ဗဟုသုတ

ကင်းပုံ အခါးသီး၏ ဆေးဖက်ဝင်အသုံး

ကင်းပုံ အခါးသီး၏ ဆေးဖက်ဝင်အသုံး

၁။ ကင်းပုံ အခါးသီးသည် အဆိပ်ကို ပြေစေနိုင်သောသတ္တိရှိသည်။ အဆိပ်စားမိလျှင် ကင်းပုံအခါးသီး ကျွေး ပါက အန်စေတတ်ပါသည်။

၂။ ချောင်းဆိုးပြီး သွေးအန်သွေးကျ ရောဂါဖြစ်ပါက ကင်းပုံအခါး အရွက်ကိုထောင်းပြီး အရည်ညှစ်၍ တိုက် လျှင် သက်သာစေသည်။

ကင်းပုံ အခါးသီးကို ကြော်ချက်ကျွေးလျှင် နာတာရှည် အဆုတ်သွေးအန်ရောဂါ ပျောက်ကင်းစေနိုင်သည်။ ချောင်းခြောက်ဆိုးရောဂါနှင့် သင့်သည်။

၃။ ဆီး ချိုရောဂါဖြစ်လျှင် ကင်းပုံရွက်သတ္တုရည် ဟင်းစားဇွန်း (၃)ဇွန်း အစာစားပြီးတိုင်း တိုက်ကျွေးပေး လျှင် ဆီးချိုတက်ခြင်းမှ ထိန်းနိုင်ပါသည်။

၄။ ကင်းပုံရွက် အရည်ညှစ်ပြီးရသော သတ္တုရည်ကို နားတွင်ထည့်ပေးပါက နားလေထွက်ရောဂါ၊ နားကိုက် ရောဂါ ပျောက်ကင်းစေနိုင်သည်။

၅။ ကင်းပုံရွက်သတ္တုရည်ကို မုန်ညှင်းဆီ၊ နှမ်းဆီတို့နှင့်ရောပြီးမီးနှင့် ချက်ထားပါ။ ထိုဆီကို နားကြပ်ဆီ အဖြစ်သုံးစွဲနိုင်သည်။

၆။ ရေယုန်ပေါက်လျှင် ကင်းပုံရွက်အရည်ညှစ်ပြီး လိမ်ပေးလျှင် လျှင်မြန်စွာပျောက်ကင်းစေပါသည်။

၇။ အရေပြား ယားနာများပေါက်လျှင် ကင်းပုံရွက်ပြုပ်ရည်ဖြင့် ရေချိုးပေးလျှင် အနာများအပျောက်မြန်သည်။

၈။ လျှာတွင် အနာပေါက်ခြင်း၊ အဖုပေါက်ခြင်း၊ လျှာပူလောင်ခြင်းများဖြစ်လျှင် ကင်းပုံသီးကိုကြိတ်ပြီး ငုံပေး ခြင်းဖြင့် သက်သာစေနိုင်သည်။

၉။ ကင်းပုံ ပင်၏ အမြစ်ကိုသွေးပြီး ခွေးကြောင်များ အဆိပ်မိလျှင် တိုက်ကျွေးနိုင်သည်။

၁၀။ အမြစ်ကို နေလှန်းအခြောက်ခံပြီး အမှုန့်ကြိတ်၍ ဝမ်းနှုတ်ဆေးဖော်စပ်ရာတွင် အသုံးပြုနိုင်သည်။

၁၁။ အမြစ်အစို ကိုပြုပ်ပြီးအရည်ကို ဆီးလွန်ရောဂါရှိသူများ တိုက်ကျွေးပါက ဆီးလွန်ခြင်းကို ထိန်းနိုင်သည်။

ခရစ်ဒစ်

ကင္းပုံ အခါးသီး၏ ေဆးဖက္ဝင္အသုံး

၁။ ကင္းပုံ အခါးသီးသည္ အဆိပ္ကို ေျပေစနိုင္ေသာသတၱိရွိသည္။ အဆိပ္စားမိလၽွင္ ကင္းပုံအခါးသီး ေကၽြး ပါက အန္ေစတတ္ပါသည္။

၂။ ေခ်ာင္းဆိုးၿပီး ေသြးအန္ေသြးက် ေရာဂါျဖစ္ပါက ကင္းပုံအခါး အရြက္ကိုေထာင္းၿပီး အရည္ညႇစ္၍ တိုက္ လၽွင္ သက္သာေစသည္။

ကင္းပုံ အခါးသီးကို ေၾကာ္ခ်က္ေကၽြးလၽွင္ နာတာရွည္ အဆုတ္ေသြးအန္ေရာဂါ ေပ်ာက္ကင္းေစနိုင္သည္။ ေခ်ာင္းေျခာက္ဆိုးေရာဂါႏွင့္ သင့္သည္။

၃။ ဆီး ခ်ိဳေရာဂါျဖစ္လၽွင္ ကင္းပုံရြက္သတၱဳရည္ ဟင္းစားဇြန္း (၃)ဇြန္း အစာစားၿပီးတိုင္း တိုက္ေကၽြးေပး လၽွင္ ဆီးခ်ိဳတက္ျခင္းမွ ထိန္းနိုင္ပါသည္။

၄။ ကင္းပုံရြက္ အရည္ညႇစ္ၿပီးရေသာ သတၱဳရည္ကို နားတြင္ထည့္ေပးပါက နားေလထြက္ေရာဂါ၊ နားကိုက္ ေရာဂါ ေပ်ာက္ကင္းေစနိုင္သည္။

၅။ ကင္းပုံရြက္သတၱဳရည္ကို မုန္ညႇင္းဆီ၊ ႏွမ္းဆီတို႔ႏွင့္ေရာၿပီးမီးႏွင့္ ခ်က္ထားပါ။ ထိုဆီကို နားၾကပ္ဆီ အျဖစ္သုံးစြဲနိုင္သည္။

၆။ ေရယုန္ေပါက္လၽွင္ ကင္းပုံရြက္အရည္ညႇစ္ၿပီး လိမ္ေပးလၽွင္ လၽွင္ျမန္စြာေပ်ာက္ကင္းေစပါသည္။

၇။ အေရျပား ယားနာမ်ားေပါက္လၽွင္ ကင္းပုံရြက္ျပဳပ္ရည္ျဖင့္ ေရခ်ိဳးေပးလၽွင္ အနာမ်ားအေပ်ာက္ျမန္သည္။

၈။ လၽွာတြင္ အနာေပါက္ျခင္း၊ အဖုေပါက္ျခင္း၊ လၽွာပူေလာင္ျခင္းမ်ားျဖစ္လၽွင္ ကင္းပုံသီးကိုႀကိတ္ၿပီး ငုံေပး ျခင္းျဖင့္ သက္သာေစနိုင္သည္။

၉။ ကင္းပုံ ပင္၏ အျမစ္ကိုေသြးၿပီး ေခြးေၾကာင္မ်ား အဆိပ္မိလၽွင္ တိုက္ေကၽြးနိုင္သည္။

၁၀။ အျမစ္ကို ေနလွန္းအေျခာက္ခံၿပီး အမႈန႔္ႀကိတ္၍ ဝမ္းႏႈတ္ေဆးေဖာ္စပ္ရာတြင္ အသုံးျပဳနိုင္သည္။

၁၁။ အျမစ္အစို ကိုျပဳပ္ၿပီးအရည္ကို ဆီးလြန္ေရာဂါရွိသူမ်ား တိုက္ေကၽြးပါက ဆီးလြန္ျခင္းကို ထိန္းနိုင္သည္။

ခရစ္ဒစ္