ဗဟုသုတ

အတတ်ပညာရဲ့ တန်ဖိုး

တနေ့ လူတစ်ယောက် ကားမောင်းပြီး ခရီး သွားတယ်။ လမ်းမှာ ကားပျက်လို့ ဆင်းပြီး ကားကို ကိုယ်တိုင် ပြင်ကြည့်တယ် ။ မရဘူး။ ဆက်ပြင်တယ် ။ ၁၅ မိနစ် ၊ နာရီဝက် ၊ တစ်နာရီ မရဘူး ။

အဲ့ဒါနဲ့ လက်လျှော့လိုက်ပြီး ကားဝပ်ရှော့ပ်ဆိုင် တစ်ခုကို ရှာပြီး ကားပြင်သမားကို ပြင်ခိုင်း လိုက်တယ် ။ ကားပြင်သမားက ကားအဖုံး ဖွင့်ကြည့်ပြီး လိုအပ်တာတွေ ပြုပြင်လိုက်တယ် ။

၃ မိနစ်လောက်ပဲ ကြာလိုက်တယ် ။ ကားက ပြန်ကောင်း သွားတယ် ။

” ဘယ်လောက်ကျလဲ.. ကောင်လေး ”

” ၅၀၀၀ ကျပ် ကျပါတယ်ခင်မျ ”

” ဘာ.. ၃ မိနစ်လောက်ပဲ ပြင်ရတာကို ၅၀၀၀ က မများလွန်းဘူး လားကွ ”

” ဒါနဲ့ ဦးလေး ဘာအလုပ် လုပ်နေ ပါသလဲ ”

” ငါဆရာဝန်ကွ ”

” ဟုတ်ကဲ့ပါ ဆရာ ။ ဆရာလည်း ဆေးခန်းကို ရောက်လာတဲ့ လူနာတွေဆီကနေ ၂၀၀ ကျပ်ဖိုး လောက်ပဲ တန်တဲ့ ဆေးအတွက် ၅၀၀၀ ကျပ် ယူတယ် မလား ”

” ဟ.. အဲဒါက ဒီဆေး သောက်ရင် ဒီရောဂါ ပျောက်တယ် ဆိုတဲ့ ပညာကို သိအောင် ငါ လေ့လာခဲ့ရတာ နှစ်ပေါင်း များစွာ ကြာတယ်ကွ ၊ ဆေးဖိုး ယူတာ မဟုတ်ဘူး၊ ပညာဖိုးကို ယူတာ ”

” ဟုတ်ကဲ့ ။ ကျနော် ပြောချင်တဲ့ စကားကို ဆရာ အခုပဲ ပြောပြီးနေ ပါပြီ ။ ပျက်နေတဲ့ ကားတစ်စီးကို ၃ မိနစ်နဲ့ ပြန်ကောင်း လာအောင် လုပ်တတ်တဲ့ ပညာကို ကျနော်လည်း ၁၀ နှစ်မက လေ့လာခဲ့ရ ပါတယ် ဆရာ ”

သင်ခန်းစာ – ကိုယ့်ရဲ့ပညာ ကိုလည်း လေးစားပါ၊ သူတစ်ပါးရဲ့ ပညာ ကိုလည်း လေးစားပါ ။ အတတ်ပညာတိုင်းကို တန်ဖိုး ထားပါ ။

အသိပညာ ၊ အတတ်ပညာ တို့ကို တတ်မြောက် ကြအောင် သင်ထား ကြဖို့ တိုက်တွန်း ပေးသည့် ဥပမာကောင်း တစ်ခုအား ပြန်လည် မျှဝေသည် ။

crd

for zawgyi

အတတ္ပညာရဲ႕ တန္ဖိုး

တေန႔ လူတစ္ေယာက္ ကားေမာင္းၿပီး ခရီး သြားတယ္။ လမ္းမွာ ကားပ်က္လို႔ ဆင္းၿပီး ကားကို ကိုယ္တိုင္ ျပင္ၾကည့္တယ္ ။ မရဘူး။ ဆက္ျပင္တယ္ ။ ၁၅ မိနစ္ ၊ နာရီဝက္ ၊ တစ္နာရီ မရဘူး ။

အဲ့ဒါနဲ႔ လက္ေလွ်ာ့လိုက္ၿပီး ကားဝပ္ေရွာ့ပ္ဆိုင္ တစ္ခုကို ရွာၿပီး ကားျပင္သမားကို ျပင္ခိုင္း လိုက္တယ္ ။ ကားျပင္သမားက ကားအဖုံး ဖြင့္ၾကည့္ၿပီး လိုအပ္တာေတြ ျပဳျပင္လိုက္တယ္ ။

၃ မိနစ္ေလာက္ပဲ ၾကာလိုက္တယ္ ။ ကားက ျပန္ေကာင္း သြားတယ္ ။

” ဘယ္ေလာက္က်လဲ.. ေကာင္ေလး ”

” ၅၀၀၀ က်ပ္ က်ပါတယ္ခင္မ် ”

” ဘာ.. ၃ မိနစ္ေလာက္ပဲ ျပင္ရတာကို ၅၀၀၀ က မမ်ားလြန္းဘူး လားကြ ”

” ဒါနဲ႔ ဦးေလး ဘာအလုပ္ လုပ္ေန ပါသလဲ ”

” ငါဆရာဝန္ကြ ”

” ဟုတ္ကဲ့ပါ ဆရာ ။ ဆရာလည္း ေဆးခန္းကို ေရာက္လာတဲ့ လူနာေတြဆီကေန ၂၀၀ က်ပ္ဖိုး ေလာက္ပဲ တန္တဲ့ ေဆးအတြက္ ၅၀၀၀ က်ပ္ ယူတယ္ မလား ”

” ဟ.. အဲဒါက ဒီေဆး ေသာက္ရင္ ဒီေရာဂါ ေပ်ာက္တယ္ ဆိုတဲ့ ပညာကို သိေအာင္ ငါ ေလ့လာခဲ့ရတာ ႏွစ္ေပါင္း မ်ားစြာ ၾကာတယ္ကြ ၊ ေဆးဖိုး ယူတာ မဟုတ္ဘူး၊ ပညာဖိုးကို ယူတာ ”

” ဟုတ္ကဲ့ ။ က်ေနာ္ ေျပာခ်င္တဲ့ စကားကို ဆရာ အခုပဲ ေျပာၿပီးေန ပါၿပီ ။ ပ်က္ေနတဲ့ ကားတစ္စီးကို ၃ မိနစ္နဲ႔ ျပန္ေကာင္း လာေအာင္ လုပ္တတ္တဲ့ ပညာကို က်ေနာ္လည္း ၁၀ ႏွစ္မက ေလ့လာခဲ့ရ ပါတယ္ ဆရာ ”

သင္ခန္းစာ – ကိုယ့္ရဲ႕ပညာ ကိုလည္း ေလးစားပါ၊ သူတစ္ပါးရဲ႕ ပညာ ကိုလည္း ေလးစားပါ ။ အတတ္ပညာတိုင္းကို တန္ဖိုး ထားပါ ။

အသိပညာ ၊ အတတ္ပညာ တို႔ကို တတ္ေျမာက္ ၾကေအာင္ သင္ထား ၾကဖို႔ တိုက္တြန္း ေပးသည့္ ဥပမာေကာင္း တစ္ခုအား ျပန္လည္ မွ်ေဝသည္ ။

crd