“လူအမျိုးမျိုး စိတ်အထွေထွေ” ဆိုတဲ့ ရှေးလူကြီးတွေရဲ့ ဆိုရိုးစကားအတိုင်း ဒီကမ္ဘာကြီးပေါ်မှာ ရှိတဲ့လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်နေသဘောထားတွေ တူနိုင်ကြမှာ မဟုတ်ပါဘူး။
သို့ပေမယ့် တူညီတဲ့အချက်တစ်ချို့ကို ဘုံထုတ်ပြီး သွေးအမျိုးအစားအလိုက် ခွဲခြမ်းစိတ်ဖြာထားတဲ့ စစ်တမ်းတစ်ရပ်ကို စာဖတ်ပရိသတ်တွေ သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
“A” သွေး ပိုင်ရှင်များ
ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ လေးဆယ်ရာခိုင်နှုန်းလောက်က “A”သွေးပိုင်ရှင်တွေ ဖြစ်ပါတယ်။ ဒီသွေး အမျိုးအစားပိုင်ရှင်တွေဟာ ကျိုးကြောင်းဆီလျော်အောင် တွေးခေါ်ပေးတတ်ပြီး နားလည်ပေးနိုင်စွမ်းရှိသူတွေလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရာမှာလည်း အေးအေးဆေးဆေး တည်ငြိမ်လေ့ရှိသူတွေပါ။ ဒါပေမယ့် သူတို့ဟာ ဘဝကို ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးချယ်တည်ဆောက်လေ့ရှိပြီး စိတ်ခံစားမှုတွေကို ဦးစားပေးတတ်သူတွေ မဟုတ်ပါဘူး။
ရင်ထဲက စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်းရှိပေမယ့် ဘာအရာမှာမဆို ပြီးပြည့်စုံလုနီးပါးဖြစ်မှ ကြိုက်တတ်တဲ့ အကျင့် ကြောင့် တစ်ခါတစ်ရံမှာ ဂွကျတယ်လို့ သတ်မှတ်ခြင်း ခံရတတ်ပါတယ်။
အသေးစိတ်ကို ဂရုစိုက်လွန်းလို့လည်း တိကျမှကြိုက်ပြီး ပွစိပွစိပြောတတ်တဲ့ အကျင့်လည်း ရှိပါတယ်။စိတ်အပြောင်းအလဲ မြန်သလို တစ်ခါတစ်ရံမှာ အရမ်းကို နားလည်ကူညီတတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ အရမ်းခေါင်းမာပြီး ပြောရဆိုရ လက်ပေါက်ကပ်တတ်ပါတယ်။
“B” သွေး ပိုင်ရှင်များ
ကမ္ဘာ့လူဦးရေရဲ့ ဆယ့်တစ်ရာခိုင်နှုန်းလောက်က “B” သွေးပိုင်ရှင်တွေပါ။ ဒီသွေးအမျိုးအစား ပိုင်ရှင်တွေမှာ စိတ်ခံစားမှုပြင်းပြခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းစတဲ့ အမူအကျင့်ကောင်းတွေ ရှိနေပေမယ့် ရှေ့နောက် မဆင်ခြင်ဘဲ စိတ်ထင်ရာလုပ်တတ်ပြီးဘေးလူတွေ အနေနဲ့ ခန့်မှန်းရ ခက်ခဲလေ့ရှိပါတယ်။
သူတို့ဟာ တီထွင်ဖန်တီးမှုနဲ့ ပတ်သတ်တဲ့ ဘယ်ကိစ္စကိုပဲ လုပ်လုပ် စိတ်ခံစားမှုအပြည့်နှစ်ပြီး လုပ်တတ်သလို ဘေးလူတွေကိုလည်း လှုံဆော်မှုပေးနိုင်စွမ်း ရှိတဲ့သူတွေပါ။
ဒါပေမယ့် တစ်ခါတစ်လေတော့ အရမ်းတစ်ကိုယ်ကောင်းဆန်လွန်းပြီး ကိစ္စမပြီးမချင်း သူတို့ကိုယ်တိုင်ကလွဲရင် တစ်ခြားလူ ဘယ်လိုမှ မသိနိုင်တဲ့ကိစ္စမျိုးတွေကို လုပ်လေ့လည်း ရှိပါတယ်။
“O” သွေး ပိုင်ရှင်များ
ကမ္ဘာ့လူဦးရေရဲ့ လေးဆယ့်ငါးရာခိုင်နှုန်းလောက်က “O” သွေးပိုင်ရှင်တွေ ဖြစ်ပါတယ်။ ဒီသွေးအမျိုးအစား ပိုင်ရှင်တွေကတော့ ဘာမဆို သတိကပ်ပြီးမှ ဆောင်ရွက်လေ့ရှိသလို တာဝန်ယူတဲ့စိတ်လည်း ရှိပါတယ်။
စည်းကမ်းလိုက်နာတတ် သူတွေဖြစ်ပြီး ပြောစရာရှိလည်း အားမနာစတမ်း ပွင့်ပွင့်လင်းလင်း ဒဲ့ပြောလေ့ရှိတဲ့ သူတွေပါ။သူတို့ဟာ ယုံကြည်လို့ရတဲ့သူတွေဖြစ်သလို ကိုယ်စတဲ့အလုပ် ကိုယ်တိုင်အဆုံးသတ်ဖို့ကို အစွမ်းကုန်ကြိုးစား လေ့ရှိသူတွေပါ။
လူတစ်ဖက်သား စိတ်ချမ်းသာဖို့ ဖြေသိမ့်ပေးတာမျိုး၊ တစ်ဖက်သား စကားကိုနားထောင်ပေးတာမျိုး နဲ့ နားလည်ပေးတာမျိုးစတဲ့ ကိစ္စမျိုးတွေမှာ “O” သွေးပိုင်ရှင်တွေဟာ အားကိုးလို့ရတဲ့ အဖော်မွန် ကောင်းတွေ ဖြစ်ပါတယ်။ဒါပေမယ့် သူတို့ဟာ အန္တရာယ်များတဲ့ အလုပ်မျိုးကို လက်ရှောင်လေ့ရှိပြီး သေချာတာတွေကိုပဲ ရွေးလုပ်နေတာကြောင့် မကြာခဏ အခွင့်အရေးကောင်းတွေကို လက်လွှတ်ဆုံးရှုံးရလေ့ ရှိပါတယ်။
“AB” သွေး ပိုင်ရှင်များ
ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ လေးရာခိုင်နှုန်းလောက်သာ “AB” သွေး ပိုင်ရှင်တွေ ဖြစ်ကြပြီး အလွန်ရှားပါတယ်။ဒီသွေးပိုင်ရှင်တွေမှာ မွေးရာပါ ခေါင်းဆောင်အရည်အသွေး ပိုင်ဆိုင်ထားသူတွေများပြီး ရည်မှန်းချက်ကြီးမားသူ တွေဖြစ်ကာ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်လည်း အလွန်ပြင်းထန်ပါတယ်။
သူတို့တွေဟာ ဘယ်သူတစ်ဦးတစ်ယောက်ဆီကမှ အလကားရဖို့ကို မမျှော်လင့်တတ်ကြသလို တစ်ခုယူရင် တစ်ခုပြန်ပေးတတ်တဲ့ အကျင့်ရှိသူတွေပါ။
ဒါကြောင့်မို့လို့လည်း သူများတွေဆီက အကူအညီတောင်းခဲပါတယ်။“AB” သွေးပိုင်ရှင်တွေဟာ သူတို့ကိုယ်ပိုင် အယူအဆ၊ အတွေးအခေါ်တွေ ချမပြခင် တစ်ဘက်သားဘက်ရဲ့ အယူအဆ၊ အတွေးအခေါ်တွေကို အရင်နားလည်အောင် ကြိုးစားလေ့ရှိပါတယ်။
သူတို့ဟာ အမှန်တရားကိုပဲ မြတ်နိုးတတ်ကြပြီး အဆင်ပြေအောင် လိမ်လည်ပြောဆိုမှုမျိုးကို အလွန်ပဲ မုန်းတီးတတ်ကြပါတယ်။
Crd-original writer
“လူအမ်ိဳးမ်ိဳး စိတ္အေထြေထြ” ဆိုတဲ့ ေရွးလူႀကီးေတြရဲ႕ ဆို႐ိုးစကားအတိုင္း ဒီကမာၻႀကီးေပၚမွာ ရွိတဲ့လူေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ေနသေဘာထားေတြ တူႏိုင္ၾကမွာ မဟုတ္ပါဘူး။
သို႔ေပမယ့္ တူညီတဲ့အခ်က္တစ္ခ်ိဳ႕ကို ဘုံထုတ္ၿပီး ေသြးအမ်ိဳးအစားအလိုက္ ခြဲျခမ္းစိတ္ျဖာထားတဲ့ စစ္တမ္းတစ္ရပ္ကို စာဖတ္ပရိသတ္ေတြ သိရွိႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။
“A” ေသြး ပိုင္ရွင္မ်ား
ကမာၻေပၚမွာရွိတဲ့ လူဦးေရ ေလးဆယ္ရာခိုင္ႏႈန္းေလာက္က “A”ေသြးပိုင္ရွင္ေတြ ျဖစ္ပါတယ္။ ဒီေသြး အမ်ိဳးအစားပိုင္ရွင္ေတြဟာ က်ိဳးေၾကာင္းဆီေလ်ာ္ေအာင္ ေတြးေခၚေပးတတ္ၿပီး နားလည္ေပးႏိုင္စြမ္းရွိသူေတြလည္း ျဖစ္ပါတယ္။
ဒါ့အျပင္ အသင္းအဖြဲ႕နဲ႔ ပူးေပါင္းေဆာင္႐ြက္ရာမွာလည္း ေအးေအးေဆးေဆး တည္ၿငိမ္ေလ့ရွိသူေတြပါ။ ဒါေပမယ့္ သူတို႔ဟာ ဘဝကို ကိုယ့္ဘာသာ စိတ္ႀကိဳက္ေ႐ြးခ်ယ္တည္ေဆာက္ေလ့ရွိၿပီး စိတ္ခံစားမႈေတြကို ဦးစားေပးတတ္သူေတြ မဟုတ္ပါဘူး။
ရင္ထဲက စိတ္ခံစားမႈေတြကို ထိန္းခ်ဳပ္ႏိုင္စြမ္းရွိေပမယ့္ ဘာအရာမွာမဆို ၿပီးျပည့္စုံလုနီးပါးျဖစ္မွ ႀကိဳက္တတ္တဲ့ အက်င့္ ေၾကာင့္ တစ္ခါတစ္ရံမွာ ဂြက်တယ္လို႔ သတ္မွတ္ျခင္း ခံရတတ္ပါတယ္။
အေသးစိတ္ကို ဂ႐ုစိုက္လြန္းလို႔လည္း တိက်မွႀကိဳက္ၿပီး ပြစိပြစိေျပာတတ္တဲ့ အက်င့္လည္း ရွိပါတယ္။စိတ္အေျပာင္းအလဲ ျမန္သလို တစ္ခါတစ္ရံမွာ အရမ္းကို နားလည္ကူညီတတ္ေပမယ့္ တစ္ခါတစ္ရံမွာေတာ့ အရမ္းေခါင္းမာၿပီး ေျပာရဆိုရ လက္ေပါက္ကပ္တတ္ပါတယ္။
“B” ေသြး ပိုင္ရွင္မ်ား
ကမာၻ႔လူဦးေရရဲ႕ ဆယ့္တစ္ရာခိုင္ႏႈန္းေလာက္က “B” ေသြးပိုင္ရွင္ေတြပါ။ ဒီေသြးအမ်ိဳးအစား ပိုင္ရွင္ေတြမွာ စိတ္ခံစားမႈျပင္းျပျခင္း၊ မိမိကိုယ္ကို ယုံၾကည္မႈရွိျခင္းစတဲ့ အမူအက်င့္ေကာင္းေတြ ရွိေနေပမယ့္ ေရွ႕ေနာက္ မဆင္ျခင္ဘဲ စိတ္ထင္ရာလုပ္တတ္ၿပီးေဘးလူေတြ အေနနဲ႔ ခန္႔မွန္းရ ခက္ခဲေလ့ရွိပါတယ္။
သူတို႔ဟာ တီထြင္ဖန္တီးမႈနဲ႔ ပတ္သတ္တဲ့ ဘယ္ကိစၥကိုပဲ လုပ္လုပ္ စိတ္ခံစားမႈအျပည့္ႏွစ္ၿပီး လုပ္တတ္သလို ေဘးလူေတြကိုလည္း လႈံေဆာ္မႈေပးႏိုင္စြမ္း ရွိတဲ့သူေတြပါ။
ဒါေပမယ့္ တစ္ခါတစ္ေလေတာ့ အရမ္းတစ္ကိုယ္ေကာင္းဆန္လြန္းၿပီး ကိစၥမၿပီးမခ်င္း သူတို႔ကိုယ္တိုင္ကလြဲရင္ တစ္ျခားလူ ဘယ္လိုမွ မသိႏိုင္တဲ့ကိစၥမ်ိဳးေတြကို လုပ္ေလ့လည္း ရွိပါတယ္။
“O” ေသြး ပိုင္ရွင္မ်ား
ကမာၻ႔လူဦးေရရဲ႕ ေလးဆယ့္ငါးရာခိုင္ႏႈန္းေလာက္က “O” ေသြးပိုင္ရွင္ေတြ ျဖစ္ပါတယ္။ ဒီေသြးအမ်ိဳးအစား ပိုင္ရွင္ေတြကေတာ့ ဘာမဆို သတိကပ္ၿပီးမွ ေဆာင္႐ြက္ေလ့ရွိသလို တာဝန္ယူတဲ့စိတ္လည္း ရွိပါတယ္။
စည္းကမ္းလိုက္နာတတ္ သူေတြျဖစ္ၿပီး ေျပာစရာရွိလည္း အားမနာစတမ္း ပြင့္ပြင့္လင္းလင္း ဒဲ့ေျပာေလ့ရွိတဲ့ သူေတြပါ။သူတို႔ဟာ ယုံၾကည္လို႔ရတဲ့သူေတြျဖစ္သလို ကိုယ္စတဲ့အလုပ္ ကိုယ္တိုင္အဆုံးသတ္ဖို႔ကို အစြမ္းကုန္ႀကိဳးစား ေလ့ရွိသူေတြပါ။
လူတစ္ဖက္သား စိတ္ခ်မ္းသာဖို႔ ေျဖသိမ့္ေပးတာမ်ိဳး၊ တစ္ဖက္သား စကားကိုနားေထာင္ေပးတာမ်ိဳး နဲ႔ နားလည္ေပးတာမ်ိဳးစတဲ့ ကိစၥမ်ိဳးေတြမွာ “O” ေသြးပိုင္ရွင္ေတြဟာ အားကိုးလို႔ရတဲ့ အေဖာ္မြန္ ေကာင္းေတြ ျဖစ္ပါတယ္။ဒါေပမယ့္ သူတို႔ဟာ အႏၲရာယ္မ်ားတဲ့ အလုပ္မ်ိဳးကို လက္ေရွာင္ေလ့ရွိၿပီး ေသခ်ာတာေတြကိုပဲ ေ႐ြးလုပ္ေနတာေၾကာင့္ မၾကာခဏ အခြင့္အေရးေကာင္းေတြကို လက္လႊတ္ဆုံးရႈံးရေလ့ ရွိပါတယ္။
“AB” ေသြး ပိုင္ရွင္မ်ား
ကမာၻေပၚမွာရွိတဲ့ လူဦးေရ ေလးရာခိုင္ႏႈန္းေလာက္သာ “AB” ေသြး ပိုင္ရွင္ေတြ ျဖစ္ၾကၿပီး အလြန္ရွားပါတယ္။ဒီေသြးပိုင္ရွင္ေတြမွာ ေမြးရာပါ ေခါင္းေဆာင္အရည္အေသြး ပိုင္ဆိုင္ထားသူေတြမ်ားၿပီး ရည္မွန္းခ်က္ႀကီးမားသူ ေတြျဖစ္ကာ ကိုယ့္ကိုကိုယ္ ယုံၾကည္စိတ္လည္း အလြန္ျပင္းထန္ပါတယ္။
သူတို႔ေတြဟာ ဘယ္သူတစ္ဦးတစ္ေယာက္ဆီကမွ အလကားရဖို႔ကို မေမွ်ာ္လင့္တတ္ၾကသလို တစ္ခုယူရင္ တစ္ခုျပန္ေပးတတ္တဲ့ အက်င့္ရွိသူေတြပါ။
ဒါေၾကာင့္မို႔လို႔လည္း သူမ်ားေတြဆီက အကူအညီေတာင္းခဲပါတယ္။“AB” ေသြးပိုင္ရွင္ေတြဟာ သူတို႔ကိုယ္ပိုင္ အယူအဆ၊ အေတြးအေခၚေတြ ခ်မျပခင္ တစ္ဘက္သားဘက္ရဲ႕ အယူအဆ၊ အေတြးအေခၚေတြကို အရင္နားလည္ေအာင္ ႀကိဳးစားေလ့ရွိပါတယ္။
သူတို႔ဟာ အမွန္တရားကိုပဲ ျမတ္ႏိုးတတ္ၾကၿပီး အဆင္ေျပေအာင္ လိမ္လည္ေျပာဆိုမႈမ်ိဳးကို အလြန္ပဲ မုန္းတီးတတ္ၾကပါတယ္။
Crd-original writer