ေဗဒင္

အဘမင်းသိင်္ခ ပေးခဲ့တဲ့ အိမ်အေး လာဘ်ပွင့်စေသော ယတြာ

အဘမင်းသိင်္ခ ပေးခဲ့တဲ့ အိမ်အေး လာဘ်ပွင့်စေသော ယတြာ

အဘမင်းသိင်္ခ ပေးခဲ့တဲ့ အိမ်အေး လာဘ်ပွင့်စေသော ယတြာ.. အချို့သော အိမ်များတွင် ဖခင်နှင့်သား လည်းကောင်း၊ မိခင်နှင့်သမီး လည်းကောင်း၊ ညီအမ အချင်းချင်း လည်းကောင်း၊ ညီအကို အချင်းချင်း လည်းကောင်း၊ အကြောင်းအရာ ကြီးကြီးမားမား မရှိဘဲ ငြင်းခုန်ခြင်း၊ စကားများခြင်း၊ ပြုတတ်ကြ၏။

ထိုအိမ်မျိုးကို အိမ်ပူသည် အိမ်ဆူသည်ဟု ခေါ်ဝေါ်ကြ၏။ (ပုံ – ကကြီး အလယ်သေ အင်းကွက်) အိမ်ပူခြင်း ဒုက္ခမှ ကင်းဝေး စေရန်အတွက် ဗားမဲ့ဆရာတော်၏ ကျမ်းမှ “ကကြီး အလယ်သေ အင်း” ကို ဖော်ပြလိုက်ပါသည်။ ထိုအင်းကို ကူးယူ၍ ကြွေပန်းကန်တွင် ကပ်ကာ “က” ကြီးရှိသော နေရာတွင် ရိုးရိုး ဖယောင်းတိုင် တစ်တိုင် ထွန်းပါ။ (၅) ရက်ပြည့်အောင် ထွန်းပါ။ အိမ်ပူသော ဒုက္ခ ကင်းဝေး သွားပါလိမ့်မည်။

လာဘ်တိတ်နေပါက ထိုအင်းကို ပန်းကန်ပြားတွင် ကပ်၍ ရေအနည်းငယ် လောင်းထည့်ပြီး ရေစိမ်ထားပါ။ လာဘ်လာဘများ ပွင့်လန်းလာသည်ကို မျက်ဝါး ထင်ထင် တွေ့မြင်ရလိမ့်မည်။ လောင်းထည့်သော ရေသည် ရိုးရိုး ရေ မဟုတ်ပဲ နံ့သာရေကို လောင်းထည့်ပြီး ဈေးဆိုင် ရှိပါက ဆိုင်မဖွင့်မီ ဆိုင်ရှေ့တွင် ပက်ဖြန်းလိုက်ပါ။ ဈေးခေါ် အလွန်ကောင်းပါသည်။

(ဆရာဟိန်းတင့်ဇော်)

အဘမင္းသိခၤ ေပးခဲ့တဲ့ အိမ္ေအး လာဘ္ပြင့္ေစေသာ ယၾတာ

အဘမင္းသိခၤ ေပးခဲ့တဲ့ အိမ္ေအး လာဘ္ပြင့္ေစေသာ ယၾတာ.. အခ်ိဳ႕ေသာ အိမ္မ်ားတြင္ ဖခင္ႏွင့္သား လည္းေကာင္း၊ မိခင္ႏွင့္သမီး လည္းေကာင္း၊ ညီအမ အခ်င္းခ်င္း လည္းေကာင္း၊ ညီအကို အခ်င္းခ်င္း လည္းေကာင္း၊ အေၾကာင္းအရာ ႀကီးႀကီးမားမား မရွိဘဲ ျငင္းခုန္ျခင္း၊ စကားမ်ားျခင္း၊ ျပဳတတ္ၾက၏။

ထိုအိမ္မ်ိဳးကို အိမ္ပူသည္ အိမ္ဆူသည္ဟု ေခၚေဝၚၾက၏။ (ပုံ – ကႀကီး အလယ္ေသ အင္းကြက္) အိမ္ပူျခင္း ဒုကၡမွ ကင္းေဝး ေစရန္အတြက္ ဗားမဲ့ဆရာေတာ္၏ က်မ္းမွ “ကႀကီး အလယ္ေသ အင္း” ကို ေဖာ္ျပလိုက္ပါသည္။ ထိုအင္းကို ကူးယူ၍ ေႂကြပန္းကန္တြင္ ကပ္ကာ “က” ႀကီးရွိေသာ ေနရာတြင္ ရိုးရိုး ဖေယာင္းတိုင္ တစ္တိုင္ ထြန္းပါ။ (၅) ရက္ျပည့္ေအာင္ ထြန္းပါ။ အိမ္ပူေသာ ဒုကၡ ကင္းေဝး သြားပါလိမ့္မည္။

လာဘ္တိတ္ေနပါက ထိုအင္းကို ပန္းကန္ျပားတြင္ ကပ္၍ ေရအနည္းငယ္ ေလာင္းထည့္ၿပီး ေရစိမ္ထားပါ။ လာဘ္လာဘမ်ား ပြင့္လန္းလာသည္ကို မ်က္ဝါး ထင္ထင္ ေတြ႕ျမင္ရလိမ့္မည္။ ေလာင္းထည့္ေသာ ေရသည္ ရိုးရိုး ေရ မဟုတ္ပဲ နံ့သာေရကို ေလာင္းထည့္ၿပီး ေဈးဆိုင္ ရွိပါက ဆိုင္မဖြင့္မီ ဆိုင္ေရွ႕တြင္ ပက္ျဖန္းလိုက္ပါ။ ေဈးေခၚ အလြန္ေကာင္းပါသည္။

(ဆရာဟိန္းတင့္ေဇာ္)