ၾကားသိရသမွ်

မြန်မာနိုင်ငံက လာသူတွေကို စင်္ကာပူ ဝင်ခွင့်မပြုတော့ပါ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်နှုန်းများနေတဲ့အတွက် မြန်မာနိုင်ငံက လာတဲ့လူတွေ မနက်ဖြန် ဇူလိုင် ၁၅ ရက်နေ့ကစလို့ စင်ကာပူကို ဝင်ရောက်ခွင့်ပြုမှာ မဟုတ်တဲ့အကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၄ ရက်နေ့က ကြေညာလိုက်ပါတယ်။

မနက်ဖြန် ည ၁၁ နာရီ ၅၉ မိနစ်ကစလို့ လွန်ခဲ့တဲ့ ၂၁ ရက်အတွင်း မြန်မာနိုင်ငံကို ခရီးသွားရာဇဝင်ရှိတဲ့သူတွေ စင်ကာပူကို ဝင်ရောက်ခွင့် ဒါမှမဟုတ် ခရီးတထောက်နားပြီး စင်္ကာပူကတဆင့် တခြားကို သွားခွင့်မပြုဘူးလို့ ပြောပါတယ်။

စင်ကာပူမှာ ကာလရှည် နေထိုင်ခွင့်ရှိတဲ့ ဗီဇာကိုင်ဆောင်ထားသူနဲ့ ကာလတို အလည်အပတ်လာသူအားလုံး ပါဝင်ပြီး စင်္ကာပူကနေ တခြားကို သွားဖို့ ခရီးတထောက်နားသူတွေ အားလုံး အကျုံးဝင်တယ်လို့ စင်ကာပူ Straits Times သတင်းက ဇူလိုင်လ ၁၄ ရက်နေ့က ဖော်ပြပါတယ်။

ဒါတင်မက စင်္ကာပူကို လာရောက်ခွင့်ရဖို့ ကြိုတင်လျှောက်ထားလို့ ခွင့်ပြုချက်ရထားသူတွေလည်း အကျုံးဝင်ပါတယ်။ မြန်မာနိုင်ငံကို မကြာခင်က သွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင် ရှိသူတွေလည်း စင်္ကာပူကို ရောက်လာရင် ဗိုင်းရပ်စ်ကူးစက်ခံထားရတာ ရှိ-မရှိ စစ်ဆေးပါမယ်။

မြန်မာနိုင်ငံကို သွားခဲ့ပြီး ၁၄ ရက် အိမ်ထဲက အိမ်ပြင်မထွက်ဘဲ နေရသူတွေ ၁၄ ရက်မပြည့်သေးရင် သတ်မှတ်ထားတဲ့ စောင့်ကြည့်ရေး ဌာနမှာ ဆက်လက်နေထိုင်ရမှာ ဖြစ်ပြီး အဲဒီနေရာတွေကို ရောက်လာတာနဲ့ PCR ဓာတ်ခွဲနည်းပညာနဲ့ စစ်ဆေးမယ်လို့လည်း စင်္ကာပူကျန်းမာရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

ခရီးသွားတွေက ဗိုင်းရပ်စ် သယ်ဆောင်လာပြီး ပိုးဖြန့်မယ့် အန္တရာယ်ကို လျှော့ချနိုင်ဖို့နဲ့ စင်္ကာပူနယ်စပ်ရေးရာ အစီအစဉ်တွေကို ဝန်ကြီးဌာနပေါင်းစုံ ပါဝင်တဲ့ အထူးလုပ်ငန်းအဖွဲ့က ပုံမှန်သုံးသပ်နေတယ်လို့ ပြောပါတယ်။ ကမ္ဘာ့ကပ်ရောဂါ အခြေအနေ ပြောင်းလဲတာနဲ့အမျှ နယ်စပ်ရေးရာ အစီအမံတွေကို အလျှော့အတင်း ဆက်လုပ်မယ်လို့လည်း ဆိုပါတယ်။

——————————

ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ကူးစက္ႏႈန္းမ်ားေနတဲ့အတြက္ ျမန္မာႏိုင္ငံက လာတဲ့လူေတြ မနက္ျဖန္ ဇူလိုင္ ၁၅ ရက္ေန႔ကစလို႔ စင္ကာပူကို ဝင္ေရာက္ခြင့္ျပဳမွာ မဟုတ္တဲ့အေၾကာင္း စကၤာပူႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဇူလိုင္လ ၁၄ ရက္ေန႔က ေၾကညာလိုက္ပါတယ္။

မနက္ျဖန္ ည ၁၁ နာရီ ၅၉ မိနစ္ကစလို႔ လြန္ခဲ့တဲ့ ၂၁ ရက္အတြင္း ျမန္မာႏိုင္ငံကို ခရီးသြားရာဇဝင္ရွိတဲ့သူေတြ စင္ကာပူကို ဝင္ေရာက္ခြင့္ ဒါမွမဟုတ္ ခရီးတေထာက္နားၿပီး စကၤာပူကတဆင့္ တျခားကို သြားခြင့္မျပဳဘူးလို႔ ေျပာပါတယ္။

စင္ကာပူမွာ ကာလရွည္ ေနထိုင္ခြင့္ရွိတဲ့ ဗီဇာကိုင္ေဆာင္ထားသူနဲ႔ ကာလတို အလည္အပတ္လာသူအားလုံး ပါဝင္ၿပီး စကၤာပူကေန တျခားကို သြားဖို႔ ခရီးတေထာက္နားသူေတြ အားလုံး အက်ဳံးဝင္တယ္လို႔ စင္ကာပူ Straits Times သတင္းက ဇူလိုင္လ ၁၄ ရက္ေန႔က ေဖာ္ျပပါတယ္။

ဒါတင္မက စကၤာပူကို လာေရာက္ခြင့္ရဖို႔ ႀကိဳတင္ေလွ်ာက္ထားလို႔ ခြင့္ျပဳခ်က္ရထားသူေတြလည္း အက်ဳံးဝင္ပါတယ္။ ျမန္မာႏိုင္ငံကို မၾကာခင္က သြားေရာက္ခဲ့တဲ့ ခရီးသြားရာဇဝင္ ရွိသူေတြလည္း စကၤာပူကို ေရာက္လာရင္ ဗိုင္းရပ္စ္ကူးစက္ခံထားရတာ ရွိ-မရွိ စစ္ေဆးပါမယ္။

ျမန္မာႏိုင္ငံကို သြားခဲ့ၿပီး ၁၄ ရက္ အိမ္ထဲက အိမ္ျပင္မထြက္ဘဲ ေနရသူေတြ ၁၄ ရက္မျပည့္ေသးရင္ သတ္မွတ္ထားတဲ့ ေစာင့္ၾကည့္ေရး ဌာနမွာ ဆက္လက္ေနထိုင္ရမွာ ျဖစ္ၿပီး အဲဒီေနရာေတြကို ေရာက္လာတာနဲ႔ PCR ဓာတ္ခြဲနည္းပညာနဲ႔ စစ္ေဆးမယ္လို႔လည္း စကၤာပူက်န္းမာေရး ဝန္ႀကီးဌာနက ေၾကညာပါတယ္။

ခရီးသြားေတြက ဗိုင္းရပ္စ္ သယ္ေဆာင္လာၿပီး ပိုးျဖန႔္မယ့္ အႏၲရာယ္ကို ေလွ်ာ့ခ်ႏိုင္ဖို႔နဲ႔ စကၤာပူနယ္စပ္ေရးရာ အစီအစဥ္ေတြကို ဝန္ႀကီးဌာနေပါင္းစုံ ပါဝင္တဲ့ အထူးလုပ္ငန္းအဖြဲ႕က ပုံမွန္သုံးသပ္ေနတယ္လို႔ ေျပာပါတယ္။ ကမာၻ႔ကပ္ေရာဂါ အေျခအေန ေျပာင္းလဲတာနဲ႔အမွ် နယ္စပ္ေရးရာ အစီအမံေတြကို အေလွ်ာ့အတင္း ဆက္လုပ္မယ္လို႔လည္း ဆိုပါတယ္။