က်မၼာေရး ဗဟုသုတ

ထမင်းစားပြီးပြီးချင်း လုံးဝရှောင်ကြဥ်သင့်တဲ့အရာများ

ကျန်းမာခြင်းသည် လာဒ်ကြီးတစ်ပါး ဆိုတဲ့စကားက လူတိုင်းနာလိုက်ကျင့်သုံးသင့်တဲ့ စကားလေးတစ်ခွန်းဖြစ်ပါတယ်။ လူတစ်ယောက်ဟာ စိတ်ရောကိုယ်ပါ ကျန်းမာနေမှ ပျော်ရွှင်မှု အစစ်အမှန်ကို ရရှိနိုင်မှာပါ။ လူတိုင်းလူတိုင်း ကျန်းမာရေးကောင်းစွာနဲ့ပဲ ကိုယ့်ရဲ့နေ့စဉ်ဘဝတွေကို ဖြတ်သန်းချင်ကြတာဖြစ်ပါတယ်။

ဒီလိုမျိုး ကိုယ်ချစ်တဲ့သူတွေနဲ့ ကျန်းကျန်းမာမာ နေထိုင်သွားဖို့ဆိုရင် ကျန်းမားရေးအတွက် အခြေခံကျတဲ့ အချက်လေးတွေကို သိထားဖို့လိုပါမယ်။ ဒီတစ်ခေါက်မှာတော့ ထမင်းစားပြီးပြီးချင်း အမှတ်မထင်လုပ်လိုက်တဲ့ အရာတွေဟာ ဘယ်လောက်အထိ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေတယ်ဆိုတာ သိရှိရှောင်ကြဉ်နိုင်စေဖို့ ပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) ရေမချိုးပါနဲ့

ထမင်းစားပြီးပြီးချင်း ရေချိုးတာဟာ ကောင်းတဲ့အလေ့အထတစ်ခု မဟုတ်မှန်းတော့ ယေဘူယျအားဖြင့် သိထားကြမယ်ထင်ပါတယ်။ ထမင်းစားပြီးချင်း ရေချိုးတာဟာ သင့်ခန္ဓာကိုယ်ရှိ သွေးကြောများအတွင်း သွေးလည်ပတ်မှုကို နှေးကွေးစေတဲ့အပြင် အစာအိမ်အနီးတဝိုက်မှာလည်း သွေးလည်ပတ်စီးဆင်းမှု လျော့ကျလာစေတာကြောင့် အစာအိမ်အနေနဲ့ ကောင်းစွာအလုပ် မလုပ်နိုင်တော့ဘူးပဲဖြစ်ပါတယ်။ ထိုအခါ အစာမကြေ ရင်ပြည့်ရင်ကယ်ခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။

(၂) ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တတ်တဲ့ သူတော်တော်များများ အစားစားပြီးချိန်တွင် ဆေးလိပ်လေးဖွာလိုက်ရမှ ပါးစပ်ချဉ်တာ သက္သာတယ္ဆိုတဲ့ အလေ့အကျင့်တစ်ခု ရှိတတ်ကြပါတယ်။ တကယ်တော့ အဲ့ဒီအလေ့အကျင့်ဟာ လုံးဝမှားယွင်းတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။ ထမင်းစားပြီးချိန် စီးကရက် ၁ လိပ်သောက်တာဟာ သာမန်အချိန် စီးကရက် ၁၀ လိပ်သောက်တာနဲ့ ညီမျှတယ်လို့ ဆေးပညာရှင်များက ဆိုပါတယ်။ ဒါကြောင့် အစားစားပြီးချိန် ဆေးလိပ်သောက်တာဟာ အဆုတ်နဲ့ပတ်သက်တဲ့ ကင်ဆာရောဂါဖြစ်နိုင်ချေ ပိုပြီးများပါတယ်။

(၃) အိပ်စက်လှဲလျောင်းခြင်းမလုပ်ပါနဲ့

အစားစားပြီးချိန်တွင် အိပ်စက်ခြင်း၊ လှဲလျောင်းခြင်းများ လုံးဝ မလုပ်သင့်ပါဘူး။ အစားစားပြီးချိန် အိပ်စက်လှဲလျောင်းခြင်းဟာ အစာခြေစနစ်ကို ကမောက်ကမဖြစ်စေနိုင်ပြီး အစာမကျေခြင်း ရင်ပြည့်ရင်ကယ်ဖြစ်ကာ ကိုယ်လက်မအီမသာ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်မှာ မလိုအပ်တဲ့အဆီတွေစုလာပြီး အဝလွန်ခြင်းလည်း ဖြစ်စေနိုင်ပါတယ်။ အိပ်ပျော်အောင် အိပ်လိုက်မှမဟုတ်ပါဘူး။ လှဲလှောင်းတာဟာလည်း ထို့အတူပဲဖြစ်တာကြောင့် အစားစားပြီးချိန်တွင် အိပ်စက်လှဲလျောင်းခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

(၄) သစ်သီးများ အချိုတည်းခြင်းမပြုလုပ်ပါနဲ့

ကျွန်တော်တို့ မြန်မာလူမျိုးတော်တော်များများဟာ ထမင်းစားပြီးချိန်တွင် အချိုတည်းတယ်ဆိုတဲ့ အလေ့အကျင့်တစ်ခုရှိကြပါတယ်။ ဒီလိုအချိုတည်းတဲ့အခါ လတ်ဆတ်တဲ့ အသီးအနှံတွေကို စားတတ်ကြပါတယ်။ ထမင်းစားပြီးပြီးချိန် သစ်သီးစားတာဟာ အစာအိမ်ကို ဘေးဥပါဒ် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ထမင်းစားပြီး အနည်းဆုံးနာရီဝက်ခန့် ကြာမှသာ သစ်သီးစားသုံးသင့်ပါတယ်။

(၅) လက်ဘက်ရည်မသောက်ပါနဲ့

ထမင်းစားပြီးချိန်တွင် လ်ဘက်ရည်သောက်သုံးတဲ့ အလေ့အကျင့် တစ်ခုဟာလည်း မှားယွင်းတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။ လ်ဘက်ရည်ဖျော်ရာတွင်အဓိကပါဝင်တဲ့ လက်ဖက်ခြောက်ထဲမှာ အစာခြေစနစ်ကို အနှောင့်အယှက်ပေးစေနိုင်တဲ့ အက်စစ်ဓာတ်များ ပါဝင်နေပါတယ်။ အဆိုပါအက်စစ်ဓာတ်ဟာ ကိုယ်စားလိုက်တဲ့အစားစာတွေထဲက ပရိုတင်းများကို ချေဖျက်လိုက်တာကြောင့် အစာမကြေခြင်းကို ဖြစ်စေတတ်ပါတယ်။ခရက်ဒစ်။

Zawgyi ဖြင့်ဖတ်ပါ

က်န္းမာျခင္းသည္ လာဒ္ႀကီးတစ္ပါး ဆိုတဲ့စကားက လူတိုင္းနာလိုက္က်င့္သုံးသင့္တဲ့ စကားေလးတစ္ခြန္းျဖစ္ပါတယ္။ လူတစ္ေယာက္ဟာ စိတ္ေရာကိုယ္ပါ က်န္းမာေနမွ ေပ်ာ္႐ႊင္မႈ အစစ္အမွန္ကို ရရွိႏိုင္မွာပါ။ လူတိုင္းလူတိုင္း က်န္းမာေရးေကာင္းစြာနဲ႔ပဲ ကိုယ့္ရဲ႕ေန႔စဥ္ဘဝေတြကို ျဖတ္သန္းခ်င္ၾကတာျဖစ္ပါတယ္။

ဒီလိုမ်ိဳး ကိုယ္ခ်စ္တဲ့သူေတြနဲ႔ က်န္းက်န္းမာမာ ေနထိုင္သြားဖို႔ဆိုရင္ က်န္းမားေရးအတြက္ အေျခခံက်တဲ့ အခ်က္ေလးေတြကို သိထားဖို႔လိုပါမယ္။ ဒီတစ္ေခါက္မွာေတာ့ ထမင္းစားၿပီးၿပီးခ်င္း အမွတ္မထင္လုပ္လိုက္တဲ့ အရာေတြဟာ ဘယ္ေလာက္အထိ ခႏၶာကိုယ္အတြက္ ဆိုးက်ိဳးေတြ ျဖစ္ေပၚေစတယ္ဆိုတာ သိရွိေရွာင္ၾကဥ္ႏိုင္ေစဖို႔ ေျပာျပေပးသြားမွာျဖစ္ပါတယ္။

(၁) ေရမခ်ိဳးပါနဲ႔

ထမင္းစားၿပီးၿပီးခ်င္း ေရခ်ိဳးတာဟာ ေကာင္းတဲ့အေလ့အထတစ္ခု မဟုတ္မွန္းေတာ့ ေယဘူယ်အားျဖင့္ သိထားၾကမယ္ထင္ပါတယ္။ ထမင္းစားၿပီးခ်င္း ေရခ်ိဳးတာဟာ သင့္ခႏၶာကိုယ္ရွိ ေသြးေၾကာမ်ားအတြင္း ေသြးလည္ပတ္မႈကို ေႏွးေကြးေစတဲ့အျပင္ အစာအိမ္အနီးတဝိုက္မွာလည္း ေသြးလည္ပတ္စီးဆင္းမႈ ေလ်ာ့က်လာေစတာေၾကာင့္ အစာအိမ္အေနနဲ႔ ေကာင္းစြာအလုပ္ မလုပ္ႏိုင္ေတာ့ဘူးပဲျဖစ္ပါတယ္။ ထိုအခါ အစာမေၾက ရင္ျပည့္ရင္ကယ္ျခင္းမ်ား ျဖစ္ေပၚတတ္ပါတယ္။

(၂) ေဆးလိပ္မေသာက္ပါနဲ႔

ေဆးလိပ္ေသာက္တတ္တဲ့ သူေတာ္ေတာ္မ်ားမ်ား အစားစားၿပီးခ်ိန္တြင္ ေဆးလိပ္ေလးဖြာလိုက္ရမွ ပါးစပ္ခ်ဥ္တာ သက္သာတယၦိဳတဲ့ အေလ့အက်င့္တစ္ခု ရွိတတ္ၾကပါတယ္။ တကယ္ေတာ့ အဲ့ဒီအေလ့အက်င့္ဟာ လုံးဝမွားယြင္းတဲ့ အယူအဆတစ္ခုျဖစ္ပါတယ္။ ထမင္းစားၿပီးခ်ိန္ စီးကရက္ ၁ လိပ္ေသာက္တာဟာ သာမန္အခ်ိန္ စီးကရက္ ၁၀ လိပ္ေသာက္တာနဲ႔ ညီမွ်တယ္လို႔ ေဆးပညာရွင္မ်ားက ဆိုပါတယ္။ ဒါေၾကာင့္ အစားစားၿပီးခ်ိန္ ေဆးလိပ္ေသာက္တာဟာ အဆုတ္နဲ႔ပတ္သက္တဲ့ ကင္ဆာေရာဂါျဖစ္ႏိုင္ေခ် ပိုၿပီးမ်ားပါတယ္။

(၃) အိပ္စက္လွဲေလ်ာင္းျခင္းမလုပ္ပါနဲ႔

အစားစားၿပီးခ်ိန္တြင္ အိပ္စက္ျခင္း၊ လွဲေလ်ာင္းျခင္းမ်ား လုံးဝ မလုပ္သင့္ပါဘူး။ အစားစားၿပီးခ်ိန္ အိပ္စက္လွဲေလ်ာင္းျခင္းဟာ အစာေျခစနစ္ကို ကေမာက္ကမျဖစ္ေစႏိုင္ၿပီး အစာမေက်ျခင္း ရင္ျပည့္ရင္ကယ္ျဖစ္ကာ ကိုယ္လက္မအီမသာ ျဖစ္တတ္ပါတယ္။ ဒါ့အျပင္ ခႏၶာကိုယ္မွာ မလိုအပ္တဲ့အဆီေတြစုလာၿပီး အဝလြန္ျခင္းလည္း ျဖစ္ေစႏိုင္ပါတယ္။ အိပ္ေပ်ာ္ေအာင္ အိပ္လိုက္မွမဟုတ္ပါဘူး။ လွဲေလွာင္းတာဟာလည္း ထို႔အတူပဲျဖစ္တာေၾကာင့္ အစားစားၿပီးခ်ိန္တြင္ အိပ္စက္လွဲေလ်ာင္းျခင္းကို လုံးဝေရွာင္ၾကဥ္သင့္ပါတယ္။

(၄) သစ္သီးမ်ား အခ်ိဳတည္းျခင္းမျပဳလုပ္ပါနဲ႔

ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတာ္ေတာ္မ်ားမ်ားဟာ ထမင္းစားၿပီးခ်ိန္တြင္ အခ်ိဳတည္းတယ္ဆိုတဲ့ အေလ့အက်င့္တစ္ခုရွိၾကပါတယ္။ ဒီလိုအခ်ိဳတည္းတဲ့အခါ လတ္ဆတ္တဲ့ အသီးအႏွံေတြကို စားတတ္ၾကပါတယ္။ ထမင္းစားၿပီးၿပီးခ်ိန္ သစ္သီးစားတာဟာ အစာအိမ္ကို ေဘးဥပါဒ္ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ထမင္းစားၿပီး အနည္းဆုံးနာရီဝက္ခန႔္ ၾကာမွသာ သစ္သီးစားသုံးသင့္ပါတယ္။

(၅) လက္ဘက္ရည္မေသာက္ပါနဲ႔

ထမင္းစားၿပီးခ်ိန္တြင္ လ္ဘက္ရည္ေသာက္သုံးတဲ့ အေလ့အက်င့္ တစ္ခုဟာလည္း မွားယြင္းတဲ့ အယူအဆတစ္ခုျဖစ္ပါတယ္။ လ္ဘက္ရည္ေဖ်ာ္ရာတြင္အဓိကပါဝင္တဲ့ လက္ဖက္ေျခာက္ထဲမွာ အစာေျခစနစ္ကို အေႏွာင့္အယွက္ေပးေစႏိုင္တဲ့ အက္စစ္ဓာတ္မ်ား ပါဝင္ေနပါတယ္။ အဆိုပါအက္စစ္ဓာတ္ဟာ ကိုယ္စားလိုက္တဲ့အစားစာေတြထဲက ပ႐ိုတင္းမ်ားကို ေခ်ဖ်က္လိုက္တာေၾကာင့္ အစာမေၾကျခင္းကို ျဖစ္ေစတတ္ပါတယ္။ခရက္ဒစ္။

Zawgyi ျဖင့္ဖတ္ပါ