ၾကားသိရသမွ်

ကိုဗစ္ကူးစက္မႈဆိုးလာသည့္အေပၚ ျပည္သူမ်ားအတြက္ သမၼတႏွင့္အတိုင္ပင္ခံ စိတ္ပူေနဟု ေရွ႕ေနေျပာ

Zawgyi

ကိုဗစ္ကူးစက္မႈဆိုးလာသည့္အေပၚ ျပည္သူမ်ားအတြက္ သမၼတႏွင့္အတိုင္ပင္ခံ စိတ္ပူေနဟု ေရွ႕ေနေျပာ

ကိုဗစ္ပိုးကူးစက္မႈ ဆိုး႐ြားတဲ့သတင္းေၾကာင့္ ျပည္သူေတြအတြက္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတတို႔ စိတ္ပူေနတယ္လို႔ ေရွ႕ေနေဒၚမင္းမင္းစိုးက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္တတိယလႈိင္းပိုးကူးစက္မႈနဲ႔ ေသဆုံးႏႈန္းျမင့္တက္ေနတဲ့သတင္းေၾကာင့္ ျပည္သူေတြအတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က စိတ္ပူေနတယ္လို႔ ေဒၚမင္းမင္းစိုး (ႏိုင္ငံ့ေခါင္းေဆာင္ေတြရဲ႕ေရွ႕ေန) က ဇူလိုင္ ၁၂ရက္ ႐ုံးခ်ိန္းအၿပီးမွာ ေျပာပါတယ္။

ကိုဗစ္နဲ႔ပတ္သက္ၿပီး ျပည္သူေတြ ဘယ္လိုရင္ဆိုင္ေဆာင္႐ြက္ေနတယ္ဆိုတာကိုလည္း ေဒၚေအာင္ဆန္းစုၾကည္က ေမးျမန္းခဲ့ၿပီး ျပည္သူေတြညီၫြတ္ၾကဖို႔နဲ႔ ျပည္သူအခ်င္းခ်င္း ကူညီ ေစာင့္ေရွာက္ၾကဖို႔ ေရွ႕ေနကေနတဆင့္ေျပာဆိုခဲ့ပါတယ္။

“သူက ကိုဗစ္ကိစၥကို စိတ္ပူေနတယ္။ ၿပီးေတာ့ ျပည္သူေတြအကုန္လုံးကို ေမတၱာပို႔ေပး ေနတယ္ေျပာတယ္။ ျပည္သူအခ်င္းခ်င္း ကူညီေစာင့္ေရွာက္ၾကပါ။ အခ်င္းခ်င္း အတတ္ႏိုင္ဆုံး သည္းခံၾကပါ။ ညီၫြတ္ၾကပါ” လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာေၾကာင္း ေရွ႕ေန ေဒၚမင္းမင္းစိုး က ျပန္လည္ေျပာဆိုပါတယ္။

သမၼတဦးဝင္းျမင့္ကလည္း ကိုဗစ္နဲ႔ပတ္သက္ၿပီး ျပည္သူေတြအတြက္ စိုးရိမ္ေနၿပီး လက္ရွိ အထိန္းသိမ္းခံထားရတဲ့အတြက္ အကူအညီမေပးႏိုင္ေသးတာေၾကာင့္ ျပည္သူေတြအတြက္ ဆုေတာင္းေမတၱာပဲ ေပးပို႔ႏိုင္တယ္လို႔ ေရွ႕ေနကေနတဆင့္ ေျပာဆိုခဲ့ပါတယ္။

“သမၼတကလည္း ဒီေန႔ ကိုဗစ္နဲ႔ပတ္သက္ၿပီးေတာ့ ေျပာပါတယ္။ စိတ္ပူတယ္ဆိုတဲ့အေၾကာင္း ေျပာတယ္။ တေန႔ ၃ ေခါက္ေတာ့ ေမတၱာပို႔ေပးေနတယ္ဆိုတဲ့ အေၾကာင္းလည္း သမၼတက ေျပာပါတယ္” လို႔ ေဒၚမင္းမင္းဆိုက ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္တတိယလႈိင္းျပန္ျဖစ္ေနတာနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က စိုးရိမ္ပူပန္ေနၿပီး ျပည္သူေတြ ဂ႐ုတစိုက္ေနၾကဖို႔ ဇြန္ ၂၈ ရက္ ႐ုံးခ်ိန္းကလည္း သူ႔ရဲ႕ ေရွ႕ေနကတဆင့္ မွာၾကားခဲ့ပါေသးတယ္။

အဲဒီတုန္းက ျမန္မာႏိုင္ငံမွာ ကူးစက္မႈအေျခအေန၊ ေနျပည္ေတာ္မွာ ကူးစက္မႈအေျခအေနေတြကိုလည္း အတိုင္ပင္ခံက ေမးျမန္းခဲ့ပါတယ္။

Unicode

ကိုဗစ်ကူးစက်မှုဆိုးလာသည့်အပေါ် ပြည်သူများအတွက် သမ္မတနှင့်အတိုင်ပင်ခံ စိတ်ပူနေဟု ရှေ့နေပြော

ကိုဗစ်ပိုးကူးစက်မှု ဆိုးရွားတဲ့သတင်းကြောင့် ပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ စိတ်ပူနေတယ်လို့ ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းပိုးကူးစက်မှုနဲ့ သေဆုံးနှုန်းမြင့်တက်နေတဲ့သတင်းကြောင့် ပြည်သူတွေအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စိတ်ပူနေတယ်လို့ ဒေါ်မင်းမင်းစိုး (နိုင်ငံ့ခေါင်းဆောင်တွေရဲ့ရှေ့နေ) က ဇူလိုင် ၁၂ရက် ရုံးချိန်းအပြီးမှာ ပြောပါတယ်။

ကိုဗစ်နဲ့ပတ်သက်ပြီး ပြည်သူတွေ ဘယ်လိုရင်ဆိုင်ဆောင်ရွက်နေတယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့ပြီး ပြည်သူတွေညီညွတ်ကြဖို့နဲ့ ပြည်သူအချင်းချင်း ကူညီ စောင့်ရှောက်ကြဖို့ ရှေ့နေကနေတဆင့်ပြောဆိုခဲ့ပါတယ်။

“သူက ကိုဗစ်ကိစ္စကို စိတ်ပူနေတယ်။ ပြီးတော့ ပြည်သူတွေအကုန်လုံးကို မေတ္တာပို့ပေး နေတယ်ပြောတယ်။ ပြည်သူအချင်းချင်း ကူညီစောင့်ရှောက်ကြပါ။ အချင်းချင်း အတတ်နိုင်ဆုံး သည်းခံကြပါ။ ညီညွတ်ကြပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ရှေ့နေ ဒေါ်မင်းမင်းစိုး က ပြန်လည်ပြောဆိုပါတယ်။

သမ္မတဦးဝင်းမြင့်ကလည်း ကိုဗစ်နဲ့ပတ်သက်ပြီး ပြည်သူတွေအတွက် စိုးရိမ်နေပြီး လက်ရှိ အထိန်းသိမ်းခံထားရတဲ့အတွက် အကူအညီမပေးနိုင်သေးတာကြောင့် ပြည်သူတွေအတွက် ဆုတောင်းမေတ္တာပဲ ပေးပို့နိုင်တယ်လို့ ရှေ့နေကနေတဆင့် ပြောဆိုခဲ့ပါတယ်။

“သမ္မတကလည်း ဒီနေ့ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ပြောပါတယ်။ စိတ်ပူတယ်ဆိုတဲ့အကြောင်း ပြောတယ်။ တနေ့ ၃ ခေါက်တော့ မေတ္တာပို့ပေးနေတယ်ဆိုတဲ့ အကြောင်းလည်း သမ္မတက ပြောပါတယ်” လို့ ဒေါ်မင်းမင်းဆိုက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းပြန်ဖြစ်နေတာနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ပူပန်နေပြီး ပြည်သူတွေ ဂရုတစိုက်နေကြဖို့ ဇွန် ၂၈ ရက် ရုံးချိန်းကလည်း သူ့ရဲ့ ရှေ့နေကတဆင့် မှာကြားခဲ့ပါသေးတယ်။

အဲဒီတုန်းက မြန်မာနိုင်ငံမှာ ကူးစက်မှုအခြေအနေ၊ နေပြည်တော်မှာ ကူးစက်မှုအခြေအနေတွေကိုလည်း အတိုင်ပင်ခံက မေးမြန်းခဲ့ပါတယ်။