အချိန် တစ်ရက် ဒေါ်လာ တစ်သန်း (ဒီ Post လေးဖတ်ပြီး မနက်ဖြန် ကစပြီး ဘဝ မှာ ဘာတွေ အရေးကြီး လဲ မြင်နိုင်ကြပါစေ)
လူတစ်ယောက်ဟာ ငယ်စဉ် ကတဲက ပိုက်ဆံ ကို မစားရက် မသောက်ရက် စုဆောင်းတယ်။
အသက် ၄၀ ပြည့်တဲ့အခါ သူ့လက်ထဲမှာ ဒေါ်လာ တစ်သန်းစုမိနေပြီ။သူ နှစ်ပေါင်းများစွာ ကြိတ်ပြီး ကြိုက်နေတဲ့ အမျိုးသမီး တစ်ယောက်ကို လက်ထပ်ခွင့်တောင်းလိုက်တယ်။
အမျိုးသမီး က လည်း သဘောတူလို့ မနက်ဖြန်မှာ လက်ထပ်ကြတော့မယ်။
တစ်သက်လုံး စုဆောင်းလာခဲ့တဲ့ ပိုက်ဆံ နဲ့ သူ့ဘဝကို ပျော်ရွှင်စွာ နေသွားတော့မယ်ဆိုပြီး သူဟာ အရမ်း ပျော်နေတယ်။
အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေလို့ ညနက်မှ အိပ်ပျော် သွားတယ်။ သူဟာ အိပ်နေရင်းကနေ လန့်နိူးလာတယ်။
အနက်ရောင် ဝတ်စုံ ရှည်ကြီးရုံထားပြီး ခေါင်မြီးခြုံထားတဲ့ လူတစ်ယောက်ဟာ သူအိပ်နေတဲ့ ကုတင် နားမှာ လာရပ်နေတာကို ပြတင်းပေါက်က ဝင်လာတဲ့ လရောင် အောက်မှာ သူတွေ့လိုက်ရတယ်။
အဲဒီလူဟာ ဓါးကောက်ကြီး တတ်ထားတဲ့ တုတ်ရှည်ကြီး ကိုင်ထားတယ်။
ခေါင်းမြီးခြုံအောက်မှာ ပေါ်နေတဲ့ သူ့ မျက်နှာ ဟာလည်း အရိုးခေါင်းခွံနဲ့ တူနေတယ်။
သူလည်း အရမ်းကြောက်သွားပြီး ရုတ်တရက် စကား မပြောနိုင်ဖြစ်နေတယ်။
နောက်မှ သူက အရဲစွန့်ပြီး အဲဒီလူကို ‘ခင်ဗျား ဘယ်သူလဲ’ လို့ မေးလိုက်တယ်။
ဟိုလူက ‘ငါ သေမင်း ပဲကွ။ မင်း လူ့ပြည် မှာ နေတာ အချိန်စေ့သွားလို့ အခု လာခေါ်တာ။ လိုက်ခဲ့တော့’ ဆိုပြီး သူ့လက်ကို ဆွဲပါတော့တယ်။
သူလည်း မလိုက်ချင်လို့ အတင်း ရုန်းပေမယ့် သေမင်း က အားသန်လွန်းလို့ သူ့ဆွဲခေါ်ရာကို ပါနေတယ်။
သူဟာ ရုန်းလို့ ရမှာမဟုတ်ဘူးဆိုတာကို သိလိုက်လို့ သေမင်း ကို ခုလို တောင်းပန်ပြောလိုက်တယ်။
“ကျွန်တော့်ကို လူ့လောကမှာ ၃ ရက် ဆက်နေဖို့ ခွင့်ပြုပါလား ခင်ဗျား။ ကျွန်တော် မနက်ဖြန် လက်ထပ် တော့မှာမို့ ကျွန်တော့် မိန်းမ နဲ့ ၃ ရက်လောက် အတူ နေပါရစေပါ။
ကျွန်တော်စုထားတဲ့ ဒေါ်လာ တစ်သန်းရဲ့ ၃ ပုံ ၁ ပုံကို ပေးပါမယ်”
သေမင်း က ခွင့်မပြုဘူးဆိုပြီး သူ့လက်ကို ဆက်ဆွဲတယ်။ ဒီတော့ သူက ခုလို သေမင်း ကို ပြောလိုက်ပြန်တယ်။
– “၃ ရက်နေခွင့် မရရင်လည်း ၂ ရက်လောက်တော့ ခွင့်ပြုပါလားဗျာ။ အဲဒီအတွက် ဒေါ်လာ တစ်သန်း ရဲ့ တစ်ဝက်ကို ပေးပါမယ်။
လူ့ဘဝရဲ့ စည်းစိမ် ကို မသေခင် ခံစားသွားချင်လို့ပါ”
ဒါလည်း သေမင်း က ခွင့်မပြုဘူးဆိုပြီး ဆက်ပြီး သူ့လက်ကို ဆွဲနေတယ်။ ဒီတော့ သူက ခုလို သေမင်း ကို ပြောလိုက်ပြန်တယ်။
နောက်ဆုံး သူဟာ သူ့ရဲ့ ဒေါ်လာ တစ်သန်း အားလုံးကို ပေးပါမယ်။ လူ့လောကမှာ တစ်ရက်လေးပဲ နေခွင့်ပေးပါတဲ့။ သေမင်းက မရဘူးလို့ အပြတ်ပြောလိုက်တယ်။
ဒီတော့ သူ သိလိုက်ပြီ။ သေမင်း ကို ဘယ်လိုမှ ဈေးဆစ်လို့ ရမှာ မဟုတ်တော့ဘူး။
ဒါကြောင့် သူက သေမင်း ကို စာလေးတစ်စောင်တော့ ရေးခဲ့ပါရစေလို့ ခွင့်တောင်းလိုက်တယ်။ ဒါကိုတော့ သေမင်း က ခွင့်ပြုပေးလိုက်တယ်။
သူလည်း ကုတင်ဘေး က စားပွဲပေါ်က စာရွက် တစ်ရွက်ပေါ်မှာ စာကို ကမန်းကတန်း ရေးလိုက်တယ်။ သူရေးလိုက်တာက . . .
“မိတ်ဆွေတို့၊ လူ့လောကမှာ နေရတဲ့ အခိုက်အတန့်လေးမှာ သင့် ဘ၀ ကို အကျိုးရှိအောင် လုပ်ပါ။
ကျွန်တော် တစ်ရက်လေးဆက်နေချင်လို့ ဒေါ်လာ တစ်သန်း ပေးတာတောင် နေခွင့်မရပါဘူး။
ကျွန်တော့်အဖြစ်အပျက်ကို ကြည့်ပြီး အချိန်ဆိုတာ ဘယ်လောက်အဖိုးတန်တယ်ဆိုတာကို မိတ်ဆွေတို့ သိလောက်ပါပြီ”
အင်တာနက်မှာ ရှာတွေ့တဲ့ ပုံပြင်လေးပါ။
Credit: ဗန်းမော်သိန်းဖေ
အချိန် တစ်ရက် ဒေါ်လာ တစ်သန်း (ဒီPost လေးဖတ်ပြီး မနက်ဖြန် ကစပြီး ဘဝ မှာ ဘာတွေ အရေးကြီး လဲ မြင်နိုင်ကြပါစေ)

“မိတ်ဆွေတို့၊ လူ့လောကမှာ နေရတဲ့ အခိုက်အတန့်လေးမှာ သင့် ဘဝ ကို အကျိုးရှိအောင် လုပ်ပါ။