“အမေ သားဒီနေ့ကျောင်းမသွားချင်ဘူး”…“အေး အေး အမေခွင့်တိုင်ပေးမယ်”…
ဒီအမေအတွေးမှာ ဒီနေ့တရက်ကျောင်းမသွားတာနဲ့ ဘာမှမထူးပါဘူး ထင်မှတ်နေတာပါ။တကယ်တော့ ကျောင်းပုံမှန်သွားရမယ်ဆိုတဲ့ စည်းကမ်းကို အလွယ်တကူချိုးဖောက်ဖို့ အားပေးကူညီလိုက်တာပါ။
ကျောင်း တစ်ရက်ပျက်တာဘာမှမဖြစ်ပေမယ့် ကလေးစိတ်ထဲမှာ ငါမတက်ချင်လည်းရတာပဲဆိုတဲ့ ဘယ်အရာကိုမဆို အလွယ်တကူ မလိုက်နာချင်တဲ့စိတ်က တဖြည်းဖြည်းအားကောင်းလာတာပါ။ ဒါကို ဒီအမေမသိလိုက်ဘူး။
“အမေ သားဘယ်သူနဲ့ရန်ဖြစ်လာတယ်” “အေး ဦးအောင်ပြန်ချ မခံခဲ့နဲ့ ဖြစ်လာသမျှငါလိုက်ရှင်းမယ်”…
ဒီအမေအမြင်မှာ ဒီကလေးပြသနာလေးမှာ ငါ့သားနိုင်ရမယ်… ငါလိုက်ရှင်းမယ် ဘာဖြစ်ဖြစ်ဆိုတာမျိုး တကယ်တော့ကလေးဟာ
ပြသနာတခုခုကို သူ့အရွယ်နဲ့သူ မဆုံးဖြတ်တော့ပဲ… ကိုယ်ထိလက်ရောက် အရင်ပြုမူတတ်တဲ့ စိတ်ဓာတ်မျိုး
ဘာလုပ်လုပ် ငါ့မိဘ ရှင်းမှာပဲဆိုတဲ့ စိတ်ဓာတ်မျိုးကို တဖြည်းဖြည်းဖန်တီးယူလာတာပါ။ ဒါကိုဒီအမေမသိလိုက်ဘူး။
ဒီလိုပါပဲ ဒီဟင်း ရှိပါလျက်နဲ့ ဟိုဟင်းမြင်လို့ ဟိုဟင်းနဲ့ပဲ စားမယ်ဆိုတာမျိုး… အမေ့အမြင်မှာ ဟိုဟင်းနဲ့ကျွေးလိုက်လည်း နားအေးတယ်ဆိုတာပဲ မြင်ကောင်းမြင်နိုင်တယ်။
ဒါပေမယ့် ကလေးစိတ်ထဲမှာ စားချင်သလို စားခွင့်ရှိတယ် စားမယ်ဆိုတာမျိုး ဘယ်အရာကိုမှ limit ထားစရာ မလိုဘူး ဆိုတာမျိုး တဖြည်းဖြည်းနဲ့ခံယူနေတာ။ ဒီအမေမသိလိုက်ဘူး။
ကလေးသဘာဝ လွတ်လပ်စွာ ဆော့ကစားနေတာမျိုးမဟုတ်ပဲ… သွေးထိုးစမ်းတာမျိုးကိုသိနေပါရက်နဲ့ ချစ်တာတစ်ခုထဲနဲ့ လိုက်လျောနေပါလျှင် ကလေးစိတ်ထဲမှာ ဘာလုပ်လုပ် ရတယ်ဆိုတာမျိုး တဖြည်းဖြည်း အမြစ်တွယ်လာတာ ဒီအမေမသိလိုက်ဘူး…..
ကြီးလာရင် တဖြည်းဖြည်း ဖြစ်သွားလိမ့်မယ် ဆိုတာ မဟုတ်ဘူး။ ငယ်စဉ်ကထဲက စနစ်တကျ တဖြည်းဖြည်းခြင်း ပြုစုပျိုးထောင်ရတာ ဖြစ်ပါတယ်။ ငယ်ငယ်ထဲက စည်းကမ်းတကျမရှိတဲ့ လူငယ်ဟာ ကြီးလာရင်လည်း ဘယ်စည်းကမ်းမျိုးမဆို အလွယ်တကူ မလိုက်နာဖို့ များပါတယ်။
ကလေးတွေကို ပေးရမယ့် စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဆိုတာ ပူဆာသမျှ အရုပ်တွေ ဝယ်ပေးတာမျိုး ပို့ခိုင်းသမျှ ကစားကွင်းတွေ လိုက်ပို့တာမျိုးသက်သက် မဟုတ်ပါဘူး။
လက်ရှိ ရှိနေတဲ့ အနေအထားမှာ ရှိနေတဲ့ ပတ်ဝန်းကျင် ရှိနေတဲ့ မိဘ ရောက်နေတဲ့ အသက်အရွယ်မှာ သူ့ကိုယ်ပိုင် အသိတရားလေးနဲ့ စည်းကမ်းတကျလေး ပျော်ရွှင်စေရမှာ ဖြစ်ပါတယ်
ကလေးအိပ်နေလို့မနှိုးချင်လို့ ကျောင်းပျက်တာကို အရေးမကြီးသလို ယူဆနေတဲ့မိဘတွေ၊ တနေကုန် ဖုန်းနဲ့မျက်နှာနဲ့မခွာတဲ့ကလေးတွေကို ပြောမရဘူးဆိုတဲ့ အကြောင်းပြချက်တခုထဲနဲ့ ခွင့်ပြုထားတဲ့ မိဘတွေ
၅နှစ်အရွယ်မှာ တနေ့၁၀နာရီလောက် စာလုပ်ခိုင်းထားပြီး ကြီးလာရင် ပညာတတ်ကြီးဖြစ်မှာ ထင်နေကြတဲ့မိဘတွေ…
နောက်ဆုံး မူးယစ်ဆေးစွဲနေတာကို မသိဟန်ဆောင်ပြ ေးဆေးဝယ်ဖို့ မသိမသာငွေချပေးထားတဲ့ မိဘတွေ…..
ကလေးတွေရဲ့လိုအပ်ချက်တွေကို ဖဲဝိုင်းလောက်တောင် စိတ်မဝင်စားတဲ့ မိဘမျိုးတွေ…
၄ နှစ် အရွယ်လောက်နဲ့ လူကြီးလောက်နီးနီး ဆဲတတ်တာကို စကားတတ်တယ် ဆိုပြီး ဂုဏ်ယူနေကြတဲ့ မိဘတွေ…
၅နှစ်သားလောက်နဲ့ ဘီယာ သောက်တတ်တာကို ‘ဇ’ မသေးဘူးကွ ဆိုပြီး ကြံဖန်ဂုဏ်ယူနေကြတဲ့ မိဘမျိုးတွေ…
ချစ်တာလား …..? တဖြည်းဖြည်းခြင်း စနစ်တကျ ဖျက်ဆီးနေကြတာလား….?
ရေးလို့မကုန်ပါဘူး… ကြိုက်တာလုပ်နိုင်တယ် ကို့ယ့်သားသမီးကို ကြိုက်သလို ပုံသွင်းနိုင်တယ်…. တစ်ခုပါပဲ
“ပစ်ချင်သလိုပစ်ထားတဲ့မျိုးစေ့ဟာ ပေါက်ချင်သလိုပေါက်မှာပဲ” ဆိုတာ ကိုတော့ မမေ့ကြပါနဲ့။
credit
zawgyi
“အေမ သားဒီေန႔ေက်ာင္းမသြားခ်င္ဘူး”…“ေအး ေအး အေမခြင့္တိုင္ေပးမယ္”…
ဒီအေမအေတြးမွာ ဒီေန႔တရက္ေက်ာင္းမသြားတာနဲ႔ ဘာမွမထူးပါဘူး ထင္မွတ္ေနတာပါ။တကယ္ေတာ့ ေက်ာင္းပံုမွန္သြားရမယ္ဆိုတဲ့ စည္းကမ္းကို အလြယ္တကူခ်ိဳးေဖာက္ဖို႔ အားေပးကူညီလိုက္တာပါ။
ေက်ာင္း တစ္ရက္ပ်က္တာဘာမွမျဖစ္ေပမယ့္ ကေလးစိတ္ထဲမွာ ငါမတက္ခ်င္လည္းရတာပဲဆိုတဲ့ ဘယ္အရာကိုမဆို အလြယ္တကူ မလိုက္နာခ်င္တဲ့စိတ္က တျဖည္းျဖည္းအားေကာင္းလာတာပါ။ ဒါကို ဒီအေမမသိလိုက္ဘူး။
“အေမ သားဘယ္သူနဲ႔ရန္ျဖစ္လာတယ္” “ေအး ဦးေအာင္ျပန္ခ် မခံခဲ့နဲ႔ ျဖစ္လာသမၽွငါလိုက္ရွင္းမယ္”…
ဒီအေမအျမင္မွာ ဒီကေလးျပသနာေလးမွာ ငါ့သားႏိုင္ရမယ္… ငါလိုက္ရွင္းမယ္ ဘာျဖစ္ျဖစ္ဆိုတာမ်ိဳး တကယ္ေတာ့ကေလးဟာ
ျပသနာတခုခုကို သူ႔အရြယ္နဲ႔သူ မဆံုးျဖတ္ေတာ့ပဲ… ကိုယ္ထိလက္ေရာက္ အရင္ျပဳမူတတ္တဲ့ စိတ္ဓာတ္မ်ိဳး
ဘာလုပ္လုပ္ ငါ့မိဘ ရွင္းမွာပဲဆိုတဲ့ စိတ္ဓာတ္မ်ိဳးကို တျဖည္းျဖည္းဖန္တီးယူလာတာပါ။ ဒါကိုဒီအေမမသိလိုက္ဘူး။
ဒီလိုပါပဲ ဒီဟင္း ရွိပါလ်က္နဲ႔ ဟိုဟင္းျမင္လို႔ ဟိုဟင္းနဲ႔ပဲ စားမယ္ဆိုတာမ်ိဳး… အေမ့အျမင္မွာ ဟိုဟင္းနဲ႔ေကၽြးလိုက္လည္း နားေအးတယ္ဆိုတာပဲ ျမင္ေကာင္းျမင္ႏိုင္တယ္။
ဒါေပမယ့္ ကေလးစိတ္ထဲမွာ စားခ်င္သလို စားခြင့္ရွိတယ္ စားမယ္ဆိုတာမ်ိဳး ဘယ္အရာကိုမွ limit ထားစရာ မလိုဘူး ဆိုတာမ်ိဳး တျဖည္းျဖည္းနဲ ႔ခံယူေနတာ။ ဒီအေမမသိလိုက္ဘူး။
ကေလးသဘာဝ လြတ္လပ္စြာ ေဆာ့ကစားေနတာမ်ိဳးမဟုတ္ပဲ… ေသြးထိုးစမ္းတာမ်ိဳးကိုသိေနပါရက္နဲ႔ ခ်စ္တာတစ္ခုထဲနဲ႔ လိုက္ေလ်ာေနပါလၽွင္ ကေလးစိတ္ထဲမွာ ဘာလုပ္လုပ္ ရတယ္ဆိုတာမ်ိဳး တျဖည္းျဖည္း အျမစ္တြယ္လာတာ ဒီအေမမသိလိုက္ဘူး…..
ႀကီးလာရင္ တျဖည္းျဖည္း ျဖစ္သြားလိမ့္မယ္ ဆိုတာ မဟုတ္ဘူး။ ငယ္စဥ္ကထဲက စနစ္တက် တျဖည္းျဖည္းျခင္း ျပဳစုပ်ိဳးေထာင္ရတာ ျဖစ္ပါတယ္။ ငယ္ငယ္ထဲက စည္းကမ္းတက်မရွိတဲ့ လူငယ္ဟာ ႀကီးလာရင္လည္း ဘယ္စည္းကမ္းမ်ိဳးမဆို အလြယ္တကူ မလိုက္နာဖို႔ မ်ားပါတယ္။
ကေလးေတြကို ေပးရမယ့္ စစ္မွန္တဲ့ ေပ်ာ္ရႊင္ျခင္းဆိုတာ ပူဆာသမၽွ အရုပ္ေတြ ဝယ္ေပးတာမ်ိဳး ပို႔ခိုင္းသမၽွ ကစားကြင္းေတြ လိုက္ပို႔တာမ်ိဳးသက္သက္ မဟုတ္ပါဘူး။
လက္ရွိ ရွိေနတဲ့ အေနအထားမွာ ရွိေနတဲ့ ပတ္ဝန္းက်င္ ရွိေနတဲ့ မိဘ ေရာက္ေနတဲ့ အသက္အရြယ္မွာ သူ႔ကိုယ္ပိုင္ အသိတရားေလးနဲ႔ စည္းကမ္းတက်ေလး ေပ်ာ္ရႊင္ေစရမွာ ျဖစ္ပါတယ္
ကေလးအိပ္ေနလို ႔မႏွိုးခ်င္လို႕ ေက်ာင္းပ်က္တာကို အေရးမႀကီးသလို ယူဆေနတဲ့မိဘေတြ၊ တေနကုန္ ဖုန္းနဲ႔မ်က္ႏွာနဲ ႔မခြာတဲ့ကေလးေတြကို ေျပာမရဘူးဆိုတဲ့ အေၾကာင္းျပခ်က္တခုထဲနဲ႔ ခြင့္ျပဳထားတဲ့ မိဘေတြ
၅ႏွစ္အရြယ္မွာ တေန ႔၁၀နာရီေလာက္ စာလုပ္ခိုင္းထားၿပီး ႀကီးလာရင္ ပညာတတ္ႀကီးျဖစ္မွာ ထင္ေနၾကတဲ့မိဘေတြ…
ေနာက္ဆံုး မူးယစ္ေဆးစြဲေနတာကို မသိဟန္ေဆာင္ၿပ ေးေဆးဝယ္ဖို႔ မသိမသာေငြခ်ေပးထားတဲ့ မိဘေတြ…..
ကေလးေတြရဲ႕လိုအပ္ခ်က္ေတြကို ဖဲဝိုင္းေလာက္ေတာင္ စိတ္မဝင္စားတဲ့ မိဘမ်ိဳးေတြ…
၄ ႏွစ္ အရြယ္ေလာက္နဲ႔ လူႀကီးေလာက္နီးနီး ဆဲတတ္တာကို စကားတတ္တယ္ ဆိုၿပီး ဂုဏ္ယူေနၾကတဲ့ မိဘေတြ…
၅ႏွစ္သားေလာက္နဲ႔ ဘီယာ ေသာက္တတ္တာကို ‘ဇ’ မေသးဘူးကြ ဆိုၿပီး ၾကံဖန္ဂုဏ္ယူေနၾကတဲ့ မိဘမ်ိဳးေတြ…
ခ်စ္တာလား …..? တျဖည္းျဖည္းျခင္း စနစ္တက် ဖ်က္ဆီးေနၾကတာလား….?
ေရးလို႔မကုန္ပါဘူး… ၾကိဳက္တာလုပ္ႏိုင္တယ္ ကို႔ယ့္သားသမီးကို ၾကိဳက္သလို ပံုသြင္းႏိုင္တယ္…. တစ္ခုပါပဲ
“ပစ္ခ်င္သလိုပစ္ထားတဲ့မ်ိဳးေစ့ဟာ ေပါက္ခ်င္သလိုေပါက္မွာပဲ” ဆိုတာ ကိုေတာ့ မေမ့ၾကပါနဲ႔။
credit