လူတိုင်း လူတိုင်း ဘယ်တော့မှ မေ့သွားကြမှာ မဟုတ်တဲ့ တစ်ဦးတည်းသောလူက သူတို့ရဲ့အချစ်ဦးပါ။ ဘာကြောင့်မမေ့ကြလဲ ဆိုတာကတော့ ကောင်းသော သတိရခြင်းတွေနဲ့ မမေ့တဲ့သူတွေရှိသလို၊ ဆိုးတော့ အတိတ်တွေကြောင့် မေ့မသွားတဲ့ သူတွေလဲ ရှိတယ်ပါတယ်နော်။ဘာဖြစ်လို့လဲဆိုတော့-
၁။ ဘဝရဲ့ပထမဦးဆုံးသောခံစားချက်လေးများ
အချစ်ဦးဆိုတာ မိသားစုမဟုတ်တဲ့ ပထမဦးဆုံးချစ်ခင်မြတ်နိုးခဲ့မိတဲ့ တစ်စိမ်းတစ်ယောက်ဖြစ်တာကြောင့် သူနဲ့ အတူလုပ်ဆောင်ခဲ့တဲ့ အရာတိုင်းဟာ မေ့မရနိုင်သော ပထမဦးဆုံးများသာ ဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် (အနမ်းပေးတာ၊ ပွေ့ဖက်တာ၊ ရန်ဖြစ်တာလေးတွေက အစပါ)
၂။ ရင်ခုန်ခြင်းများ
ဘဝမှာတစ်ခါမှမဖြစ်ခဲ့ဖူးတဲ့ ရင်ခုန်ခြင်းဆိုတာကိုအချစ်ဦးက ဖြစ်စေခဲ့တယ်။ ရင်ခုန်တတ်အောင်သင်ပေးခဲ့တဲ့ ပထမဦးဆုံးကိုယ့်ရဲ့လက်ဦးဆရာအချစ်ဦးကိုဘယ်သူမှမေ့နိုင်မှာမဟုတ်ပါဘူး။
၃။ အချစ်ဦးကိုအတွက်ထားခဲ့ဖူးတဲ့ခံယူချက်
လူတစ်ယောက်ဟာသူ့ချစ်သူကို “ကမ္ဘာပေါ်မှာသူ့ထက်ပိုပြီးချစ်ရမဲ့သူမရှိတော့ဘူးလို့” သတ်မှတ်လိုက်တဲ့အခါ ဦးနှောက်နဲ့ နှလုံးသားဟာ သေတပန်သက်တစ်ဆုံးထိုခံစားချက်ကို မှတ်သွားတတ်ပါတယ်။ လူတိုင်းဟာအချစ်ဦး ကို အဲ့လိုသတ်မှတ်ခဲ့ဖူးတာကြောင့် မေ့မရနိုင်ခြင်းလည်းဖြစ်ပါတယ်။
၄။ ဦးဆုံးသင့်ဘဝရဲ့အသဲခွဲသမား
တခါမှမခံစားခဲ့ရဖူးသောနာကျင်ခြင်း၊ ကြေကွဲခြင်း၊ ငိုကျွေးခြင်း၊ လွမ်းဆွေးခြင်း၊ နာကျဉ်းမှုတွေ အပါအဝင်စတဲ့ ရသမျိုးစုံကိုပေးခဲ့တဲ့အချစ်ဦးဆိုတဲ့ ထိုသူကို လူတိုင်းလူတိုင်း ဘယ်တော့အခါမှ မေ့သွားမှာမဟုတ်တာအမှန်။
၅။ ထာဝရအမှတ်တရများ
တစ်သက်မမေ့နိုင်တဲ့ ပထမဦးဆုံးသော ချိူမြိန်တဲ့အမှတ်တရတွေကို ( လက်တွဲ၍လမ်းလျှောက်ဖူးခြင်း၊ မုန့်အတူစားခြင်း၊ခရီးအတူသွားခြင်း စသည်ဖြင့်) အတူတူဖြတ်သန်းခဲ့ဖူးတာလည်း အချစ်ဦးနဲ့ ဖြစ်တာကြောင့် တိုက်ဆိုင်မှုတွေပေါ်လာခဲ့အခါတိုင်းမှာ နှလုံးသားမှာနာကျင်စွာသတိရနေမြဲပါ။
၆။ ဖြူစင်တဲ့ဘဝလေးပျောက်ဆုံးခဲ့
အချစ်ဦးကိုမေ့မရနိုင်တဲ့နောက်ထပ်အကြောင်းရင်းတစ်ခုက အချစ်ဦးဟာ သင့်ဘဝရဲ့ဖြူစင်ခြင်းတွေကို ပျောက်စေခဲ့သူ တစ်ယောက်ဖြစ်ခဲ့လို့ပါ။ အချစ်ဦးဟာ ရိုးရှင်းတဲ့ကလေးဘဝနဲ့ မလိမ်ညာတတ်တဲ့သူကို လိမ်ညာတတ်စေခဲ့တယ်။ မငိုတတ်ခဲ့ဖူးတဲ့ သူကိုငိုတတ်စေခဲ့ပါတယ်။ အချစ်ဆိုတာကို မသိခဲ့ပေမဲ့လည်းသူကြောင့်ချစ်တတ်ခဲ့ရဖူးတယ်။
၇။ အကြောက်တရားကင်းတဲ့ပထမဆုံးအချစ်
ပထမဆုံးအချစ်ဟာ မိုက်ရူးရဲဆန်ပြီး ရူးကြောင်ကြောင်နိုင်ပါတယ်။ အကြောက်တရားလည်းကင်းပြီး စွန့်စားခြင်းတွေများခဲ့တာကြောင့် ကိုယ့်ရဲ့ခပ်မိုက်မိုက်အချစ်နဲ့အချိန်တွေကိုဘယ်တော့မှမမေ့နိုင်ကြပါ။
၈။ ကျေးဇူးတင်စိတ်
အချစ်ဦးပေးတဲ့ ရသစုံ သင်ခန်းစာတွေကြောင့် နောက်ထပ်ဖြစ်လာမဲ့ အချစ်သစ်တွေအပေါ် ကိုဘယ်လိုခံစားချက်နဲ့ စိတ်ထားမျိုးထားရှိရမလဲဆိုတာ ကိုသိရှိရတဲ့အတွက်လည်း ကျေးဇူးတင်တဲ့စိတ်လေးနဲ့သတိရနေတတ်ပါတယ်။
၉။ပထမဦးဆုံးယုံကြည်မိသူ
မိသားစုမှလွဲပြီး ကိုယ်ရဲ့ပထမဦးဆုံး ယုံကြည်အားကိုးခဲ့ရဖူးသူ စိတ်ကူးယဉ်အိမ်မက်တွေလည်းနှစ်ယောက်အတူ တည်ဆောက်ခဲ့သူကို ဘယ်သောအခါမှမမေ့တတ်ကြပါ။
၁၀။ နှလုံးသားပထမဦးဆုံးနေရာယူခဲ့သူ
ဘာမှမသိသေးတဲ့ငယ်သူတစ်ယောက်ရဲ့နှလုံးသား မှာ အချစ်ဦးကို နေရာအပြည့်ပေးလိုက်တဲ့အခါ အချစ်ဦးပျောက်ကွယ်သွားပြီး အချစ်သစ်တွေရှိခဲ့ရင်တော့ ထိုနှလုံးရဲ့ပထမဦးဆုံးပိုင်ရှင်ဟာအချစ်ဦးပဲဖြစ်နေကို မိမိကိုယ်တိုင်ကသိနေတာကြောင့်လည်း မမေ့နိုင်တာပါနော်။
Zawgyi
လူတိုင္း လူတိုင္း ဘယ္ေတာ့မွ ေမ့သြားၾကမွာ မဟုတ္တဲ့ တစ္ဦးတည္းေသာလူက သူတို႔ရဲ႕အခ်စ္ဦးပါ။ ဘာေၾကာင့္မေမ့ၾကလဲ ဆိုတာကေတာ့ ေကာင္းေသာ သတိရျခင္းေတြနဲ႔ မေမ့တဲ့သူေတြရွိသလို၊ ဆိုးေတာ့ အတိတ္ေတြေၾကာင့္ ေမ့မသြားတဲ့ သူေတြလဲ ရွိတယ္ပါတယ္ေနာ္။ဘာျဖစ္လို႔လဲဆိုေတာ့-
၁။ ဘဝရဲ႕ပထမဦးဆုံးေသာခံစားခ်က္ေလးမ်ား
အခ်စ္ဦးဆိုတာ မိသားစုမဟုတ္တဲ့ ပထမဦးဆုံးခ်စ္ခင္ျမတ္ႏိုးခဲ့မိတဲ့ တစ္စိမ္းတစ္ေယာက္ျဖစ္တာေၾကာင့္ သူနဲ႔ အတူလုပ္ေဆာင္ခဲ့တဲ့ အရာတိုင္းဟာ ေမ့မရႏိုင္ေသာ ပထမဦးဆုံးမ်ားသာ ျဖစ္ပါတယ္။ ဥပမာေျပာရမယ္ဆိုရင္ (အနမ္းေပးတာ၊ ေပြ႕ဖက္တာ၊ ရန္ျဖစ္တာေလးေတြက အစပါ)
၂။ ရင္ခုန္ျခင္းမ်ား
ဘဝမွာတစ္ခါမွမျဖစ္ခဲ့ဖူးတဲ့ ရင္ခုန္ျခင္းဆိုတာကိုအခ်စ္ဦးက ျဖစ္ေစခဲ့တယ္။ ရင္ခုန္တတ္ေအာင္သင္ေပးခဲ့တဲ့ ပထမဦးဆုံးကိုယ့္ရဲ႕လက္ဦးဆရာအခ်စ္ဦးကိုဘယ္သူမွေမ့ႏိုင္မွာမဟုတ္ပါဘူး။
၃။ အခ်စ္ဦးကိုအတြက္ထားခဲ့ဖူးတဲ့ခံယူခ်က္
လူတစ္ေယာက္ဟာသူ႔ခ်စ္သူကို “ကမာၻေပၚမွာသူ႔ထက္ပိုၿပီးခ်စ္ရမဲ့သူမရွိေတာ့ဘူးလို႔” သတ္မွတ္လိုက္တဲ့အခါ ဦးေႏွာက္နဲ႔ ႏွလုံးသားဟာ ေသတပန္သက္တစ္ဆုံးထိုခံစားခ်က္ကို မွတ္သြားတတ္ပါတယ္။ လူတိုင္းဟာအခ်စ္ဦး ကို အဲ့လိုသတ္မွတ္ခဲ့ဖူးတာေၾကာင့္ ေမ့မရႏိုင္ျခင္းလည္းျဖစ္ပါတယ္။
၄။ ဦးဆုံးသင့္ဘဝရဲ႕အသဲခြဲသမား
တခါမွမခံစားခဲ့ရဖူးေသာနာက်င္ျခင္း၊ ေၾကကြဲျခင္း၊ ငိုေကြၽးျခင္း၊ လြမ္းေဆြးျခင္း၊ နာက်ဥ္းမႈေတြ အပါအဝင္စတဲ့ ရသမ်ိဳးစုံကိုေပးခဲ့တဲ့အခ်စ္ဦးဆိုတဲ့ ထိုသူကို လူတိုင္းလူတိုင္း ဘယ္ေတာ့အခါမွ ေမ့သြားမွာမဟုတ္တာအမွန္။
၅။ ထာဝရအမွတ္တရမ်ား
တစ္သက္မေမ့ႏိုင္တဲ့ ပထမဦးဆုံးေသာ ခ်ိဴၿမိန္တဲ့အမွတ္တရေတြကို ( လက္တြဲ၍လမ္းေလွ်ာက္ဖူးျခင္း၊ မုန႔္အတူစားျခင္း၊ခရီးအတူသြားျခင္း စသည္ျဖင့္) အတူတူျဖတ္သန္းခဲ့ဖူးတာလည္း အခ်စ္ဦးနဲ႔ ျဖစ္တာေၾကာင့္ တိုက္ဆိုင္မႈေတြေပၚလာခဲ့အခါတိုင္းမွာ ႏွလုံးသားမွာနာက်င္စြာသတိရေနၿမဲပါ။
၆။ ျဖဴစင္တဲ့ဘဝေလးေပ်ာက္ဆုံးခဲ့
အခ်စ္ဦးကိုေမ့မရႏိုင္တဲ့ေနာက္ထပ္အေၾကာင္းရင္းတစ္ခုက အခ်စ္ဦးဟာ သင့္ဘဝရဲ႕ျဖဴစင္ျခင္းေတြကို ေပ်ာက္ေစခဲ့သူ တစ္ေယာက္ျဖစ္ခဲ့လို႔ပါ။ အခ်စ္ဦးဟာ ႐ိုးရွင္းတဲ့ကေလးဘဝနဲ႔ မလိမ္ညာတတ္တဲ့သူကို လိမ္ညာတတ္ေစခဲ့တယ္။ မငိုတတ္ခဲ့ဖူးတဲ့ သူကိုငိုတတ္ေစခဲ့ပါတယ္။ အခ်စ္ဆိုတာကို မသိခဲ့ေပမဲ့လည္းသူေၾကာင့္ခ်စ္တတ္ခဲ့ရဖူးတယ္။
၇။ အေၾကာက္တရားကင္းတဲ့ပထမဆုံးအခ်စ္
ပထမဆုံးအခ်စ္ဟာ မိုက္႐ူးရဲဆန္ၿပီး ႐ူးေၾကာင္ေၾကာင္ႏိုင္ပါတယ္။ အေၾကာက္တရားလည္းကင္းၿပီး စြန႔္စားျခင္းေတြမ်ားခဲ့တာေၾကာင့္ ကိုယ့္ရဲ႕ခပ္မိုက္မိုက္အခ်စ္နဲ႔အခ်ိန္ေတြကိုဘယ္ေတာ့မွမေမ့ႏိုင္ၾကပါ။
၈။ ေက်းဇူးတင္စိတ္
အခ်စ္ဦးေပးတဲ့ ရသစုံ သင္ခန္းစာေတြေၾကာင့္ ေနာက္ထပ္ျဖစ္လာမဲ့ အခ်စ္သစ္ေတြအေပၚ ကိုဘယ္လိုခံစားခ်က္နဲ႔ စိတ္ထားမ်ိဳးထားရွိရမလဲဆိုတာ ကိုသိရွိရတဲ့အတြက္လည္း ေက်းဇူးတင္တဲ့စိတ္ေလးနဲ႔သတိရေနတတ္ပါတယ္။
၉။ပထမဦးဆံုးယံုၾကည္မိသူ
မိသားစုမွလြဲၿပီး ကိုယ္ရဲ႕ပထမဦးဆုံး ယုံၾကည္အားကိုးခဲ့ရဖူးသူ စိတ္ကူးယဥ္အိမ္မက္ေတြလည္းႏွစ္ေယာက္အတူ တည္ေဆာက္ခဲ့သူကို ဘယ္ေသာအခါမွမေမ့တတ္ၾကပါ။
၁၀။ ႏွလုံးသားပထမဦးဆုံးေနရာယူခဲ့သူ
ဘာမွမသိေသးတဲ့ငယ္သူတစ္ေယာက္ရဲ႕ႏွလုံးသား မွာ အခ်စ္ဦးကို ေနရာအျပည့္ေပးလိုက္တဲ့အခါ အခ်စ္ဦးေပ်ာက္ကြယ္သြားၿပီး အခ်စ္သစ္ေတြရွိခဲ့ရင္ေတာ့ ထိုႏွလုံးရဲ႕ပထမဦးဆုံးပိုင္ရွင္ဟာအခ်စ္ဦးပဲျဖစ္ေနကို မိမိကိုယ္တိုင္ကသိေနတာေၾကာင့္လည္း မေမ့ႏိုင္တာပါေနာ္။