unicode
မိသားစု(၃)ဦးဓာတ်လိုက် ၍ သေဆုံးဘဝဆက်တိုင်းဒီအဖြစ်မျီုးနဲ့မကြုံပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ
ဘဝဆက်တိုင်းဒီအဖြစ်မျီုးနဲ့မကြုံပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ဇူလိုင်လ(၉)ရက်နေ့ ည(၁၈.၂၀)ခန့်က ဦးနေလင်းဖြိုး၊ ဒေါ်ဇာခြည်ဝင်း၊
သမီးမရွှေရည်လင်းတို့ မိသားစုတို့ ဓာတ်လိုက် သေဆုံးခဲ့ရသော မိသားစု(၃) ဦး၏နောက် ဆုံးခရီးစဉ်အား မိသားစုနဲ့ ထပ်တူကြေကွဲ ဝမ်းနည်းရပါသည်။
မိုးရာသီရောက်လာတာနဲ့အတူ လျှပ်စစ်အန္တရာယ်ကလည်း သတိထားစရာတစ်ခုဖြစ်ပါတယ်။ အပြင်သွားတဲ့အခါမှာလည်း အိမ်က မိန်းခလုတ်တွေချထားခဲ့သင့်ပါတယ်။ ဆွေးမြေ့ပေါက်ပြဲနေတဲ့ ဝါယာကြိုးတွေကိုလည်း လဲလှယ်ပေးရပါမယ်။
ကလေးသူငယ်များနဲ့ လက်လှမ်းမှီနိုင်တဲ့နေရာတွေမှာ လျှပ်စစ်ပလပ်များ၊ လျှပ်စစ်မီးကြိုးများ မီးခလုတ်များမထားသင့်ပါ။ အကြောင်းကတော့ ကလေးသူငယ်တွေထိမိ ကိုင်မိတဲ့အခါ အခန့်မသင့်ရင်ဓာတ်လိုက်တတ်ပါတယ်။
အပြင်သွားတဲ့အခါလည်း သတိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ မိုးရာသီမှာ ဓာတ်ကြိုးများနဲ့သစ်ပင်များနဲ့ထိပီး လျှပ်စစ်စီဆင်းနေတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သတိဆိုတာ ဘယ်နေရာမဆိုလွန်တယ်မရှိပါ။ သွားလာတဲ့အခါ သတိလေးထားကြပါလို့ အသိပေးလိုက်ပါတယ်၊#သာဂိ