“ရာမ” ဟာ “မယ်သီတာ” ကို တကယ် ချစ်ခဲ့တာလား??? ရာမမင်းသားဟာ မယ်သီတာကို ဘယ်တုန်းကမှ မချစ်ခဲ့ဖူးပါ
ကျွန်တော် အခုလို ပြောလိုက်လို့ ကျွန်တော့်ကို ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူစာအုပ် လွှမ်းမိုးမှုကို ခံနေရသူတစ်ဦးလို့ သမုတ်ရင်လည်း ကျွန်တော် မငြင်းပါဘူး
ဒါပေမဲ့ အဓိက ပြောချင်တာက ရာမမင်းသားနဲ့ ပတ်သက်ပြီး ပြောချင်တာပါ ကျွန်တော် မြင်ထားတဲ့ အမြင်လေးတစ်ခုပေါ့
ရာမမင်းသားက မယ်သီတာကို ချစ်,မချစ် ဆိုတာကိုပေါ့ ဇာတ်လမ်းကို စပြီး ပြောရရင် မယ်သီတာ ကြင်ယာရှာတဲ့ လေးတင်ပွဲတစ်ခုမှာ ညီတော် လက္ခဏက ဝင်ပြိုင်ချင်တဲ့
အချိန်မှာတောင် နောင်တော်ရာမက ဒီကိစ္စ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး ရှောင်နေခဲ့တာပါ အဲ့ဒီအချိန်မှာ တစ်ပြည်သားလို့ပဲ ပြောရမလားဇာတ်တော်ထဲကလို ဘီလူးလို့ပဲ ပြောရမလား ဒဿဂီရိက လေးတင်ပွဲမှာ နိုင်တော့မလို ဖြစ်နေတာပါ
ဒဿဂီရိဆီ မယ်သီတာ ပါသွားမှာကို ဘုရင်ရော တိုင်းသူပြည်သားတွေပါ မလိုလားကြဘူးလေ
ဒါနဲ့ မင်းဆရာ ဘရသေ့က ရာမနဲ့လက္ခဏ ညီနောင်နှစ်ယောက်ကို ဝင်ပြိုင်ဖို့ တောင်းဆိုတယ်အဲ့ဒီအချိန်မှာ နောင်တော်ဖြစ်သူ ရာမက
ညီတော်ဖြစ်သူ လက္ခဏကို လွှဲတယ် လက္ခဏဟာ မယ်သီတာကို သဘောကျနေပေမယ့် အစ်ကို့ကို မကျော်ချင်ဘူးလေ
အစ်ကိုဖြစ်သူ ရာမက အိမ်ရှေ့ဥပရာဇာ ဖြစ်နေတာလည်း ပါချင် ပါမှာပေါ့ ပြီးတော့ နောင်တော်နဲ့ပဲ ထိုက်တန်ပါတယ်ဆိုပြီး ရာမဆီ ပြန်လွှဲလိုက်တယ်
အတိုချုပ်ပြောရရင် ရာမ ဝင်ပြိုင်တယ် နိုင်တယ်နိုင်တော့ မယ်သီတာကို ရတယ်ဒီအခြေအနေလောက်ကို ကြည့်ရသလောက် ရာမဟာ မယ်သီတာကို တကယ်ချစ်ခဲ့ရင် ဟိုးအစတည်းက ဝင်ပြိုင်မှာပေါ့
အစတည်းက မချစ်ခဲ့ဘူးဆိုတာ သေချာနေပြီလေ ကဲ…ရသွားပြန်တော့လည်း ချစ်မိသွားလားဆိုတော့ မချစ်ပြန်ဘူး
အချစ်ရှုံးသူ ဒဿဂီရိက မယ်သီတာရဲ့ ပန်းချီကားလေး စမ်းချောင်းမှာ တွေ့ကတည်းက စွဲလမ်းမိခဲ့တာလေ သူက တရားနည်းလမ်းကျကျ
လေးတင်ပွဲကို ဝင်ခဲ့တာဒါပေမဲ့ သူက မတရားတဲ့နည်းနဲ့ အနိုင်ယူခြင်းကို ခံလိုက်ရတာပါ
(ပန်းချီကားရှိသူသာ လေးတင်ပွဲ ဝင်ခွင့်ရပြီး ရာမ,လက္ခဏ ညီအစ်ကိုမှာက ပန်းချီကားမှ မရှိတာ ကြုံလို့ ဝင်ပြိုင်တဲ့သဘော)
ဒါကြောင့် သူအရမ်းချစ်တဲ့ မယ်သီတာကို မင်းဒဿက မဆုံးရှုံးချင်ဘူး အဲ့တော့…ခိုးပြေးတာပေါ့ မင်းဒဿက ခိုးပြေးပြီး အိပ်ယာထဲလည်း ခေါ်တင်ခဲ့တာ မဟုတ်ပါဘူး
ဘယ်ကိုမှ ထွက်မပြေးနိုင်အောင် သံကွန်ခြာ ခုနှစ်ထပ်နဲ့ အုပ်ပြီး သူ့ရဲ့ အချစ်ကို မယ်သီတာ လက်ခံဖို့ တောင်းတောင်းပန်ပန်နဲ့ ထားခဲ့တာပါ
အဲ့ဒီအခါမှာ အောင်နိုင်သူ ရာမမင်းသား စွေ့စွေ့ခုန်တော့တာပေါ့ ကျွန်တော်ကတော့ ရာမမင်းသားက မယ်သီတာကို သိပ်ချစ်လို့ မခံမရပ်နိုင် ဖြစ်တယ်လို့ မထင်မိဘူး
သူ့လို အိမ်ရှေ့စံတစ်ယောက်ရဲ့ ကြင်ယာလောင်းကို အခိုးခံရတဲ့အတွက် ဒေါသ ထွက်တာ တစ်နည်းပြောရရင် သူတို့ မင်းမျိုးမင်းနွယ်ရဲ့ အတ္တလို့ပဲ ထင်မြင်ယူဆမိတယ်
ဒီလိုနဲ့ ရာမမင်းသားက မယ်သီတာကို ဒဿဘီလူးလက်တွင်းက လိုက်ကယ်တယ် ဒဿဘီလူးလည်း သေတယ် မယ်သီတာလည်း နန်းတော်ကို ပြန်ပါလာတယ်
အဲ့ဒီအချိန်မှာ မယ်သီတာကို ရာမမင်းသား တကယ် မချစ်ဘူးဆိုတာ ပိုပြီး သဘောပေါက်လိုက်ပါတယ် ကျွန်တော်နားလည်ထားတဲ့ အချစ်ဟာ အချစ်တစ်ခုတည်းအတွက် ဖြစ်တည်တယ်
ချစ်မိပြီဆိုရင် ကိုယ့်ချစ်သူရဲ့ အတိတ်အကုန်လုံးကို ခွင့်လွှတ်နားလည်ပေးနိုင်ရမယ်လေ ကျွန်တော်သာဆိုရင် အတိတ် ပစ္စုပ္ပန် အနာဂတ် အားလုံးကို ခွင့်လွှတ်ပေးမှာ
တကယ်ဖြစ်သင့်တာက ကိုယ်မချစ်မနှစ်သက်တဲ့ သူရဲ့ လက်ထဲမှာ အကျဉ်းကျနေတဲ့ မိန်းမတစ်ယောက်ကို အားပေးရမယ်,နှစ်သိမ့်ရမယ်,နွေးနွေးထွေးထွေး ဆက်ဆံရမယ်ပေါ့
မယ်သီဟာ ဒဿနောက်ကို လိုက်ချင်လို့လိုက်သွားတာလည်း မဟုတ်ပါဘူး ဒါပေမဲ့ ရာမမင်းသားက လိုက်ကယ်တယ် ပြီးတော့ မယ်သီတာကို ဒဿနဲ့ ဘာမှ မဖြစ်ခဲ့ဘူးဆိုတာ သစ္စာဆိုခိုင်းတယ်
တကယ်လို့ ဖြစ်ခဲ့လည်း ဘာအရေးလဲ?မယ်သီတာက အလိုမတူပဲ ဖြစ်ခဲ့တာလေ ချစ်ခြင်းမှာ အပျိုစင် ဖြစ်ဖို့ဆိုတာ လို လို့လား?
မယ်သီတာဟာ သူ မှဲ့တစ်ပေါက်မှ မစွန်းခဲ့တာကို သက်သေပြဖို့အတွက် သစ္စာဆိုပြီး မီးပုံထဲကို ခုန်ဆင်းပြခဲ့တယ်သူ့ရဲ့ သစ္စာတရား မှန်ကန်မှုကြောင့်
မီးက ငြိမ်းသွားခဲ့တယ် အဲ့ဒီတော့မှ ရာမမင်းသားက လက်ခံတာပါ ဒီနေရာမှာ ကျွန်တော်ကတော့ ရာမမင်းသားကို ဘယ်လိုမှ လက်ခံကြည့်လို့ မရပါဘူး
ချစ်ခြင်း,မချစ်ခြင်းဆိုတာထက် ပိုပြီးတော့ လိင်ခွဲခြားဆက်ဆံတယ်လို့ပဲ ခံစားခဲ့ရတယ်ဒီလိုနဲ့ ရာမမင်းသားက ဘုရင်ဖြစ်
မယ်သီတာကို လက်ထပ်ကာလ အတန်ငယ်ကြာမြင့်လာတော့ အမွှာယောင်္ကျားလေးနှစ်ယောက်ကို မွေး နန်းတွင်းဆိုတာလည်း ခက်သား
လိုရင်တစ်မျိုး မလိုရင်တစ်မျိုး ခပ်ရှုပ်ရှုပ်ပါလေ မယ်သီတာ မီးပုံထဲ ခုန်ဆင်းတော့ ဟိုဆီလူးထားလို့ ဒီဆီလူးထားလို့ ဆိုသူကဆို
အဲ့ဒီကလေးနှစ်ယောက်ကို မင်းရာမ ရင်သွေး မဟုတ်ဘူးဆိုပြီး ဘုရင်မင်းရာမကို လျှောက်တင်တယ်လေ မင်းရာမကလည်း ဘုရင်ဖြစ်ပြီး ယုံလွယ်တာပါပဲ
ဒီလိုအချိန်မှာက မိမိနဲ့ လင်မယားဖြစ်နေပြီလေ နည်းနည်းလေးပဲ ချစ်ကြည့်စမ်းပါ ကိုယ့်မိန်းမကိုယ် နန်းတော်ထဲက နှင်မထုတ်ရက်ဘူး
မှူးကြီးမတ်ရာတွေရဲ့ ကုန်းတိုက်စကား အယုံလွယ်လို့ မယ်သီတာကို နှင်ထုတ်လိုက်တော့လည်း မယ်သီတာက ထွက်သွားရတာပေါ့
ဘရသေ့ကျောင်းမှာ ကလေးနှစ်ယောက်နဲ့ တူတူနေလို့ပေါ့ ကလေးတွေကလည်း ဇ,နဲ့လေ ဘုရင့်ရွှေသမင်ကိုမှ ဖမ်းသတဲ့
အဲ့ဒါကို မင်းရာမက သိတော့ ဒီကလေးတွေဟာ မင်းမျိုးမင်းနွယ်သွေး စစ်မှန်လို့ ဒီလိုလုပ်ရဲတာဆိုပြီး နန်းတော်ထဲကို ပြန်လည်ခေါ်ယူမယ်ပေါ့
အဲ့ဒီမှာ ကျွန်တော် မင်းရာမကို အမုန်းဆုံး ဖြစ်သွားတာပါပဲ ဒီလောက် ဖြူစင်တဲ့ သီတာဒေဝီကို သစ္စာဆိုခိုင်းပြီး ဒုတိယအကြိမ် မီးပုံထဲကို ထပ်ပြီး ခုန်ချခိုင်းတယ်လေ
မယ်သီတာဟာ တစ်သက်စာ ဒဏ်ရာ ရသွားပြီပေါ့ သူမ တစ်ခါမှ မမှားဖူးတဲ့ ကိစ္စတစ်ခုအတွက် အကြိမ်ကြိမ် စော်ကားခံလိုက်ရပြီလေ
သူ ဖြူစင်ပါက တမဟုတ်ချင်း ပြာကျလောင်ကျွမ်းသွားပါစေသားလို့ သစ္စာပြုပြီး မီးပုံထဲကို ခုန်ချပြခဲ့တယ်လေ
ရာမ ဘယ်လို ကျန်ခဲ့လည်းဆိုတာ ကျွန်တော် စိတ်မဝင်စားတော့ပါဘူး ကျွန်တော် လက်ခံမိလိုက်တာက ရာမဟာ မယ်သီတာကို မချစ်ခဲ့ယုံမက
သူ့အတ္တ သူ့မာနအတွက် မယ်သီတာကို အကြိမ်ကြိမ် စော်ကားခဲ့တယ်ဆိုတာကိုပဲ တွေးမိလိုက်တယ် စာဖတ်သူတို့ အနေနဲ့ရော အချစ်ဆိုတာကို ဘယ်လိုထင်လဲ?
စာဖတ်သူတို့ ထင်ထား,သိထား,ခံစားမိထားတဲ့ အချစ်နဲ့ ချိန်ထိုးကြည့်ရင်ရော ရာမမင်းသားက မယ်သီတာကို တကယ်
ချစ်ခဲ့ပါတယ်လို့ သတ်မှတ်မှာလား? ကျွန်တော် ကတော့ ပြောရဲတယ် ရာမမင်းသားဟာ မယ်သီတာကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူး။ ။
ခရက်ဒစ် – မူရင်းရေးသားသူ
Crd…
Unicode
“ရာမ” ဟာ “မယ္သီတာ” ကို တကယ္ ခ်စ္ခဲ့တာလား??? ရာမမင္းသားဟာ မယ္သီတာကို ဘယ္တုန္းကမွ မခ်စ္ခဲ့ဖူးပါ
ကၽြန္ေတာ္ အခုလို ေျပာလိုက္လို့ ကၽြန္ေတာ့္ကို ဆရာခ်စ္ဦးညိဳရဲ့ လကၤာဒီပခ်စ္သူစာအုပ္ လႊမ္းမိုးမွုကို ခံေနရသူတစ္ဦးလို့ သမုတ္ရင္လည္း ကၽြန္ေတာ္ မျငင္းပါဘူး
ဒါေပမဲ့ အဓိက ေျပာခ်င္တာက ရာမမင္းသားနဲ႔ ပတ္သက္ၿပီး ေျပာခ်င္တာပါ ကၽြန္ေတာ္ ျမင္ထားတဲ့ အျမင္ေလးတစ္ခုေပါ့
ရာမမင္းသားက မယ္သီတာကို ခ်စ္,မခ်စ္ ဆိုတာကိုေပါ့ ဇာတ္လမ္းကို စၿပီး ေျပာရရင္ မယ္သီတာ ၾကင္ယာရွာတဲ့ ေလးတင္ပြဲတစ္ခုမွာ ညီေတာ္ လကၡဏက ဝင္ၿပိဳင္ခ်င္တဲ့
အခ်ိန္မွာေတာင္ ေနာင္ေတာ္ရာမက ဒီကိစၥ ငါတို့နဲ႔ မဆိုင္ဘူးဆိုၿပီး ေရွာင္ေနခဲ့တာပါ အဲ့ဒီအခ်ိန္မွာ တစ္ျပည္သားလို့ပဲ ေျပာရမလားဇာတ္ေတာ္ထဲကလို ဘီလူးလို့ပဲ ေျပာရမလား ဒႆဂီရိက ေလးတင္ပြဲမွာ နိုင္ေတာ့မလို ျဖစ္ေနတာပါ
ဒႆဂီရိဆီ မယ္သီတာ ပါသြားမွာကို ဘုရင္ေရာ တိုင္းသူျပည္သားေတြပါ မလိုလားၾကဘူးေလ
ဒါနဲ႔ မင္းဆရာ ဘရေသ့က ရာမနဲ႔လကၡဏ ညီေနာင္ႏွစ္ေယာက္ကို ဝင္ၿပိဳင္ဖို့ ေတာင္းဆိုတယ္အဲ့ဒီအခ်ိန္မွာ ေနာင္ေတာ္ျဖစ္သူ ရာမက
ညီေတာ္ျဖစ္သူ လကၡဏကို လႊဲတယ္ လကၡဏဟာ မယ္သီတာကို သေဘာက်ေနေပမယ့္ အစ္ကို့ကို မေက်ာ္ခ်င္ဘူးေလ
အစ္ကိုျဖစ္သူ ရာမက အိမ္ေရွ႕ဥပရာဇာ ျဖစ္ေနတာလည္း ပါခ်င္ ပါမွာေပါ့ ၿပီးေတာ့ ေနာင္ေတာ္နဲ႔ပဲ ထိုက္တန္ပါတယ္ဆိုၿပီး ရာမဆီ ျပန္လႊဲလိုက္တယ္
အတိုခ်ဳပ္ေျပာရရင္ ရာမ ဝင္ၿပိဳင္တယ္ နိုင္တယ္နိုင္ေတာ့ မယ္သီတာကို ရတယ္ဒီအေျခအေနေလာက္ကို ၾကည့္ရသေလာက္ ရာမဟာ မယ္သီတာကို တကယ္ခ်စ္ခဲ့ရင္ ဟိုးအစတည္းက ဝင္ၿပိဳင္မွာေပါ့
အစတည္းက မခ်စ္ခဲ့ဘူးဆိုတာ ေသခ်ာေနၿပီေလ ကဲ…ရသြားျပန္ေတာ့လည္း ခ်စ္မိသြားလားဆိုေတာ့ မခ်စ္ျပန္ဘူး
အခ်စ္ရွုံးသူ ဒႆဂီရိက မယ္သီတာရဲ့ ပန္းခ်ီကားေလး စမ္းေခ်ာင္းမွာ ေတြ႕ကတည္းက စြဲလမ္းမိခဲ့တာေလ သူက တရားနည္းလမ္းက်က်
ေလးတင္ပြဲကို ဝင္ခဲ့တာဒါေပမဲ့ သူက မတရားတဲ့နည္းနဲ႔ အနိုင္ယူျခင္းကို ခံလိုက္ရတာပါ
(ပန္းခ်ီကားရွိသူသာ ေလးတင္ပြဲ ဝင္ခြင့္ရၿပီး ရာမ,လကၡဏ ညီအစ္ကိုမွာက ပန္းခ်ီကားမွ မရွိတာ ၾကဳံလို့ ဝင္ၿပိဳင္တဲ့သေဘာ)
ဒါေၾကာင့္ သူအရမ္းခ်စ္တဲ့ မယ္သီတာကို မင္းဒႆက မဆုံးရွုံးခ်င္ဘူး အဲ့ေတာ့…ခိုးေျပးတာေပါ့ မင္းဒႆက ခိုးေျပးၿပီး အိပ္ယာထဲလည္း ေခၚတင္ခဲ့တာ မဟုတ္ပါဘူး
ဘယ္ကိုမွ ထြက္မေျပးနိုင္ေအာင္ သံကြန္ျခာ ခုႏွစ္ထပ္နဲ႔ အုပ္ၿပီး သူ႔ရဲ့ အခ်စ္ကို မယ္သီတာ လက္ခံဖို့ ေတာင္းေတာင္းပန္ပန္နဲ႔ ထားခဲ့တာပါ
အဲ့ဒီအခါမွာ ေအာင္နိုင္သူ ရာမမင္းသား ေစြ႕ေစြ႕ခုန္ေတာ့တာေပါ့ ကၽြန္ေတာ္ကေတာ့ ရာမမင္းသားက မယ္သီတာကို သိပ္ခ်စ္လို့ မခံမရပ္နိုင္ ျဖစ္တယ္လို့ မထင္မိဘူး
သူ႔လို အိမ္ေရွ႕စံတစ္ေယာက္ရဲ့ ၾကင္ယာေလာင္းကို အခိုးခံရတဲ့အတြက္ ေဒါသ ထြက္တာ တစ္နည္းေျပာရရင္ သူတို့ မင္းမ်ိဳးမင္းႏြယ္ရဲ့ အတၱလို့ပဲ ထင္ျမင္ယူဆမိတယ္
ဒီလိုနဲ႔ ရာမမင္းသားက မယ္သီတာကို ဒႆဘီလူးလက္တြင္းက လိုက္ကယ္တယ္ ဒႆဘီလူးလည္း ေသတယ္ မယ္သီတာလည္း နန္းေတာ္ကို ျပန္ပါလာတယ္
အဲ့ဒီအခ်ိန္မွာ မယ္သီတာကို ရာမမင္းသား တကယ္ မခ်စ္ဘူးဆိုတာ ပိုၿပီး သေဘာေပါက္လိုက္ပါတယ္ ကၽြန္ေတာ္နားလည္ထားတဲ့ အခ်စ္ဟာ အခ်စ္တစ္ခုတည္းအတြက္ ျဖစ္တည္တယ္
ခ်စ္မိၿပီဆိုရင္ ကိုယ့္ခ်စ္သူရဲ့ အတိတ္အကုန္လုံးကို ခြင့္လႊတ္နားလည္ေပးနိုင္ရမယ္ေလ ကၽြန္ေတာ္သာဆိုရင္ အတိတ္ ပစၥဳပၸန္ အနာဂတ္ အားလုံးကို ခြင့္လႊတ္ေပးမွာ
တကယ္ျဖစ္သင့္တာက ကိုယ္မခ်စ္မႏွစ္သက္တဲ့ သူရဲ့ လက္ထဲမွာ အက်ဥ္းက်ေနတဲ့ မိန္းမတစ္ေယာက္ကို အားေပးရမယ္,ႏွစ္သိမ့္ရမယ္,ေႏြးေႏြးေထြးေထြး ဆက္ဆံရမယ္ေပါ့
မယ္သီဟာ ဒႆေနာက္ကို လိုက္ခ်င္လို့လိုက္သြားတာလည္း မဟုတ္ပါဘူး ဒါေပမဲ့ ရာမမင္းသားက လိုက္ကယ္တယ္ ၿပီးေတာ့ မယ္သီတာကို ဒႆနဲ႔ ဘာမွ မျဖစ္ခဲ့ဘူးဆိုတာ သစၥာဆိုခိုင္းတယ္
တကယ္လို့ ျဖစ္ခဲ့လည္း ဘာအေရးလဲ?မယ္သီတာက အလိုမတူပဲ ျဖစ္ခဲ့တာေလ ခ်စ္ျခင္းမွာ အပ်ိဳစင္ ျဖစ္ဖို့ဆိုတာ လို လို့လား?
မယ္သီတာဟာ သူ မွဲ႕တစ္ေပါက္မွ မစြန္းခဲ့တာကို သက္ေသျပဖို့အတြက္ သစၥာဆိုၿပီး မီးပုံထဲကို ခုန္ဆင္းျပခဲ့တယ္သူ႔ရဲ့ သစၥာတရား မွန္ကန္မွုေၾကာင့္
မီးက ၿငိမ္းသြားခဲ့တယ္ အဲ့ဒီေတာ့မွ ရာမမင္းသားက လက္ခံတာပါ ဒီေနရာမွာ ကၽြန္ေတာ္ကေတာ့ ရာမမင္းသားကို ဘယ္လိုမွ လက္ခံၾကည့္လို့ မရပါဘူး
ခ်စ္ျခင္း,မခ်စ္ျခင္းဆိုတာထက္ ပိုၿပီးေတာ့ လိင္ခြဲျခားဆက္ဆံတယ္လို့ပဲ ခံစားခဲ့ရတယ္ဒီလိုနဲ႔ ရာမမင္းသားက ဘုရင္ျဖစ္
မယ္သီတာကို လက္ထပ္ကာလ အတန္ငယ္ၾကာျမင့္လာေတာ့ အမႊာေယာကၤ်ားေလးႏွစ္ေယာက္ကို ေမြး နန္းတြင္းဆိုတာလည္း ခက္သား
လိုရင္တစ္မ်ိဳး မလိုရင္တစ္မ်ိဳး ခပ္ရွုပ္ရွုပ္ပါေလ မယ္သီတာ မီးပုံထဲ ခုန္ဆင္းေတာ့ ဟိုဆီလူးထားလို့ ဒီဆီလူးထားလို့ ဆိုသူကဆို
အဲ့ဒီကေလးႏွစ္ေယာက္ကို မင္းရာမ ရင္ေသြး မဟုတ္ဘူးဆိုၿပီး ဘုရင္မင္းရာမကို ေလၽွာက္တင္တယ္ေလ မင္းရာမကလည္း ဘုရင္ျဖစ္ၿပီး ယုံလြယ္တာပါပဲ
ဒီလိုအခ်ိန္မွာက မိမိနဲ႔ လင္မယားျဖစ္ေနၿပီေလ နည္းနည္းေလးပဲ ခ်စ္ၾကည့္စမ္းပါ ကိုယ့္မိန္းမကိုယ္ နန္းေတာ္ထဲက ႏွင္မထုတ္ရက္ဘူး
မွူးႀကီးမတ္ရာေတြရဲ့ ကုန္းတိုက္စကား အယုံလြယ္လို့ မယ္သီတာကို ႏွင္ထုတ္လိုက္ေတာ့လည္း မယ္သီတာက ထြက္သြားရတာေပါ့
ဘရေသ့ေက်ာင္းမွာ ကေလးႏွစ္ေယာက္နဲ႔ တူတူေနလို့ေပါ့ ကေလးေတြကလည္း ဇ,နဲ႔ေလ ဘုရင့္ေရႊသမင္ကိုမွ ဖမ္းသတဲ့
အဲ့ဒါကို မင္းရာမက သိေတာ့ ဒီကေလးေတြဟာ မင္းမ်ိဳးမင္းႏြယ္ေသြး စစ္မွန္လို့ ဒီလိုလုပ္ရဲတာဆိုၿပီး နန္းေတာ္ထဲကို ျပန္လည္ေခၚယူမယ္ေပါ့
အဲ့ဒီမွာ ကၽြန္ေတာ္ မင္းရာမကို အမုန္းဆုံး ျဖစ္သြားတာပါပဲ ဒီေလာက္ ျဖဴစင္တဲ့ သီတာေဒဝီကို သစၥာဆိုခိုင္းၿပီး ဒုတိယအႀကိမ္ မီးပုံထဲကို ထပ္ၿပီး ခုန္ခ်ခိုင္းတယ္ေလ
မယ္သီတာဟာ တစ္သက္စာ ဒဏ္ရာ ရသြားၿပီေပါ့ သူမ တစ္ခါမွ မမွားဖူးတဲ့ ကိစၥတစ္ခုအတြက္ အႀကိမ္ႀကိမ္ ေစာ္ကားခံလိုက္ရၿပီေလ
သူ ျဖဴစင္ပါက တမဟုတ္ခ်င္း ျပာက်ေလာင္ကၽြမ္းသြားပါေစသားလို့ သစၥာျပဳၿပီး မီးပုံထဲကို ခုန္ခ်ျပခဲ့တယ္ေလ
ရာမ ဘယ္လို က်န္ခဲ့လည္းဆိုတာ ကၽြန္ေတာ္ စိတ္မဝင္စားေတာ့ပါဘူး ကၽြန္ေတာ္ လက္ခံမိလိုက္တာက ရာမဟာ မယ္သီတာကို မခ်စ္ခဲ့ယုံမက
သူ႔အတၱ သူ႔မာနအတြက္ မယ္သီတာကို အႀကိမ္ႀကိမ္ ေစာ္ကားခဲ့တယ္ဆိုတာကိုပဲ ေတြးမိလိုက္တယ္ စာဖတ္သူတို့ အေနနဲ႔ေရာ အခ်စ္ဆိုတာကို ဘယ္လိုထင္လဲ?
စာဖတ္သူတို့ ထင္ထား,သိထား,ခံစားမိထားတဲ့ အခ်စ္နဲ႔ ခ်ိန္ထိုးၾကည့္ရင္ေရာ ရာမမင္းသားက မယ္သီတာကို တကယ္
ခ်စ္ခဲ့ပါတယ္လို့ သတ္မွတ္မွာလား? ကၽြန္ေတာ္ ကေတာ့ ေျပာရဲတယ္ ရာမမင္းသားဟာ မယ္သီတာကို ဘယ္တုန္းကမွ မခ်စ္ခဲ့ပါဘူး။ ။
ခရက္ဒစ္ – မူရင္းေရးသားသူ