မ်က္မျမင္ခင္ပြန္းကို ေဈးေရာင္းကာ ရွာေကြၽးေနတဲ့ အနီတစ္ဖက္၊အျပာတစ္ဖက္ ဖိနပ္ေလးစီးထားတဲ့ အဖြား
မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ခ႐ိုင္၊ စဥ့္ကိုင္ၿမိဳ႕နယ္ ဧည့္ျပ႐ြာက အသက္(၈၀) အ႐ြယ္ အဖြားအိုတစ္ေယာက္ကေတာ့
မ်က္စိမျမင္ရွာတဲ့ ေယာက်္ားျဖစ္သူကို ကိုယ္တိုင္ေဈးေရာင္းၿပီး ပင္ပင္ပန္းပန္းရွာေဖြေကြၽးေမြးေနရပါတယ္..။
အျဖားဟာ အသက္(၈၀)ရွိေနေပမယ့္လည္း သရက္သီး မွည့္၊ သရက္သီးေျခာက္၊ သရက္ျပားေတြနဲ႔အျခား စားစရာေလးေတြ ေရာင္းၿပီး
အသက္(၇၉)ႏွစ္အ႐ြယ္ မ်က္စိမျမင္တဲ့ ခင္ပြန္းျဖစ္သူကို ေဖးမေစာင့္ေရွာက္ေနသူတာ ျဖစ္ပါတယ္..။
ဘဝရဲ႕ေနာက္ဆုံးအ႐ြယ္ေတြကို ခက္ခက္ခဲခဲျဖတ္သန္းေနရတဲ့ အဖိုးနဲ႔အဖြားတို႔အတြက္သ႐ုပ္ေဆာင္ေမႏြယ္ထြန္းက
အလႉေငြေတြ ကူညီလွးဒါန္းခဲ့ၿပီး စိတ္မေကာင္းစရာအေၾကာင္းေတြကိုလည္း ေျပာျပထားတာ ျဖစ္ပါတယ္..။
သားသမီးေတြရွိေပမယ့္ ဖခင္ျဖစ္သူ မ်က္လုံးကြယ္တာကိုေတာင္ လာမၾကည့္ၾကတဲ့အေၾကာင္းေတြကိုလည္း
အျဖားက ဝမ္းနည္းမ်က္ရည္ေတြနဲ႔ ေျပာျပထားပါေသးတယ္..။အငယၦဳံးသမီးေကတာ့ လာၿပီး ဆန္၊ ဆီနဲ႔ မီးေသြးေတြ ဝယ္ေပးေပမယ့္
အဖိုးနဲ႔အဖြားဟာ သားသမီးေတြရဲ႕ ပစ္ပယ္မႈေတြေၾကာင့္ ပင္ပန္းႀကီးစြာ လုပ္ကိုင္စားေသာက္ရင္း
စားဝတ္ေနေရးအတြက္ လင္မယားႏွစ္ေယာက္အတူ ခက္ခက္ခဲခဲနဲ႔ ျဖတ္သန္းေနရတာပါ..။
ဒါေၾကာင့္ ၃ရလမ္း ၇၇ ေထာင့္က ေဒၚေဖာင္ ေခါက္ဆြဲဆိုင္ေဘးေလးမွာ ေဈးျခင္းေလးနဲ႔ ခ်ေရာင္းေနတဲ့ အျဖားကို ေတြ႕ရင္
တတ္ႏိုင္သေလာက္ ေဈးဝယ္ၿပီး ကူညီၾကေပးၾကဖို႔ ေတာင္းဆိုတိုက္တြန္းလိုက္ပါတယ္ေနာ္..။
Credit
Credit to original uploader and writer with respect
Unicode
မျက်မမြင်ခင်ပွန်းကို ဈေးရောင်းကာ ရှာကျွေးနေတဲ့ အနီတစ်ဖက်၊အပြာတစ်ဖက် ဖိနပ်လေးစီးထားတဲ့ အဖွား
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ် ဧည့်ပြရွာက အသက်(၈၀) အရွယ် အဖွားအိုတစ်ယောက်ကတော့
မျက်စိမမြင်ရှာတဲ့ ယောကျ်ားဖြစ်သူကို ကိုယ်တိုင်ဈေးရောင်းပြီး ပင်ပင်ပန်းပန်းရှာဖွေကျွေးမွေးနေရပါတယ်..။
အဖြားဟာ အသက်(၈၀)ရှိနေပေမယ့်လည်း သရက်သီး မှည့်၊ သရက်သီးခြောက်၊ သရက်ပြားတွေနဲ့အခြား စားစရာလေးတွေ ရောင်းပြီး
အသက်(၇၉)နှစ်အရွယ် မျက်စိမမြင်တဲ့ ခင်ပွန်းဖြစ်သူကို ဖေးမစောင့်ရှောက်နေသူတာ ဖြစ်ပါတယ်..။
ဘဝရဲ့နောက်ဆုံးအရွယ်တွေကို ခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့ အဖိုးနဲ့အဖွားတို့အတွက်သရုပ်ဆောင်မေနွယ်ထွန်းက
အလှူငွေတွေ ကူညီလှးဒါန်းခဲ့ပြီး စိတ်မကောင်းစရာအကြောင်းတွေကိုလည်း ပြောပြထားတာ ဖြစ်ပါတယ်..။
သားသမီးတွေရှိပေမယ့် ဖခင်ဖြစ်သူ မျက်လုံးကွယ်တာကိုတောင် လာမကြည့်ကြတဲ့အကြောင်းတွေကိုလည်း
အဖြားက ဝမ်းနည်းမျက်ရည်တွေနဲ့ ပြောပြထားပါသေးတယ်..။အငယ္ဆုံးသမီးကေတာ့ လာပြီး ဆန်၊ ဆီနဲ့ မီးသွေးတွေ ဝယ်ပေးပေမယ့်
အဖိုးနဲ့အဖွားဟာ သားသမီးတွေရဲ့ ပစ်ပယ်မှုတွေကြောင့် ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက်ရင်း
စားဝတ်နေရေးအတွက် လင်မယားနှစ်ယောက်အတူ ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းနေရတာပါ..။
ဒါကြောင့် ၃ရလမ်း ၇၇ ထောင့်က ဒေါ်ဖောင် ခေါက်ဆွဲဆိုင်ဘေးလေးမှာ ဈေးခြင်းလေးနဲ့ ချရောင်းနေတဲ့ အဖြားကို တွေ့ရင်
တတ်နိုင်သလောက် ဈေးဝယ်ပြီး ကူညီကြပေးကြဖို့ တောင်းဆိုတိုက်တွန်းလိုက်ပါတယ်နော်..။
Credit
Credit to original uploader and writer with respect



