အောက်လမ်းပညာဖြင့်ဆေးခပ်ခံရလျှင်
ယနေ့ခေတ်တွင် အောက်လမ်းပညာများတစ်ဖန်ပြန်ခေတ်စားလာတာတွေ့နေရသည် အများအားဖြင့်ထိုင်းဘက်ကကူးစက်လာသောပညာရပ်များဖြစ်ကြသည်
ငယ်ရွယ်သူများပိုခံရတာတွေ့ရပါတယ် အထူးသဖြင့်နှလုံးသားရေးရာကိစ္စများမှာ ချစ်ချင်းမေတ္တာကိုအတ္တဖြင့်ပိုင်ဆိုင်လိုသူများ ပိုင်းလုံးလုပ်သူများပိုသုံးတတ်ကြပါတယ်
အလုပ်ခံရသူတွေဟာ ငူတူတူငေါင်တောင်တောင်နဲ့ ဖုတ်အသွှင်းခံထားရသူတွေလိုပါပဲ အရောင်အဝါတွေလည်းကျလာတတ်ပါတယ်
ဆရာအလုပ်ဖြင့်အသက်မွေးပြီးငယ်ရွယ်ချောမောသူများလည်းအများဆုံးဆေးခပ်ခံရတတ်ပါတယ် တစ်ချို့ရူးသလိုလိုအထိဖြစ်သွားကြပါတယ်
အမှန်တော့ အောက်လမ်းဆရာများမှအောက်လမ်းဆန်ဆန်စီရင်ပြီး စားတဲ့အထဲမသိမသာထည့်ခိုင်းကြတာပါ အများအားဖြင့်လက်ဖက်သုပ်ထဲထည့်တတ်ကြပါတယ်
စီရင်မူ့များက သွေးပုပ်လိုဟာမျိုးအထိပါတတ်ပါတယ်
ဒါကြောင့် သူများပေးကျွေးတဲ့အစားအစာတွေစားတဲ့အခါ သတိလက်လွတ်မစားမိပါစေနဲ့ သရဏဂုံရွတ်ပြီးမှစားပါ
စာရေးသူကိုယ်တိုင် ငယ်ရွယ်နုပျိုစဥ်အခါကဆေးခပ်ခံခဲ့ရဖူးပါတယ် ညနေဘက်တွေဆိုရင်လူဟာငူတူတူငေါင်တောင်တောင်ဖြစ်လာပါတယ်
နောက်တော့မသင်္ကာလို့ ဂိုဏ်းဆရာနဲ့စစ်တော့ ပေါ်တော့တာပဲ လိမ်လို့မရတန်းပေါ်ပါတယ်
အဲဒါနဲ့ ကိုယ်လုံအကာထိုးလိုက်မှသက်သာသွားပါတယ် ဆရာအလုပ်လုပ်သူတိုင်း အကာကိုယ်လုံထိုးထားသင့်ပါတယ် မထိုးထားရင်ခံရတတ်ပါတယ်
နယ်တွေရွာတွေဘက်သွားရင်ပိုဆိုးပါတယ် ပညာစမ်းတာခံရတတ်ပါတယ် ကိုယ့်မှာသာကိုယ်လုံအကာမထိုးထားရင် ရူးပါသွားနိူင်ပါတယ်
ယနေ့ခေတ်မှာတော့ အချစ်ရေးကိစ္စတွေမှာ သုံးလာကြတာတွေ့တွေ့နေရပါတယ် သမုဒယလွန်ကဲပေးဆပ်မူ့ကြမ်းပြီးမှ လိုချင်တာလည်းရရော ဟိုက ရူးချင်ယောင်ဆောင် အလာကြဲ အဲဒီမှာ အောက်လမ်းဆေးနည်းတွေသုံး ငွေကလည်းတောင်းသမျှပေးရ
အဲဒီမှာဟိုကောင်လည်းဆေးမိတာနဲ့ ငူတူတူငေါင်တောင်တောင်ရူးကြောင်ကြောင်ဖြစ်တော့တာပါပဲ
ဆရာကောင်းနဲ့တွေ့ရင်တော့ပျောက်တာပေါ့ ဆရာလိမ်နဲ့တွေ့ရင်တော့ ရသမျှချူစားတာပေါ့
ယနေ့ခေတ်လူငယ်တွေ s3xကိစ္စမှာငယ်ငယ်ရွယ်ရွယ်နှင့်ပင်ဆရာကြီးဆရာမကြီးတွေဖြစ်နေကြသည်
တစ်ခါတစ်လေဆေးဆိုင်ဆေးသွားဝယ်ရင်း တစ်ချို့ချာတိတ်မလေးတွေ ရှိလှမှ16 17 လာဝယ်တဲ့ဆေးက တားဆေး ပေါ်တင်ပဲ
အိမ်ထောင်တွေလည်းမမြဲကြတော့ ညားပြီး၂နှစ်၃နှစ်ဆိုရင် ငယ်ကျိုးငယ်နာဖော် ရန်ဖြစ်ကြ ကွဲကြ ခလေးတွဲလောင်းနဲ့ကျန်ခဲ့ကြ ဖခင်ကလည်းတာဝန်မဲ့ နောက်တစ်ယောက်ထပ်ယူ ဒီလိုနဲ့ မကြာခဏမြင်နေကြားနေရတဲ့ဇာတ်လမ်းတွေပါ
အထိန်းအကွပ်အားနည်းတဲ့မိဘတွေကြောင့် သားသမီးတွေဘဝဟာလည်းဖရိုဖရဲ အဲဒီသားသမီးတွေကမိဘပြန်ဖြစ်ရင်စဥ်းစားကြည့်
ကဲ ထားပါတော့ အခုပြောပြမှာက အဲဒီလိုကိုယ့်သား ကိုယ့်သမီး ဆေးခပ်ခံရတယ်လို့ထင်ရင် လုပ်ရမယ့်နည်းလေးပါ
တံစက်လက်ပြန်ရေလုပ်နည်း
တံစက်မြိတ်ကိုကျောပေး၍ရပ်နေပါ လက်ထဲတွင်ရေထည့်ထားသောရေခွက်ကိုကိုင်ထားပါ ပြီးလျှင် ထိုရေခွက်ထဲကရေကို တံစက်မြိတ်ပေါ်ပက်တင်လိုက်ပါ
တံစက်မြိတ်ကပြန်ကျလာသောရေကို နောက်ပြန်မလှည့်ဘဲ ခုနကရေခွက်ဖြင့်လက်နောက်ပြန်ခံယူပါ ရသလောက်ယူပါ
အဲဒီရေကို ပုလင်းတစ်ခုထဲထည့်ပြီးရေပါထပ်ထည့်ပြီးပွားထားပါ
ဘုရားစင်ရှေ့မှာ အဲဒီပုလင်းကိုအဖုံးဖွင့်ပါးစပ်နားကပ်ပြီး သရဏဂုံအပြန်ကို၁၁ခေါက်ရွတ်ခါ ဆေးမိထားသူအားတိုက်တိုက်ပေးပါ နေ့တိုင်းတိုက်ပါ
သရဏဂုံအပြန်
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
ဂစ္ဆာမိ ဗုဒ္ဓံသရဏံ
ဓမ္မံသရဏံ ဂစ္ဆာမိ
ဂစ္ဆာမိ ဓမ္မံသရဏံ
သံဃံသရဏံ ဂစ္ဆာမိ
ဂစ္ဆာမိ သံဃံသရဏံ
သူများကျွေးတဲ့အစားအစာမစားခင်လည်း ပန်းကန်ကိုလက်ဖြင့်ထိ၍ တစ်ခေါက်ရွတ်ပြီးမှစားပါ
စီးပွားရေးသမားများလည်းသတိထားပါ အပြိုင်အဆိုင်ရှိလာတဲ့အခါ အတိုက်အခိုက်ခံရတတ်ပါတယ်
မယုံမရှိနဲ့
ပယောဂမကုပါ
ကျော်ဘိုဘိုဟိန်း
ေအာက္လမ္းပညာျဖင့္ေဆးခပ္ခံရလၽွင္
ယေန႔ေခတ္တြင္ ေအာက္လမ္းပညာမ်ားတစ္ဖန္ျပန္ေခတ္စားလာတာေတြ႕ေနရသည္ အမ်ားအားျဖင့္ထိုင္းဘက္ကကူးစက္လာေသာပညာရပ္မ်ားျဖစ္ၾကသည္
ငယ္ရြယ္သူမ်ားပိုခံရတာေတြ႕ရပါတယ္ အထူးသျဖင့္ႏွလုံးသားေရးရာကိစၥမ်ားမွာ ခ်စ္ခ်င္းေမတၱာကိုအတၱျဖင့္ပိုင္ဆိုင္လိုသူမ်ား ပိုင္းလုံးလုပ္သူမ်ားပိုသုံးတတ္ၾကပါတယ္
အလုပ္ခံရသူေတြဟာ ငူတူတူေငါင္ေတာင္ေတာင္နဲ႔ ဖုတ္အသႊင္းခံထားရသူေတြလိုပါပဲ အေရာင္အဝါေတြလည္းက်လာတတ္ပါတယ္
ဆရာအလုပ္ျဖင့္အသက္ေမြးၿပီးငယ္ရြယ္ေခ်ာေမာသူမ်ားလည္းအမ်ားဆုံးေဆးခပ္ခံရတတ္ပါတယ္ တစ္ခ်ိဳ႕႐ူးသလိုလိုအထိျဖစ္သြားၾကပါတယ္
အမွန္ေတာ့ ေအာက္လမ္းဆရာမ်ားမွေအာက္လမ္းဆန္ဆန္စီရင္ၿပီး စားတဲ့အထဲမသိမသာထည့္ခိုင္းၾကတာပါ အမ်ားအားျဖင့္လက္ဖက္သုပ္ထဲထည့္တတ္ၾကပါတယ္
စီရင္မူ႔မ်ားက ေသြးပုပ္လိုဟာမ်ိဳးအထိပါတတ္ပါတယ္
ဒါေၾကာင့္ သူမ်ားေပးေကၽြးတဲ့အစားအစာေတြစားတဲ့အခါ သတိလက္လြတ္မစားမိပါေစနဲ႔ သရဏဂုံရြတ္ၿပီးမွစားပါ
စာေရးသူကိုယ္တိုင္ ငယ္ရြယ္ႏုပ်ိဳစဥ္အခါကေဆးခပ္ခံခဲ့ရဖူးပါတယ္ ညေနဘက္ေတြဆိုရင္လူဟာငူတူတူေငါင္ေတာင္ေတာင္ျဖစ္လာပါတယ္
ေနာက္ေတာ့မသကၤာလို႔ ဂိုဏ္းဆရာနဲ႔စစ္ေတာ့ ေပၚေတာ့တာပဲ လိမ္လို႔မရတန္းေပၚပါတယ္
အဲဒါနဲ႔ ကိုယ္လုံအကာထိုးလိုက္မွသက္သာသြားပါတယ္ ဆရာအလုပ္လုပ္သူတိုင္း အကာကိုယ္လုံထိုးထားသင့္ပါတယ္ မထိုးထားရင္ခံရတတ္ပါတယ္
နယ္ေတြရြာေတြဘက္သြားရင္ပိုဆိုးပါတယ္ ပညာစမ္းတာခံရတတ္ပါတယ္ ကိုယ့္မွာသာကိုယ္လုံအကာမထိုးထားရင္ ႐ူးပါသြားနိူင္ပါတယ္
ယေန႔ေခတ္မွာေတာ့ အခ်စ္ေရးကိစၥေတြမွာ သုံးလာၾကတာေတြ႕ေတြ႕ေနရပါတယ္ သမုဒယလြန္ကဲေပးဆပ္မူ႔ၾကမ္းၿပီးမွ လိုခ်င္တာလည္းရေရာ ဟိုက ႐ူးခ်င္ေယာင္ေဆာင္ အလာၾကဲ အဲဒီမွာ ေအာက္လမ္းေဆးနည္းေတြသုံး ေငြကလည္းေတာင္းသမၽွေပးရ
အဲဒီမွာဟိုေကာင္လည္းေဆးမိတာနဲ႔ ငူတူတူေငါင္ေတာင္ေတာင္႐ူးေၾကာင္ေၾကာင္ျဖစ္ေတာ့တာပါပဲ
ဆရာေကာင္းနဲ႔ေတြ႕ရင္ေတာ့ေပ်ာက္တာေပါ့ ဆရာလိမ္နဲ႔ေတြ႕ရင္ေတာ့ ရသမၽွခ်ဴစားတာေပါ့
ယေန႔ေခတ္လူငယ္ေတြ s3xကိစၥမွာငယ္ငယ္ရြယ္ရြယ္ႏွင့္ပင္ဆရာႀကီးဆရာမႀကီးေတြျဖစ္ေနၾကသည္
တစ္ခါတစ္ေလေဆးဆိုင္ေဆးသြားဝယ္ရင္း တစ္ခ်ိဳ႕ခ်ာတိတ္မေလးေတြ ရွိလွမွ16 17 လာဝယ္တဲ့ေဆးက တားေဆး ေပၚတင္ပဲ
အိမ္ေထာင္ေတြလည္းမျမဲၾကေတာ့ ညားၿပီး၂ႏွစ္၃ႏွစ္ဆိုရင္ ငယ္က်ိဳးငယ္နာေဖာ္ ရန္ျဖစ္ၾက ကြဲၾက ခေလးတြဲေလာင္းနဲ႔က်န္ခဲ့ၾက ဖခင္ကလည္းတာဝန္မဲ့ ေနာက္တစ္ေယာက္ထပ္ယူ ဒီလိုနဲ႔ မၾကာခဏျမင္ေနၾကားေနရတဲ့ဇာတ္လမ္းေတြပါ
အထိန္းအကြပ္အားနည္းတဲ့မိဘေတြေၾကာင့္ သားသမီးေတြဘဝဟာလည္းဖရိုဖရဲ အဲဒီသားသမီးေတြကမိဘျပန္ျဖစ္ရင္စဥ္းစားၾကည့္
ကဲ ထားပါေတာ့ အခုေျပာျပမွာက အဲဒီလိုကိုယ့္သား ကိုယ့္သမီး ေဆးခပ္ခံရတယ္လို႔ထင္ရင္ လုပ္ရမယ့္နည္းေလးပါ
တံစက္လက္ျပန္ေရလုပ္နည္း
တံစက္ၿမိတ္ကိုေက်ာေပး၍ရပ္ေနပါ လက္ထဲတြင္ေရထည့္ထားေသာေရခြက္ကိုကိုင္ထားပါ ၿပီးလၽွင္ ထိုေရခြက္ထဲကေရကို တံစက္ၿမိတ္ေပၚပက္တင္လိုက္ပါ
တံစက္ၿမိတ္ကျပန္က်လာေသာေရကို ေနာက္ျပန္မလွည့္ဘဲ ခုနကေရခြက္ျဖင့္လက္ေနာက္ျပန္ခံယူပါ ရသေလာက္ယူပါ
အဲဒီေရကို ပုလင္းတစ္ခုထဲထည့္ၿပီးေရပါထပ္ထည့္ၿပီးပြားထားပါ
ဘုရားစင္ေရွ႕မွာ အဲဒီပုလင္းကိုအဖုံးဖြင့္ပါးစပ္နားကပ္ၿပီး သရဏဂုံအျပန္ကို၁၁ေခါက္ရြတ္ခါ ေဆးမိထားသူအားတိုက္တိုက္ေပးပါ ေန႔တိုင္းတိုက္ပါ
သရဏဂုံအျပန္
ဗုဒၶံသရဏံ ဂစၧာမိ
ဂစၧာမိ ဗုဒၶံသရဏံ
ဓမၼံသရဏံ ဂစၧာမိ
ဂစၧာမိ ဓမၼံသရဏံ
သံဃံသရဏံ ဂစၧာမိ
ဂစၧာမိ သံဃံသရဏံ
သူမ်ားေကၽြးတဲ့အစားအစာမစားခင္လည္း ပန္းကန္ကိုလက္ျဖင့္ထိ၍ တစ္ေခါက္ရြတ္ၿပီးမွစားပါ
စီးပြားေရးသမားမ်ားလည္းသတိထားပါ အၿပိဳင္အဆိုင္ရွိလာတဲ့အခါ အတိုက္အခိုက္ခံရတတ္ပါတယ္
မယုံမရွိနဲ႔
ပေယာဂမကုပါ
ေက်ာ္ဘိုဘိုဟိန္း