ဗဟုသုတ

အာဏာနဲ့ စေတနာ

အာဏာနဲ့ စေတနာ

ကြက်ဥရောင်းနေတဲ့ အဘိုးအို တစ်ဦးကို အမျိုးသမီး တစ်ယောက်က မေးလိုက်တယ် ။

” ကြက်ဥ တစ်လုံး ဘယ်လောက်လဲ ”

” ကြက်ဥ တစ်လုံး ၁၀၀ ပါ ” တဲ့ ။

အဲဒီ အမျိုးသမီးက အဘိုးအိုကို..

” ကျွန်မ ၁၀ လုံး ယူမယ် လေ.. ၉၀၀ ပဲ ထား.. မရရင်တော့ မယူတော့ဘူး ” လို့ ဆစ်တော့ အဘိုးအိုက..

” ဈေးဦးပေါက်မို့ ယူသွားပါ သမီးရယ် ၊ ဒီနေ့ တစ်လုံးမှ မရောင်းရသေး လို့ပါ ” လို့ ပြန်ဖြေတယ်။

အမျိုးသမီးက ကြက်ဥတွေ ယူပြီး အောင်ပွဲ ခံခဲ့ပြီ ဆိုတဲ့ ဟန်ပန်နဲ့ ကြက်ဥသည် အဘိုးအိုရဲ့ ရှေ့က ထွက်ခွာသွားတယ်။ ပြီးတော့ လှပတဲ့ ကားကလေး ပေါ် တက်ပြီး အဖော်နဲ့ တန်ဖိုးကြီးတဲ့ စားသောက်ဆိုင်ကို သွားစား ကြတယ် ။

သူတို့ ကြိုက်တာတွေ မှာစားကြတယ်။ နည်းနည်းသာ စားပြီး ချန်ထား ခဲ့တာ တွေက အများကြီးပဲ။ ငွေရှင်းတဲ့အခါ ၃၂၄၀၀ ကျတယ်။

ဆိုင်ရှင်ကို ၃၃၀၀၀ ပေးပြီး ပိုတာ ပြန်မအမ်း နဲ့တော့လို့ ပြောရင်း ခပ်ကြွားကြွား ထွက်လာခဲ့ ကြတယ်။ ပိုတဲ့ ပိုက်ဆံ ပြန်မအမ်းခိုင်း တာက ဆိုင်ရှင်အတွက် ဘာမှ မထူးခြားတဲ့ တကယ့် ဖြစ်ရိုး ဖြစ်စဉ် ပါပဲ။

ဒါပေမဲ့ ဆင်းရဲတဲ့ ကြက်ဥသည် အဘိုးအို အတွက် ကတော့ အင်မတန် နာကျင်ဖွယ်ရာ ပေါ့။

မေးခွန်းနံပါတ် (၁) ။ ချို့တဲ့ပြီး ငွေကြေး လိုအပ်နေသူတွေဆီက တစ်ခုခု ဝယ်ယူတဲ့ အခါ ဘာလို့ ကျွန်တော်တို့ အာဏာ ပြရ တာလဲ။

မေးခွန်းနံပါတ် (၂) ။ ကျွန်တော်တို့ ဆီက ရက်ရောမှုကို မလိုအပ်တဲ့ သူတွေကို ဘာလို့ ကျွန်တော်တို့က စေတနာ ပြချင် ရတာလဲ။

Crd

for zawgyi

အာဏာနဲ႔ ေစတနာ

ၾကက္ဥေရာင္းေနတဲ့ အဘိုးအို တစ္ဦးကို အမ်ဳိးသမီး တစ္ေယာက္က ေမးလိုက္တယ္ ။

” ၾကက္ဥ တစ္လုံး ဘယ္ေလာက္လဲ ”

” ၾကက္ဥ တစ္လုံး ၁၀၀ ပါ ” တဲ့ ။

အဲဒီ အမ်ိဳးသမီးက အဘိုးအိုကို..

” ကြၽန္မ ၁၀ လုံး ယူမယ္ ေလ.. ၉၀၀ ပဲ ထား.. မရရင္ေတာ့ မယူေတာ့ဘူး ” လို႔ ဆစ္ေတာ့ အဘိုးအိုက..

” ေဈးဦးေပါက္မို႔ ယူသြားပါ သမီးရယ္ ၊ ဒီေန႔ တစ္လုံးမွ မေရာင္းရေသး လို႔ပါ ” လို႔ ျပန္ေျဖတယ္။

အမ်ိဳးသမီးက ၾကက္ဥေတြ ယူၿပီး ေအာင္ပြဲ ခံခဲ့ၿပီ ဆိုတဲ့ ဟန္ပန္နဲ႔ ၾကက္ဥသည္ အဘိုးအိုရဲ႕ ေရွ႕က ထြက္ခြာသြားတယ္။ ၿပီးေတာ့ လွပတဲ့ ကားကေလး ေပၚ တက္ၿပီး အေဖာ္နဲ႔ တန္ဖိုးႀကီးတဲ့ စားေသာက္ဆိုင္ကို သြားစား ၾကတယ္ ။ သူတို႔ ႀကိဳက္တာေတြ မွာစားၾကတယ္။ နည္းနည္းသာ စားၿပီး ခ်န္ထား ခဲ့တာ ေတြက အမ်ားႀကီးပဲ။

ေငြရွင္းတဲ့အခါ ၃၂၄၀၀ က်တယ္။ ဆိုင္ရွင္ကို ၃၃၀၀၀ ေပးၿပီး ပိုတာ ျပန္မအမ္း နဲ႔ေတာ့လို႔ ေျပာရင္း ခပ္ႂကြားႂကြား ထြက္လာခဲ့ ၾကတယ္။ ပိုတဲ့ ပိုက္ဆံ ျပန္မအမ္းခိုင္း တာက ဆိုင္ရွင္အတြက္ ဘာမွ မထူးျခားတဲ့ တကယ့္ ျဖစ္႐ိုး ျဖစ္စဥ္ ပါပဲ။

ဒါေပမဲ့ ဆင္းရဲတဲ့ ၾကက္ဥသည္ အဘိုးအို အတြက္ ကေတာ့ အင္မတန္ နာက်င္ဖြယ္ရာ ေပါ့။

ေမးခြန္းနံပါတ္ (၁) ။ ခ်ိဳ႕တဲ့ၿပီး ေငြေၾကး လိုအပ္ေနသူေတြဆီက တစ္ခုခု ဝယ္ယူတဲ့ အခါ ဘာလို႔ ကြၽန္ေတာ္တို႔ အာဏာ ျပရ တာလဲ။

ေမးခြန္းနံပါတ္ (၂) ။ ကြၽန္ေတာ္တို႔ ဆီက ရက္ေရာမႈကို မလိုအပ္တဲ့ သူေတြကို ဘာလို႔ ကြၽန္ေတာ္တို႔က ေစတနာ ျပခ်င္ ရတာလဲ။

Crd