ၾကားသိရသမွ်

စစ်ကောင်စီက ကိုဗစ်အတွက် ပြည်သူများထံမှ အလှူခံ….

စစ်ကောင်စီက ကိုဗစ်အတွက် ပြည်သူများထံမှ အလှူခံ

ဇူလိုင်လ ၁၄ ရက်

ယခုလတ်တလော ဆိုးရွားစွာဖြစ်ပေါ်နေသည့် ကိုဗစ်ရောဂါကို ထိန်းချုပ်ကုသနိုင်ရန်အတွက် ပါဝင်လှူဒါန်းမှူများပြုလုပ်နိုင်ကြောင်း စစ်ကောင်စီက ၎င်းတို့ပိုင် မြဝတီမီဒီယာမှကြေညာခဲ့ရသည်။

စစ်တပ်က ထိန်းချုပ်ထားသည့် ကိုဗစ်ကုသနေသော ဆေးရုံဆေးခန်းများ၊ ကွာရန်တင်းစင်တာများ၊ ကွန်မြူနတီစင်တာများကို ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရန်အတွက် လိုအပ်သည့် ကာကွယ်ရေးပစ္စည်း၊ ဆေးဝါးအသုံးအဆောင် များကို လှူဒါန်းရန်အတွက် ပြည်သူများကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

အရပ်သားအစိုးရလက်ထက်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများကို နေမဝင်အလှူရှင်များအဖြစ် တင်စားကာ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လှူဒါန်းသူများကို ဂုဏ်ပြုခဲ့ပြီး လုပ်ငန်းရှင်များနှင့် ပြည်သူအများစုက ကိုဗစ်ရောဂါကာကွယ်ကုသရေးလုပ်ငန်းများကို အားတက်သရောပါဝင်ကူညီခဲ့ကြသည်။

သို့သော် ယခုဆိုးရွားစွာဖြစ်ပေါ်နေသည့် ကိုဗစ်တတိယလှိုင်းတွင် ကူညီမည့် ပြည်သူများမရှိသဖြင့် စစ်ကောင်စီက စေတနာ့ဝန်ထမ်းများကို နေ့စားခပေး၍ ငှားရမ်းခြင်း၊ ဆရာဝန်များကို ကန်ထရိုက်စနစ်ဖြင့် ခန့်ထားခြင်းများကို ပြုလုပ်နေရသည်။

Shwe_Khit_Media

စစ္ေကာင္စီက ကိုဗစ္အတြက္ ျပည္သူမ်ားထံမွ အလႉခံ

ဇူလိုင္လ ၁၄ ရက္

ယခုလတ္တေလာ ဆိုး႐ြားစြာျဖစ္ေပၚေနသည့္ ကိုဗစ္ေရာဂါကို ထိန္းခ်ဳပ္ကုသႏိုင္ရန္အတြက္ ပါဝင္လႉဒါန္းမႉမ်ားျပဳလုပ္ႏိုင္ေၾကာင္း စစ္ေကာင္စီက ၎တို႔ပိုင္ ျမဝတီမီဒီယာမွေၾကညာခဲ့ရသည္။

စစ္တပ္က ထိန္းခ်ဳပ္ထားသည့္ ကိုဗစ္ကုသေနေသာ ေဆး႐ုံေဆးခန္းမ်ား၊ ကြာရန္တင္းစင္တာမ်ား၊ ကြန္ျမဴနတီစင္တာမ်ားကို ကိုဗစ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ရန္အတြက္ လိုအပ္သည့္ ကာကြယ္ေရးပစၥည္း၊ ေဆးဝါးအသုံးအေဆာင္ မ်ားကို လႉဒါန္းရန္အတြက္ ျပည္သူမ်ားကို ဖိတ္ေခၚခဲ့ျခင္းျဖစ္သည္။

အရပ္သားအစိုးရလက္ထက္တုန္းကလည္း ေဒၚေအာင္ဆန္းစုၾကည္က ျပည္သူမ်ားကို ေနမဝင္အလႉရွင္မ်ားအျဖစ္ တင္စားကာ ကိုဗစ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ လႉဒါန္းသူမ်ားကို ဂုဏ္ျပဳခဲ့ၿပီး လုပ္ငန္းရွင္မ်ားႏွင့္ ျပည္သူအမ်ားစုက ကိုဗစ္ေရာဂါကာကြယ္ကုသေရးလုပ္ငန္းမ်ားကို အားတက္သေရာပါဝင္ကူညီခဲ့ၾကသည္။

သို႔ေသာ္ ယခုဆိုး႐ြားစြာျဖစ္ေပၚေနသည့္ ကိုဗစ္တတိယလႈိင္းတြင္ ကူညီမည့္ ျပည္သူမ်ားမရွိသျဖင့္ စစ္ေကာင္စီက ေစတနာ့ဝန္ထမ္းမ်ားကို ေန႔စားခေပး၍ ငွားရမ္းျခင္း၊ ဆရာဝန္မ်ားကို ကန္ထ႐ိုက္စနစ္ျဖင့္ ခန႔္ထားျခင္းမ်ားကို ျပဳလုပ္ေနရသည္။

Shwe_Khit_Media