Credit- CeleGabar
Source- SeinPhyo& Yi
ပရိသတ်ကြီးရေ စိန်ဖြိုးကတော့ တစ်ခတ်တစ်ခါနာမည်ကြီးမင်းသမီးနန္ဒါလှိုင်ရဲ့အငယ်ဆုံးမောင်လေးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို မောင်ဆိုတဲ့ နာမည်နဲ့လုပ်ကိုင်ခဲ့ပြီး အခုချိန်မှာတော့မော်ဒယ်လ်မင်းသမီးဟောင်း တစ်လက်ဖြစ်တဲ့ ရီရီပွင့်ဖြူနဲ့ချစ်သူတွေဖြစ်ကာ vlogလေးတွေကို SeinPhyi&Yi Pageကနေ တင်လျက်ရှိတာပါ။
ချစ်သူသက်တမ်း ၉နှစ်ရှိတဲ့ ချစ်သူနှစ်ဦးဖြစ်တဲ့ စိန်ဖြိုးနဲ့ရီရီတို့ကတော့ဒီနေ့ကျရောက်တဲ့ဖေဖော်ဝါရီလ၂၂ရက်နေ့မှာ” 22.2.22ဒီနေ့လိုထူးခြားတဲ့ ရက်ကောင်းရက်မြတ် လေးမှာ စိန်ဖြိုးနဲ့ရီ တို့ရဲ့ မင်္ဂလာဦးဆွမ်းကပ်အလှူလေး ပြုခဲ့ပါတယ်….ချမ်းမြေ့ရိပ်သာမှာကျောင်းတိုက် ဧည့်သည်မပါဘဲ ၂ယောက်တည်းပဲ ရေစက်ချ တရားနာပြီး တနေ့တာဆွမ်းကပ်လှူလိုက်ပါတယ်…။သံဃာတော်တွေ ကိုလည်း အရင်လို ဆွမ်းစားဆောင်မှာ ဆွမ်းကပ်တာမျိုးမဟုတ်ဘဲ ကျောင်းဆောင်တွေကို ဆွမ်းချိုင့်နဲ့ ပို့ဆွမ်းကပ်ရပါတယ်…။
ပြီးမှ နှစ်ဘက်မိသားစုဆွေမျိုးတွေအိမ်ကို မုန့်လိုက်ပို့တယ်… ရုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိုလည်း ပါဆယ်နဲ့ပဲ မုန့်လိုက်ဝေလိုက်တယ်…မိဘတွေကိုရော ကျောင်းကဘုန်းဘုန်းတွေရော လာမယ့် ဧည့်သည်တွေရော Covid ကူးစက်တာမျိုးဖြစ်မှာ စိုးရိမ်တာကြောင့် ခုလိုလေးပဲ စီစဉ်လိုက်ရပါတယ်….ရိုးရိုးရှင်းရှင်းလေးပဲဖြတ်သန်းခဲ့ရပေမယ့်
ဒီနေ့လေးက လာမယ့်နှစ်တိုင်း နှစ်တိုင်းမှာ မင်္ဂလာနှစ်ပတ်လည်ေ န့လေးအဖြစ် အမြဲအမှတ်တရ ရှိနေမှာပါ… 🥰🥰🥰”ဆိုတဲ့စာလေးနဲ့ ရိုးရှင်းလှတဲ့ မင်္ဂလာဦးဆွမ်းကပ်လေးကို ပြုလုပ်ခဲ့တဲ့ပုံရိပ်လေးတွေတင်လါခဲ့တာပါ။ပရိသတ်တွေအတွက် စိန်ဖြိုးနဲ့ရီရီတို့ရဲ့ မင်္ဂလာဦးဆွမ်းကပ် ပုံရိပ်လေးတွေကို တင်လာခဲ့တာပါ။
Credit- CeleGabar
Source- SeinPhyo& Yi