ယနေ့ခေတ်မှာဆိုရင် မိန်းမလှလေးတွေတော်တော်များများက လက်သည်းနီ အရောင်စုံလေးတွေနဲ့ အရမ်းကို လှနေကြပါ။ လက်သည်းလေးတွေကို အရောင်လှလှလေးတွေ ဆိုးကြသလို အရုပ်လေးတွေနဲ့လည်း ပုံဖော်ဆိုးကြပါတယ်။
လက်သည်းနီဆိုးဆေးတွေမှာ ဓါတုပစ္စည်းတွေ ပါဝင်တာကြောင့် ထိခိုက်တာတွေ ရှိနိုင်တယ်လို့ အကြမ်းဖျင်း သိထားကြပါတယ်။ ဘယ်လိုဓါတုပစ္စည်းတွေက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေကို ထိခိုက်စေသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
လက်သည်းနီမှာပါဝင်တဲ့tolune ၊dibutyl phthalateနဲ့ formaldehydeသုံးမျိုးက သင့်ရဲ့ ခန္ဓာကိုယ်ကို ဆိုးကျိုးတွေပေးနေတာဖြစ်ပါတယ်။
ပုံမှန်အားဖြင့် လက်သည်းနီဆိုးထားတဲ့ အချိန်အရမ်းကြာလာတဲ့ အခါ လက်သည်းတွေဝါလာပြီး နဂို ပန်းနုရောင်ကို ပြန်မရနိုင်တော့ပါဘူး။ အပေါ်မှာ ပြောပြထားတဲ့ ဓာတုပစ္စည်း သုံးမျိုးကြောင့် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို အောက်မှာ ပြောပြပေးထားပါတယ်။
(၁) T o l u n e
သင်ဆိုးနေတဲ့ လက်သည်းနီဆိုးဆေးမှာ ပါဝင်တဲ့ Toluneက လက်သည်းကို ပိုပြီးတော့ ချောမွေ့စေပြီး ဆိုးထားတဲ့ အရောင်ကို ပိုပြီးတောက်စေပါတယ်။
ဒါပေမယ့် Toluneပါဝင်တဲ့ လက်သည်းနီဆိုးဆေးတွေက ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အော့အန်စေနိုင်ခြင်း၊ နွမ်းလျခြင်းတွေကို ခံစားရစေနိုင်ပါတယ်။
ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို လျော့ကျစေတဲ့အပြင် ဆံပင်ကျွတ်ခြင်းကိုတောင် ဖြစ်စေပါတယ်။ ဒါ့ပြင် ကျောက်ကပ်နဲ့ အသည်းတို့ကိုလည်း ထိခိုက်စေနိုင်တာကြောင့် ဆိုးရွားတဲ့ ဓာတုပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။
(၂) F o r m a l d e h y d e
Formaldehydeကတော့ လက်သည်းဆိုးဆေးကို ပိုပြီးတာရှည်ခံအောင် ထိန်းပေးထားတဲ့ ဓာတုပစ္စည်းတစ်မျိုးပါ။
Formaldehydeကလည်း ကြောက်ဖို့ကောင်းလောက်အောင် ဓာတုပစ္စည်းကြောင့်ဖြစ်ပေါ်တတ်တဲ့ အဆိပ်သင့်ခြင်း၊ နှလုံးခုန်နှုန်း မူမမှန်ခြင်း နဲ့ ကင်ဆာတွေကိုတောင် ဖြစ်ပေါ်နိုင်တာကြောင့် အရမ်းကိုဆိုးရွားတဲ့ ဓာတုပစ္စည်းတစ်မျိုးပါပဲ။
(၃) D i b u t y l p h t h a l a t
လက်သည်းနီမှာပါတဲ့ Dibutyl phthalateက လက်သည်းဆိုးဆေးကို အရောင်ပိုတောက်အောင် လုပ်ပေးတဲ့ ဓာတုပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။
Dibutyl phthalate က အသက်ရုူလမ်းကြောင်းနဲ့ ပတ်သတ်တဲ့ ရောဂါတွေကို ရရှိနိုင်တဲ့ အပြင် အမျိုးသမီးတွေမှာဆိုရင်တော့ မီးယပ်ရောဂါကို ခံစားရစေနိုင်ပါတယ်။ အဆိပ်အတောက် ဖြစ်စေပြီး အမျိုးသမီးတွေအတွက် ကလေးရဖို့ကိုတောင် အနှောင့်အယှက် ပြုပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ လက်သည်းနီတွေက ၆နာရီထက်ကြာအောင် ဆိုးမိခဲ့မယ်ဆိုရင်တော့ အထက်မှာဖော်ပြခဲ့တဲ့ ရောဂါတွေကို ခံစားရနိုင်တာကြောင့် လုံးဝကို ရှောင်ကျဉ်သင့်ပါတယ်။
ဒါကြောင့် လက်သည်းနီဝယ်ယူမယ်ဆိုရင် ဓာတုပစ္စည်းတွေမပါဝင်တဲ့ လက်သည်းနီတွေကို သေချာ ရွေးချယ်ဝယ်ယူဖို့ ထပ်မံအကြံပြုပါရစေ။
Zawgyi
ယေန႔ေခတ္မွာဆိုရင္ မိန္းမလွေလးေတြေတာ္ေတာ္မ်ားမ်ားက လက္သည္းနီ အေရာင္စုံေလးေတြနဲ႔ အရမ္းကို လွေနၾကပါ။ လက္သည္းေလးေတြကို အေရာင္လွလွေလးေတြ ဆိုးၾကသလို အ႐ုပ္ေလးေတြနဲ႔လည္း ပုံေဖာ္ဆိုးၾကပါတယ္။
လက္သည္းနီဆိုးေဆးေတြမွာ ဓါတုပစၥည္းေတြ ပါဝင္တာေၾကာင့္ ထိခိုက္တာေတြ ရွိႏိုင္တယ္လို႔ အၾကမ္းဖ်င္း သိထားၾကပါတယ္။ ဘယ္လိုဓါတုပစၥည္းေတြက ခႏၶာကိုယ္ရဲ႕ ဘယ္ေနရာေတြကို ထိခိုက္ေစသလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။
လက္သည္းနီမွာပါဝင္တဲ့tolune ၊dibutyl phthalateနဲ႔ formaldehydeသုံးမ်ိဳးက သင့္ရဲ႕ ခႏၶာကိုယ္ကို ဆိုးက်ိဳးေတြေပးေနတာျဖစ္ပါတယ္။
ပုံမွန္အားျဖင့္ လက္သည္းနီဆိုးထားတဲ့ အခ်ိန္အရမ္းၾကာလာတဲ့ အခါ လက္သည္းေတြဝါလာၿပီး နဂို ပန္းႏုေရာင္ကို ျပန္မရႏိုင္ေတာ့ပါဘူး။ အေပၚမွာ ေျပာျပထားတဲ့ ဓာတုပစၥည္း သုံးမ်ိဳးေၾကာင့္ ဘာေတြျဖစ္လာႏိုင္တယ္ဆိုတာကို ေအာက္မွာ ေျပာျပေပးထားပါတယ္။
(၁) T o l u n e
သင္ဆိုးေနတဲ့ လက္သည္းနီဆိုးေဆးမွာ ပါဝင္တဲ့ Toluneက လက္သည္းကို ပိုၿပီးေတာ့ ေခ်ာေမြ႕ေစၿပီး ဆိုးထားတဲ့ အေရာင္ကို ပိုၿပီးေတာက္ေစပါတယ္။
ဒါေပမယ့္ Toluneပါဝင္တဲ့ လက္သည္းနီဆိုးေဆးေတြက ေခါင္းကိုက္ျခင္း၊ မူးေဝျခင္း၊ ေအာ့အန္ေစႏိုင္ျခင္း၊ ႏြမ္းလ်ျခင္းေတြကို ခံစားရေစႏိုင္ပါတယ္။
ဦးေႏွာက္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေလ်ာ့က်ေစတဲ့အျပင္ ဆံပင္ကြၽတ္ျခင္းကိုေတာင္ ျဖစ္ေစပါတယ္။ ဒါ့ျပင္ ေက်ာက္ကပ္နဲ႔ အသည္းတို႔ကိုလည္း ထိခိုက္ေစႏိုင္တာေၾကာင့္ ဆိုး႐ြားတဲ့ ဓာတုပစၥည္းတစ္ခုပဲ ျဖစ္ပါတယ္။
(၂) F o r m a l d e h y d e
Formaldehydeကေတာ့ လက္သည္းဆိုးေဆးကို ပိုၿပီးတာရွည္ခံေအာင္ ထိန္းေပးထားတဲ့ ဓာတုပစၥည္းတစ္မ်ိဳးပါ။
Formaldehydeကလည္း ေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ ဓာတုပစၥည္းေၾကာင့္ျဖစ္ေပၚတတ္တဲ့ အဆိပ္သင့္ျခင္း၊ ႏွလုံးခုန္ႏႈန္း မူမမွန္ျခင္း နဲ႔ ကင္ဆာေတြကိုေတာင္ ျဖစ္ေပၚႏိုင္တာေၾကာင့္ အရမ္းကိုဆိုး႐ြားတဲ့ ဓာတုပစၥည္းတစ္မ်ိဳးပါပဲ။
(၃) D i b u t y l p h t h a l a t
လက္သည္းနီမွာပါတဲ့ Dibutyl phthalateက လက္သည္းဆိုးေဆးကို အေရာင္ပိုေတာက္ေအာင္ လုပ္ေပးတဲ့ ဓာတုပစၥည္းတစ္မ်ိဳးပဲ ျဖစ္ပါတယ္။
Dibutyl phthalate က အသက္႐ုူလမ္းေၾကာင္းနဲ႔ ပတ္သတ္တဲ့ ေရာဂါေတြကို ရရွိႏိုင္တဲ့ အျပင္ အမ်ိဳးသမီးေတြမွာဆိုရင္ေတာ့ မီးယပ္ေရာဂါကို ခံစားရေစႏိုင္ပါတယ္။ အဆိပ္အေတာက္ ျဖစ္ေစၿပီး အမ်ိဳးသမီးေတြအတြက္ ကေလးရဖို႔ကိုေတာင္ အေႏွာင့္အယွက္ ျပဳပါတယ္။
အထက္မွာေဖာ္ျပခဲ့တဲ့ ဓာတုပစၥည္းေတြပါဝင္တဲ့ လက္သည္းနီေတြက ၆နာရီထက္ၾကာေအာင္ ဆိုးမိခဲ့မယ္ဆိုရင္ေတာ့ အထက္မွာေဖာ္ျပခဲ့တဲ့ ေရာဂါေတြကို ခံစားရႏိုင္တာေၾကာင့္ လုံးဝကို ေရွာင္က်ဥ္သင့္ပါတယ္။
ဒါေၾကာင့္ လက္သည္းနီဝယ္ယူမယ္ဆိုရင္ ဓာတုပစၥည္းေတြမပါဝင္တဲ့ လက္သည္းနီေတြကို ေသခ်ာ ေ႐ြးခ်ယ္ဝယ္ယူဖို႔ ထပ္မံအႀကံျပဳပါရေစ။