ၾကားသိရသမွ်

သေဆုံးသွားတဲ့ ဇနီးကို မခွဲခွာနိုင်တာကြောင့် ရုပ်အလောင်းကို

အချစ်က လူတွေကို ထူးထူးခြားခြား လုပ်နိုင်စေတဲ့အရာဆိုတာ အမှန်လို့ ကျွန်တော် ယုံကြည့်ပါတယ် ။ ဗီယက်နမ်နိုင်ငံ Quang Nam မှာရှိတဲ့ အမျိုးသားတစ်ဦးဟာ သေဆုံးသွားတဲ့ ဇနီးသည်ရဲ့အလောင်းနဲ့အတူ နှစ်ပေါင်းများစွာ အတူတူစားရင်း အတူတူအိပ်‌ခဲ့ပါတယ် ။

ဒီအဖြစ်လေးကို ကြားတော့ လူအများနှစ်သက်သဘောကျတဲ့ ဆွေးနွေးမှုတစ်ခု ဖြစ်လာခဲ့ပါတယ် ။ ထိုလူရဲ့အမည်မှာ LVလို့ အမည်ရှိပြီး လင်မယားချင်း ပေါင်းဖော်ခြင်းတို့ဖြင့် အိမ်ထောင်ကျပြီး သားသမီး ၇ ဦးရှိပါတယ် ။ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကြောင့် သားသမီးများကို ပြုစုစောင့်ရှောက်ရန် အိမ်ကနေ့ ထွက်ခွာပြီး အဝေးမှာ အလုပ်လုပ်ခဲ့ရပါတယ် ။

အလုပ်လုပ်နေစဉ် Mr.V. က သူ့မိန်းမရုတ်တရက် ဆုံးသွားကြောင်းကြားသဖြင့် Quang Nam သို့ ချက်ချင်းပြန်သွားသော်လည်း မိနစ်အနည်းငယ်မျှသာ သူမကိုတွေ့ခဲ့ရပါတယ် ။

ဇနီးဖြစ်သူ ဆုံးသွားတာကြောင့် မစ္စတာ V. ဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းလာကာ ဇနီးဖြစ်သူရဲ့ အုတ်ဂူနား တစ်ခါတစ်ရံ အိပ်နေခဲ့ပါတယ် ။

အဲ့ဒီနောက် မစ္စတာ V. က ဇနီးရဲ့ ရုပ်အလောင်းကို အင်္ဂတေနဲ့ ဘိလပ်မြေဖြင့် လျှို့ဝှက်ဖုံးအုပ်ကာ အဝတ်အစားများ ထပ်မံဝတ်ဆင်ပြီး နှုတ်ခမ်းနီကို လိမ်းပေးခဲ့ပါတယ် ။ ထိုအချိန်မှ စပြီး ညတိုင်း သူက ရုပ်ထုကို ပွေ့ဖက်ကာ အိပ်ပျော်သွားခဲ့ပါတယ် ။

ဒီလိုဖြစ်သွားပြီး သိပ်မကြာခင်မှာပဲ မစ္စတာ V ရဲ့ ကလေးတွေက အဲဒီအကြောင်းကို သိသွားပြီး အာဏာပိုင်တွေကလည်း သူ့အိမ်ကို သွားပြီး အကြံပေးခဲ့ပေမဲ့ မစ္စတာ V က လက်မခံခဲ့ပါဘူး ။ လက်ရှိအချိန်အထိ နှစ်ပေါင်း ၂၀ နီးပါး ကုန်ဆုံးသွားသော်လည်း မစ္စတာ V.က ဇနီးသည်အပေါ် ထားရှိခဲ့တဲ့ သံယောဇဉ်က ပြောင်းလဲသွားခြင်းမရှိဘဲ ထိုအတိုင်း ဆက်လက်နေထိုင်နေပါတယ် ။ လင်နဲ့မယား ချစ်ခြင်းမေတ္တာဟာ အလွန်နက်နဲတဲ့ နှောင်ကြိုးတစ်ခုဖြစ်ပါတယ် ။

.

.

JRose (KB Chimmy one)

Reference : yan

Zawgyi

အခ်စ္က လူေတြကို ထူးထူးျခားျခား လုပ္ႏိုင္ေစတဲ့အရာဆိုတာ အမွန္လို႔ ကြၽန္ေတာ္ ယုံၾကည့္ပါတယ္ ။ ဗီယက္နမ္ႏိုင္ငံ Quang Nam မွာရွိတဲ့ အမ်ိဳးသားတစ္ဦးဟာ ေသဆုံးသြားတဲ့ ဇနီးသည္ရဲ႕အေလာင္းနဲ႔အတူ ႏွစ္ေပါင္းမ်ားစြာ အတူတူစားရင္း အတူတူအိပ္‌ခဲ့ပါတယ္ ။ ဒီအျဖစ္ေလးကို ၾကားေတာ့ လူအမ်ားႏွစ္သက္သေဘာက်တဲ့ ေဆြးေႏြးမႈတစ္ခု ျဖစ္လာခဲ့ပါတယ္ ။

ထိုလူရဲ႕အမည္မွာ LVလို႔ အမည္ရွိၿပီး လင္မယားခ်င္း ေပါင္းေဖာ္ျခင္းတို႔ျဖင့္ အိမ္ေထာင္က်ၿပီး သားသမီး ၇ ဦးရွိပါတယ္ ။ ခက္ခဲၾကမ္းတမ္းတဲ့ ဘဝေၾကာင့္ သားသမီးမ်ားကို ျပဳစုေစာင့္ေရွာက္ရန္ အိမ္ကေန႔ ထြက္ခြာၿပီး အေဝးမွာ အလုပ္လုပ္ခဲ့ရပါတယ္ ။

အလုပ္လုပ္ေနစဥ္ Mr.V. က သူ႔မိန္းမ႐ုတ္တရက္ ဆုံးသြားေၾကာင္းၾကားသျဖင့္ Quang Nam သို႔ ခ်က္ခ်င္းျပန္သြားေသာ္လည္း မိနစ္အနည္းငယ္မွ်သာ သူမကိုေတြ႕ခဲ့ရပါတယ္ ။

ဇနီးျဖစ္သူ ဆုံးသြားတာေၾကာင့္ မစၥတာ V. ဟာ စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းလာကာ ဇနီးျဖစ္သူရဲ႕ အုတ္ဂူနား တစ္ခါတစ္ရံ အိပ္ေနခဲ့ပါတယ္ ။

အဲ့ဒီေနာက္ မစၥတာ V. က ဇနီးရဲ႕ ႐ုပ္အေလာင္းကို အဂၤေတနဲ႔ ဘိလပ္ေျမျဖင့္ လွ်ိဳ႕ဝွက္ဖုံးအုပ္ကာ အဝတ္အစားမ်ား ထပ္မံဝတ္ဆင္ၿပီး ႏႈတ္ခမ္းနီကို လိမ္းေပးခဲ့ပါတယ္ ။ ထိုအခ်ိန္မွ စၿပီး ညတိုင္း သူက ႐ုပ္ထုကို ေပြ႕ဖက္ကာ အိပ္ေပ်ာ္သြားခဲ့ပါတယ္ ။

ဒီလိုျဖစ္သြားၿပီး သိပ္မၾကာခင္မွာပဲ မစၥတာ V ရဲ႕ ကေလးေတြက အဲဒီအေၾကာင္းကို သိသြားၿပီး အာဏာပိုင္ေတြကလည္း သူ႔အိမ္ကို သြားၿပီး အႀကံေပးခဲ့ေပမဲ့ မစၥတာ V က လက္မခံခဲ့ပါဘူး ။ လက္ရွိအခ်ိန္အထိ ႏွစ္ေပါင္း ၂၀ နီးပါး ကုန္ဆုံးသြားေသာ္လည္း မစၥတာ V.က ဇနီးသည္အေပၚ ထားရွိခဲ့တဲ့ သံေယာဇဥ္က ေျပာင္းလဲသြားျခင္းမရွိဘဲ ထိုအတိုင္း ဆက္လက္ေနထိုင္ေနပါတယ္ ။ လင္နဲ႔မယား ခ်စ္ျခင္းေမတၱာဟာ အလြန္နက္နဲတဲ့ ေႏွာင္ႀကိဳးတစ္ခုျဖစ္ပါတယ္ ။

JRose (KB Chimmy one)