မိခင် လိပ်မကြီး တစ်ကောင်ဟာ လိပ်ငယ် ကလေးတွေ အကောင် ပေါက်စေဖို့ လှိုင်းနဲ့ ဝေးတဲ့ သဲသောင်ပြင်ကြီးပေါ်မှာ ဥတွေကို ဥချပေးနေပါတယ်။ နောက်ပီးတော့ သဲတွေနဲ့ သူ့ရဲ့ ဥတွေကို ဖုံးထား ခဲ့ပြီး ပင်လယ်ထဲကိုပဲ ပြန်ဆင်းလို့ လာခဲ့တယ် ။
ဥတွေကနေ တဆင့် အကောင်ငယ် လေးတွေ ပေါက်ဖို့အတွက် ကိုတော့ မိခင် လိပ်မကြီးက အဝေးက နေပဲ မေတ္ထာ ပို့ပြီး နေရှာတယ်။ ဥခွံထဲကနေ အကောင် အဖြစ် ထွက်လာပီဆိုတာနဲ့ လိပ်ကလေးတွေဟာ သူတို့ရဲ့ ဘဝမှာ တစ်ကောင်ထဲ ရပ်တည် ရှင်သန်ရတော့မယ် ။
သူတို့ကို ကူညီပေးမယ့်သူ ဆိုတာ လောကမှာ မရှိကြဘူး။ သူတို့ ဘဝရဲ့ ရပ်တည် ရှင်သန်မှု အခက်အခဲဟာ သူတို့ရဲ့ ဘဝအစမှာ ကတည်းက စတင်ခဲ့ ကြရတယ်။ အပေါ်ကို ရောက်နှိုင်ဖို့ သဲတွေကို စတင် ထိုးဖောက် ခဲ့ရတယ်။ ပင်လယ်ထဲ ကို ရောက်နှိုင်ဖို့ ကိုလဲ သဲသောင်ပြင် ကနေ တဖြေးဖြေး ခြင်း ဖြတ်သန်း သွားလာ ခဲ့ကြ ရတယ် ။
အဲဒီလို သွားလာ နေတဲ့ အခိုက်မှာ သူတို့ကို ထိုးချီပြီး စားသောက်ဖို့ ဌက်တွေကလဲ အရံသင့် စောင့်မျှော်လို့ နေကြလေ ချေရဲ့။ ဌက်တွေရဲ့ ဘေးအန္တရာယ် ကို ကြောက်ရလို့ သူတို့ တတွေဟာ နောက်ကြောင်းကို လုံးဝလုံးဝ ပြန်လို့ မလှည့်ကြဘူး ။
သူတို့ တတွေ ပေါက်ဖွားခဲ့တဲ့ တွင်းထဲ မှာလဲ ပုန်းအောင်းလို့ မနေကြဘူး။ သူတို့ အလိုအပ်ဆုံး ပန်းတိုင် ဖြစ်တဲ့ ပင်လယ်ကြီး ရှိရာ အရပ်ဆီ ကို ဦးတည်ပြီး ” ဇွဲ လုံ့လ ဝီရိယ ” အပြည့်နဲ့ သွားနေကြ တုန်းပဲ ။
အောင်နိုင်သူတွေ မှန်သမျှ ကတော့ သူတို့ လိုရာခရီး ပင်လယ်ကြီးထဲကို ရောက်ရှိလို့ သွားကြတယ်။ ပိုပြီး ကြိုးစား ပိုပြီး တော်တဲ့သူတွေက ဧရာမ လိပ်ကြီးတွေ အဖြစ် စာရင်းဝင် လို့ သွားကြရ တာပေါ့။
ဘဝမှာ တစ်ယောက်ထဲ ဆိုပြီး စိတ်ပျက်အားငယ် လို့ဖြင့် မနေပါနဲ့။ လိပ်ကလေးရဲ့ ဘဝကို အတုယူပြီး ကြိုးစားပါ ၊ ရုန်းကန်ပါ ၊ ရှင်သန် နေထိုင်ပါ ။ လက်ရှိ ဘဝ စိတ်ဖိစီးမှုနဲ့ အရာရာက ဖိနှိပ် ခံရခြင်း ကနေ လွတ်မြောက်ဖို့ ကြိုးစား ရုန်းကန် ထွက်လိုက်ပါ ။
အပေါ်ကနေ ဖိနှိမ်လို့ ထားလေတဲ့ သူတွေကို ရှိသမျှ သင့်ရဲ့ ခွန်အား အစွမ်းအစတွေနဲ့ အားအင် ရှိသမျှ တွန်းလှန် ထုတ်လိုက်ပါ။ မနာလို ဝန်တိုစိတ် ရှိတဲ့သူတွေ အားလုံးက သင့်ကို ချောက်တွန်းဖို့ ချောင်းကာ နေတတ်တယ်။ အဲ့ဒီလို လူတွေကို သတိထားလို့ ရှောင်ကျဉ်ပါ ။
သူတို့ကို ကြောက်ပြီးတော့ ပုန်းအောင်း လို့တော့ မနေပါနဲ့ ။ သတ္ထိရှိရှိ ရင်ဆိုင်ပါ။ သူတို့ကြောင့် သင်သွားမဲ့ ဦးတည်ချက်ကို မပြောင်းလဲ လိုက်ပါနဲ့ ။ မဆုတ် မနစ်သော ” ဇွဲ လုံ့လ ဝီရိယ ” အပြည့် အဝနဲ့ ကြိုးစားလိုက်မယ် ဆိုရင် ဧရာမ ကြီးမြတ်သော မဟာ လူသားတွေလဲ ဖြစ်လို့ လာနိုင်ပါတယ် ။
ဓမ္မအလင်းရောင်
for zawgyi
လိပ္ကေလးေတြဆီက ရတဲ့ သင္ခန္းစာ
မိခင္ လိပ္မႀကီး တစ္ေကာင္ဟာ လိပ္ငယ္ ကေလးေတြ အေကာင္ ေပါက္ေစဖို႔ လႈိင္းနဲ႔ ေဝးတဲ့ သဲေသာင္ျပင္ႀကီးေပၚမွာ ဥေတြကို ဥခ်ေပးေနပါတယ္။ ေနာက္ပီးေတာ့ သဲေတြနဲ႔ သူ႔ရဲ႕ ဥေတြကို ဖုံးထား ခဲ့ၿပီး ပင္လယ္ထဲကိုပဲ ျပန္ဆင္းလို႔ လာခဲ့တယ္ ။
ဥေတြကေန တဆင့္ အေကာင္ငယ္ ေလးေတြ ေပါက္ဖို႔အတြက္ ကိုေတာ့ မိခင္ လိပ္မႀကီးက အေဝးက ေနပဲ ေမတၳာ ပို႔ၿပီး ေနရွာတယ္။ ဥခြံထဲကေန အေကာင္ အျဖစ္ ထြက္လာပီဆိုတာနဲ႔ လိပ္ကေလးေတြဟာ သူတို႔ရဲ႕ ဘဝမွာ တစ္ေကာင္ထဲ ရပ္တည္ ရွင္သန္ရေတာ့မယ္ ။
သူတို႔ကို ကူညီေပးမယ့္သူ ဆိုတာ ေလာကမွာ မရွိၾကဘူး။ သူတို႔ ဘဝရဲ႕ ရပ္တည္ ရွင္သန္မႈ အခက္အခဲဟာ သူတို႔ရဲ႕ ဘဝအစမွာ ကတည္းက စတင္ခဲ့ ၾကရတယ္။ အေပၚကို ေရာက္ႏႈိင္ဖို႔ သဲေတြကို စတင္ ထိုးေဖာက္ ခဲ့ရတယ္။ ပင္လယ္ထဲ ကို ေရာက္ႏႈိင္ဖို႔ ကိုလဲ သဲေသာင္ျပင္ ကေန တေျဖးေျဖး ျခင္း ျဖတ္သန္း သြားလာ ခဲ့ၾက ရတယ္ ။
အဲဒီလို သြားလာ ေနတဲ့ အခိုက္မွာ သူတို႔ကို ထိုးခ်ီၿပီး စားေသာက္ဖို႔ ဌက္ေတြကလဲ အရံသင့္ ေစာင့္ေမွ်ာ္လို႔ ေနၾကေလ ေခ်ရဲ႕။ ဌက္ေတြရဲ႕ ေဘးအႏၲရာယ္ ကို ေၾကာက္ရလို႔ သူတို႔ တေတြဟာ ေနာက္ေၾကာင္းကို လုံးဝလုံးဝ ျပန္လို႔ မလွည့္ၾကဘူး ။
သူတို႔ တေတြ ေပါက္ဖြားခဲ့တဲ့ တြင္းထဲ မွာလဲ ပုန္းေအာင္းလို႔ မေနၾကဘူး။ သူတို႔ အလိုအပ္ဆုံး ပန္းတိုင္ ျဖစ္တဲ့ ပင္လယ္ႀကီး ရွိရာ အရပ္ဆီ ကို ဦးတည္ၿပီး ” ဇြဲ လုံ႔လ ဝီရိယ ” အျပည့္နဲ႔ သြားေနၾက တုန္းပဲ ။
ေအာင္ႏိုင္သူေတြ မွန္သမွ် ကေတာ့ သူတို႔ လိုရာခရီး ပင္လယ္ႀကီးထဲကို ေရာက္ရွိလို႔ သြားၾကတယ္။ ပိုၿပီး ႀကိဳးစား ပိုၿပီး ေတာ္တဲ့သူေတြက ဧရာမ လိပ္ႀကီးေတြ အျဖစ္ စာရင္းဝင္ လို႔ သြားၾကရ တာေပါ့။
ဘဝမွာ တစ္ေယာက္ထဲ ဆိုၿပီး စိတ္ပ်က္အားငယ္ လို႔ျဖင့္ မေနပါနဲ႔။ လိပ္ကေလးရဲ႕ ဘဝကို အတုယူၿပီး ႀကိဳးစားပါ ၊ ႐ုန္းကန္ပါ ၊ ရွင္သန္ ေနထိုင္ပါ ။ လက္ရွိ ဘဝ စိတ္ဖိစီးမႈနဲ႔ အရာရာက ဖိႏွိပ္ ခံရျခင္း ကေန လြတ္ေျမာက္ဖို႔ ႀကိဳးစား ႐ုန္းကန္ ထြက္လိုက္ပါ ။
အေပၚကေန ဖိႏွိမ္လို႔ ထားေလတဲ့ သူေတြကို ရွိသမွ် သင့္ရဲ႕ ခြန္အား အစြမ္းအစေတြနဲ႔ အားအင္ ရွိသမွ် တြန္းလွန္ ထုတ္လိုက္ပါ။ မနာလို ဝန္တိုစိတ္ ရွိတဲ့သူေတြ အားလုံးက သင့္ကို ေခ်ာက္တြန္းဖို႔ ေခ်ာင္းကာ ေနတတ္တယ္။ အဲ့ဒီလို လူေတြကို သတိထားလို႔ ေရွာင္က်ဥ္ပါ ။
သူတို႔ကို ေၾကာက္ၿပီးေတာ့ ပုန္းေအာင္း လို႔ေတာ့ မေနပါနဲ႔ ။ သတၳိရွိရွိ ရင္ဆိုင္ပါ။ သူတို႔ေၾကာင့္ သင္သြားမဲ့ ဦးတည္ခ်က္ကို မေျပာင္းလဲ လိုက္ပါနဲ႔ ။ မဆုတ္ မနစ္ေသာ ” ဇြဲ လုံ႔လ ဝီရိယ ” အျပည့္ အဝနဲ႔ ႀကိဳးစားလိုက္မယ္ ဆိုရင္ ဧရာမ ႀကီးျမတ္ေသာ မဟာ လူသားေတြလဲ ျဖစ္လို႔ လာႏိုင္ပါတယ္ ။
ဓမၼအလင္းေရာင္