နောက်ဆုံးထွက်သက်ကို ပင်ပမ်းကြီးစွာ ဖြတ်ကျော်ရမယ့် နေရက်တွေ၊ အချိန်တွေ ရောက်လာတဲ့အခါ ကျေးဇူးပြုပြီး လူနာကြည့်၊ လူနာအားပေး မလာပါနဲ့တော့…
၁။ စကားပြောဖို့ကိုပင် မနည်းအားယူနေရမယ့် အချိန်မှာ နေကောင်းလား၊ သက်သာလားဆိုတဲ့ သင့်မေးခွန်းတွေ မဖြေချင်တော့ပါ။
၂။ ရေမွှေးဆွတ်ပြီး ငါ့အနား လာမရပ်ပါနဲ့ (အမွှေးနံ့၊ ချွေးနံ့၊ ဟင်းနံ့တွေကိုတောင် မခံနိုင်တော့တာကို သတိပြုမိပါစေ)
၃။ ဝတ္တရားအရ လူနာမေးလာရင်း ဆယ်လ်ဖီလာမဆွဲပါနှင့် ( ထွက်ခွာရတော့မယ့် ငါ့ကိုဘေးနားထားပြီး သင်ပျော်ပြမနေပါနှင့်၊ ငါ့ကိုချစ်ရင် အားနာပါ၊ သံဝေဂလိုလို ဘာလိုလိုနှင့် ငါချစ်တဲ့သူတွေကို ငါ့ရုပ်သွင်အား မပြပါနှင့်)
၄။ လူနာမေးလာတဲ့အခါ ငါလေလည်ချင်တာတွေ ကျင်ငယ်စွန့်ချင်တာတွေ ကျင်ကြီးစွန့်ချင်တာတွေကို အောင့်ထားရတဲ့အခါ ငါ့အတွက် တကယ်ပင်ပမ်းလွန်းလို့ပါ….
၅။ ငါ မတတ်နိုင်လို့ ဆေးဖိုးဝါးခတွေ ပေးတဲ့အခါ ငါမသိအောင် ပေးပေးပါ။ နောက်ဆုံးထွက်သက်မှာ ကျေးဇူးတရားတွေက ငါ့ကိုအင်အားထက် ဖိအားတွေဖြစ်ချင် ဖြစ်သွားစေနိုင်ပါတယ်….
၆။ ကျေးဇူးပြုပြီး သူများအကြောင်းတွေ ငါ့ကို လာမပြောပါနဲ့ နောက်ပိုင်းသံယောဇဉ်တွေ ဖြတ်ဖို့ ကြိုးစားနေရသူအတွက် စိတ်အနှောက်အယှက်ကြီးစွာ ဖြစ်ရပါတယ်… သိလည်း မသိချင်တော့ပါလေ….
၇။ ကလေးတွေ ခေါ်မလာပါနှင့် ကလေးငိုသံ၊ ကလေးဆူသံ၊ ပြေးလွှားဆော့ကစားသံတွေက ငါ့အာရုံကို အနှောက်အယှက်ကြီးစွာ ဖြစ်ရပါတယ်…
၈။ခြေစမ်းလိုက်၊ လက်စမ်းလိုက်၊ ကြွက်သားစမ်းလိုက်၊ အင်္ဂါကြည့်လိုက်၊ ဝမ်းကြည့်လိုက်တွေ လာမလုပ်ကြပါနှင့်တော့ ဝေဒနာခွာနေတဲ့ ငါ့အတွက် ဒေါသကို ဖြစ်သွားစေနိုင်ပါတယ်…
၉။ တစ်ယောက်တစ်မျိုး ဆေးနည်းတွေ လာမပေးကြပါနှင့် အကြံတွေ လာမပေးကြပါနှင့်၊ မျှော်လင့်ချက်တွေ လာမပေးပါနဲ့တော့ သက်တောင့်သက်သာ သွားနိုင်ရင်ပဲ ကျေနပ်လှပါပြီ။
၁၀။ ကိုယ့်နှလုံးခုန်သံ၊ နာရီချက်ချက်မြည်သံတွေကပဲ ကျယ်လောက်စွာ ကြားနေရတာမို့ စကားတွေအကျယ်ကြီး လာမပြောကြပါနှင့်၊ တရားတွေအကျယ်ကြီး ဖွင့်မပေးကြပါနှင့်။ ( ဆေးမကူဘဲ အိပ်ပျော်ဖို့တေါင် မနည်းကြိုးစားနေရတဲ့အခါ၊ နှုတ်ကလိုက်ရွတ်နေမိတဲ့အခါ ပိုပင်ပမ်းရပါတယ်)
၁၁။ အကျင့်မရှိတဲ့ ငါ ၊အားမကောင်းတဲ့ငါ တခြားတရားတွေ ငါမနာနိုင်တော့၊အာရုံမပြုနိုင်တော့တာမို့ ပရိတ်၊ ပဠာန်းလောက်ပဲ ခပ်ဝေးဝေးကနေ တိုးတိုးလေး သာ ဖွင့်ပေးထားပါ။
၁၂။ အနားလာပြီး ယပ်တွေမခတ်ပေးကြပါနှင့် ခေါင်းလေတိုးသံက ဆံပင်ကိုဖြတ်ပြီး မွေးညှင်းပေါက်လေးများစီ သွားနေတာကပဲ အတော်ခံစားရလို့ပါ။
၁၃။ အနားမှာစုပြုံပြီး လာမတိုးကြပါနှင့် အောက်ဆီဂျင်ကို မနည်းလုရှူနေရတာမို့ နောက်ဆုံးထွက်သက်မှာ အသက်ဝဝ ရှူသွားပါရစေ။
၁၄။ သားတွေချွေးမတွေ စကားပြောသံ၊ ဆူပူသံ၊ မြေးတွေ ဆူညံသံတွေ၊ ဇွန်းသံခွက်သံတွေ မလုပ်ကြပါနှင့်၊ တိတ်ဆိတ်စွာနေပေးခြင်းဖြင့် ငါ့အားကူညီကြပါ။
၁၅။ ဟိုဟာပေးမလား ဒီဟာပေးမလား လာမစနောက်ကြပါနှင့် ငါ့အား ကိုယ်ချင်းစာပေးကြပါလော့……. ပစ္စည်းစွဲအောင် အစမဖော်ပေးကြပါနှင့်။
၁၆။ သတိလည်အောင် နာမည်တရရခေါ်တာ၊ နာမည်နဲ့လူ တွဲပြောခိုင်းတာတွေ ရှောင်ပါ။ လူနာမည် မှတ်မိဖို့ထက် ဘုရားမမေ့သွားဖို့က ပိုအဓိက၊
၁၇။ ငိုသံ၊ ရှိုက်သံတွေ မထွက်မိအောင် ထိန်းပေးကြပါ။ အနှောင်အတွယ်မဲ့စွာ ထွက်ချင်လို့ပါ….
အရိပ်အကဲနားလည်တဲ့သူတစ်ယောက် ဘေးနားရှိနေပေးရင်ကိုပဲ အဆင်ပြေပါပြီ… (အာခေါင်ခြောက်တတ်တာမို့ နှုတ်ခမ်းလေးတော့ ရေ မကြာမကြာ ဂွမ်းစလေးနဲ့ ဆွတ်ဆွတ်ပေး)
Crd
zawgyi
ေနာက္ဆုံးထြက္သက္ကို ပင္ပမ္းႀကီးစြာ ျဖတ္ေက်ာ္ရမယ့္ ေနရက္ေတြ၊ အခ်ိန္ေတြ ေရာက္လာတဲ့အခါ ေက်းဇူးျပဳၿပီး လူနာၾကည့္၊ လူနာအားေပး မလာပါနဲ႔ေတာ့…
၁။ စကားေျပာဖို႔ကိုပင္ မနည္းအားယူေနရမယ့္ အခ်ိန္မွာ ေနေကာင္းလား၊ သက္သာလားဆိုတဲ့ သင့္ေမးခြန္းေတြ မေျဖခ်င္ေတာ့ပါ။
၂။ ေရေမႊးဆြတ္ၿပီး ငါ့အနား လာမရပ္ပါနဲ႔ (အေမႊးနံ႔၊ ေခြၽးနံ႔၊ ဟင္းနံ႔ေတြကိုေတာင္ မခံႏိုင္ေတာ့တာကို သတိျပဳမိပါေစ)
၃။ ဝတၱရားအရ လူနာေမးလာရင္း ဆယ္လ္ဖီလာမဆြဲပါႏွင့္ ( ထြက္ခြာရေတာ့မယ့္ ငါ့ကိုေဘးနားထားၿပီး သင္ေပ်ာ္ျပမေနပါႏွင့္၊ ငါ့ကိုခ်စ္ရင္ အားနာပါ၊ သံေဝဂလိုလို ဘာလိုလိုႏွင့္ ငါခ်စ္တဲ့သူေတြကို ငါ့႐ုပ္သြင္အား မျပပါႏွင့္)
၄။ လူနာေမးလာတဲ့အခါ ငါေလလည္ခ်င္တာေတြ က်င္ငယ္စြန႔္ခ်င္တာေတြ က်င္ႀကီးစြန႔္ခ်င္တာေတြကို ေအာင့္ထားရတဲ့အခါ ငါ့အတြက္ တကယ္ပင္ပမ္းလြန္းလို႔ပါ….
၅။ ငါ မတတ္ႏိုင္လို႔ ေဆးဖိုးဝါးခေတြ ေပးတဲ့အခါ ငါမသိေအာင္ ေပးေပးပါ။ ေနာက္ဆုံးထြက္သက္မွာ ေက်းဇူးတရားေတြက ငါ့ကိုအင္အားထက္ ဖိအားေတြျဖစ္ခ်င္ ျဖစ္သြားေစႏိုင္ပါတယ္….
၆။ ေက်းဇူးျပဳၿပီး သူမ်ားအေၾကာင္းေတြ ငါ့ကို လာမေျပာပါနဲ႔ ေနာက္ပိုင္းသံေယာဇဥ္ေတြ ျဖတ္ဖို႔ ႀကိဳးစားေနရသူအတြက္ စိတ္အေႏွာက္အယွက္ႀကီးစြာ ျဖစ္ရပါတယ္… သိလည္း မသိခ်င္ေတာ့ပါေလ….
၇။ ကေလးေတြ ေခၚမလာပါႏွင့္ ကေလးငိုသံ၊ ကေလးဆူသံ၊ ေျပးလႊားေဆာ့ကစားသံေတြက ငါ့အာ႐ုံကို အေႏွာက္အယွက္ႀကီးစြာ ျဖစ္ရပါတယ္…
၈။ေျခစမ္းလိုက္၊ လက္စမ္းလိုက္၊ ႂကြက္သားစမ္းလိုက္၊ အဂၤါၾကည့္လိုက္၊ ဝမ္းၾကည့္လိုက္ေတြ လာမလုပ္ၾကပါႏွင့္ေတာ့ ေဝဒနာခြာေနတဲ့ ငါ့အတြက္ ေဒါသကို ျဖစ္သြားေစႏိုင္ပါတယ္…
၉။ တစ္ေယာက္တစ္မ်ိဳး ေဆးနည္းေတြ လာမေပးၾကပါႏွင့္ အႀကံေတြ လာမေပးၾကပါႏွင့္၊ ေမွ်ာ္လင့္ခ်က္ေတြ လာမေပးပါနဲ႔ေတာ့ သက္ေတာင့္သက္သာ သြားႏိုင္ရင္ပဲ ေက်နပ္လွပါၿပီ။
၁၀။ ကိုယ့္ႏွလုံးခုန္သံ၊ နာရီခ်က္ခ်က္ျမည္သံေတြကပဲ က်ယ္ေလာက္စြာ ၾကားေနရတာမို႔ စကားေတြအက်ယ္ႀကီး လာမေျပာၾကပါႏွင့္၊ တရားေတြအက်ယ္ႀကီး ဖြင့္မေပးၾကပါႏွင့္။ ( ေဆးမကူဘဲ အိပ္ေပ်ာ္ဖို႔ေတါင္ မနည္းႀကိဳးစားေနရတဲ့အခါ၊ ႏႈတ္ကလိုက္႐ြတ္ေနမိတဲ့အခါ ပိုပင္ပမ္းရပါတယ္)
၁၁။ အက်င့္မရွိတဲ့ ငါ ၊အားမေကာင္းတဲ့ငါ တျခားတရားေတြ ငါမနာႏိုင္ေတာ့၊အာ႐ုံမျပဳႏိုင္ေတာ့တာမို႔ ပရိတ္၊ ပဠာန္းေလာက္ပဲ ခပ္ေဝးေဝးကေန တိုးတိုးေလး သာ ဖြင့္ေပးထားပါ။
၁၂။ အနားလာၿပီး ယပ္ေတြမခတ္ေပးၾကပါႏွင့္ ေခါင္းေလတိုးသံက ဆံပင္ကိုျဖတ္ၿပီး ေမြးညႇင္းေပါက္ေလးမ်ားစီ သြားေနတာကပဲ အေတာ္ခံစားရလို႔ပါ။
၁၃။ အနားမွာစုၿပဳံၿပီး လာမတိုးၾကပါႏွင့္ ေအာက္ဆီဂ်င္ကို မနည္းလုရႉေနရတာမို႔ ေနာက္ဆုံးထြက္သက္မွာ အသက္ဝဝ ရႉသြားပါရေစ။
၁၄။ သားေတြေခြၽးမေတြ စကားေျပာသံ၊ ဆူပူသံ၊ ေျမးေတြ ဆူညံသံေတြ၊ ဇြန္းသံခြက္သံေတြ မလုပ္ၾကပါႏွင့္၊ တိတ္ဆိတ္စြာေနေပးျခင္းျဖင့္ ငါ့အားကူညီၾကပါ။
၁၅။ ဟိုဟာေပးမလား ဒီဟာေပးမလား လာမစေနာက္ၾကပါႏွင့္ ငါ့အား ကိုယ္ခ်င္းစာေပးၾကပါေလာ့……. ပစၥည္းစြဲေအာင္ အစမေဖာ္ေပးၾကပါႏွင့္။
၁၆။ သတိလည္ေအာင္ နာမည္တရရေခၚတာ၊ နာမည္နဲ႔လူ တြဲေျပာခိုင္းတာေတြ ေရွာင္ပါ။ လူနာမည္ မွတ္မိဖို႔ထက္ ဘုရားမေမ့သြားဖို႔က ပိုအဓိက၊
၁၇။ ငိုသံ၊ ရႈိက္သံေတြ မထြက္မိေအာင္ ထိန္းေပးၾကပါ။ အေႏွာင္အတြယ္မဲ့စြာ ထြက္ခ်င္လို႔ပါ….
အရိပ္အကဲနားလည္တဲ့သူတစ္ေယာက္ ေဘးနားရွိေနေပးရင္ကိုပဲ အဆင္ေျပပါၿပီ… (အာေခါင္ေျခာက္တတ္တာမို႔ ႏႈတ္ခမ္းေလးေတာ့ ေရ မၾကာမၾကာ ဂြမ္းစေလးနဲ႔ ဆြတ္ဆြတ္ေပး)
Crd