ကမ္ဘာတစ်ဝန်းမှာ ရှိကြတဲ့တစ်ချို့သော စုံတွဲတွေ ၊လင်မယားတွေဟာ အိမ်ထောင်သက် ၇နှစ် လောက်ပေါင်းနေနိုင်ဖို့က အလွန့်ကို ခဲရင်းပါတယ်။ဒါပေမဲ့ အခုဖော်ပြပေးမဲ့ လင်မယားနှစ်ဦးကတော့ အိမ်ထောင်သက် ၇၅ နှစ် anniversary မှာ တစ်ယောက် လက်မောင်းပေါ်တစ်ယောက်အိပ်စက်ရင်း သေဆုံးသွားကြတဲ့ဖြစ်ရပ်လေးပါ။ Jeanette နဲ့ Alexander Loczko အမည်ရှိ လင်မယားနှစ်ဦးက လွန်ခဲ့တဲ့ ၈နှစ်ကတည်းက အတူတူနာမကျန်းဖြစ်နေကြတာပါ။
အဘိုးအိုက သူ့ရဲ့ ခေါက်ပိုက်ဆံအိတ်ထဲမှာ သူမနဲ့ထိမ်းမြှားလက်ထပ်ချိန်တုန်းကရိုက်ထားတဲ့ လက်ထပ်ဓာတ်ပုံလေးကို အမြဲသိမ်းထားပါတယ်။ သူတို့တွေက ၁၉၄၀ ခုနှစ်၊ဇွန်လ ၊၂၉ ရက်နေ့မှာ ထိမ်းမြှားလက်ထပ်ခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် ဝေးကွာခြင်းမရှိဘဲ အမြဲတတွဲတွဲနဲ့ သွားလာနေထိုင်ခဲ့ကြတာပါ။ နောက်ပြီး သူတို့ရဲ့နောက်ဆုံးအချိန်မှာ တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး သေဆုံးသွားချင်တယ်လို့ သူတို့ရဲ့ကလေးတွေကို ပြောခဲ့ပါတယ်။
ရုတ်တရက် သူတို့ရဲ့အိမ်ထောင်သက် ၇၅ နှစ်မှာ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် အဓိဌာန် ပြုခဲ့ပြီး Alexander ဆုံးသွားတဲ့အခါမှာ Jeanetteက “ရှင်ကျွန်မလက်ပေါ်မှာဘဲ သေဆုံးချင်ခဲ့တဲ့ဆန္ဒကို ကျွန်မဖြည့်ဆည်းပေးလိုက်ပါပြီ။ ကျွန်မရှင့်ကို အရမ်းချစ်ပါတယ်။နောင်ဘဝကျရင်လည်း ရှင်နဲ့ပြန်ဆုံပြီး အမြဲထာဝရမခွဲဘဲချစ်ချင်ပါသေးတယ်”လို့ သူမ မဆုံးခင်အချိန်အနည်းငယ်တွင်းမှာ သူမချစ်မြတ်နိုးရတဲ့ Alexander ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့ပါတယ်။
ကျွန်တော့်အနေနဲ့ဆိုရင် ကျွန်တော်ချစ်မြတ်နိုးရတဲ့ ဇနီးနဲ့ အိမ်ထောင်သက် အနည်းဆုံး၅နှစ်လောက်ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ရင်ကျွန်တော့်အတွက် လုံလောက်နေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ပြင်းပြတဲ့စိတ်ဆန္ဒရှိရင်တော့ အဲ့ဒီလင်မယားနှစ်ဦးလိုဘဲ ကြည်နူးအံ့သြဖွယ်ကောင်းတဲ့ဘဝတစ်ခုကို တည်ဆောက်နိုင်ကြမှာအမှန်ပါ။
Mia (Mckzone Daily)
Source : buzznicked
Zawgyi