ဗဟုသုတ

ပယောဂဆရာ ဦးကိုနီနဲ့ ရွှေဘိုနယ်က သက်ရှည်ဖုတ်ကောင်ကြီး (ဖြစ်ရပ်မှန်)

ပယောဂဆရာ ဦးကိုနီနဲ့ ရွှေဘိုနယ်က သက်ရှည်ဖုတ်ကောင်ကြီး (ဖြစ်ရပ်မှန်)

ထိုအချိန်က အထက်မြန်မာပြည်တည်ငြိမ်မှုမရှိ ၊သူခိုး၊ဓားပြတို့ကလည်း သောင်းကျန်း မင်းမူနေသည့်အချိန်ဖြစ်သည်။ ၁၂၇၄ သီပေါမင်းပါတော်မူပြီးစအချိန်ဖြစ်သည်။ အုပ်ချုပ်ရေးကလည်း ရှုတ်ထွေးနေပြီးမြို့ရွာအုပ်ချုပ်သည့်အမှုထမ်းအရာထမ်းတို့သည် လည်းလွန်စွာအလုပ်ရှုတ်နေချိန် ။ပြည်သူလူထုရပ်သူရွာသားတို့သည်လည်း အစဉ်အမြဲသတိနှင့်နေကြရပြီး အသက်ကိုဖက်နှင့်ထုတ်၍နေကြရချိန်။ နေရာက ရွှေဘိုနယ်က ရွာတစ်ရွာ။

” ဒူ……..ဒူ….” သူကြီး ဦးထွန်းလူအိမ်မှမောင်းသံသည် အရာရာအားဖုံးအုပ်ကာ ကျယ်လောင်စွာပေါ်လာခဲ့သည်။ ရွာသူရွာသားတို့သည်မောင်းသံကြောင့်လုပ်လက်စအလုပ်များကိုပစ်ချထားခဲ့ကာ သူကြီးအိမ်သို့ စုရုံးရောက်ရှိလာကြသည်။ဤမောင်းသံသည် အရေးတစ်ကြီးကိစ္စရှိ၍သာ စုဝေး ရန် အချက်ပေးသောသူကြီး၏ မောင်းသံဖြစ်ကြောင်း ရွာသူရွာသားအားလုံး နားလည်ထားကြသောကြောင့် ဤကဲ့သို့ အလျင်အမြန်လာရောက်ကြခြင်းဖြစ်သည်။

ထိုသို့မောင်းသံကြားလျှင် ရွာသူရွာသားများနှင့်အတူ အရက်မူးပြီး အော်ဟစ်ဆဲဆို ရောက်ရှိလာတတ်သည်က ရွာကာလသားခေါင်း ဆယ်မောင်။ ယခုလည်း ထိုနည်း၎င်းပင် ဆယ်မောင် မူးယစ်ဆဲဆိုပြီး ရောက်ရှိလာလေသည်။

“ဆယ်မောင် တို့ကတော့ကွာ မမူးတဲ့နေ့မရှိပါလား အခုအရေးကြီးနေပြီ လူဆိုးဖမ်းရတော့မယ် မင်းဘယ်လိုလုပ်မလဲ ” ဟု သူကြီး ဦးထွန်းလူကပြောလေရာ “ဘာလုပ်ရမလဲ သူကြီးရဲ့ ဆယ်မောင်လိုက်မှာပေါ့ ၊ဆယ်မောင် ကြောက်မယ်ထင်လား ကျွန်တော်မျိုးဆယ်မောင် ရင်ကိုမြေကတုတ်လုပ်ပြီးတော့ ရှေ့ကသွားမှာပါဗျ” သည်အခါ သူကြီးက သဘောကျသွားသည့်ဟန်ဖြင့်ပြုံး ပြီး “ကဲ ဆယ်မောင် ဒါဆိုရင်လည်း မင်းအိမ်ပြန်ပြီး မင်းမိန်းမကိုသွားပြောချေဦး” “ကောင်းပါပြီ သူကြီး” ထို့နောက် ဆယ်မောင်အိမ်သို့ ပြန်ပြီး ဇနီးကို တွေ့၏။ ပြီးနောက် “မြရီ ငါ့ရပ်သူရွာသားတွေကို အနိုင်ကျင့်ဗိုလ်ကျတဲ့ ငမိုက်သားတွေကို သူကြီးနဲ့ အတူ သွားဖမ်းရမယ်။

ငါ့ကို စိတ်မပူနဲ့ ကလေးတွေသာ မင်းကကောင်းကောင်း ကြည့်ထား” ဟုပြောပြီး အိမ်မှထွက်၍ သူကြီးအိမ်သို့ ခပ်သုတ်သုတ်ပြန်သွားလေသည်။ ဒါတွေကြောင့်လည်း သူကြီးက ဆယ်မောင်ကို ကာလသားခေါင်းခန့်ထားပြီး အားကိုးနေရတာ။ သူကမူးပေမယ့် ရပ်ရွာအတွက်ဆို ရှေ့က ဦးဆောင်ပြီးလုပ်ပေးနေကျ ။ သူကြီးနှင့်ရပ်သူရွာသားများ လူဆိုးဖမ်းရန်သွားသည့်နေရာသည် ရွှေဘို နယ်က မဟာမြိုင်တောသို့ဖြစ်သည်။ ယင်းသို့သွားသည့်အချိန်တွင် ရွာသူရွာသားအားလုံး ဒါး၊လံ၊ လန ကိုယ်စီပါကြသည်။

ဆယ်မောင်က အက်တိုတစ်ချောင်းတောင်မပါခဲ့။ ထို့ကြောင့်သူကြီးက “ဟဲ့ ဆယ်မောင် လူတိုင်းမှာ လနကိုယ်စီနဲ့ မင်းမှာ ဘာလနမှမပါ ပါ့လား ဘယ်ဟာလိုချင်တုန်း” “ကျနော်မျိုးက အဲ့ဒါတွေမကိုင်ချင်ပါဘူး သူကြီး ကျနော်မျိုးက သူကြီးကိုင်တဲ့ သေနပ် ပဲကိုင်ချင်တာပါ ဘုရား ” သူကြီးစိတ်မဆိုးပါ။ ဤကဲ့သို့ ရဲဝံ့စွာတောင်းဆိုခြင်းက ဆယ်မောင်တစ်ယောက် ရွံ့ရွံ့ချွန်ချွန် လုပ်ဆောင်တော့မည် ဟု ၎င်း၏အကြောကို သိနေသောကြောင့်ပင်။ သူကြီးကိုယ်တိုင် သူ့သေနပ်အား ဆယ်မောင့်ကို ပေးလိုက်သည်။

ဆယ်မောင်သည် သောက်တတ်စားတတ်သော်လည်း အရာရာပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲ သူဖြစ်သဖြင့်အားလုံးကြောက်ကြ၏။ ဤသို့ဖြင့် မဟာမြိုင်တောထဲသို့ ရောက်လျှင် လူဆိုးများနှင့် ထိပ်တိုက်ဆုံတွေ့ကြပြီး တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်ကြသည်။ ဆယ်မောင်က အရဲရင့်ဆုံးဖြစ်သည်။ လက်နက်ကိုင်ကာ ရှေ့မှပစ်ခတ်သဖြင့် လူဆိုးအတော်များများ သေဆုံးခဲ့သလို လူဆိုးတို့ပစ်လိုက်သည့် ကျည်ဆံသည်လည်း ဆယ်မောင့် ကိုထိသွားသည်ကို အားလုံးမြင်လိုက်ကြသည်။

ဆယ်မောင်မတ်တပ်မှ လဲကျသွားသည်။ “ဟာ ဆယ်မောင်ကို မှန်သွားပြီ” ဟု အော်သူက အော်၏။ သူကြီးမှစ၍ ရွာသူရွာသားအားလုံး မြင်တွေ့လိုက်ရသောကြောင့် စိတ်မကောင်းလည်း ဖြစ်ကြသည်။ ထို့အတူ သူခိုး ဒမြတို့ဘက်မှလည်း အကျအဆုံးများစွာနှင့် အတော်ကလေး အားနည်းသွားပြီ ဖြစ်သဖြင့် ဆုတ်ခွာပြေးကြလေတော့သည်။ သည်အခါ သူကြီးနှင့်ရွာသူရွာသားများသည် ဒဏ်ရာရသူများ ၊ကျဆုံးသူများကို ကောက်ယူကြသည်။

ထိုစဉ် ဆယ်မောင်သည် သေဆုံးသူအလောင်းတစ်လောင်းကိုထမ်း၍ သူကြီးနှင့်ရွာသူရွာသားများနားသို့ ရောက်ရှိလာလေသည်။ “ကဲ လာ ပြန်ကြမယ်” ဟုပြောသဖြင့် အားလုံးအံ့အားသင့်နေကြသည်။ သူကြီးက “ဆယ်မောင် မင်းရန်သူ့ကျည်ထိတာ တွေ့လိုက်လို့ ငါတို့အားလုံး စိတ်မကောင်းကြဘူး၊ မသေပဲမြင်ရလို့ ဝမ်းသာတယ်ကွာ” ဟု ဝမ်းသာအားရပြော၍ ပြန်ခဲ့ကြလေသည်။ ထို့နောက်ဆယ်မောင်က မူးမြဲမူးနေသကဲ့သို့ ဆယ်မောင့်မိန်းမ၏ မြည်တွန်တောက်တီး သံကိုလည်း ကြားမြဲတိုင်းကြားခဲ့ရ၏။

မြည်တွန်တောက်တီးသည်မှာ ငပိ နှင့် ငခြောက်များ မကြာခဏပျောက်ဆုံးသည်ဟူ၍ စကားလုံးတစ်မျိုးတိုးကာ မြည်တွန်သံကိုလည်းကြားရလေသည်။ ထို့နှင့်များမကြာမီ တောပုန်း သူခိုး ဓားပြ တို့သည် မဟာမြိုင်တောကိုအမှီ ပြု ၍သောင်းကျန်းခဲ့ပြန်၏။ သည်အခါ၌လည်း ဆယ်မောင်က “ဘာမှမပူနဲ့ သူကြီး ကျနော်မျိုးကိုယ်တိုင်ဦးစီးပြီး ဒီဓားပြတွေကိုနှိမ်နှင်း ပေးပါမယ် ” ဟုပြောကာ ရွာသူရွာသားများကို ဦးဆောင်၍ မဟာမြိုင်တောသို့ ချီတက်ခဲ့ကြလေ၏။ ရွာသူရွာသားများအား မဟာမြိုင်တောစပ်သို့ ရောက်လျှင် ဆယ်မောင်က “မင်းတို့တောစပ်က စောင့်ပြီးထွက်လာသမျှ လူဆိုးတွေကို ချေမှုန်း ငါက အထဲဝင်ပြီးတိုက်မယ်” ဟုပြောကာ သူကြီးပေးလိုက်သောသေနပ်ကိုထမ်း၍ တောထဲသို့ ဝင်သွားတော့၏။

တစ်နာရီခန့်ကြာသော် ဓားပြတောပုန်းတို့သည် ကစဉ့်ကလျှား ထွက်ပြေးလာကြလေ၏။ တောစပ်တွင် စောင့်နေသော ရွာသားများက ဝိုင်းဝန်းချေမှုန်းလိုက်ကြရာ ကျဆုံးသူ ကျဆုံးပြီး တစ်ချို့ ကို လက်ရဖမ်းဆီးမိလေ၏။ထိုအချိန်မှ ဆယ်မောင်သည်တောထဲမှ ထွက်လာခဲ့လေသည်။ ဤသို့နှိမ်နှင်းသည်မှာ တစ်ကြိမ်မဟုတ်၊ အကြိမ်ကြိမ်ဖြစ်၏။ သည်အခါ လူဆိုးတို့သည် ထကြွပုန်ကန်ခြင်း မပြုနိုင်တော့။ ထိုနယ်သည် အေးချမ်းသွားတော့သည်။ ယင်းကဲ့သို့ပင် သူကြီးဦးထွန်းလူသည် အသက်ကြီး၍ အနားယူသောအခါ ဆယ်မောင်ကိုပင် သူကြီးရာထူး လွှဲအပ်ခဲ့လေသည်။ ဆယ်မောင် သူကြီးအဖြစ်တာဝန်ယူသောအခါ ထိုနယ်သည်အေးချမ်းသွားခဲ့သည်။

ယင်းသို့ဖြင့် ဆယ်မောင် သူကြီးတာဝန်ယူ၍အုပ်ချုပ်လာခဲ့ရာ သုံးနှစ်ခန့်ကြာခဲ့ပြီ။ ထိုအခါမန္တလေး သို့ဆေးကုရန် ထွက်ခွာခဲ့ပြီး ယခုအခါရွာသို့ပြန်လာခဲ့ပြီဖြစ်သည့် ဆယ်မောင်၏ ဦးလေးတော်စပ်သူ မြန်မာဆေးဆရာလည်းဖြစ်၊ ပယောဂ ဆရာလည်းဖြစ်သည့် ဆရာဦးကိုနီသည် တူတော်မောင် ဆယ်မောင်နှင့် ဆွေမျိုးများကို တွေ့ဆုံရန် ဆယ်မောင်ရှိရာသို့လာခဲ့လေသည်။ သို့သော် ထွက်ခွာသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သဖြင့် ဘယ်ဆွေမျိုးဘယ်မှာနေသည်ကို မသိတော့ပေ။

ထို့ကြောင့် သူကြီးဖြစ်နေပြီဟု သတင်းရသော ဆယ်မောင် အိမ်သို့မေးမြန်းရာ ရွာသားတစ်ဦးက သူကြီးအိမ်သို့လိုက်ပို့၏။ “သူကြီး သူကြီး ဧည့်သည်” ဟု လူငယ်က အော်လိုက်လေသည်။ ဦးကိုနီကလည်း “ဟေ့ ဆယ်မောင် တူကြီး ဦးကြီးလာတယ်လေ” ဟုလှမ်းအော်ပြောရာ ဆယ်မောင်သည် ကမန်းကတန်း အခန်းထဲမှထွက်လာရာ ဦးကြီးဖြစ်သူ ဦးကိုနီ နှင့် ဧည့်ခန်းတွင်ထိပ်တိုက်ဆုံမိသည့်အခိုက် ခြေလှမ်းတွေ တုန့်ကနဲ ရပ်သွား၏။ ထို့နောက်ဦးကိုနီအားစိမ်းစိမ်းကြည့်နေ၏။

ဆေးဆရာလည်းဖြစ် ၊ပယောဂ ဆရာလည်းဖြစ်သည့် ဦးကိုနီ ကလည်း တူတော်မောင်ဆယ်မောင့်ကိုကြည့်ရင်း ယင်းဆယ်မောင်သည် သူ့၏တူ ဆယ်မောင်အစစ်မဟုတ်ကြောင်း အပမှီ ဖုတ်ဝင် နေသူဖြစ်မှန်းသိသဖြင့် “သြော် ဆယ်မောင်သူကြီးက တယ်ကြီးပွားနေသကိုး” ဟုပြောလိုက်စဉ်မှာပင် ဆယ်မောင်၏ ခြေလက်တို့သည် တစ်ဆစ်ဆစ်မြည်သံပေး၍ ပြုတ်ကျကုန်လေတော့သည်။ သည်တော့မှ ဆယ်မောင်၏ဇနီးနှင့် တစ်ရွာလုံး အုံးအုံး ကြွက်ကြွက် ဖြစ်ကာ လူသားဆယ်မောင်မဟုတ်၊ အပမှီဖုတ်ကောင်မှန်းသိသွားကြလေသည်။

မှတ်ချက်။ ဆယ်မောင်သည် သေနပ်မှန်ပြီးလဲအကျတွင် အပမှီဖုတ်ဝင်သွားသဖြင့် ဒဏ်ရာမရှိပဲ ချက်ချင်းထကာ လူကောင်းကဲ့သို့ဖြစ်နေခြင်းဖြစ်သည်။ ဖုတ်ဝင်နေသဖြင့် ငပိ ငခြောက်များအား မိန်းမမသိအောင်ဖြစ်စေ၊ညအခါ ခိုးယူ၍စားသောက်ခြင်းဖြစ်သည်။ ပယောဂ ဆရာနှင့်တွေ့လျှင် ရုပ်မဆောင်နိုင်သောကြောင့် အရိုးပုံဖြစ်ခဲ့ခြင်းပင်။ ဤသည်ကို အပမှီ ခြင်း၊ ဖုတ်ဝင်ခြင်း ဟုဆိုကြပါသည်။ ဒေဝေါ

ပေယာဂဆရာ ဦးကိုနီနဲ႔ ေရႊဘိုနယ္က သက္ရွည္ဖုတ္ေကာင္ႀကီး (ျဖစ္ရပ္မွန္)

ထိုအခ်ိန္က အထက္ျမန္မာျပည္တည္ၿငိမ္မႈမရွိ ၊သူခိုး၊ဓားျပတို႔ကလည္း ေသာင္းက်န္း မင္းမူေနသည့္အခ်ိန္ျဖစ္သည္။ ၁၂၇၄ သီေပါမင္းပါေတာ္မူၿပီးစအခ်ိန္ျဖစ္သည္။ အုပ္ခ်ဳပ္ေရးကလည္း ရႈတ္ေထြးေနၿပီးၿမိဳ႕ရြာအုပ္ခ်ဳပ္သည့္အမႈထမ္းအရာထမ္းတို႔သည္ လည္းလြန္စြာအလုပ္ရႈတ္ေနခ်ိန္ ။ျပည္သူလူထုရပ္သူရြာသားတို႔သည္လည္း အစဥ္အျမဲသတိႏွင့္ေနၾကရၿပီး အသက္ကိုဖက္ႏွင့္ထုတ္၍ေနၾကရခ်ိန္။ ေနရာက ေရႊဘိုနယ္က ရြာတစ္ရြာ။

” ဒူ……..ဒူ….” သူႀကီး ဦးထြန္းလူအိမ္မွေမာင္းသံသည္ အရာရာအားဖုံးအုပ္ကာ က်ယ္ေလာင္စြာေပၚလာခဲ့သည္။ ရြာသူရြာသားတို႔သည္ေမာင္းသံေၾကာင့္လုပ္လက္စအလုပ္မ်ားကိုပစ္ခ်ထားခဲ့ကာ သူႀကီးအိမ္သို႔ စု႐ုံးေရာက္ရွိလာၾကသည္။ဤေမာင္းသံသည္ အေရးတစ္ႀကီးကိစၥရွိ၍သာ စုေဝး ရန္ အခ်က္ေပးေသာသူႀကီး၏ ေမာင္းသံျဖစ္ေၾကာင္း ရြာသူရြာသားအားလုံး နားလည္ထားၾကေသာေၾကာင့္ ဤကဲ့သို႔ အလ်င္အျမန္လာေရာက္ၾကျခင္းျဖစ္သည္။

ထိုသို႔ေမာင္းသံၾကားလၽွင္ ရြာသူရြာသားမ်ားႏွင့္အတူ အရက္မူးၿပီး ေအာ္ဟစ္ဆဲဆို ေရာက္ရွိလာတတ္သည္က ရြာကာလသားေခါင္း ဆယ္ေမာင္။ ယခုလည္း ထိုနည္း၎ပင္ ဆယ္ေမာင္ မူးယစ္ဆဲဆိုၿပီး ေရာက္ရွိလာေလသည္။

“ဆယ္ေမာင္ တို႔ကေတာ့ကြာ မမူးတဲ့ေန႔မရွိပါလား အခုအေရးႀကီးေနၿပီ လူဆိုးဖမ္းရေတာ့မယ္ မင္းဘယ္လိုလုပ္မလဲ ” ဟု သူႀကီး ဦးထြန္းလူကေျပာေလရာ “ဘာလုပ္ရမလဲ သူႀကီးရဲ့ ဆယ္ေမာင္လိုက္မွာေပါ့ ၊ဆယ္ေမာင္ ေၾကာက္မယ္ထင္လား ကၽြန္ေတာ္မ်ိဳးဆယ္ေမာင္ ရင္ကိုေျမကတုတ္လုပ္ၿပီးေတာ့ ေရွ႕ကသြားမွာပါဗ်” သည္အခါ သူႀကီးက သေဘာက်သြားသည့္ဟန္ျဖင့္ျပဳံး ၿပီး “ကဲ ဆယ္ေမာင္ ဒါဆိုရင္လည္း မင္းအိမ္ျပန္ၿပီး မင္းမိန္းမကိုသြားေျပာေခ်ဦး” “ေကာင္းပါၿပီ သူႀကီး” ထို႔ေနာက္ ဆယ္ေမာင္အိမ္သို႔ ျပန္ၿပီး ဇနီးကို ေတြ႕၏။ ၿပီးေနာက္ “ျမရီ ငါ့ရပ္သူရြာသားေတြကို အနိုင္က်င့္ဗိုလ္က်တဲ့ ငမိုက္သားေတြကို သူႀကီးနဲ႔ အတူ သြားဖမ္းရမယ္။

ငါ့ကို စိတ္မပူနဲ႔ ကေလးေတြသာ မင္းကေကာင္းေကာင္း ၾကည့္ထား” ဟုေျပာၿပီး အိမ္မွထြက္၍ သူႀကီးအိမ္သို႔ ခပ္သုတ္သုတ္ျပန္သြားေလသည္။ ဒါေတြေၾကာင့္လည္း သူႀကီးက ဆယ္ေမာင္ကို ကာလသားေခါင္းခန႔္ထားၿပီး အားကိုးေနရတာ။ သူကမူးေပမယ့္ ရပ္ရြာအတြက္ဆို ေရွ႕က ဦးေဆာင္ၿပီးလုပ္ေပးေနက် ။ သူႀကီးႏွင့္ရပ္သူရြာသားမ်ား လူဆိုးဖမ္းရန္သြားသည့္ေနရာသည္ ေရႊဘို နယ္က မဟာၿမိဳင္ေတာသို႔ျဖစ္သည္။ ယင္းသို႔သြားသည့္အခ်ိန္တြင္ ရြာသူရြာသားအားလုံး ဒါး၊လံ၊ လန ကိုယ္စီပါၾကသည္။

ဆယ္ေမာင္က အက္တိုတစ္ေခ်ာင္းေတာင္မပါခဲ့။ ထို႔ေၾကာင့္သူႀကီးက “ဟဲ့ ဆယ္ေမာင္ လူတိုင္းမွာ လနကိုယ္စီနဲ႔ မင္းမွာ ဘာလနမွမပါ ပါ့လား ဘယ္ဟာလိုခ်င္တုန္း” “က်ေနာ္မ်ိဳးက အဲ့ဒါေတြမကိုင္ခ်င္ပါဘူး သူႀကီး က်ေနာ္မ်ိဳးက သူႀကီးကိုင္တဲ့ ေသနပ္ ပဲကိုင္ခ်င္တာပါ ဘုရား ” သူႀကီးစိတ္မဆိုးပါ။ ဤကဲ့သို႔ ရဲဝံ့စြာေတာင္းဆိုျခင္းက ဆယ္ေမာင္တစ္ေယာက္ ရြံ့ရြံ့ခၽြန္ခၽြန္ လုပ္ေဆာင္ေတာ့မည္ ဟု ၎၏အေၾကာကို သိေနေသာေၾကာင့္ပင္။ သူႀကီးကိုယ္တိုင္ သူ႔ေသနပ္အား ဆယ္ေမာင့္ကို ေပးလိုက္သည္။

ဆယ္ေမာင္သည္ ေသာက္တတ္စားတတ္ေသာ္လည္း အရာရာေျပာရဲဆိုရဲ လုပ္ရဲကိုင္ရဲ သူျဖစ္သျဖင့္အားလုံးေၾကာက္ၾက၏။ ဤသို႔ျဖင့္ မဟာၿမိဳင္ေတာထဲသို႔ ေရာက္လၽွင္ လူဆိုးမ်ားႏွင့္ ထိပ္တိုက္ဆုံေတြ႕ၾကၿပီး တစ္ဖက္ႏွင့္တစ္ဖက္ ပစ္ခတ္ၾကသည္။ ဆယ္ေမာင္က အရဲရင့္ဆုံးျဖစ္သည္။ လက္နက္ကိုင္ကာ ေရွ႕မွပစ္ခတ္သျဖင့္ လူဆိုးအေတာ္မ်ားမ်ား ေသဆုံးခဲ့သလို လူဆိုးတို႔ပစ္လိုက္သည့္ က်ည္ဆံသည္လည္း ဆယ္ေမာင့္ ကိုထိသြားသည္ကို အားလုံးျမင္လိုက္ၾကသည္။

ဆယ္ေမာင္မတ္တပ္မွ လဲက်သြားသည္။ “ဟာ ဆယ္ေမာင္ကို မွန္သြားၿပီ” ဟု ေအာ္သူက ေအာ္၏။ သူႀကီးမွစ၍ ရြာသူရြာသားအားလုံး ျမင္ေတြ႕လိုက္ရေသာေၾကာင့္ စိတ္မေကာင္းလည္း ျဖစ္ၾကသည္။ ထို႔အတူ သူခိုး ဒျမတို႔ဘက္မွလည္း အက်အဆုံးမ်ားစြာႏွင့္ အေတာ္ကေလး အားနည္းသြားၿပီ ျဖစ္သျဖင့္ ဆုတ္ခြာေျပးၾကေလေတာ့သည္။ သည္အခါ သူႀကီးႏွင့္ရြာသူရြာသားမ်ားသည္ ဒဏ္ရာရသူမ်ား ၊က်ဆုံးသူမ်ားကို ေကာက္ယူၾကသည္။

ထိုစဥ္ ဆယ္ေမာင္သည္ ေသဆုံးသူအေလာင္းတစ္ေလာင္းကိုထမ္း၍ သူႀကီးႏွင့္ရြာသူရြာသားမ်ားနားသို႔ ေရာက္ရွိလာေလသည္။ “ကဲ လာ ျပန္ၾကမယ္” ဟုေျပာသျဖင့္ အားလုံးအံ့အားသင့္ေနၾကသည္။ သူႀကီးက “ဆယ္ေမာင္ မင္းရန္သူ႔က်ည္ထိတာ ေတြ႕လိုက္လို႔ ငါတို႔အားလုံး စိတ္မေကာင္းၾကဘူး၊ မေသပဲျမင္ရလို႔ ဝမ္းသာတယ္ကြာ” ဟု ဝမ္းသာအားရေျပာ၍ ျပန္ခဲ့ၾကေလသည္။ ထို႔ေနာက္ဆယ္ေမာင္က မူးျမဲမူးေနသကဲ့သို႔ ဆယ္ေမာင့္မိန္းမ၏ ျမည္တြန္ေတာက္တီး သံကိုလည္း ၾကားျမဲတိုင္းၾကားခဲ့ရ၏။

ျမည္တြန္ေတာက္တီးသည္မွာ ငပိ ႏွင့္ ငေျခာက္မ်ား မၾကာခဏေပ်ာက္ဆုံးသည္ဟူ၍ စကားလုံးတစ္မ်ိဳးတိုးကာ ျမည္တြန္သံကိုလည္းၾကားရေလသည္။ ထို႔ႏွင့္မ်ားမၾကာမီ ေတာပုန္း သူခိုး ဓားၿပ တို႔သည္ မဟာၿမိဳင္ေတာကိုအမွီ ျပဳ ၍ေသာင္းက်န္းခဲ့ျပန္၏။ သည္အခါ၌လည္း ဆယ္ေမာင္က “ဘာမွမပူနဲ႔ သူႀကီး က်ေနာ္မ်ိဳးကိုယ္တိုင္ဦးစီးၿပီး ဒီဓားျပေတြကိုႏွိမ္ႏွင္း ေပးပါမယ္ ” ဟုေျပာကာ ရြာသူရြာသားမ်ားကို ဦးေဆာင္၍ မဟာၿမိဳင္ေတာသို႔ ခ်ီတက္ခဲ့ၾကေလ၏။ ရြာသူရြာသားမ်ားအား မဟာၿမိဳင္ေတာစပ္သို႔ ေရာက္လၽွင္ ဆယ္ေမာင္က “မင္းတို႔ေတာစပ္က ေစာင့္ၿပီးထြက္လာသမၽွ လူဆိုးေတြကို ေခ်မႈန္း ငါက အထဲဝင္ၿပီးတိုက္မယ္” ဟုေျပာကာ သူႀကီးေပးလိုက္ေသာေသနပ္ကိုထမ္း၍ ေတာထဲသို႔ ဝင္သြားေတာ့၏။

တစ္နာရီခန႔္ၾကာေသာ္ ဓားျပေတာပုန္းတို႔သည္ ကစဉ့္ကလၽွား ထြက္ေျပးလာၾကေလ၏။ ေတာစပ္တြင္ ေစာင့္ေနေသာ ရြာသားမ်ားက ဝိုင္းဝန္းေခ်မႈန္းလိုက္ၾကရာ က်ဆုံးသူ က်ဆုံးၿပီး တစ္ခ်ိဳ႕ ကို လက္ရဖမ္းဆီးမိေလ၏။ထိုအခ်ိန္မွ ဆယ္ေမာင္သည္ေတာထဲမွ ထြက္လာခဲ့ေလသည္။ ဤသို႔ႏွိမ္ႏွင္းသည္မွာ တစ္ႀကိမ္မဟုတ္၊ အႀကိမ္ႀကိမ္ျဖစ္၏။ သည္အခါ လူဆိုးတို႔သည္ ထႂကြပုန္ကန္ျခင္း မျပဳနိုင္ေတာ့။ ထိုနယ္သည္ ေအးခ်မ္းသြားေတာ့သည္။ ယင္းကဲ့သို႔ပင္ သူႀကီးဦးထြန္းလူသည္ အသက္ႀကီး၍ အနားယူေသာအခါ ဆယ္ေမာင္ကိုပင္ သူႀကီးရာထူး လႊဲအပ္ခဲ့ေလသည္။ ဆယ္ေမာင္ သူႀကီးအျဖစ္တာဝန္ယူေသာအခါ ထိုနယ္သည္ေအးခ်မ္းသြားခဲ့သည္။

ယင္းသို႔ျဖင့္ ဆယ္ေမာင္ သူႀကီးတာဝန္ယူ၍အုပ္ခ်ဳပ္လာခဲ့ရာ သုံးႏွစ္ခန႔္ၾကာခဲ့ၿပီ။ ထိုအခါမႏၲေလး သို႔ေဆးကုရန္ ထြက္ခြာခဲ့ၿပီး ယခုအခါရြာသို႔ျပန္လာခဲ့ၿပီျဖစ္သည့္ ဆယ္ေမာင္၏ ဦးေလးေတာ္စပ္သူ ျမန္မာေဆးဆရာလည္းျဖစ္၊ ပေယာဂ ဆရာလည္းျဖစ္သည့္ ဆရာဦးကိုနီသည္ တူေတာ္ေမာင္ ဆယ္ေမာင္ႏွင့္ ေဆြမ်ိဳးမ်ားကို ေတြ႕ဆုံရန္ ဆယ္ေမာင္ရွိရာသို႔လာခဲ့ေလသည္။ သို႔ေသာ္ ထြက္ခြာသြားခဲ့သည္မွာ ၾကာခဲ့ၿပီျဖစ္သျဖင့္ ဘယ္ေဆြမ်ိဳးဘယ္မွာေနသည္ကို မသိေတာ့ေပ။

ထို႔ေၾကာင့္ သူႀကီးျဖစ္ေနၿပီဟု သတင္းရေသာ ဆယ္ေမာင္ အိမ္သို႔ေမးျမန္းရာ ရြာသားတစ္ဦးက သူႀကီးအိမ္သို႔လိုက္ပို႔၏။ “သူႀကီး သူႀကီး ဧည့္သည္” ဟု လူငယ္က ေအာ္လိုက္ေလသည္။ ဦးကိုနီကလည္း “ေဟ့ ဆယ္ေမာင္ တူႀကီး ဦးႀကီးလာတယ္ေလ” ဟုလွမ္းေအာ္ေျပာရာ ဆယ္ေမာင္သည္ ကမန္းကတန္း အခန္းထဲမွထြက္လာရာ ဦးႀကီးျဖစ္သူ ဦးကိုနီ ႏွင့္ ဧည့္ခန္းတြင္ထိပ္တိုက္ဆုံမိသည့္အခိုက္ ေျခလွမ္းေတြ တုန႔္ကနဲ ရပ္သြား၏။ ထို႔ေနာက္ဦးကိုနီအားစိမ္းစိမ္းၾကည့္ေန၏။

ေဆးဆရာလည္းျဖစ္ ၊ပေယာဂ ဆရာလည္းျဖစ္သည့္ ဦးကိုနီ ကလည္း တူေတာ္ေမာင္ဆယ္ေမာင့္ကိုၾကည့္ရင္း ယင္းဆယ္ေမာင္သည္ သူ႔၏တူ ဆယ္ေမာင္အစစ္မဟုတ္ေၾကာင္း အပမွီ ဖုတ္ဝင္ ေနသူျဖစ္မွန္းသိသျဖင့္ “ေၾသာ္ ဆယ္ေမာင္သူႀကီးက တယ္ႀကီးပြားေနသကိုး” ဟုေျပာလိုက္စဥ္မွာပင္ ဆယ္ေမာင္၏ ေျခလက္တို႔သည္ တစ္ဆစ္ဆစ္ျမည္သံေပး၍ ျပဳတ္က်ကုန္ေလေတာ့သည္။ သည္ေတာ့မွ ဆယ္ေမာင္၏ဇနီးႏွင့္ တစ္ရြာလုံး အုံးအုံး ႂကြက္ႂကြက္ ျဖစ္ကာ လူသားဆယ္ေမာင္မဟုတ္၊ အပမွီဖုတ္ေကာင္မွန္းသိသြားၾကေလသည္။

မွတ္ခ်က္။ ဆယ္ေမာင္သည္ ေသနပ္မွန္ၿပီးလဲအက်တြင္ အပမွီဖုတ္ဝင္သြားသျဖင့္ ဒဏ္ရာမရွိပဲ ခ်က္ခ်င္းထကာ လူေကာင္းကဲ့သို႔ျဖစ္ေနျခင္းျဖစ္သည္။ ဖုတ္ဝင္ေနသျဖင့္ ငပိ ငေျခာက္မ်ားအား မိန္းမမသိေအာင္ျဖစ္ေစ၊ညအခါ ခိုးယူ၍စားေသာက္ျခင္းျဖစ္သည္။ ပေယာဂ ဆရာႏွင့္ေတြ႕လၽွင္ ႐ုပ္မေဆာင္နိုင္ေသာေၾကာင့္ အရိုးပုံျဖစ္ခဲ့ျခင္းပင္။ ဤသည္ကို အပမွီ ျခင္း၊ ဖုတ္ဝင္ျခင္း ဟုဆိုၾကပါသည္။ ေဒေဝါ