ၾကားသိရသမွ်







credit Hlaing (Love Feeling)

Unicode

ချစ်သူကောင်လေးနှင့် လမ်းခွဲပြီးနောက် တစ်ချိန်ကရခဲ့သော အမှတ်တရ လက်ဆောင်ပစ္စည်းများအား လေလံတင်ရောင်းချခဲ့သည့် မိန်းကလေး

ချစ်သူစုံတွဲတိုင်းလည်း အစပိုင်းတွင် တစ်ယောက်အကြောင်း တစ်ယောက်ကောင်းစွာ မသိပေးပဲ ချစ်ကြိုက်ခဲ့မိပြီး ကြာလာသည်နှင့်အမျှ သည်းမခံနိုင်တော့သည့် အဆုံး ကွဲကြကွာကြသည့်အဖြစ်များနှင့် ကြုံတွေ့ခဲ့ရသည်။

ယခုအခါတွင်လည်း ဖိလစ်ပိုင်နိုင်ငံ Quezonမြို့တွင် နေထိုင်သော မိန်းကလေးသည် ချစ်သူလေးတစ်ယောက်ထားမိကာ အချိန်ကြာချစ်ခဲ့ပြီးနောက် လက်ထပ်ဖို့ရာထိပင် ရည်ရွယ်ထားခဲ့ကြသည်။

မိန်းကလေးသည် သူတို့ချစ်သူစုံတွဲမှာ ဘယ်တော့မှ ဘာအကြောင်းနဲ့မှ မပြတ်နိုင်ပူး ဇွတ်အတင်းယုံကြည်ထားမိခဲ့ရာ မထင်မှတ်ပဲ ချစ်သူကောင်လေးဆီကနေ လမ်းခွဲစကားဆိုကာ ထားရစ်ခြင်းခံလိုက်ရသည်။

မိန်းကလေးခမျာ နှစ်ယောက်အတူတူ ဖြတ်သန်းလာခဲ့သော အမှတ်တရတွေမှာများလွန်း၍ ပြန်တွေးမိတိုင်း အရမ်းကြေကွဲခံစားခဲ့ရကာ သူတို့အချစ်ရေးမှာ ပြန်အဆင်မပြေနိုင်တော့တာကို သိရှိပြီးနောက် မေ့ပစ်လိုက်ဖို့ ကြိုးစားခဲ့သည်။

ထို့ကြောင့် မိန်းကလေးသည် အကြံတစ်ခုရသွားပြီး တစ်ချိန်ကအဆင်ပြေပြေချစ်ခဲ့တုန်းက ချစ်သူကောင်လေးမှ ဝယ်ပေးခဲ့ဖူးသော အမှတ်တရ လက်ဆောင်ပစ္စည်းများအား ၁၀ ဒေါ်လာကနေစပြီး ရောင်းချခဲ့သည်။

Hlaing (Love Feeling)