ငါးသည်ရဲ့ စကားနားယောင်ပြီး ငါးသည်းခြေ မြိုချမိတဲ့ မြန်မာပြည်က လူနာ (၂) ဦးရဲ့ အဖြစ်
ငါးသည်ရဲ့ စကားနားယောင်ပြီး ငါးသည်းခြေ မြိုချမိတဲ့ မြန်မာပြည်က လူနာ (၂) ဦးရဲ့ အဖြစ်.. ကြက်မောက်တောင်ဆည်နား ရွာလေးတရွာက လူနာ ၂ ယောက် သုခပြည့်စုံဆေးရုံကို ရှေ့ဆင့် နောက်ဆင့် ရောက်လာပါတယ်။ ရောဂါလက္ခဏာတွေက ခပ်ဆင်ဆင်ပါ။
ခေါင်းမူးတယ်၊ ပျိူ့တယ်၊ ရင်ခေါင်းအောင့်၊ နောက်ကျောတက်၊ အစာမဝင် တဲ့..။ အစကတော့ ပြင်ပလူနာအနေနဲ့ ကုသမယ် စိတ်ကူးပေမယ့် တနေရာတည်းက ၂ ယောက် ဆင်တူဖြစ်နေတာ ထူးခြားတယ်.. ဆေးရုံတင်ထားပြီး စောင့်ကြည့်ရင် ကောင်းမယ်လို့ ယူဆပြီး acute gastritis (အစာအိမ်ရောင်ရမ်းနာ) လို့ သတ်မှတ်ပြီး ကုသ စောင့်ကြည့်ခဲ့ပါတယ်။
ကိုယ့်အနားထား၊ စောင့်ကြည့်ခြင်း (Under observation) ရဲ့ ကောင်းကျိူးကြောင့် low urine output (ဆီးထွက်နည်း) တာကိုသိရပြီး၊ ရောဂါ ရာဇဝင်ကို သေချာ ပြန်မေးကြည့်ရပြန်ပါတယ်။ ရောဂါ History သေချာလိုက်တော့မှ.. ငါးသည်းခြေက ဆေးဖက်ဝင်တယ် အစာအိမ်ရောဂါအတွက် ကောင်းတယ်ဆိုပြီး ငါးသည်က ညွှန်းလို့ ၂ ယောက်စလုံး အစိမ်းလိုက်မြိုချတဲ့ အကြောင်းရင်းကို သိလိုက်ရပါတယ်။
ဆီးဆိပ်လို့ခေါ်တဲ့ urea နဲ့ creatinine တွေလည်း ထောင်တက်နေပြီး ကျောက်ကပ်လုပ်ငန်းလည်း ယာယီ ရပ်တန့်သွားခဲ့ပါပြီ။ ဆီးလုံးဝ မထွက်တော့ပါ။ သမားတော်ရဲ့ အကြံပြုချက်အရ မန္တလေး ပြည်သူ့ဆေးရုံကြီး ကျောက်ကပ်ဌာနကို အရေးပေါ် လွှဲလိုက်ရပါ၏။ ငါးသည်ရဲ့ ပါးစပ်မှာ လမ်းဆုံးပြီး မစဉ်းစား မဆင်ခြင်ပဲ ငါးသည်းခြေ စားလိုက်တာကြောင့် အင်မတန် တန်ဘိုးရှိတဲ့ ကျောက်ကပ်ပျက်စီးတတ်မှန်း သင်္ခန်းစာယူတတ်ကြဖို့ ရေးသားလိုက်ရပါတယ်။
Dr. Yu Wai
ငါးသည္ရဲ့ စကားနားေယာင္ၿပီး ငါးသည္းေၿခ ၿမိဳခ်မိတဲ့ ျမန္မာျပည္က လူနာ (၂) ဦးရဲ့ အျဖစ္
ငါးသည္ရဲ့ စကားနားေယာင္ၿပီး ငါးသည္းေၿခ ၿမိဳခ်မိတဲ့ ျမန္မာျပည္က လူနာ (၂) ဦးရဲ့ အျဖစ္.. ၾကက္ေမာက္ေတာင္ဆည္နား ရြာေလးတရြာက လူနာ ၂ ေယာက္ သုချပည့္စုံေဆး႐ုံကို ေရွ႕ဆင့္ ေနာက္ဆင့္ ေရာက္လာပါတယ္။ ေရာဂါလကၡဏာေတြက ခပ္ဆင္ဆင္ပါ။
ေခါင္းမူးတယ္၊ ပ်ိဴ႕တယ္၊ ရင္ေခါင္းေအာင့္၊ ေနာက္ေက်ာတက္၊ အစာမဝင္ တဲ့..။ အစကေတာ့ ျပင္ပလူနာအေနနဲ႔ ကုသမယ္ စိတ္ကူးေပမယ့္ တေနရာတည္းက ၂ ေယာက္ ဆင္တူျဖစ္ေနတာ ထူးျခားတယ္.. ေဆး႐ုံတင္ထားၿပီး ေစာင့္ၾကည့္ရင္ ေကာင္းမယ္လို႔ ယူဆၿပီး acute gastritis (အစာအိမ္ေရာင္ရမ္းနာ) လို႔ သတ္မွတ္ၿပီး ကုသ ေစာင့္ၾကည့္ခဲ့ပါတယ္။
ကိုယ့္အနားထား၊ ေစာင့္ၾကည့္ျခင္း (Under observation) ရဲ့ ေကာင္းက်ိဴးေၾကာင့္ low urine output (ဆီးထြက္နည္း) တာကိုသိရၿပီး၊ ေရာဂါ ရာဇဝင္ကို ေသခ်ာ ျပန္ေမးၾကည့္ရျပန္ပါတယ္။ ေရာဂါ History ေသခ်ာလိုက္ေတာ့မွ.. ငါးသည္းေျခက ေဆးဖက္ဝင္တယ္ အစာအိမ္ေရာဂါအတြက္ ေကာင္းတယ္ဆိုၿပီး ငါးသည္က ညႊန္းလို႔ ၂ ေယာက္စလုံး အစိမ္းလိုက္ၿမိဳခ်တဲ့ အေၾကာင္းရင္းကို သိလိုက္ရပါတယ္။
ဆီးဆိပ္လို႔ေခၚတဲ့ urea နဲ႔ creatinine ေတြလည္း ေထာင္တက္ေနၿပီး ေက်ာက္ကပ္လုပ္ငန္းလည္း ယာယီ ရပ္တန္႔သြားခဲ့ပါၿပီ။ ဆီးလုံးဝ မထြက္ေတာ့ပါ။ သမားေတာ္ရဲ့ အႀကံျပဳခ်က္အရ မႏၲေလး ျပည္သူ႔ေဆး႐ုံႀကီး ေက်ာက္ကပ္ဌာနကို အေရးေပၚ လႊဲလိုက္ရပါ၏။ ငါးသည္ရဲ့ ပါးစပ္မွာ လမ္းဆုံးၿပီး မစဥ္းစား မဆင္ျခင္ပဲ ငါးသည္းေၿခ စားလိုက္တာေၾကာင့္ အင္မတန္ တန္ဘိုးရွိတဲ့ ေက်ာက္ကပ္ပ်က္စီးတတ္မွန္း သခၤန္းစာယူတတ္ၾကဖို႔ ေရးသားလိုက္ရပါတယ္။
Dr. Yu Wai