မနက်ဖြန် ရန်ကုန်မြို့ရဲ့ မြို့လယ် (၃) မြို့နယ် လျှပ်စစ်ဓာတ်အား လုံးဝ ပြတ်တောက်မည် ဖြစ်ကြောင်း သိရပါတယ်။ အရေးကြီး လူနာများ၊ လျှပ်စစ် ဓာတ်အားပေါ် မူတည်ပြီး ဆောင်ရွက်ရမယ့် အလုပ်များကို ကြိုတင် ပြင်ဆင်ဆောင်ရွက် ထားကြရန် ကြိုတင် အသိပေးလိုက်ရပါတယ်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကနေ ထုတ်ပြန်တဲ့ ကြေညာချက်ကို ဖော်ပြပေးလိုက်ပါတယ်-
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ၊ 66kV မော်တင်ဓာတ်အားခွဲရုံ 66/6.6kV, 30MVA ,ထရန်စဖော်မာ၏ ကေဘယ်များ အစားထိုးလဲလှယ် ချမြှုပ်တပ်ဆင်ခြင်းနှင့် Busbar တပ်ဆင်ခြင်းကို
(၇.၁၂.၂၀၂၁) ရက်နေ့တွင် ( ၁၀:၀၀ ) နာရီမှ (၁၄:၀၀) နာရီအချိန်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့်လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ နေရာအချို့တို့တွင် ယာယီ ဓာတ်အား ပြတ်တောက်မှုများရှိမည်ဖြစ်ပြီး
အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း



