“ဝန် ထုတ် ဝန် ပိုး”
ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ပြောပြောတစ်ကြိမ်တခါတော့ စိတ်ဓာတ်ကျဖူးတယ် ယုံကြည်ခြင်းတွေ ထွက်ပြေးဖူးကြတယ်…။
မိသားစု ရေးကြောင့် ကိုယ့်ကို အားကိုးမှီခိုသူတွေကြောင့်ဖိအားတွေများလာပြီး စိတ်ခွန်အားလျော့ပါးချိန်တွင် ကိုယ့်ကိုယ်ကိုအားငယ်တတ်လာပြီး သိမ်ငယ်စိတ် ကို စတင်ဖြစ်ပေါ်စေ တတ်တယ်…။
အပြေးသမားတစ်ယောက် ပြိုင်ပွဲဝင်ဖို့ ပုံမှန်လေ့ကျင်မှုတွေ လုပ်ရသလိုတစ်ရက်ထက်တစ်ရက် သူဘယ်လောက် တိုးပြီး လုပ်ဆောင်နိုင်မလဲ ဆိုတာကို လေ့ကျင်ရတယ်…။ဘဝ ဆိုတဲ့ ဖြတ်သန်းမှုက အားကစားသမားတစ်ဦးလို အမြဲလေ့ကျင့်လေ့လာနေဖို့လိုတယ်
ပုံမှန်လေ့ကျင်မှုတွေ ရပ်လိုက်တာနဲ့အမျှ သူလုပ်နိုင်စွမ်းတွေလျှော့ကျသွားတယ်။ပုံမှန်လုပ်နေကျအလုပ်အောင် တခါတလေလိုအပ်ချက်တွေ မထင်မှတ်တာတွေဖြစ်တတ်သေးတာ….စိတ်အားငယ်မှုဆိုတာလည်း ဖိအားတွေစိတ်ပင်ပန်းနွမ်းနယ်ချိန်မှာ ရှိတတ်ပါတယ်။
ဒါကိုဖြေဖျောက်ဖို့ မိမိကိုယ်တိုင်ပြန်တည်ဆောက်ရမယ် ကိုယ်ကအကောင်း ဆုံးလုပ်ပေမယ့် လုပ်ချင်မှကောင်းလိမ့်မယ်။မျှော်လင့်ချက်ကို ကြီးကြီးထားသလို တန်ပြန်မှုကိုလည်း ခံနိုင်ရည်ရှိအောင်ကြိုတင်ပြင်ဆင် ထားသင့်တယ်
သက်ကယ် မိုးထားတဲ့ အိမ်တစ်လုံးက နှစ်စဉ်မိုးမလုံနိုင်ဘူးလေ မိုးဦးမကျခင် ကြိုပြီး ဆုံးဖြတ်ရတယ် သုံးသက်ရတယ်။ဝန် ဆိုတာ ကိုယ်ယူထားတဲ့ တာဝန်တွေကို ထုတ် ပိုးပြီး အမြဲ တာဝန်ခံမှုရှိပြီး ဝန်ကိုအမြဲ ခေါင်းထဲထည့် ပိုး ထားသူတွေမှာ ရှိတတ်သည်မို့
တချို့မလိုလားအပ်တာတွေလျှော့ချပြီး အရေးကြီးဆုံးကိုသာ ဦးစားပေးလုပ်ဆောင်နိုင်ကြပါစေ..။
credit; ဘာမထီဘွား (အတွေးစာစုလေးများ)
Zawgyi ဖြင့်ဖတ်ပါ
“ဝန် ထုတ် ဝန် ပိုး