က်မၼာေရး ဗဟုသုတ
ခြေထောက််တွေကသတိိပေးနေသော အသက်အန္တရာယ်ဖြစ်စေနိိုင်တဲ့လက္ခဏာရပ်များ
ခြေထောက််တွေကသတိိပေးနေသော အသက်အန္တရာယ်ဖြစ်စေနိိုင်တဲ့လက္ခဏာရပ်များ
ကျွန်မတို့ရဲ့ ခြေထောက်တစ်စုံဟာ ကျွန်မတို့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန် ကို သယ်ပိုးထားရတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
ခြေထောက်တစ်စုံမှာ ခန္ဓာကိုယ်က အရိုးစုစုပေါင်းရဲ့ ၂၅%ပါဝင်နေပြီး အဆစ်ပေါင်း ၃၃ခု၊
အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။
ခြေထောက်မှာပါဝင်တဲ့ သွေးကြောမျှင်လေးတွေဟာ နှလုံး၊ ကျောရိုးမ၊ ဦးနှောက်စတဲ့ အရေးကြီး အင်္ဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။
ဒါ့ကြောင့် ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်မတို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ ကျန်းမာရေး ချို့ယွင်းမှုတွေကို သိိရှိနိုင်ပါတယ်။
၁။ ခြေထောက်အကြောဆွဲခြင်းနှင့် ကြွက်တက်ခြင်း။
လမ်းလျှောက်နေရင်း ခြေထောက်အကြောဆွဲခြင်း၊ ကြွက်တက်ခြင်းဖြစ်ပါက သွေးလည်ပတ်မှုစနစ်မှာ ပြဿနာဖြစ်နေ တယ်လို့ ယူဆနိုင်ပါတယ်။
လေ့ကျင့်ခန်း လုပ်ပြီး အကြောမလျှော့ခြင်းနှင့် ဒေါက်မြင့်ဖိနပ်စီးခြင်းတို့ကြောင့်လည်း ခြေထောက် အကြောဆွဲခြင်းဖြစ်တတ်ပါတယ်။
၂။ ခြေမအရွယ်အစားကြီးလာခြင်း။
ဂေါက် (Gout) လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ရမ်းတဲ့ရောဂါရဲ့ လက္ခဏာတစ်ခုပါ။ အဝလွန်သူ၊ သွေးလည်ပတ်မှုစနစ်မကောင်းသူ၊
အရက်သောက်တတ်သူနဲ့ အသားစား များသူတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ဂေါက်ရောဂါက ဆီးကျောက်တည်နိုင် ခြေကိုလည်း မြင့်မားစေပါတယ်။
ဤဆောင်းပါးကိို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၃။ ခြေဖျားအေးစက်ခြင်း။
သွေးလည်ပတ်မှုမကောင်းခြင်း၊ ဆီးချိုသွေးချိုရောဂါနဲ့ သွေးအားနည်းခြင်းကို ဖော်ပြတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။
ခြေဖဝါးက အနီရောင်ကနေ ဖြူဖျော့သွား တာက ခြေထောက်သွေးကြောကျဉ်းပြီး ခြေဖျားတွေအေးစက််စေတဲ့ ရှေ့ပြေးလက္ခဏာ လည်း ဖြစ်ပါတယ်။
၄။ခြေထောက်ဖူးရောင်ခြင်း။
နှလုံး၊ ကျောက်ကပ်၊ အသည်းစတဲ့ အင်္ဂါတွေမကောင်းမွန်ခြင်း၊ သွေးခဲခြင်းနဲ့ သွေးလည်ပတ်မှုစနစ်မကောင်းခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။
နာကျင်မှုမရှိဘဲ ဖူးယောင်နေတယ် ဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ အရည်တွေများပြီး ခြေထောက်မှာ လာစုရခြင်းကြောင့် ဖူးရောင်တာဖြစ်ပါတယ်။
၅။ ဇွန်းပုံစံခြေသည်း (သို့) ခွက်နေတဲ့ခြေသည်း။
အာဟာရဓာတ်ချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ ခန္ဓာကိုယ်တွင်းသွေးယိုစီးခြင်းနှင့် အူလမ်းကြောင်းဆိုင်ရာရောဂါတို့ကြောင့် ဖြစ်တတ်ပါတယ်။
ခြေသည်းတွေ အဖြူရောင် ပြောင်းပြီး ခြေသည်းတစ်ဝိုက် အရေခွံကွာသလို ဒဏ်ရာလေးတွေရှိနေပြီဆိုရင် ဆေးဝါး ကုသဖိို့လိုအပ်တဲ့ ရောဂါတစ်ခုခုဖြစ်နေပြီလို့ ယူဆနိိုင်ပါတယ်။
၆။ ခြေသည်းအရောင်ပြောင််းခြင်း။
ခြေသည််းနီမကြာခဏ ဆိုးတတ်သူတွေမှာ ခြေသည်းဝါလေ့ရှိိပေမယ့် အသည်း ရောဂါ၊ တီဘီရောဂါနဲ့ သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်းတို့ကြောင့်လည်း
ခြေသည်းက အဝါရော င်ပြောင်းတတ်ပါတယ်။ အသက်ရှှု လမ်းကြောင်းဆိုင်ရာြ ပဿနာဖြစ်စေတဲ့ လေပြွန်ဆိုင်ရာရောဂါဖြစ်ခြင်းကိို ညွှန်ပြနေတဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။
၇။ ခြေထောက်တဆစ်ဆစ်ကိိုက်ခြင်းနှင့််ထုံကျင်ခြင်း။
ဆီးချိုသွေးချိုသမားတွေရဲ့ သွေးကြောထဲမှာ ဂလူးကိို့စ်ပါဝင်မှု နှုန်းများပြားပြီး သွေးကြောမျှင်လေးတွေကို ပျက်စီးစေပါတယ်။
သွေးကြောမျှင်လေးတွေ ပျက်စီးခြင််းက ခြေထောက်မှာ တဆစ်ဆစ်ကိုက်ခြင်း၊ ယားယံခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
မကြာခဏ ဆိုသလို တဆစ်ဆစ်ကိိုက်ခြင်း၊ ထုံကျင်ခြင်းတို့က ဦးနှောက်သွေးခဲခြင်းနှင့် လေဖြတ် ခြင်းတိို့ဖြစ်ပေါ်နိုင်ကြောင်း သတိပေးနေတဲ့လက္ခဏာဖြစ်ပါတယ်။
၈။ ခြေဆစ်နာကျင်ခြင်း
အဆစ်ရောင်ရောဂါကြောင့် အရိုးတွေဆက်သွယ်တဲ့နေရာက အရွတ်လေးတွေ စုတ်ပြဲတတ်ပါတယ်။ အရွတ်စုတ်ပြဲတဲ့ဒဏ်က
ခြေဆစ်လေးတွေကိို ဖူးရောင်ပြီး နာကျင် စေပါတယ်။ မိမိနဲ့သေးလွန်းတဲ့ဖိနပ်၊ မြင့်လွန်းတဲ့ဒေါက်ဖိနပ်တွေစီးခြင််းကလည််း ခြေဆစ်တွေကိို ရောင်ရမ်းနာကျင်စေပါတယ်။
၉။ ကာလကြာရှည်စွာအနာဖြစ်ခြင််း
ခြေထောက်မှာ ကာလကြာရှှည်စွာ အနာဖြစ်တာက ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ ဆီးချိုကြောင့်် ခြေထောက်ရဲ့
သွေးကြောမျှင် လေးတွေ ပျက်စီးပြီး ခြေထောက်မှာ နာတာရှည်ရောဂါဖြစ်ကာ တစ်ခါတလေမှာ ခြေထောက်ဖြတ်ရသည်အထိိဖြစ်တတ်ပါတယ်
ခြေဖနောင့်အက်ကွဲခြင်း၊ အရေခွံ ကွာခြင်းနှင့် အသားမာတက်ခြင်းတိို့ကလည်း ဆီးချိုရောဂါကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။
အကယ်၍ သင်တို့ရဲ့ခြေထောက်မှာ ပြောင်းလဲမှု လေးတွေဖြစ်တယ်ဆိုရင် မပေါ့ဆဘဲ သေချာဂရုစိိုက်ပါနော်။ ခြေထောက်မှာဖြစ်တဲ့ အနာလေးတွေကြောင့်
အသက်မဆုံးရှုံးနိုင်ပေမယ့် အဲ့ဒီလက္ခဏာလေးတွေက ညွှန်ပြနေတဲ့ရောဂါတွေကြောင့် အသက်အန္တရာယ်ထိခိုက်စေနိုင်တာကို သတိပြုပါလို့ အကြံပေးပါရစေရှင်။
ကျန်းမာရေးအသိိအမြင်လေးတွေကို ချစ်ခင်ရသူတွေဖတ်ဖိို့ ဝေမျှလိိုက်ဦးနော်။
Credit to မေတ္တာဖြင့််…TKW
ခြေထောက်တွေကသတိပေးနေသော အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့လက္ခဏာရပ်များ
အရွတ်ပေါင်း ၁ဝဝ၊ မရေမတွက်နိုင်တဲ့ သွေးကြောမျှင်လေးတွေနဲ့ ကြွက်သားတွေပါဝင်ပါတယ်။
ဒါ့ကြောင့် ခြေထောက်တွေရဲ့ မူမ မှန်တဲ့ အခြေအနေတွေကနေတဆင့် ကျွန်မတို့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ ကျန်းမာရေး ချို့ယွင်းမှုတွေကို သိရှိနိုင်ပါတယ်။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၃။ ခြေဖျားအေးစက်ခြင်း။
ခြေဖဝါးက အနီရောင်ကနေ ဖြူဖျော့သွား တာက ခြေထောက်သွေးကြောကျဉ်းပြီး ခြေဖျားတွေအေးစက်စေတဲ့ ရှေ့ပြေးလက္ခဏာ လည်း ဖြစ်ပါတယ်။
ခြေသည်းတွေ အဖြူရောင် ပြောင်းပြီး ခြေသည်းတစ်ဝိုက် အရေခွံကွာသလို ဒဏ်ရာလေးတွေရှိနေပြီဆိုရင် ဆေးဝါး ကုသဖို့လိုအပ်တဲ့ ရောဂါတစ်ခုခုဖြစ်နေပြီလို့ ယူဆနိုင်ပါတယ်။
၆။ ခြေသည်းအရောင်ပြောင်းခြင်း။
ခြေသည်းနီမကြာခဏ ဆိုးတတ်သူတွေမှာ ခြေသည်းဝါလေ့ရှိပေမယ့် အသည်း ရောဂါ၊ တီဘီရောဂါနဲ့ သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်းတို့ကြောင့်လည်း
၇။ ခြေထောက်တဆစ်ဆစ်ကိုက်ခြင်းနှင့်ထုံကျင်ခြင်း။
ဆီးချိုသွေးချိုသမားတွေရဲ့ သွေးကြောထဲမှာ ဂလူးကို့စ်ပါဝင်မှု နှုန်းများပြားပြီး သွေးကြောမျှင်လေးတွေကို ပျက်စီးစေပါတယ်။
သွေးကြောမျှင်လေးတွေ ပျက်စီးခြင်းက ခြေထောက်မှာ တဆစ်ဆစ်ကိုက်ခြင်း၊ ယားယံခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
မကြာခဏ ဆိုသလို တဆစ်ဆစ်ကိုက်ခြင်း၊ ထုံကျင်ခြင်းတို့က ဦးနှောက်သွေးခဲခြင်းနှင့် လေဖြတ် ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သတိပေးနေတဲ့လက္ခဏာဖြစ်ပါတယ်။
၈။ ခြေဆစ်နာကျင်ခြင်း
ခြေဆစ်လေးတွေကို ဖူးရောင်ပြီး နာကျင် စေပါတယ်။ မိမိနဲ့သေးလွန်းတဲ့ဖိနပ်၊ မြင့်လွန်းတဲ့ဒေါက်ဖိနပ်တွေစီးခြင်းကလည်း ခြေဆစ်တွေကို ရောင်ရမ်းနာကျင်စေပါတယ်။
၉။ ကာလကြာရှည်စွာအနာဖြစ်ခြင်း
ခြေထောက်မှာ ကာလကြာရှည်စွာ အနာဖြစ်တာက ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ ဆီးချိုကြောင့် ခြေထောက်ရဲ့
သွေးကြောမျှင် လေးတွေ ပျက်စီးပြီး ခြေထောက်မှာ နာတာရှည်ရောဂါဖြစ်ကာ တစ်ခါတလေမှာ ခြေထောက်ဖြတ်ရသည်အထိဖြစ်တတ်ပါတယ်
ခြေဖနောင့်အက်ကွဲခြင်း၊ အရေခွံ ကွာခြင်းနှင့် အသားမာတက်ခြင်းတို့ကလည်း ဆီးချိုရောဂါကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။
ကျန်းမာရေးအသိအမြင်လေးတွေကို ချစ်ခင်ရသူတွေဖတ်ဖို့ ဝေမျှလိုက်ဦးနော်။
Credit to မေတ္တာဖြင့်…TKW