ဦးေႏွာက္ကို ျပင္းျပင္းထန္ထန္ထိသြားလို႔ ၉၀ရာခိုင္ႏႈန္း ဆုံးရႈံးရဖို႔မ်ားေနတဲ့ သတင္းေထာက္ မမႉးရတနာခက္မို႔မို႔ထြန္း
စစ္ကားျဖင့္ ဆႏၵျပျပည္သူမ်ားကို တိုက္ခိုက္ သတ္ျဖတ္စဥ္ သတင္းေထာက္ ၂ ဦး ဒဏ္ရာရရွိၿပီး ဖမ္းဆီးခံထားရ၊ အမ်ိဳးသမီးသတင္းေထာက္ အေျခအေနစိုးရိမ္ရ
ရန္ကုန္၊ ဒီဇင္ဘာ ၅
ရန္ကုန္၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ပန္းပင္ႀကီးလမ္းတြင္ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနေသာ ျပည္သူမ်ားကို စစ္တပ္က စစ္ကားျဖင့္ တိုက္၍ သတ္ျဖတ္စဥ္ Myanmar Press Photo Agency (MPA) မွ သတင္းေထာက္ ၂ ဦးလည္း ဒဏ္ရာရရွိၿပီး အမ်ိဳးသမီးသတင္းေထာက္မွာ ဒဏ္ရာ အလြန္ျပင္းထန္ေၾကာင္း သိရွိရသည္။
ရန္ကုန္ၿမိဳ႕ရွိ ဆႏၵျပမႈျဖစ္စဥ္မ်ားကို လိုက္ပါ သတင္းရယူေနသူ Myanmar Pressphoto Agency ၏ ဓာတ္ပုံ သတင္းေထာက္ ကိုေကာင္းဆက္လင္းႏွင့္ ႐ုပ္သံသတင္းေထာက္ မမႉးရတနာခက္မို႔မို႔ထြန္းတို႔ကို ဒီဇင္ဘာလ ၅ ရက္ေန႔တြင္ ျဖစ္ပြားခဲ့သည့္ ၾကည့္ျမင္တိုင္ျဖစ္စဥ္တြင္ စစ္ေကာင္စီက ဖမ္းဆီးသြားခဲ့ေၾကာင္း MPA ဘက္က သတင္းထုတ္ျပန္သည္။
ယေန႔ ဒီဇင္ဘာ ၅ ရက္ေန႔ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ပန္းပင္ႀကီးလမ္းတြင္ ျပဳလုပ္ခဲ့သည့္ စစ္အာဏာရွင္ဆန႔္က်င္ေရးသပိတ္တြင္ ကိုေကာင္းဆက္လင္းႏွင့္ မမႉးရတနာခက္မို႔မို႔ထြန္းတို႔ ေရာက္ရွိသတင္း ရယူခဲ့စဥ္
စစ္ေကာင္စီလက္ေအာက္ခံ တပ္ဖြဲ႕ဝင္အခ်ိဳ႕က ကားႏွင့္ဝင္တိုက္ၿပီး ရက္စက္စြာ အၾကမ္းဖက္ ၿဖိဳခြဲခဲ့ သည့္ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ၿပီး အဆိုပါျဖစ္စဥ္တြင္ ေပၚထြက္လာေသာ သတင္းဓာတ္ပုံမ်ားအရ ဒဏ္ရာရရွိသြားသည့္
Myanmar Pressphoto Agency ၏ ဓာတ္ပုံသတင္းေထာက္ ကိုေကာင္းဆက္လင္းကို ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ေတြ႕ျမင္ရၿပီး မမႉးရတနာမွာ အဆက္အသြယ္ မရဘဲ ေပ်ာက္ဆုံးေနေၾကာင္း ေျပာသည္။
ဦးနှောက်ကို ပြင်းပြင်းထန်ထန်ထိသွားလို့ ၉၀ရာခိုင်နှုန်း ဆုံးရှုံးရဖို့များနေတဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း
စစ်ကားဖြင့် ဆန္ဒပြပြည်သူများကို တိုက်ခိုက် သတ်ဖြတ်စဉ် သတင်းထောက် ၂ ဦး ဒဏ်ရာရရှိပြီး ဖမ်းဆီးခံထားရ၊ အမျိုးသမီးသတင်းထောက် အခြေအနေစိုးရိမ်ရ
ရန်ကုန်၊ ဒီဇင်ဘာ ၅
ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများကို စစ်တပ်က စစ်ကားဖြင့် တိုက်၍ သတ်ဖြတ်စဉ် Myanmar Press Photo Agency (MPA) မှ သတင်းထောက် ၂ ဦးလည်း ဒဏ်ရာရရှိပြီး အမျိုးသမီးသတင်းထောက်မှာ ဒဏ်ရာ အလွန်ပြင်းထန်ကြောင်း သိရှိရသည်။
ရန်ကုန်မြို့ရှိ ဆန္ဒပြမှုဖြစ်စဉ်များကို လိုက်ပါ သတင်းရယူနေသူ Myanmar Pressphoto Agency ၏ ဓာတ်ပုံ သတင်းထောက် ကိုကောင်းဆက်လင်းနှင့် ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကြည့်မြင်တိုင်ဖြစ်စဉ်တွင် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း MPA ဘက်က သတင်းထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွင် ကိုကောင်းဆက်လင်းနှင့် မမှူးရတနာခက်မို့မို့ထွန်းတို့ ရောက်ရှိသတင်း ရယူခဲ့စဉ်
စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်အချို့က ကားနှင့်ဝင်တိုက်ပြီး ရက်စက်စွာ အကြမ်းဖက် ဖြိုခွဲခဲ့ သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် ပေါ်ထွက်လာသော သတင်းဓာတ်ပုံများအရ ဒဏ်ရာရရှိသွားသည့်
Myanmar Pressphoto Agency ၏ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တွေ့မြင်ရပြီး မမှူးရတနာမှာ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေကြောင်း ပြောသည်။