တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း ညာလက်တစ်ဖက်နဲ့ မျက်လုံးတစ်လုံးဆုံးရှုံးခဲ့ရတဲ့ မောင်လျှံဖြိုးအောင်ကတော့ ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရသူပဲ ဖြစ်ပါတယ်..။
မကွေးနည်းပညာတက္ကသိုလ်မှာ မြို့ပြအင်ဂျင်နီယာဘာသာရပ် ကျောင်းသားဖြစ်တဲ့ အသက်(၂၂)နှစ်အရွယ် မောင်လျှံဖြိုးအောင်ဟာ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် ထောင်ထဲမှာ အရေးပေါ်ဆေးကုသဖို့ လိုအပ်နေသူလည်း ဖြစ်ပါတယ်..။
ထောင်ထဲမှာကူကယ်ရာမဲ့စွာ ချုပ်နှောင်ခံထားရတဲ့ သားလေးအတွက် မောင်လျှံဖြိုးအောင်ရဲ့မိဘတွေမှာ ယူကြုံးမရ ဝမ်းနည်းနေရသလို ဖခင်ဖြစ်သူကလည်း အတူကုသိုလ်ယူခဲ့တဲ့ အမှတ်တရတွေကို ဝေမျှရင်း သားလေးကို ဖြေမဆည်နိုင်အောင် သတိရလွမ်းဆွတ်နေပါတယ်..။
ကုသိုလ်ပြု ပရဟိတအထွေထွေရောဂါကု ဆေးခန်းမှာ ဖခင်၊ အကိုကြီးနဲ့ မိသားစုတွေအတူ သားအဖသုံးယောက် ကုသိုလ်ယူနေတဲ့ အမှတ်တရတွေကို ဝေမျှရင်း သားလေးကို အားတင်းထားဖို့ ပြောထားတာပဲ ဖြစ်ပါတယ်..။
“သားငယ်လေး မောင်လျှံဖြိုးအောင် ကုသိုလ်ပြု ပရဟိတအထွေထွေရောဂါကု ဆေးခန်းတွင် ဖခင် နှင့် အကိုကြီး နှင့် မိသားစု နှင့်အတူ ကုသိုလ်ယူနေစဉ်..
ထောင်ထဲက သားသား လျှံဖြိုးအောင် ရေ…
အားတင်း ထားပါတော့… ကယ်ရာမဲ့.. ကူရာမဲ့…
🙏🙏🙏
😥😥😥
⚖️⚖️⚖️
🕊️🕊️🕊️..” ဆိုပြီး ဖြေမဆည်နိုင်အောင် စိတ်မကောင်းဖြစ်နေရတာတွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။
ဖခင်တစ်ယောက်အနေနဲ့ သားလေး လွတ်မြောက်ဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားနေသလို တစ်ဖက်မှာလည်း နာကျင်ဝမ်းနည်မှုတွေနဲ့ ပူဆွေးသောကရောက်နေရတာ ဖြစ်ပါတယ်..။
သတင်းအရင်းမြစ်: U Hein Htet