က်မၼာေရး ဗဟုသုတ

” အောက်ဆီဂျင်အိုး အသုံးပြုပုံ အဆင့်ဆင့်”

” အောက်ဆီဂျင်အိုး အသုံးပြုပုံ အဆင့်ဆင့်”
•••••••••••••••••••••••••••••••••••••••••••••
အောက်ဆီဂျင်ငှါးရမ်းပါက
⭐ ပုံ ( ၁ ) တွင်ပြထားသည့်အတိုင်း စလင်ဒါအိုးနှင့်အတူ Flowmeter Set တစ်ဘူး တစ်ခါတည်း ပါရပါမည် ။


⭐ ပုံ ( ၂ ) တွင် ပြထားသည့်အတိုင်း Flowmeter setတွင် A,B,C ပစ္စည်း ( ၃ ) မျိုး ပါရပါမည်။


⭐ ပုံ ( ၃ ) တွင်ပြထားသကဲ့သို့ “A” ပစ္စည်းဖြစ်သော ရေဘူးကို အဖုံးလှည့်ဖွင့်ပါ။


ထိုဘူးထဲသို့ ရေသန့်ဖြည့်ပါ ။( Lower level နှင့် Upper level ကြား)၊
အဖုံးကို လုံအောင်ပြန်လှည့်ပိတ်ပါ ။
⭐ ပုံ ( ၄ ) တွင်ပြထားသည့်အတိုင်း ရေထဲ့ထားသည့် ရေဘူး”A” ကို မီတာပါသည့် “B” တွင် မြှားပြထားသည့်နေရာ”AB” မှ လှည့်၍ တပ်ဆင်ပါ ။ ရေဘူး”A”၏ ငုတ်တွင် အောက်ဆီဂျင် ရှူသည့်ပိုက် “C” ကို မြှားပြထားသည့် “AC” နေရာတွင် ထိုးထဲ့ကာ တပ်ဆင်ပါ ။


⭐ ပုံ ( ၅ ) တွင်ပြထားသည့်အတိုင်း အောက်ဆီဂျင်အိုး နှင့် Flowmeter ၏ “A” အစိတ်အပိုင်း တို့အား မြှားပြထားသည့် နေရာမှ လက်ဖြင့် လှည့်၍ တပ်ဆင်ပါ ။


⭐ ပုံ ( ၆ ) တွင် ပြထားသကဲ့သို့ ဂွရှင်ကိုအသုံးပြုပြီး တင်းကျပ်စွာ တပ်ဆင်ပါ ။ (၁၀လက်မ ဂွရှင်တစ်ချောင်း ဆောင်ထားပါ) အိမ်တွင် ဂွရှင် မရှိလျှင် အောက်ဆီဂျင်အိုး ငှါးသည့်နေရာတွင် အကူအညီတောင်းပါ ။


⭐ ရေဘူးမှထွက်သည့် ပိုက်ပျော့၏ အခြားတစ်ဖက်မှ ငုတ်နှစ်ခုကို လူနာ၏ နာခေါင်းပေါက် တစ်ဖက်တစ်ခု တေ့ထည့်ကာ ​အောက်စီဂျင်ပေးပါ ။ (၄င်းပိုက်မပြုတ်စေရန်အတွက် လူနာ၏ ပါးပြင်တွင် ပိုက်ကို ပလာစတာဖြင့် ယာယီတွဲကပ်ထားသင့်သည်)
⭐ ပုံ ( ၇ ) တွင် ပြထားသကဲ့သို့ အောက်ဆီဂျင်အိုး၏ မိန်းဘား “D”ကို ၂ ပတ်ခန့် လှည့်ဖွင့်ပါ ။ မီတာ ဒိုင်ခွက်တွင် လက်တံ အပေါ်သို့ တက်လာသည်ကို တွေ့ရမည်။


⭐ ပုံ ( ၇ ) တွင်ပြထားသည့်အတိုင်း Flowmeter ၏ ထိန်းညှိဘား “E” ကို ဖြေးညင်းစွာ လှည့်ဖွင့်ပါ ။ ဖန်ပြွန်ချောင်း “F” ထဲတွင် ဘောလုံးအသေးလေး အပေါ်သို့ တက်လာမည် ဖြစ်သည်။
⭐ ထိန်းညှိဘား ” E ” ကို များများဖွင့်လျှင် ဘောလုံး အပေါ်ပိုတက်၍ နဲနဲဖွင့်လျှင် ဘောလုံးသည် အောက်နားတွင်သာ ရှိနေမည်။

⭐ ပုံမှန်အားဖြင့် ၄င်းဘောလုံးလေးသည် ဖန်ပြွန်ချောင်းတွင်ပါသော နံပတ် ( ၂ ) တွင် ရှိ​နေရန် ချိန်ထားပြီး အောက်ဆီဂျင်ရှူနိုင်သော်လည်း လိုအပ်ပါက ဆရာဝန်ညွှန်ကြားသည့် နံပတ်တွင် ထား၍ ရှူရမည်ဖြစ်သည် ။
စေတနာများစွာဖြင့်
#Credit_to_တိုးလှိုင်