ၾကားသိရသမွ်

ယနေ့ ဇွဲကပင်တောင်မှ ပျောက်ဆုံးနေသည့် ဒုတိယနှစ်-သချင်္ာ ကျောင်းသူလေး၏ သတင်းအနှစ်ချုပ်

31.3.2022

ယနေ့ ဇွဲကပင်တောင်မှ ပျောက်ဆုံးနေသည့် ဒုတိယနှစ်-သချင်္ာ ကျောင်းသူလေး၏ သတင်းအနှစ်ချုပ်

ပျောက်ဆုံး အမျိုးသမီးအမည် – မဇာခြည်လှိုင်

အသက် – (၂၂) နှစ်

ပညာအရည်အချင်း – ဒုတိယနှစ်-သချင်္ာ

နေရပ် – ဘားကပ် တောကြီးကုန်းကျေးရွာ ယနေ့နေဝင်ပြီးဖြစ်၍ ရှာဖွေကယ်ဆယ်ရေး နားပါပြီး။

ပျောက်ဆုံး အမျိုးသမီးအား ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါ၍မနက်ဖြန် မီးသတ်တပ်ဖွဲ့ နှင့် ဒေသခံရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ ထပ်မံ ရှာဖွေပါမည်။

ဇွဲကပင်တောင်သည် ပေ (၂၇၀၀) ကျော် မြင့်ပြီး အရှည်

(၁၄) မိုင်ကျော် ရှိသည့် တောင်ဖြစ်သည်။

ဖြစ်စဉ်အကျဉ်း

(30.3.2022)မွန်းလွဲ(၁)နာရီခန့်က ယခုဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးနေသည့် ဒုတိယနှစ်ကျောင်းသူမှာ အမျိုးသားတဦးနဲ့ တောင်ပေါ် တက်သွားပြီး ညနေဘက် တွင် အမျိုးသားတစ်ဦးသာ တောင်ခြေ ပြန်ဆင်းလာခဲ့ပြီး အမျိုးသမီးမှာ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟုသိရပါသည်။

အမျိုးသမီးငယ်စီးလာတဲ့ ဆိုင်ကယ်ဟာ တောင်ခြေမှာ ကျန်နေခဲ့ပြီး ယနေ့(31.3.2022)ရက်နေ့ နံနက်ပိုင်းတွင်သတင်းရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့များမှ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

လိုအပ်သည့် စစ်ဆေးမှုများကိုတော့ သက်ဆိုင်ရာမှဆက်လက်ဆောင်ရွက်နေကြောင်း သိရပါသည်။

ဓါတ်ပုံမှတ်တမ်း

ယနေ့ ပျောက်ဆုံးအမျိုးသမီးအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်မြန်မာနိုင်ငံ RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များမှ တောင်တက် တောနင်းရှာဖွေစဉ် နှင့်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များအား နောက်တန်းတွင် ကျန်ခဲ့သည့် လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့ဝင်များမှရေ/စားနပ်ရိက္ခာများ တောင်ပေါ်ထိလိုက်ပို့ပေးခဲ့ကြသည့်မှတ်တမ်းဓါတ်ပုံများ ဖြစ်ပါသည်။

 

ဇင်မိုး

31.3.2022

Zawgyi

ယေန႔ ဇြဲကပင္ေတာင္မွ ေပ်ာက္ဆုံးေနသည့္ ဒုတိယႏွစ္-သခ်ၤာ ေက်ာင္းသူေလး၏ သတင္းအႏွစ္ခ်ဳပ္

ေပ်ာက္ဆုံး အမ်ိဳးသမီးအမည္ – မဇာျခည္လႈိင္

အသက္ – (၂၂) ႏွစ္

ပညာအရည္အခ်င္း – ဒုတိယႏွစ္-သခ်ၤာ

ေနရပ္ – ဘားကပ္ ေတာႀကီးကုန္းေက်း႐ြာ ယေန႔ေနဝင္ၿပီးျဖစ္၍ ရွာေဖြကယ္ဆယ္ေရး နားပါၿပီး။

ေပ်ာက္ဆုံး အမ်ိဳးသမီးအား ရွာေဖြေတြ႕ရွိခဲ့ျခင္း မရွိပါ၍မနက္ျဖန္ မီးသတ္တပ္ဖြဲ႕ ႏွင့္ ေဒသခံရွာေဖြကယ္ဆယ္ေရးအဖြဲ႕မ်ားမွ ထပ္မံ ရွာေဖြပါမည္။

ဇြဲကပင္ေတာင္သည္ ေပ (၂၇၀၀) ေက်ာ္ ျမင့္ၿပီး အရွည္

(၁၄) မိုင္ေက်ာ္ ရွိသည့္ ေတာင္ျဖစ္သည္။

ျဖစ္စဥ္အက်ဥ္း

(30.3.2022)မြန္းလြဲ(၁)နာရီခန႔္က ယခုဇြဲကပင္ေတာင္ေပၚတြင္ ေပ်ာက္ဆုံးေနသည့္ ဒုတိယႏွစ္ေက်ာင္းသူမွာ အမ်ိဳးသားတဦးနဲ႔ ေတာင္ေပၚ တက္သြားၿပီး ညေနဘက္ တြင္ အမ်ိဳးသားတစ္ဦးသာ ေတာင္ေျခ ျပန္ဆင္းလာခဲ့ၿပီး အမ်ိဳးသမီးမွာ ေပ်ာက္ဆုံးသြားခဲ့ျခင္း ျဖစ္သည္ဟုသိရပါသည္။

အမ်ိဳးသမီးငယ္စီးလာတဲ့ ဆိုင္ကယ္ဟာ ေတာင္ေျခမွာ က်န္ေနခဲ့ၿပီး ယေန႔(31.3.2022)ရက္ေန႔ နံနက္ပိုင္းတြင္သတင္းရရွိခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕နဲ႔ အေရးေပၚလူမႈကယ္ဆယ္ေရးအဖြဲ႕မ်ားမွ ရွာေဖြကယ္ဆယ္ေရးမ်ား ေဆာင္႐ြက္ခဲ့ၾကျခင္းျဖစ္သည္။

လိုအပ္သည့္ စစ္ေဆးမႈမ်ားကိုေတာ့ သက္ဆိုင္ရာမွဆက္လက္ေဆာင္႐ြက္ေနေၾကာင္း သိရပါသည္။

ဓါတ္ပုံမွတ္တမ္း

ယေန႔ ေပ်ာက္ဆုံးအမ်ိဳးသမီးအား မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ျမန္မာႏိုင္ငံ RESCUE လူမႈကယ္ဆယ္ေရးအဖြဲ႕ဝင္မ်ားမွ ေတာင္တက္ ေတာနင္းရွာေဖြစဥ္ ႏွင့္ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ဝင္မ်ားအား ေနာက္တန္းတြင္ က်န္ခဲ့သည့္ လူမႈကယ္ဆယ္ေရး ပရဟိတအဖြဲ႕ဝင္မ်ားမွေရ/စားနပ္ရိကၡာမ်ား ေတာင္ေပၚထိလိုက္ပို႔ေပးခဲ့ၾကသည့္မွတ္တမ္းဓါတ္ပုံမ်ား ျဖစ္ပါသည္။

ဇင္မိုး