအယူအဆေတြကိုေတာ့ အထူးေကာင္းေနပါလိမ့္မယ္။ အမ်ား ပိုင္ေငြမ်ား မိမိဆီ ယာယီလာ အပ္တာမ်ိဳးလက္မခံမိပါေစနဲ႔၊

လာဘ္ပိတ္သြားတတ္လို႔ပါ။ ဒီကာလမွာ မိတ္ေဆြ သူငယ္ခ်င္းေတြရဲ႕အကူအညီေတြရလာတတ္ပါတယ္။

က်န္းမာေရးကေတာ့အညံ့အဆိုးမ်ားတဲ့ကာ လထဲ ေရာက္ေန ပါတယ္။က်န္းမာေရးဂ႐ုစိုက္ဖို႔လိုအပ္တဲ့အခ်ိန္ပါပဲ။

အိမ္ေထာင္ေရးသုခနည္းတတ္တဲ့အခ်ိန္ပါပဲ။ အခ်စ္ေရး က ေတာ့ အဆင္ေျပစိတ္ခ်မ္းသာခြင့္ရပါလိမ့္မယ္။

ခ်စ္သူနဲ႔ နားလည္မႈေတြ ျပန္ရပါလိမ့္မယ္။ ပညာေရး ကေတာ့ ဉာဏ္ ဝီရိယေတြ မိမိစိုက္ထုတ္ဖို႔ လိုအပ္တယ္လို႔ သုံးသပ္မိပါတယ္။

အက်ိဳးေပးဂဏန္း 2/9/7အထူးေဟာ ရန္ျပႆနာေတြထဲ ဝင္မပါနဲ႔ဗ်။ယၾတာ နန္းႀကီးသုပ္ဘုရားကပ္ပါ

စေန

စိတ္ကူးေကာင္း၊အႀကံဥာဏ္ေကာင္းေတြေၾကာင့္ ဒီကာလမွာေပၚလာတတ္ပါတယ္။ အလုပ္ေတြေကာင္းလာ ႏိုင္တဲ့အေျခအေနလဲျမင္ရတယ္။

မိသားစုအတြင္း အေဝးေရာက္ေနသူမ်ားနဲ႔ ျပန္ဆုံရတတ္ပါတယ္။မိသားစုသိုက္ သိုက္ဝန္းဝန္းနဲ႔ေပ်ာ္႐ႊင္ရမဲ့ကာလျဖစ္ပါတယ္။

သားသမီးေတြဆီက လက္ေဆာင္ပစၥည္းေကာင္းေတြရလာတတ္ပါ တယ္။ က်န္းမာေရးအတြက္လဲ ပူပန္ဖို႔ သိပ္မလိုေသးတဲ့ကာလပဲျဖစ္ပါတယ္။

ေငြကံေကာင္းေနတာမို႔ ထီကံစမ္းလိုသူ မ်ားဒီအပတ္အတြင္းကံစမ္းထားသင့္ပါတယ္။ ရင္းႏွီးထားတဲ့အလုပ္ကေငြရလာတတ္ပါတယ္။

မဂၤလာကိစၥမ်ား အလႉအတန္း ကိစၥ မ်ားလဲ ႀကဳံရတတ္ပၚတယ္။

လက္ကားစီးပြားေရးမ်ားအထူးတိုးတတ္ပါလိမ့္မယ္။ ေငြေၾကးနဲ႔ ပတ္သက္ၿပီး ရသေလာက္စုမိေဆာင္းမိတတ္ပါတယ္။

မိမိျဖစ္ခ်င္တာေတြကို အားစိုက္လုပ္ကိုင္ႏိုင္ပါလိမ့္မယ္။ အလႉအတန္း ေလးေတြျပဳရတတ္ပါတယ္။ က်န္းမာေရးကေတာ့ အေကာင္းဘက္ကို ပိုမ်ားပါတယ္။

ေရာဂါေဝဒနာ ခံစားရသူမ်ား လဲ ဒီကာလမွာ သက္သာခြင့္ေတြရပါလိမ့္မယ္။အိမ္ေထာင္ေရးသာယာမွာပါ။ အခ်စ္ေရးကံေကာင္း ေနတဲ့အတြက္

တစ္ေယာက္မကတဲ့ အခ်စ္ေရးမ်ိဳးလဲႀကဳံရတတ္ပါတယ္။ ပညာေရးကေတာ့ ကံလဲေကာင္း မိမိလဲ ႀကိဳးစားေပါ့ဗ်ာ၊အက်ိဳးေပးဂဏန္း 1/3/0အထူးေဟာ

ေအာက္လက္ငယ္သားေတြေၾကာင့္အဆင္ေျပႏိုင္တဲ့ကာလပါပဲ။ယၾတာ အုန္းႏို႔ေခါက္ဆြဲဘုရားကပ္ပါ။

၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 69 09 44 5555 695