ဟောင်ကောင်မှာ နေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ်မိန်းကလေးဟာ ချစ်သူကောင်လေးရဲ့ စိတ်တိုင်းကျ လိုက်လျောမှုတွေပြုလုပ်ခဲ့ပါတယ်။
သူမရဲ့ နာမည်ကတော့ ဘယ်ရီအန်ဂျီ ဖြစ်ပြီး သူမရဲ့ချစ်သူကောင်လေးဟာသူရဲ့ချစ်သူကောင်လေးဟာ သူကြိုက်နှစ်သက်တဲ့ ရုပ်မရမချင်း သူမရဲ့ မျက်နှာကို ခွဲစိတ်မှုတွေပြုလုပ်စေခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့် သူမဟာ ပလတ်စတစ်ဆာဂျရီကို အကြိမ် သုံးဆယ် ကျော်လုပ်ဆောင်ခဲ့ရပါတယ်။
သူမဟာ မိမိထက် ကိုးနှစ်ကြီးတဲ့ အမျိုးသားတစ်ယောက်နဲ့ ချစ်သူဖြစ်ခဲ့တာကြောင့် သူ့စိတ်တိုင်းကျ သူမရဲ့ အသက် ၁၇ နှစ်အရွယ်ကနေစပြီး အလှအပခွဲစိတ်မှုတွေစတင်လုပ်ဆောင်ခဲ့ရတာပဲဖြစ်ပါတယ်။
အဆိုပါ ချစ်သူအမျိုးသားဟာ သူမရဲ့ ရုပ်ရည်ကို အခြားမိန်းကလေးတွေနဲ့ နှိုင်းယှဉ်ကာ ချိုးချိုးဖဲ့ဖဲ့ ပြောဆိုလေ့ရှိတာကြောင့်လည်း သူမဟာ သူ့ချစ်သူ စိတ်တိုင်းကျအောင် အကြိမ် ၃၀ ကျော် မျက်နှာခွဲစိတ်မှုတွေ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
သူမဟာ အလှပြုပြင်ရေးစင်တာတစ်ခုမှာ ထိုးဆေးသုံးကြိမ် ကို ၁၀၅ ဒေါ်လာပေးပြီး စတင်လုပ်ဆောင်ခဲ့ပါတယ်။ထို့နောက် အလှပြုပြင်ဖန်တီးသူက ဒေါ်လာ ၂၁၇၅ ကျသင့်တဲ့ ဆေးကိုပြောင်းထိုးရန်အကြံပေးခဲ့ပြီး သူမကလည်း အလှအပကုသမှုကို ဆက်တိုင်လုပ်ဆောင်ခဲ့ပေမယ့် သူမရဲ့ချစ်သူကတော့ လမ်းခွဲစကားတွေဆိုလာပြီး သူမကိုထားပစ်ခဲ့ပါတယ်။
သူမဟာချစ်သူအတွက်ဘာမဆိုပေးဆပ်လုပ်ကိုင်ပေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကျန်ရစ်သူဘဝနဲ့သာအဆုံးသတ်ခဲ့ရတာပဲဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဘယ်ရီအန်ဂျီဟာ သူမကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဝေမျှကာ ချစ်သူ၊ ခင်ပွန်းတွေအတွက် ဘယ်တော့မှ အလှအပခွဲစိတ်မှုတွေမပြုလုပ်သင့်ကြောင့် ပညာပေးတိုက်တွန်းမှုတွေပြုလုပ်ပေးနေတယ်လို့သိရပါတယ်။