500mg ပါတယ်..
လှုံ့ယုံနဲ့တင် ok ..
ပြဿနာရှိတာက Zinc ..
( ကျောက်ကပ် ဟာ )..
Crd ..
Courtesy – Khin Win
Unicode
ကိုဗစ်ကိုအကြောက်လွန်ပြီး လိုင်းပေါ်ကဆေးတွေ များစွာသောက်မိတာကြောင့် အသက်ဆုံးသွားရတဲ့ အမျိုးသမီးတစ်ဦးအကြောင်းကို မျှဝေပေးခဲ့တဲ့ ကျော်ထက်ဇော်
ပရိသတ်ကြီးရေ မင်းသားချောလေး ကျော်ထက်ဇော်ကတော့ ပရိသတ်ကြီးအတွက် ကိုဗစ်နဲ့ပတ်သက်ပြီး လွှဲမှားနေတဲ့အယူလေးတွေကို ဆင်ခြင်နိုင်အောင် သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ခုလိုပဲ ရေးသားမျှဝေပေးထားပါတယ်
သူငယ်ချင်းတစ်ယောက်ရဲ့ဇနီးတော့ကိုဗစ်နဲ့မသေဘဲ
လိုင်းပေါ်ကတင်ထားတဲ့ကိုဗစ်ကာကွယ်
ဆေးတွေသောက်လို့ ကျောက်ကပ်ပျက်စီးပြီး သေသွားရှာပီ ..
ကျွန်တော့်ဆေးဆိုင်မှာလာဝယ်တဲ့သူတိုင်းကို နေ့စဥ်ရက်ဆက် မသောက်ဖို့ / အလွန်အကျွံ့မသောက်ဖို့ / ကလေးတွေကို မတိုက်ဖို့ အမြဲသတိပေးတယ်..
( ဒါလဲ ) ဝယ်နေ / သောက်နေကြတုန်း ??
တကယ်ဆို..ဆရာဝန်တွေရဲ့ပြောစကားအရ..
Cevit / D3 / Zinc တွေက နေ့စဥ်စားသောက်
တဲ့ အစားအစာထဲ လိုအပ်သလောက်ပါပြီးသား..
အဟာရရှိမယ့်အစားအစာစား / အိပ်ရေးဝဝအိပ်တာနဲ့တင် လုံလောက်နေတာ ..သူများပြောတိုင်း ဝယ်သောက် / အလွန်အကျွံ့တွေဖြစ်ပြီး မသေသင့်ဘဲသေသွားရတာတွေ..
လူ့ခန္ဓာကိုယ်ခုခံအား( immune ) အတွက်လိုအပ်တာက တစ်နေ့ကို Cevit 200mg /D3 500 iu / Zinc 20 mg ပဲ လိုတာ..
အဟာရပြည့်တဲ့အစားအစာမစားနိုင်လို့ဆေးသောက်မယ်ဆိုရင်တောင် တစ်နေ့ကို..
Cevit 1000mg ထက်ပိုမသောက်သင့်
( BPI Cevit ) တစ်ပြားကို 100mg ပါတယ်
Vicee / Vitacee ဆေးတွေ တစ်ပြားကို
500mg ပါတယ်..
D3 က တကယ်ဆို နေပူစာနာရီဝက်လောက်
လှုံ့ယုံနဲ့တင် ok ..
ပြဿနာရှိတာက Zinc ..
Zinc တစ်ပြား 20mg ပါတဲ့အတွက် တစ်နေ့အလွန်ဆုံး တစ်ပြားသောက်သင့်ပေမယ့်…
ပိုသောက်တဲ့သူတွေ အော့အန်တာ / ဖျားနာတာ / ကျောက်ကပ်ပျက်စီးတာတွေဖြစ်တတ်ပါတယ်..
cevit ကို ချဥ်ပေါင်ရွက် / မာလကာသီး / လိမ်မော်သီး တွေကရ / D3 ကို နေပူစာလှုံယုံ / နွားနို့သောက်ယုံမျှနဲ့ လုံလောက်ပေမယ့်ပုစွန်အခွံ့ကရတဲ့ Zinc ကိုကျတော့ ဆေးနဲ့ပဲဖြည့်စည်းကြတဲ့အတွက် မလိုလားအပ်တဲ့
ဆိုးကျိုးတွေရစေပါတယ်..
အဲ့ဒီဆေးတွေသောက်တဲ့အခါ ခန္ဓာကိုယ်က
လိုအပ်တဲ့ပမာဏကိုသာ စုတ်ယူပြီး ပိုတာကို
ကျောက်ကပ်က အလုပ်လုပ်ကာ စွန့်ထုတ်ရ
လို့ ကျောက်ကပ်အလုပ်ပိုလုပ်ရကာ လနဲ့ချည်ကြာတော့ ကျောက်ကပ်ပျက်စီးစေတာပါ..
( ကျောက်ကပ် ဟာ )..
လူ့ခန္ဓာကိုယ်ထဲ ၂လုံးပါပြီး အဲ့ဒီ၂လုံးစလုံးရဲ့၈၀% ပျက်စီးနေရင်တောင် ကိုယ်ခံအားကောင်းတဲ့လူတွေ မသိသာပါဘူး..သိတဲ့အချိန်ဆို နောက်ကျသွားပါပီ .. ဒါကြောင့် ကျောက်ကပ်ကို ဆရာဝန်တွေက.. silent murder ( တိတ်တဆိတ် လူသတ်သမား ) လို့ခေါ်ကြပါတယ်..
( အချုပ်အားဖြင့် )..Cevit / D3 / Zinc ဆေးဝါးတွေကို ကိုဗစ်ရန်ကာကွယ်ချင်ရင် တစ်နေ့တစ်တွဲသာသောက်
ပါ / ကိုယ်ခံအား အရမ်းကောင်းချင်လို့ တအား ပိုသောက်မိခဲ့ရင် …
ကိုဗစ်ကြောင့်မသေ ဆေးကြောင့်သေတတ်ပါကြောင်း ကျန်းမာရေးဆိုင်ရာ ဗဟုသုတအဖြစ်ရေးသားလိုက်ရပါတယ်.
Crd ..
Courtesy – Khin Win