ေဗဒင္

20.Jan.2022 မှ 26.Jan.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

20.Jan.2022 မှ 26.Jan.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီအပတ်ထဲမိမိလုပ်ရမဲ့ကိစ္စတွေကို အကြီးအကဲတွေရဲ့ ထောက်ခံချက်ရမှလုပ်သင့်ပါတယ်။ လူငယ်များမိဘ နဲ့ဆန့်ကျင်ဘက်ကိုလုပ်မိတာ၊ဝန်ထမ်းများဆို အထက်လူကြီးညွှန်ကြားချက်မရဘဲ မိမိသဘောလုပ်လိုက်တာတွေက နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်စေပါတယ်။ မင်းအစိုးရနဲ့ ရန်သူသဖွယ်ဖြစ်နေကြသူများ သတိထားစေချင်ပါတယ်။

အဖမ်းအဆီးဆိုတာမျိုးတွေကြုံရတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်သော အကူအညီလိုလို့ တောင်းချင်ပေမဲ့ ငွေကံ ညံ့နေတာမို့ အကူအညီရဖို့မလွယ်ပါဘူး။ အသစ်တစ်ခုခု စမယ်ဆိုရင်တော့ အနည်းငယ်ချင့်ချိန်ပြီးမှလုပ်ပါ။ မြေစမ်း ခရမ်းပျိုးဆိုတာမျိုးမလုပ်ပါနဲ့။ သေချာမှပိုင်မှလုပ်စေချင်ပါတယ်။ အလုပ်များ ခရီးများတဲ့ကာလပါပဲ။

တွေးထင်ထား သလို မဖြစ်လာဘဲ မထင်ထားတာတွေဖြစ်လာကြုံလာတတ်တဲ့ကာလပါ။ အိမ်မကပ်ရဘဲ အလုပ်ထဲနဲ့ အခြားကိစ္စ တွေနဲ့ အချိန်ကုန်နေတတ်ပါတယ်။ အိမ်ထောင်ရှိသူဆို အိမ်ထောင်ရေးကံအားနည်းနေချိန်ပါ။ အိမ်ထောင်ဘက် အချင်း ချင်းစကားအခြေအတင်များရတတ်ပါတယ်။

စိတ်ဝမ်းကွဲတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းများ ကောင်း မ လိုလို နဲ့ အဖျားရှူးသွားတတ်ပါတယ်။ အလုပ်ထဲမှာလဲ လုပ်နေပေမဲ့ မပျော်ပိုက်တာမျိုးတွေကြုံတွေရမှာပါ။ အိုးအိမ် ပြောင်း၊ အလုပ်ပြောင်း၊နေရာပြောင်း တွေကြုံရတတ်ပါတယ်။ အချစ်ရေးကံ ကောင်းနေပေမဲ့ ကြားစကားတွေကို ယုံမိလိုက်ပါက တစ်ဦးနဲ့တစ်ဦးအထင်လွဲပြဿနာဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၅/၀/၇ အထူးဟော ဗျာများနေရတတ်ပါတယ်။ ယတြာ ထီးအဟောင်း၊ ဖိနပ်အဟောင်းတွေရှိရင်စွန့်ပစ်လိုက်ပါ။

တနင်္လာ

ငွေကြေးရလိုမှုထက် အကောင်းဆုံးဘာလုပ်ပေးနိုင်မလဲဆိုတာမျိုးတွေ တွေးထားဖို့လိုပါတယ်။ မိမိအတွက် ကောင်းသောမိတ်ဆွေတွေဆီက အကူအညီတွေရလာတတ်ပါတယ်။ လုပ်ငန်းမှာတော့ မိမိလုပ်သမျှ အသိအမှတ်ပြု ခံရဖို့မလွယ်သေးပါဘူး။

ဒီကာလအတွင်းမှာ မိမိအနေနဲ့ လုပ်ချင်တာတွေအရမ်းများနေတတ်ပါတယ်။ ဆောင်ရွက် စရာ တွေလဲပြည့်နှက်နေတတ်ပါတယ်။ အိမ်မှုကိစ္စတွေများနေတတ်တဲ့ကာလပါပဲ။ ကျန်းမာရေးအနေနဲ့ ခေါင်းကိုက် ခေါင်းမူး သွေးတိုးတာမျိုးဖြစ်လွယ်ပါတယ်။ အရက်သောက်သူများသတိထားပါ။

ဦးနှောက်သွေးကြောပြတ်တာမျိုး အလွန်ဖြစ်လွယ်တဲ့ကာလပါပဲ။ ပန်ကာ၊အဲယာကွန်း အလွန်အကျွံအေးအောင်ဖွင့်ပြီးအိပ်တတ်သူတွေလဲ သတိထား ဆင်ခြင်ပါ။ပညာရေးအနေနဲ့က ဆရာရွေးမှားတတ်ပါတယ်။ မိမိကျက်မှတ် ထား တာ တွေလဲ မေ့လွယ်တဲ့အချိန်ပါ။ စိတ်ထဲပေါ်လာတာကို ချက်ချင်းထလုပ်တာမျိုးမလုပ်ပါနဲ့။

စိတ်ရှည်ရှည်ထားပြီး တော့ လုပ်ပါ။ မိမိအရမ်းရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စိတ်ဝမ်းကွဲတာမျိုးကြုံရ တတ်ပါတယ်။အချစ်ရေး ကံတော့ ကောင်းနေပါလိမ့်မယ်။ သာယာ ဖြောင့်ဖြူးတဲ့အချစ်ခရီးလမ်းပါ။ ငွေကြေးကံလဲသင့်တင့်တဲ့ အချိန် ပါပဲ။

အိမ်ထောင်ရေးမှာတော့ အိမ် ထောင်ဦးစီးက အဓိကပါ။အိမ်ထောင်ဦးစီးရဲ့ အမြော်အမြင်ပေါ်မူတည်ပြီး အိမ်ထောင် ရေး သာယာမှု၊မသာယာမှု တွေ ဖြစ်လာပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၁/၂/၅ အထူးဟော ခေါင်းစားရမဲ့အချိန်ပါပဲ ယတြာ လူကြီးမိဘတွေကို အားဆေးလှူပါ။

အင်္ဂါ

အရာရာကို စိတ်မြန်လက်မြန်လုပ်မှအဆင်ပြေလိမ့်မယ်။ အချိန်ဆွဲနေသူတွေ၊ပျင်းနေသူတွေအခွင့်အရေး ဆုံးရှုံးရတတ်ပါတယ်။ စုပေါင်းလုပ်ကိုင်ထားတဲ့ အစုစပ်အလုပ်များအမြတ်အစွန်းများမည်။ ကလေးငယ်ရှိသူများ မိမိရင်သွေးငယ် အတွက် မိတ်ဆွေများ ရဲ့ လက်ဆောင်ပေးတာမျိုးကြုံရတတ်သည်။

အောက်လက်ငယ်သားတွေနဲ့ သေချာချိတ်ဆက်ပြီးလုပ်ကိုင်သူများ ပိုမိုလုပ်ငန်းတိုးတတ်နိုင်ပါတယ်။ရစရာရှိသောငွေများဒီကာလအတွင်းရလိမ့် မယ်။ ငွေကြေးလာဘ်လာဘလွန်စွာပေါများတဲ့အချိန်ပါ။ ကျန်းမာရေးအရမ်းကောင်းနေပါမည်။စိတ်လက်ကြည်လင် ပြီး ပေါ့ပါးသွက်လက်နေပါလိမ့်မယ်။

စက်ပစ္စည်းများ ဝယ်ဖို့ ကြံစည်ထားရင် ဒီကာလအတွင်းဝယ်နိုင်ပါ တယ်။ အလုပ်ကံ စီးပွားကံကောင်းနေပါတယ်။ အလုပ်ထဲမှာ မိမိ နေလိုတဲ့နေရာ ၊ပြောင်းလိုတဲ့ ဌာနမျိုးတွေကို လဲပြောင်း ရရောက်ရတတ်ပါတယ်။အဓိဌာန်တွေဝင်ခြင်းဖြင့် ဒီအပတ်ထဲကံ ကောင်းမှုတွေပိုလာတတ်ပါတယ်။

အချစ်ရေး ကံကောင်း ပေမဲ့ ချစ်သူနဲ့ တွေ့ရဖို့မိမိအတွက်ခက်ခဲနေတတ်တာမျိုးပါ။ချစ်သူရဲ့ မိဘတွေကြောင့် အချစ်ခရီးလမ်း အနှောင့်အယှက် ဖြစ် တတ်ပါတယ်။ ပညာရေးကံတစ်ခုကတော့ အားနည်းနေပါ တယ်။

လွယ်ကူတဲ့ သင်ခန်း စာ တွေ တောင် မိမိအတွက်ခက်ခဲနေတတ်တာမျိုးပါ။အိမ်ထောင်ရေးမှာလဲတစ် ယောက် နဲ့တစ်ယောက်နားလည်မှု တွေ ရလာနိုင်ပါတယ်။

အကျိုးပေးဂဏန်း ၂/၅/၆ အထူးဟော ကံမြင့်နေပါတယ်။ ယတြာ စတုမဓု တစ်ဘူး ကျန်းမာရေးအားနည်းသူတစ်ဦးကိုလှူလိုက်ပါ

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းအပေါင်းအသင်းဆက်ဆံရေးနယ်ပယ်အားကောင်းလာတတ်ပါတယ်။ ခင်မင်ကြသူတွေရဲ့ အကူအညီတွေရလိမ့်မယ်။ လူချစ်လူခင်များနေတတ်ပါတယ်။မိသားစုအပူတွေများနေသူများ၊ မိသားစုအတွင်းရေး စိတ်မချမ်း မြေ့သူများ၊ဒီကာလများပြေလည်မှုတွေရလာတတ်ပါတယ်။စီးပွားရေးလုပ်နေသူများ မိမိလုပ်ကိုင်သမျှ ကိစ္စ အဝဝ ကူညီမဲ့ သူပေါ်တတ်ပါတယ်။

ဒီကာလအတွင်း စီးပွားရေးကံမြင့်မားနေပါလိမ့်မယ်။ ခရီးတို ခရီးရှည် တွေလဲ ထွက်ရတတ်ပါတယ်။ အိပ်ရေးပျက်နေခြင်းကြောင့် ခေါင်းတစ်ဆစ်ဆစ်နဲ့ကိုက်နေရတတ်ပါတယ်။ ကျန်းမာ ရေး တော့ အနည်းငယ် ဂရုစိုက်ပါ။ စပ်တူအလုပ်၊ရှယ်ယာအလုပ်တွေ အကျိုးဖြစ်ထွန်းနေပါလိမ့်မယ်။

ကုန်သွယ်မှု လုပ်ငန်းများ၊နိုင်ငံခြားကနေမှာယူပြီး ပြန်လည်ရောင်းချတဲ့အလုပ်များတိုးတတ်ပါလိမ့်မယ်။မိမိရဲ့ ချစ်သူ ထံမှ မြတ် နိုး စရာကောင်းသော လက်ဆောင်ပစ္စည်းများရတတ်ပါတယ်။ စန်းပွင့်နေတတ်တဲ့ကာလပါပဲ။စေ့စပ်ဖို့ ၊နားဖောက်ဖို့ ကိစ္စတွေဆောင်ရွက်နိုင်ပါတယ်။

ပညာရေး ဘက်မှာ ထူးချွန်ဖို့ကံအားနည်းနေတတ်ပါတယ်။စာမေးပွဲ ကိစ္စ၊ သင်ကြား ရေးနှင့်ပတ်သက်သောကိစ္စအင်တာဗျူးနဲ့ပက်သက်သောကိစ္စရပ်များအခက်အခဲများပါလိမ့်မယ်ဗျ။အိမ်ထောင်သည် များ အိမ်ထောင်ဘက်ရဲ့အကူအညီတွေအများကြီးရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၆/၂ အထူးဟော မိတ်ဆွေကောင်းနဲ့တွေ့မည်။ ယတြာ ကန်စွန်းရွက်ကြော်ကို ဘုရားကပ်ပါ

ကြာသပတေး

ဒီအချိန်ကလအတွင်း ကြာသပတေးသားသမီးများအနေနဲ့က စိတ်ထဲမှာမတင်မကျဖြစ်စရာတွေများနေတတ် ပါတယ်။ ဟိုဟာလုပ်ရနိုးနိုး ဒီဟာလုပ်ရနိုးနိုးဖြစ်နေရတတ်တဲ့အချိန်ပါ။ မိသားစုအတွင်းအပူတွေ့တတ်ပါတယ်။ အတူနေသူအချင်းချင်း စိတ်ဝမ်းကွဲနေတတ်ပါတယ်။ ကျန်းမာရေးအတွက် စိတ်ပူရတတ်ပါတယ်။

မိမိကျန်းမာရေး ကောင်းနေရင်တောင် မိသားစုဝင်တွေရဲ့ကျန်းမာရေးကြောင့် စိတ်ညစ်ရ၊ စိတ်ပူရတတ် ပါတယ်။အလုပ်နဲ့ပတ်သက် ပြီး ရှေ့တိုးဆောင်ရွက်ချင်တဲ့ကိစ္စတွေဒီကာလမှာ စတင်လို့ကောင်းပါတယ်။ငွေကံကတော့ ကောင်းနေပါလိမ့်မယ်။ အဘက်ဘက်က ငွေဝင်လာနိုင်ပေမဲ့ အဖတ်မတင်ဘဲပြန်ထွက်နေမဲ့အချိန်ပါ။

ကားကိစ္စ ၊ခြံကိစ္စအဆင်ပြေပါ လိမ့် မယ်။ အထက်လူကြီးက မိမိအပေါ်အမြင်မကြည်လင်တာ၊ ငြိုငြင်တာမျိုးတွေကြုံရပါလိမ့်မယ်။ ဖက်ရှင်လုပ်ငန်း၊ အလှကုန်ပစ္စည်း ရောင်းချသူများ ကြီးမားတဲ့ငွေကြေးမြုပ်နှံမှုများမလုပ်ပါနဲ့အုံး။အပျော်အပါးကိစ္စတွေကြုံလာရင် သတိထားပါ။ ပျော်လို့ရပါတယ်။အပျော်လွန်ပြီးအပျက်ဖြစ်ရတတ်ပါတယ်။

အချစ်ရေးကိစ္စများ အကောင်းအဆိုး ဒွန်တွဲနေတတ်ပါတယ်။ ပညာရေးအနေနဲ့ ကြိုးစားသလောက်အရာမထင်ဘူးလို့ ခံစားနေရမဲ့အချိန်ပါ။ အိမ်ထောင် ရေး မှာတော့ တော်ရုံအခက်အခဲတွေလောက်ကတော့ ပြန်အဆင်ပြေလိမ့်မယ်။ အိမ်ထောင်ဘက်က အမှားကို မြင်ပြီးပြုပြင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၈/၂/၅ အထူးဟော ကံညံ့နေတတ်ပါတယ်။ ယတြာ လိပ်ကို အစာကျွေးလိုက်ပါ။

သောကြာ

သောကြာသားသမီးတွေအနေနဲ့ဒီကာလအတွင်း အယုံမလွယ်ပါနှင့် ။ သူများပြောတာကို နားယောင်းမိတာနဲ့ ဒုက္ခရောက်တတ်လို့ပါ။ မိမိစိတ်ကူးအတွေးအကြံအတိုင်းသာရှေးတိုးဆောင်ရွက်ပါ။ အထူးသဖြင့် ဒီကာလဟာ မိမိ ရဲ့ ဉာဏ်ရည်ကိုသာ ထုတ်သုံးပါ။ ဝန်ဆောင်မှုနဲ့ ဆက်စပ်သောအလုပ်များအဆင်မပြေဖြစ်တတ်ပါတယ်။

ငွေကြေး က အကုန်အကျတွေများပြီးအဖတ်မတင်ဖြစ်ရတတ်ပါတယ်။အဖိုးတန်ပစ္စည်းများဝတ်ဆင်ပြီးသွားလာတာမျိုးသတိ ထားပါ။သူခိုးခိုးခံရတာ၊အလုခံရတာမျိုးတွေကြုံရတတ်ပါတယ်။အလောတကြီးလုပ်လို့မကောင်းသေးတဲ့ကာလဖြစ်တာမို့ ဖြေးဖြေးမှန်မှန်သာဆောင်ရွက်ကြပါ။စိတ်ထဲလိုချင်တာတွေ ဝယ်လိုက်မိရာကနေ ငွေတွေလဲ ထွက်သွား တတ်ပါတယ်။

ကျန်းမာရေးကတော့ အညံ့အဆိုးအလွန်နည်းပါတယ်။ ကျန်းမာရေးဒေါင်ဒေါင်မည်ကောင်းနေ ပါလိမ့် မယ်။ငယ်ရွယ်သူများ အချစ်နယ်ကျွံမိရာမှ မဖုံးနိုင် မဖိ နိုင်ကိစ္စများ ကြုံရတတ်ပါတယ်။ ရှယ်ယာဆိုတာမျိုး မစဉ်း စားပါနဲ့ ။ ဥပဒေနဲ့မလွတ်ကင်းသောကိစ္စများ လုံးဝမလုပ် မိပါစေနဲ့။

မကောင်းမှုတွေလုပ်မိတိုင်း ချက်ချင်းဆိုးကျိုး ခံစားရနိုင်လို့ပါပဲ။ မိမိစိတ်ကူးအတိုင်းသမာအာဇီဝ ကျကျ သာ လုပ်ကိုင်ပါ။ ပညာရေးကံလွန်စွာမြင့်မားနေ တတ် တယ်။ အခုကာလအတွင်း စတင်အကောင်အထည်ဖော်သော ပညာရေးကိစ္စတွေမှာ အကောင်းဘက်မှာရှိနေ ပါတယ်။

အကျိုးပေးဂဏန်း ၉/၅/၃ အထူးဟော မလောပါနဲ့ ယတြာ မြေပဲကြော်ပြီး ရဟန်းသံဃာတွေကို လောင်းလှူပါ။

စနေ

လက်ရှိလုပ်နေတဲ့ အလုပ်ကို ပိုမိုကောင်းမွန်အောင်ပြုပြင်ဆောင်ရွက်ပါ။ အလုပ်မှာ လိုအပ်တဲ့ ထိန်းသိမ်းမှု၊ ဝန်ထမ်းအင်အား၊စက်ပစ္စည်း အတိုးအလျော့ စတာတွေကအစ သေချာစီစစ်ဆောင်ရွက်စေချင်ပါတယ်။ အလုပ် အကိုင်တွေအဆင်ပြေလာသလို စီးပွားရေးလဲဦးမော့လာပါလိမ့်မယ်။ မိမိစိတ်ကူးထားသောကိစ္စတွေ လက်တွေ့ အကောင် အထည်ဖော်နိုင်ပါလိမ့်မယ်။

ရေနဲ့နီးသောနေရာတွေမှာ တိုင်ပင်ခြင်း ၊ အနာဂတ်အတွက်ကြံစည်ခြင်းတွေ ပြုလုပ်ခြင်းဖြင့် အကျိုးဖြစ်ထွန်းနိုင်စရာရှိပါတယ်။ သားသမီးတွေ၊တပည့်တွေ၊ကိုယ့်အောက်ဝန်ထမ်း တွေရဲ့ ကျန်းမာရေး တော့ ဂရုစိုက်စေချင်ပါတယ်။ အသက်ကြီးသူများ သွေးပေါင် အမြဲချိန်နေသင့်တဲ့ကာလပါ။

ရေထွက် ကုန်လုပ်ငန်း အကျိုးပေးမဲ့အချိန်ပါ။ စက်ပစ္စည်းတွေလဲဝင်လာဖို့ရှိနေပါလိမ့်မယ်။ အချစ်ရေးကံအလွန်ညံ့နေချိန်ပါ။ အလုပ်တစ်ဖက်နဲ့ချစ်သူကိုမေ့ထားမိသလိုဖြစ်သွားတတ်ပါတယ်။ ပညာရေးကံကောင်းနေချိန်ပါ။ ကြိုးစားတာ ထက်ပိုပြီး ရလဒ်ကောင်း တတ်ပါတယ်။အိပ်ထောင်ရေးအဆင်ပြေနေမည်။

ဘဝအတွက်အရေးပါသော အိပ်ထောင် ရေးကိစ္စများဆုံးဖြတ်ရတတ်သည်။မစားသင့်သောအစားသောက်ကိုစားမိခြင်း၊ အစားမှားခြင်းဖြစ်ပေါ်တတ်၏။ ကာလ အတန် ကြာမြုပ်နေသောဝေဒနာဟောင်းပြန်ပေါ်တတ်၏။အဖုအပိန့်များထတာမျိုး၊အဆိပ်ရှိတဲ့ အကောင် ကိုက် တာမျိုးဖြစ်တတ်ပါတယ်။

အကျိုးပေးဂဏန်း ၆/၈/၄ အထူးဟော စီးပွားကံကောင်းမည် ယတြာ သစ္စာပန်း ဘုရားလှူပေးပါ

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695

Zawgyi

20.Jan.2022 မွ 26.Jan.2022 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ဒီအပတ္ထဲမိမိလုပ္ရမဲ့ကိစၥေတြကို အႀကီးအကဲေတြရဲ႕ ေထာက္ခံခ်က္ရမွလုပ္သင့္ပါတယ္။ လူငယ္မ်ားမိဘ နဲ႔ဆန႔္က်င္ဘက္ကိုလုပ္မိတာ၊ဝန္ထမ္းမ်ားဆို အထက္လူႀကီးၫႊန္ၾကားခ်က္မရဘဲ မိမိသေဘာလုပ္လိုက္တာေတြက ေနာက္ဆက္တြဲဆိုးက်ိဳးေတြျဖစ္ေစပါတယ္။ မင္းအစိုးရနဲ႔ ရန္သူသဖြယ္ျဖစ္ေနၾကသူမ်ား သတိထားေစခ်င္ပါတယ္။

အဖမ္းအဆီးဆိုတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ေငြေၾကးနဲ႔ပတ္သက္ေသာ အကူအညီလိုလို႔ ေတာင္းခ်င္ေပမဲ့ ေငြကံ ညံ့ေနတာမို႔ အကူအညီရဖို႔မလြယ္ပါဘူး။ အသစ္တစ္ခုခု စမယ္ဆိုရင္ေတာ့ အနည္းငယ္ခ်င့္ခ်ိန္ၿပီးမွလုပ္ပါ။ ေျမစမ္း ခရမ္းပ်ိဳးဆိုတာမ်ိဳးမလုပ္ပါနဲ႔။ ေသခ်ာမွပိုင္မွလုပ္ေစခ်င္ပါတယ္။ အလုပ္မ်ား ခရီးမ်ားတဲ့ကာလပါပဲ။

ေတြးထင္ထား သလို မျဖစ္လာဘဲ မထင္ထားတာေတြျဖစ္လာႀကဳံလာတတ္တဲ့ကာလပါ။ အိမ္မကပ္ရဘဲ အလုပ္ထဲနဲ႔ အျခားကိစၥ ေတြနဲ႔ အခ်ိန္ကုန္ေနတတ္ပါတယ္။ အိမ္ေထာင္ရွိသူဆို အိမ္ေထာင္ေရးကံအားနည္းေနခ်ိန္ပါ။ အိမ္ေထာင္ဘက္ အခ်င္း ခ်င္းစကားအေျခအတင္မ်ားရတတ္ပါတယ္။

စိတ္ဝမ္းကြဲတတ္ပါတယ္။ စီးပြားေရးလုပ္ငန္းမ်ား ေကာင္း မ လိုလို နဲ႔ အဖ်ားရႉးသြားတတ္ပါတယ္။ အလုပ္ထဲမွာလဲ လုပ္ေနေပမဲ့ မေပ်ာ္ပိုက္တာမ်ိဳးေတြႀကဳံေတြရမွာပါ။ အိုးအိမ္ ေျပာင္း၊ အလုပ္ေျပာင္း၊ေနရာေျပာင္း ေတြႀကဳံရတတ္ပါတယ္။ အခ်စ္ေရးကံ ေကာင္းေနေပမဲ့ ၾကားစကားေတြကို ယုံမိလိုက္ပါက တစ္ဦးနဲ႔တစ္ဦးအထင္လြဲျပႆနာျဖစ္ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၅/၀/၇ အထူးေဟာ ဗ်ာမ်ားေနရတတ္ပါတယ္။ ယၾတာ ထီးအေဟာင္း၊ ဖိနပ္အေဟာင္းေတြရွိရင္စြန႔္ပစ္လိုက္ပါ။

တနလၤာ

ေငြေၾကးရလိုမႈထက္ အေကာင္းဆုံးဘာလုပ္ေပးႏိုင္မလဲဆိုတာမ်ိဳးေတြ ေတြးထားဖို႔လိုပါတယ္။ မိမိအတြက္ ေကာင္းေသာမိတ္ေဆြေတြဆီက အကူအညီေတြရလာတတ္ပါတယ္။ လုပ္ငန္းမွာေတာ့ မိမိလုပ္သမွ် အသိအမွတ္ျပဳ ခံရဖို႔မလြယ္ေသးပါဘူး။

ဒီကာလအတြင္းမွာ မိမိအေနနဲ႔ လုပ္ခ်င္တာေတြအရမ္းမ်ားေနတတ္ပါတယ္။ ေဆာင္႐ြက္ စရာ ေတြလဲျပည့္ႏွက္ေနတတ္ပါတယ္။ အိမ္မႈကိစၥေတြမ်ားေနတတ္တဲ့ကာလပါပဲ။ က်န္းမာေရးအေနနဲ႔ ေခါင္းကိုက္ ေခါင္းမူး ေသြးတိုးတာမ်ိဳးျဖစ္လြယ္ပါတယ္။ အရက္ေသာက္သူမ်ားသတိထားပါ။

ဦးေႏွာက္ေသြးေၾကာျပတ္တာမ်ိဳး အလြန္ျဖစ္လြယ္တဲ့ကာလပါပဲ။ ပန္ကာ၊အဲယာကြန္း အလြန္အကြၽံေအးေအာင္ဖြင့္ၿပီးအိပ္တတ္သူေတြလဲ သတိထား ဆင္ျခင္ပါ။ပညာေရးအေနနဲ႔က ဆရာေ႐ြးမွားတတ္ပါတယ္။ မိမိက်က္မွတ္ ထား တာ ေတြလဲ ေမ့လြယ္တဲ့အခ်ိန္ပါ။ စိတ္ထဲေပၚလာတာကို ခ်က္ခ်င္းထလုပ္တာမ်ိဳးမလုပ္ပါနဲ႔။

စိတ္ရွည္ရွည္ထားၿပီး ေတာ့ လုပ္ပါ။ မိမိအရမ္းရင္းႏွီးတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ စိတ္ဝမ္းကြဲတာမ်ိဳးႀကဳံရ တတ္ပါတယ္။အခ်စ္ေရး ကံေတာ့ ေကာင္းေနပါလိမ့္မယ္။ သာယာ ေျဖာင့္ျဖဴးတဲ့အခ်စ္ခရီးလမ္းပါ။ ေငြေၾကးကံလဲသင့္တင့္တဲ့ အခ်ိန္ ပါပဲ။

အိမ္ေထာင္ေရးမွာေတာ့ အိမ္ ေထာင္ဦးစီးက အဓိကပါ။အိမ္ေထာင္ဦးစီးရဲ႕ အေျမာ္အျမင္ေပၚမူတည္ၿပီး အိမ္ေထာင္ ေရး သာယာမႈ၊မသာယာမႈ ေတြ ျဖစ္လာပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၁/၂/၅ အထူးေဟာ ေခါင္းစားရမဲ့အခ်ိန္ပါပဲ ယၾတာ လူႀကီးမိဘေတြကို အားေဆးလႉပါ။

အဂၤါ

အရာရာကို စိတ္ျမန္လက္ျမန္လုပ္မွအဆင္ေျပလိမ့္မယ္။ အခ်ိန္ဆြဲေနသူေတြ၊ပ်င္းေနသူေတြအခြင့္အေရး ဆုံးရႈံးရတတ္ပါတယ္။ စုေပါင္းလုပ္ကိုင္ထားတဲ့ အစုစပ္အလုပ္မ်ားအျမတ္အစြန္းမ်ားမည္။ ကေလးငယ္ရွိသူမ်ား မိမိရင္ေသြးငယ္ အတြက္ မိတ္ေဆြမ်ား ရဲ႕ လက္ေဆာင္ေပးတာမ်ိဳးႀကဳံရတတ္သည္။

ေအာက္လက္ငယ္သားေတြနဲ႔ ေသခ်ာခ်ိတ္ဆက္ၿပီးလုပ္ကိုင္သူမ်ား ပိုမိုလုပ္ငန္းတိုးတတ္ႏိုင္ပါတယ္။ရစရာရွိေသာေငြမ်ားဒီကာလအတြင္းရလိမ့္ မယ္။ ေငြေၾကးလာဘ္လာဘလြန္စြာေပါမ်ားတဲ့အခ်ိန္ပါ။ က်န္းမာေရးအရမ္းေကာင္းေနပါမည္။စိတ္လက္ၾကည္လင္ ၿပီး ေပါ့ပါးသြက္လက္ေနပါလိမ့္မယ္။

စက္ပစၥည္းမ်ား ဝယ္ဖို႔ ႀကံစည္ထားရင္ ဒီကာလအတြင္းဝယ္ႏိုင္ပါ တယ္။ အလုပ္ကံ စီးပြားကံေကာင္းေနပါတယ္။ အလုပ္ထဲမွာ မိမိ ေနလိုတဲ့ေနရာ ၊ေျပာင္းလိုတဲ့ ဌာနမ်ိဳးေတြကို လဲေျပာင္း ရေရာက္ရတတ္ပါတယ္။အဓိဌာန္ေတြဝင္ျခင္းျဖင့္ ဒီအပတ္ထဲကံ ေကာင္းမႈေတြပိုလာတတ္ပါတယ္။

အခ်စ္ေရး ကံေကာင္း ေပမဲ့ ခ်စ္သူနဲ႔ ေတြ႕ရဖို႔မိမိအတြက္ခက္ခဲေနတတ္တာမ်ိဳးပါ။ခ်စ္သူရဲ႕ မိဘေတြေၾကာင့္ အခ်စ္ခရီးလမ္း အေႏွာင့္အယွက္ ျဖစ္ တတ္ပါတယ္။ ပညာေရးကံတစ္ခုကေတာ့ အားနည္းေနပါ တယ္။

လြယ္ကူတဲ့ သင္ခန္း စာ ေတြ ေတာင္ မိမိအတြက္ခက္ခဲေနတတ္တာမ်ိဳးပါ။အိမ္ေထာင္ေရးမွာလဲတစ္ ေယာက္ နဲ႔တစ္ေယာက္နားလည္မႈ ေတြ ရလာႏိုင္ပါတယ္။

အက်ိဳးေပးဂဏန္း ၂/၅/၆ အထူးေဟာ ကံျမင့္ေနပါတယ္။ ယၾတာ စတုမဓု တစ္ဘူး က်န္းမာေရးအားနည္းသူတစ္ဦးကိုလႉလိုက္ပါ

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းအေပါင္းအသင္းဆက္ဆံေရးနယ္ပယ္အားေကာင္းလာတတ္ပါတယ္။ ခင္မင္ၾကသူေတြရဲ႕ အကူအညီေတြရလိမ့္မယ္။ လူခ်စ္လူခင္မ်ားေနတတ္ပါတယ္။မိသားစုအပူေတြမ်ားေနသူမ်ား၊ မိသားစုအတြင္းေရး စိတ္မခ်မ္း ေျမ့သူမ်ား၊ဒီကာလမ်ားေျပလည္မႈေတြရလာတတ္ပါတယ္။စီးပြားေရးလုပ္ေနသူမ်ား မိမိလုပ္ကိုင္သမွ် ကိစၥ အဝဝ ကူညီမဲ့ သူေပၚတတ္ပါတယ္။

ဒီကာလအတြင္း စီးပြားေရးကံျမင့္မားေနပါလိမ့္မယ္။ ခရီးတို ခရီးရွည္ ေတြလဲ ထြက္ရတတ္ပါတယ္။ အိပ္ေရးပ်က္ေနျခင္းေၾကာင့္ ေခါင္းတစ္ဆစ္ဆစ္နဲ႔ကိုက္ေနရတတ္ပါတယ္။ က်န္းမာ ေရး ေတာ့ အနည္းငယ္ ဂ႐ုစိုက္ပါ။ စပ္တူအလုပ္၊ရွယ္ယာအလုပ္ေတြ အက်ိဳးျဖစ္ထြန္းေနပါလိမ့္မယ္။

ကုန္သြယ္မႈ လုပ္ငန္းမ်ား၊ႏိုင္ငံျခားကေနမွာယူၿပီး ျပန္လည္ေရာင္းခ်တဲ့အလုပ္မ်ားတိုးတတ္ပါလိမ့္မယ္။မိမိရဲ႕ ခ်စ္သူ ထံမွ ျမတ္ ႏိုး စရာေကာင္းေသာ လက္ေဆာင္ပစၥည္းမ်ားရတတ္ပါတယ္။ စန္းပြင့္ေနတတ္တဲ့ကာလပါပဲ။ေစ့စပ္ဖို႔ ၊နားေဖာက္ဖို႔ ကိစၥေတြေဆာင္႐ြက္ႏိုင္ပါတယ္။

ပညာေရး ဘက္မွာ ထူးခြၽန္ဖို႔ကံအားနည္းေနတတ္ပါတယ္။စာေမးပြဲ ကိစၥ၊ သင္ၾကား ေရးႏွင့္ပတ္သက္ေသာကိစၥအင္တာဗ်ဴးနဲ႔ပက္သက္ေသာကိစၥရပ္မ်ားအခက္အခဲမ်ားပါလိမ့္မယ္ဗ်။အိမ္ေထာင္သည္ မ်ား အိမ္ေထာင္ဘက္ရဲ႕အကူအညီေတြအမ်ားႀကီးရလာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၃/၆/၂ အထူးေဟာ မိတ္ေဆြေကာင္းနဲ႔ေတြ႕မည္။ ယၾတာ ကန္စြန္း႐ြက္ေၾကာ္ကို ဘုရားကပ္ပါ

ၾကာသပေတး

ဒီအခ်ိန္ကလအတြင္း ၾကာသပေတးသားသမီးမ်ားအေနနဲ႔က စိတ္ထဲမွာမတင္မက်ျဖစ္စရာေတြမ်ားေနတတ္ ပါတယ္။ ဟိုဟာလုပ္ရႏိုးႏိုး ဒီဟာလုပ္ရႏိုးႏိုးျဖစ္ေနရတတ္တဲ့အခ်ိန္ပါ။ မိသားစုအတြင္းအပူေတြ႕တတ္ပါတယ္။ အတူေနသူအခ်င္းခ်င္း စိတ္ဝမ္းကြဲေနတတ္ပါတယ္။ က်န္းမာေရးအတြက္ စိတ္ပူရတတ္ပါတယ္။

မိမိက်န္းမာေရး ေကာင္းေနရင္ေတာင္ မိသားစုဝင္ေတြရဲ႕က်န္းမာေရးေၾကာင့္ စိတ္ညစ္ရ၊ စိတ္ပူရတတ္ ပါတယ္။အလုပ္နဲ႔ပတ္သက္ ၿပီး ေရွ႕တိုးေဆာင္႐ြက္ခ်င္တဲ့ကိစၥေတြဒီကာလမွာ စတင္လို႔ေကာင္းပါတယ္။ေငြကံကေတာ့ ေကာင္းေနပါလိမ့္မယ္။ အဘက္ဘက္က ေငြဝင္လာႏိုင္ေပမဲ့ အဖတ္မတင္ဘဲျပန္ထြက္ေနမဲ့အခ်ိန္ပါ။

ကားကိစၥ ၊ၿခံကိစၥအဆင္ေျပပါ လိမ့္ မယ္။ အထက္လူႀကီးက မိမိအေပၚအျမင္မၾကည္လင္တာ၊ ၿငိဳျငင္တာမ်ိဳးေတြႀကဳံရပါလိမ့္မယ္။ ဖက္ရွင္လုပ္ငန္း၊ အလွကုန္ပစၥည္း ေရာင္းခ်သူမ်ား ႀကီးမားတဲ့ေငြေၾကးျမဳပ္ႏွံမႈမ်ားမလုပ္ပါနဲ႔အုံး။အေပ်ာ္အပါးကိစၥေတြႀကဳံလာရင္ သတိထားပါ။ ေပ်ာ္လို႔ရပါတယ္။အေပ်ာ္လြန္ၿပီးအပ်က္ျဖစ္ရတတ္ပါတယ္။

အခ်စ္ေရးကိစၥမ်ား အေကာင္းအဆိုး ဒြန္တြဲေနတတ္ပါတယ္။ ပညာေရးအေနနဲ႔ ႀကိဳးစားသေလာက္အရာမထင္ဘူးလို႔ ခံစားေနရမဲ့အခ်ိန္ပါ။ အိမ္ေထာင္ ေရး မွာေတာ့ ေတာ္႐ုံအခက္အခဲေတြေလာက္ကေတာ့ ျပန္အဆင္ေျပလိမ့္မယ္။ အိမ္ေထာင္ဘက္က အမွားကို ျမင္ၿပီးျပဳျပင္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၈/၂/၅ အထူးေဟာ ကံညံ့ေနတတ္ပါတယ္။ ယၾတာ လိပ္ကို အစာေကြၽးလိုက္ပါ။

ေသာၾကာ

ေသာၾကာသားသမီးေတြအေနနဲ႔ဒီကာလအတြင္း အယုံမလြယ္ပါႏွင့္ ။ သူမ်ားေျပာတာကို နားေယာင္းမိတာနဲ႔ ဒုကၡေရာက္တတ္လို႔ပါ။ မိမိစိတ္ကူးအေတြးအႀကံအတိုင္းသာေရွးတိုးေဆာင္႐ြက္ပါ။ အထူးသျဖင့္ ဒီကာလဟာ မိမိ ရဲ႕ ဉာဏ္ရည္ကိုသာ ထုတ္သုံးပါ။ ဝန္ေဆာင္မႈနဲ႔ ဆက္စပ္ေသာအလုပ္မ်ားအဆင္မေျပျဖစ္တတ္ပါတယ္။

ေငြေၾကး က အကုန္အက်ေတြမ်ားၿပီးအဖတ္မတင္ျဖစ္ရတတ္ပါတယ္။အဖိုးတန္ပစၥည္းမ်ားဝတ္ဆင္ၿပီးသြားလာတာမ်ိဳးသတိ ထားပါ။သူခိုးခိုးခံရတာ၊အလုခံရတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။အေလာတႀကီးလုပ္လို႔မေကာင္းေသးတဲ့ကာလျဖစ္တာမို႔ ေျဖးေျဖးမွန္မွန္သာေဆာင္႐ြက္ၾကပါ။စိတ္ထဲလိုခ်င္တာေတြ ဝယ္လိုက္မိရာကေန ေငြေတြလဲ ထြက္သြား တတ္ပါတယ္။

က်န္းမာေရးကေတာ့ အညံ့အဆိုးအလြန္နည္းပါတယ္။ က်န္းမာေရးေဒါင္ေဒါင္မည္ေကာင္းေန ပါလိမ့္ မယ္။ငယ္႐ြယ္သူမ်ား အခ်စ္နယ္ကြၽံမိရာမွ မဖုံးႏိုင္ မဖိ ႏိုင္ကိစၥမ်ား ႀကဳံရတတ္ပါတယ္။ ရွယ္ယာဆိုတာမ်ိဳး မစဥ္း စားပါနဲ႔ ။ ဥပေဒနဲ႔မလြတ္ကင္းေသာကိစၥမ်ား လုံးဝမလုပ္ မိပါေစနဲ႔။

မေကာင္းမႈေတြလုပ္မိတိုင္း ခ်က္ခ်င္းဆိုးက်ိဳး ခံစားရႏိုင္လို႔ပါပဲ။ မိမိစိတ္ကူးအတိုင္းသမာအာဇီဝ က်က် သာ လုပ္ကိုင္ပါ။ ပညာေရးကံလြန္စြာျမင့္မားေန တတ္ တယ္။ အခုကာလအတြင္း စတင္အေကာင္အထည္ေဖာ္ေသာ ပညာေရးကိစၥေတြမွာ အေကာင္းဘက္မွာရွိေန ပါတယ္။

အက်ိဳးေပးဂဏန္း ၉/၅/၃ အထူးေဟာ မေလာပါနဲ႔ ယၾတာ ေျမပဲေၾကာ္ၿပီး ရဟန္းသံဃာေတြကို ေလာင္းလႉပါ။

စေန

လက္ရွိလုပ္ေနတဲ့ အလုပ္ကို ပိုမိုေကာင္းမြန္ေအာင္ျပဳျပင္ေဆာင္႐ြက္ပါ။ အလုပ္မွာ လိုအပ္တဲ့ ထိန္းသိမ္းမႈ၊ ဝန္ထမ္းအင္အား၊စက္ပစၥည္း အတိုးအေလ်ာ့ စတာေတြကအစ ေသခ်ာစီစစ္ေဆာင္႐ြက္ေစခ်င္ပါတယ္။ အလုပ္ အကိုင္ေတြအဆင္ေျပလာသလို စီးပြားေရးလဲဦးေမာ့လာပါလိမ့္မယ္။ မိမိစိတ္ကူးထားေသာကိစၥေတြ လက္ေတြ႕ အေကာင္ အထည္ေဖာ္ႏိုင္ပါလိမ့္မယ္။

ေရနဲ႔နီးေသာေနရာေတြမွာ တိုင္ပင္ျခင္း ၊ အနာဂတ္အတြက္ႀကံစည္ျခင္းေတြ ျပဳလုပ္ျခင္းျဖင့္ အက်ိဳးျဖစ္ထြန္းႏိုင္စရာရွိပါတယ္။ သားသမီးေတြ၊တပည့္ေတြ၊ကိုယ့္ေအာက္ဝန္ထမ္း ေတြရဲ႕ က်န္းမာေရး ေတာ့ ဂ႐ုစိုက္ေစခ်င္ပါတယ္။ အသက္ႀကီးသူမ်ား ေသြးေပါင္ အၿမဲခ်ိန္ေနသင့္တဲ့ကာလပါ။

ေရထြက္ ကုန္လုပ္ငန္း အက်ိဳးေပးမဲ့အခ်ိန္ပါ။ စက္ပစၥည္းေတြလဲဝင္လာဖို႔ရွိေနပါလိမ့္မယ္။ အခ်စ္ေရးကံအလြန္ညံ့ေနခ်ိန္ပါ။ အလုပ္တစ္ဖက္နဲ႔ခ်စ္သူကိုေမ့ထားမိသလိုျဖစ္သြားတတ္ပါတယ္။ ပညာေရးကံေကာင္းေနခ်ိန္ပါ။ ႀကိဳးစားတာ ထက္ပိုၿပီး ရလဒ္ေကာင္း တတ္ပါတယ္။အိပ္ေထာင္ေရးအဆင္ေျပေနမည္။

ဘဝအတြက္အေရးပါေသာ အိပ္ေထာင္ ေရးကိစၥမ်ားဆုံးျဖတ္ရတတ္သည္။မစားသင့္ေသာအစားေသာက္ကိုစားမိျခင္း၊ အစားမွားျခင္းျဖစ္ေပၚတတ္၏။ ကာလ အတန္ ၾကာျမဳပ္ေနေသာေဝဒနာေဟာင္းျပန္ေပၚတတ္၏။အဖုအပိန႔္မ်ားထတာမ်ိဳး၊အဆိပ္ရွိတဲ့ အေကာင္ ကိုက္ တာမ်ိဳးျဖစ္တတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၆/၈/၄ အထူးေဟာ စီးပြားကံေကာင္းမည္ ယၾတာ သစၥာပန္း ဘုရားလႉေပးပါ

၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 09 44 5555 695