ကိုးနဝင်းကျေးဇူးကြောင့် …အခက်ခဲကျော်လွှားနိုင်ကြသူများ
( ကိုးနဝင်း ကျေးဇူး တသက်မမေ့ဘူး)
စာတော့ နည်းနည်းရှည်ပါတယ်
ဒါပေမယ့် ဓမ္မမိတ်ဆွေအပေါင်းကိုဆုံးအောင်တော့ဖတ်ကြည့်စေချင်ပါတယ် ကျွန်တော်အာချောင်ပြီးရေးထားတာတစ်ခုမှမပါဘူးဆိုတာကတော့ တစ်ရာ% ထိသက်သေထူနိုင်ပါတယ်ခင်ဗျာ
2012 ခုနှစ်ကတော့ ကျွန်တော့်ဘဝတစ်သက်တာမှာ အခက်ခဲဆုံး အပြင်းထန်ဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ် အတွေ့အကြုံ အသစ်နဲ့ တကယ်စိတ်လူပ်ရှားစရာကောင်းခဲ့တာကတော့ ဒီလိုပါခင်ဗျာ
ခရီးသွားရတာကိုနှစ်သက်တဲ့ကျွန်နော်က ငွေသိန်းနှစ်ဆယ်ခန့်နဲ့ Local Travel Agent လေးတစ်ခုကို စတင်တည်ထောင်ခဲ့ပါတယ် တိုက်ခန်းဖိုးပေး ဟိုပေး ဒီပေး နဲ့ နောက်ဆုံးမှာသောင်းဂဏန်းခန့်သာကျန်ပါတော့တယ် ဒီလိုပဲစလုပ်ခါစ အလုပ်ပါးတော့ လေးငါးယောက်ထိုင်စားလာကြတာနောက်ဆုံးမှတ်မှတ်ရရ ငွေ ၈၀၀ ခန့်သာကျန်ပါတယ် အဲငွေလေးနဲ့ဈေးသွားကန်စွန်းရွက်လေးဝယ်ပြီးပြန်လာကြပါတယ်
ကိုးနဝင်းမိုးလင်းမှသိမယ်ဆိုတာ တကယ်ပါခင်ဗျာ ပြတ်တုန်းလတ်တုန်း ၂၃ ကျော်လို့ ၁၀၃ အပေါင်ဆုံးခါနီး မိုးလင်းတော့ ခရီးစဉ်တစ်ခုအတွက် စရံငွေသုံးသိန်းရပါတယ် အဲတာလေးနဲ့စားသောက်ကြရင်း ခရီးစဉ်ပြီးဆုံးချိန်မှာ အသားတင်အမြတ်ငွေငါးသိန်းဝန်းကျင်ခန့်ရခဲ့ပါတယ်
အဲဒီခေါက်ကစလို့ ခရီးစဉ်တွေဆက်တိုက်ရလာပါတယ် ကိုးနဝင်းလည်းတစ်ခေါက်ပြီးတစ်ခေါက် ဆက်တိုက် ဝင်ဖြစ်ပါတယ် အလုပ်ကလည်းလည်ပတ်လာပါတယ် အဆင်ပြေစပြုလာချိန်မှာ ခုလိုပဲ နောက်တစ်ကွေ့ထပ်ကြုံ လာပြန်ပါတယ်
ကျွန်တော်နဲ့ တရုတ်မှာ ဆိုးတူကောင်းဖက် ဖြတ်သန်းခဲ့တဲ့ သူငယ်ချင်း တစ်ယောက်အခက်ခဲတွေနဲ့ခေတ္တရောက်လာချိန်မှာ နေစရာ စားစရာ ဝတ်စရာ ဖိနပ်ကအစဝယ်ပေးပါတယ် အလုပ်ကလည်း အရင်လိုမနှေးပဲ သွက်လာပါတယ်
သူငယ်ချင်းက ဒီမှာအလုပ်လေးတစ်ခုစပ်ထားတယ် အရောင်းအဝယ်ပေါ့ မူဆယ်နဲ့ရန်ကုန်ဝယ်ရောင်းလေးလုပ်ချင်တယ် တစ်ပြန်ရင်းတစ်ပြန်မြတ်တယ်
သုံးခေါက်လောက်ဆို အရင်းပြန်ပေးမယ် တစ်လခွဲလောက်ဆိုလို့ ခရီးစဉ်တည်ထားတဲ့ငွေထဲက ငါးသိန်းထုတ်ပေးပါတယ် တစ်လခွဲလောက်တော့ရတယ် နောက်လ ၂၇ ရက်နေ့တော့မင်းပေးနိုင်မလားဆိုတော့အဲလောက်ဆိုရတယ် စိတ်ချပါဘာညာနဲ့ယူသွားတယ် မတိုင်ခင်တစ်ပတ်လောက်အလိုကလည်းဖုန်းဆက်တော့ အဆင်ပြေတယ်တဲ့ ဘာမှမပူပါနဲ့ လာပေးမယ်တဲ့ ကျွန်တော့်မှာတော့ လာနိုးနိုး လာနိုးနိုးနဲ့ ငွေရှင်းရမယ့်အချိန်သာရောက်လာတယ် ဆရာကတော့ပေါ်မလာတော့ဘူး ကျေးဇူးဆပ်သွားခဲ့ပါပြီ ကျွန်တော်တို့တစ်ယောက်မျက်နှာတစ်ယောက် မကြည့်နိုင် ချွေးဒီးဒီးကျနေချိန်ငွေမရှင်းခင်နာရီပိုင်းလေးအလိုမှာပဲ နောက်ထပ်ခရီးစဉ်တစ်ခုအတွက် စရံငွေလာပေးတာ လိုနေတဲ့ငွေထက် တစ်သိန်းကျော်တောင်ပိုသွားခဲ့ပါတယ် Due Date ရောက်လို့ ငွေမရှင်းရင် booking တွေကင်ဆာလုပ်တာခံရရင် ဧည့်သည်နဲ့ကိုယ်ယုံကြည်မူပျက်ပြီး လုပ်ငန်းပါblack list ပြပြီးလိမ်လည်မူမြောက်ပြီး အချုပ်ရောက်မယ့်ကိန်းပါပဲဗျာ ဧည့်သည်တွေပြန်သွားချိန်မှာတော့ကျွန်တော်တို့တွေသောကတွေမေ့ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဝမ်းသာအားရနဲ့ တစ်ယောက်ဖြစ်နေတာတစ်ယောက်ပြန်ပြောပြီးတစ်သောသောရယ်ကြပါတော့တယ်
ကိုးနဝင်း အဓိဌာန်အပေါ်မှာလည်းယုံကြည်မူပိုတိုးခဲ့ပါတယ် သူငယ်ချင်းအကြောင်းဆက်ပါဦးမယ်
သူကတော့ရွာပြန်ပြီးအေးဆေးပဲဗျ အခြားသူငယ်ချင်းအကူညီနဲ့ဖုန်းပြောရတော့ မူဆယ်ကပစ္စည်းအချမှာ ရင်းထားတာတွေအဖမ်းခံရတယ်တဲ့ ကျွန်တော့်မှာတော့ ဒေါသလေးတွေပြေခဲ့တယ် ငါ့မှာတော့အချုပ်မကျရုံလေးပေါ့ အော် ဒါပေမယ့် ဒါလည်းဟုတ်မှာပါလေ တရုတ်ပစ္စည်းတွေကလည်း တခါတစ်လေ ၁၀၅ မိုင်ဂိတ်မှာဖြစ်စေ အခန့်မသင့်တဲ့အခါလည်းဒီလိုပဲဖြစ်ပါတယ်လေလို့တွေးပါသေးတယ် ဒါပေမယ့်ကျွန်တော်သိပ်မယုံဘူးဗျ အဲတာနဲ့ကွင်းဆက်လိုက်စုံစမ်းတော့ သူ့သူငယ်ချင်းတစ်ယောက်ပြောပြသွားတာ KTV မှာ ငွေတွေ တရက်တည်းသိန်းချီဖြုန်းသွားတယ်တဲ့ သူဌေးပုံစံနဲ့အကုန်ဒကာခံသွားသတဲ့ တားမရဘူးတဲ့ဗျာ ကျွန်တော် အရက်တိုက်ပြီးမေးတော့အကုန်ပေါ်တယ်ဗျ အော်ကျွန်တော်တို့မှာတတွေမှာတော့အလုပ်ကလေးအပေါ်မှာအာရုံစိုက်ပြီးဖြစ်သလိုစားသောက်လို့ စိတ်နာသွားတယ်ဗျ
ဒီလိုနဲ့ လဲရင်ပြန်ထ ဒါလူ့ဘဝပဲဗျ ရှေ့ဆက်လာလိုက်ကြတာ ရာသီကုန်ခါနီးသင်္ကြန်အတွက် လမ်းကြောင်းတွေထပ်ဆွဲတယ် ခရီးသည်တွေလည်းအပြည့် အားလုံးကွက်တိပဲ သင်္ကြန်မှာကားတွေကရှားတော့ အသိတစ်ယောက်ဆီမှာ ကားနှစ်စီးကျန်တယ် ဆိုလို့ စရံငွေငါးသိန်းပေးလိုက်တယ် ဒီလိုပဲအပြန်အလှန် ရှိနေကျဆိုတော့လည်း
ကားထွက်မယ့်နေ့လည်းကျရောရုံးခန်းပါပိတ်ပြီး ထွက်ပြေးသွားကြပြီ အားလုံးစုစုပေါင်းသိန်း ၂၀ လောက်ပါသွားကြတယ်ပြောတယ်ဗျ ကျွန်တော့်မှာညတွင်းချင်း ငွေပေးရင်တောင်နောက်ကားရှာမရတဲ့အချိန်မှာ တစ်ခြားအသိဆီကကားတစ်စီးရပါတယ် နှစ်ဆလောက်ပေးလိုက်ရတယ် ဘာပဲဖြစ်ဖြစ်ပါ ကျေးဇူးအရမ်းတင်မိပါတယ် လောလောစယ်အပူကိုတော့ ဖြေရှင်းလိုက်နိုင်ပါတယ် နောက်နေ့ထွက်မယ့်ကားရဲ့ငွေမလောက်မငမူကိုလည်း အကိုလို အင်တာဗျူး တစ်ခုမှာ ဆုံရင်းခင်မင်ခဲ့ကြတဲ့ ဆရာက လိုငွေကိုစိုက်ပေးပြီး အချုပ်အနှောင်ကျမယ့်ကိန်းကနေကူညီပေးခဲ့ပါတယ် သူကိုတော့ကျွန်တော်ကျေးဇူးအကြွေးတင်သွားခဲ့ပါတယ် တကယ်မေ့မရပါဘူး
ကျွန်တော်တို့သောကတွေရောက်ခဲ့ကြတယ် အိပ်ရေးတွေပျက်ခဲ့ကြတယ် ဒုက္ခတွေရောက်ခဲ့ပေမယ့် ကိုးနဝင်းတန်ခိုးကြောင့်ကျော်ဖြတ်နိုင်ခဲ့ကြပါတယ် အဆိုးထဲကအကောင်းပေါ့ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်တစ်နှစ်ပတ်လုံးနီးပါး ကိုးနဝင်းစိပ်ခဲ့ကြတဲ့ကျေးဇူးတွေကတော့အဆိုးဆုံးနှစ်တစ်နှစ်ကို အတွေ့ကြုံသစ်တွေနဲ့ ဟန်မပျက်ရှေ့ဆက်နိုင်ခဲ့ကြပါတယ်
နှစ်ခေါက်အလိမ်ခံရတော့ ရာသီကုန်ချိန်မှာငွေမကျန်ခဲ့ပေမယ့်် နောက်နှစ်ရာသီပေါ်ချိန်မှာပဲ အဖော်ကောင်းတစ်ယောက်တွေ့ပြီးအခန်းပြန်ငှါးပြီးဆက်လက်လုပ်ကြပါတယ် နာမည်လေးလည်းရလာပါတယ် ရာသီကုန်စာရင်းချုပ်တော့ အမြတ်ငွေလေးတွေလည်းသီးခဲ့ကြပါတယ် လေးရာသီမြောက်မှာတော့ ငွေကြေးရှင်တွေကရင်းနှီးမြုပ်နှံပြီးလုပ်ကိုင်လာကြတာကြောင့် ဈေးကွက်မယှဉ်ပြိုင်နိုင်တော့တာကြောင့် လေးနှစ်မြောက်မှာပဲ ရပ်နားခဲ့ကြပါတယ်
လိမ်သွားတဲ့မိတ်ဆွေကတော့ငတ်တလှည့်ပြတ်တလှည့်နဲ့ ဒုက္ခပင်လယ်ဝေပြီး လူတောမတိုးတော့တာကိုလည်း သူငယ်ချင်းတစ်ယောက်ဆီကတဆင့်ပြန်သိခဲ့ရပါတယ် ကျွန်တော့်ကိုတော်တော်ကြာတဲ့အခါနောင်တရပြီးဖုန်းဆက်ပါတယ် ကျွန်တော်ကတော့တစ်သက်စာတတာပြလိုက်ပါပြီ နောက်တစ်ယောက်ကလည်း ဝရမ်းပြေးနဲ့ထွက်ပြေးနေရပါတယ်
ကျွန်တော့်တို့လည်းဒုက္ခရောက်ခဲ့ကြပေမယ့် ဂုဏ်တော်ကျေးဇူးကြောင့် အချုပ်အနှောင်ကျမယ့်ကိန်းတွေကို လက်တလုံးခြားဖြတ်ကျော်ခဲ့ကြတာ ခုထက်ထိ မေ့မရခဲ့ပါဘူး
ကျွန်တော့်သူငယ်ချင်းနဲ့ကျွန်တော်ကတော့ခုထက်ထိ အဆက်သွယ်ရှိနေပါတယ် သူကခုထက်ထိ လည်းကိုးနဝင်းပုတီးစိပ်တယ်ပြောပါတယ် သူ့မှာလည်းခုဆိုရင် ကိုယ်ပိုင်မြေကွက်လေးတွေဝယ်နိုင်ခဲ့သလို ကျွန်တော့်မှာလည်းအငှါးယာဉ်လေးတစ်စီးပိုင်ဆိုင်ခဲ့ပါပြီ
ကြွားဝါခြင်းမဟုတ်ပါဘူးခင်ဗျာ ဆိုလိုချင်တာကဂုဏ်တော်တွေရဲ့ကျေးဇူးကြောင့်ခုလို တဖြည်းဖြည်းအဆင်ပြေလာတာကိုယုံကြည်စေချင်လို့မျှဝေတာပါခင်ဗျာ ကျွန်တော်တို့ပိုင်ဆိုင်မူဆိုတာ စာမဖွဲ့လောက်ပါဘူး ပစ္စည်းသင်္ခါရ လူသင်္ခါရဆိုတာ ဓမ္မမိတ်ဆွေတွေသိပြီးသားဖြစ်သလို မမြဲပါဘူး
ဒါပေမယ့် နောက်ဆုံးပေးချင်တဲ့ မက်စေ့ကတော့ မိဘကျေးဇူးကိုနိုင်သလောက်ဆပ်ပါ ကျေးဇူးရှိဖူးသူကို မဆပ်နိုင်ရင်တောင် ကျေးမစွပ်ပါနဲ့ ရိုးသားပါ စိတ်ကောင်းထားပါ ဘာသာတရားအပေါ်၌ သက်ဝင်ယုံကြည်ပြီးတကယ် အလုပ်လုပ်သောသူအတွက် ဓမ္မရဲ့စောင့်ရှောက်ခြင်းကိုခံရပြီး ဒုက္ခဆိုတာပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ လွတ်မြောက်နိုင်ကြပါလိမ့်မယ် ကျွန်တော့်ရဲ့ကိုယ်တွေ့ဖြစ်ရပ်မို့ ရဲရဲကြီးအာမခံပါတယ် တကယ်ယုံကြည်မူထားပြီး လုပ်ကြပါလို့တိုက်တွန်းရင်း
ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး စီးပွားလာဒ်လာဘများဒီရေအလားတိုးပွားနိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
ပင်လယ် ငွေ ဇင်ယော်
ကိုးနဝင္းေက်းဇူးေၾကာင့္ …အခက္ခဲေက်ာ္လႊားနိုင္ၾကသူမ်ား
( ကိုးနဝင္း ေက်းဇူး တသက္မေမ့ဘူး)
စာေတာ့ နည္းနည္းရွည္ပါတယ္
ဒါေပမယ့္ ဓမၼမိတ္ေဆြအေပါင္းကိုဆုံးေအာင္ေတာ့ဖတ္ၾကည့္ေစခ်င္ပါတယ္ ကၽြန္ေတာ္အာေခ်ာင္ၿပီးေရးထားတာတစ္ခုမွမပါဘူးဆိုတာကေတာ့ တစ္ရာ% ထိသက္ေသထူနိုင္ပါတယ္ခင္ဗ်ာ
2012 ခုႏွစ္ကေတာ့ ကၽြန္ေတာ့္ဘဝတစ္သက္တာမွာ အခက္ခဲဆုံး အျပင္းထန္ဆုံး ႏွစ္တစ္ႏွစ္ျဖစ္ခဲ့ပါတယ္ အေတြ႕အၾကဳံ အသစ္နဲ႔ တကယ္စိတ္လူပ္ရွားစရာေကာင္းခဲ့တာကေတာ့ ဒီလိုပါခင္ဗ်ာ
ခရီးသြားရတာကိုႏွစ္သက္တဲ့ကၽြန္ေနာ္က ေငြသိန္းႏွစ္ဆယ္ခန႔္နဲ႔ Local Travel Agent ေလးတစ္ခုကို စတင္တည္ေထာင္ခဲ့ပါတယ္ တိုက္ခန္းဖိုးေပး ဟိုေပး ဒီေပး နဲ႔ ေနာက္ဆုံးမွာေသာင္းဂဏန္းခန႔္သာက်န္ပါေတာ့တယ္ ဒီလိုပဲစလုပ္ခါစ အလုပ္ပါးေတာ့ ေလးငါးေယာက္ထိုင္စားလာၾကတာေနာက္ဆုံးမွတ္မွတ္ရရ ေငြ ၈၀၀ ခန႔္သာက်န္ပါတယ္ အဲေငြေလးနဲ႔ေဈးသြားကန္စြန္းရြက္ေလးဝယ္ၿပီးျပန္လာၾကပါတယ္
ကိုးနဝင္းမိုးလင္းမွသိမယ္ဆိုတာ တကယ္ပါခင္ဗ်ာ ျပတ္တုန္းလတ္တုန္း ၂၃ ေက်ာ္လို႔ ၁၀၃ အေပါင္ဆုံးခါနီး မိုးလင္းေတာ့ ခရီးစဥ္တစ္ခုအတြက္ စရံေငြသုံးသိန္းရပါတယ္ အဲတာေလးနဲ႔စားေသာက္ၾကရင္း ခရီးစဥ္ၿပီးဆုံးခ်ိန္မွာ အသားတင္အျမတ္ေငြငါးသိန္းဝန္းက်င္ခန႔္ရခဲ့ပါတယ္
အဲဒီေခါက္ကစလို႔ ခရီးစဥ္ေတြဆက္တိုက္ရလာပါတယ္ ကိုးနဝင္းလည္းတစ္ေခါက္ၿပီးတစ္ေခါက္ ဆက္တိုက္ ဝင္ျဖစ္ပါတယ္ အလုပ္ကလည္းလည္ပတ္လာပါတယ္ အဆင္ေျပစျပဳလာခ်ိန္မွာ ခုလိုပဲ ေနာက္တစ္ေကြ႕ထပ္ၾကဳံ လာျပန္ပါတယ္
ကၽြန္ေတာ္နဲ႔ တ႐ုတ္မွာ ဆိုးတူေကာင္းဖက္ ျဖတ္သန္းခဲ့တဲ့ သူငယ္ခ်င္း တစ္ေယာက္အခက္ခဲေတြနဲ႔ေခတၱေရာက္လာခ်ိန္မွာ ေနစရာ စားစရာ ဝတ္စရာ ဖိနပ္ကအစဝယ္ေပးပါတယ္ အလုပ္ကလည္း အရင္လိုမေႏွးပဲ သြက္လာပါတယ္
သူငယ္ခ်င္းက ဒီမွာအလုပ္ေလးတစ္ခုစပ္ထားတယ္ အေရာင္းအဝယ္ေပါ့ မူဆယ္နဲ႔ရန္ကုန္ဝယ္ေရာင္းေလးလုပ္ခ်င္တယ္ တစ္ျပန္ရင္းတစ္ျပန္ျမတ္တယ္
သုံးေခါက္ေလာက္ဆို အရင္းျပန္ေပးမယ္ တစ္လခြဲေလာက္ဆိုလို႔ ခရီးစဥ္တည္ထားတဲ့ေငြထဲက ငါးသိန္းထုတ္ေပးပါတယ္ တစ္လခြဲေလာက္ေတာ့ရတယ္ ေနာက္လ ၂၇ ရက္ေန႔ေတာ့မင္းေပးနိုင္မလားဆိုေတာ့အဲေလာက္ဆိုရတယ္ စိတ္ခ်ပါဘာညာနဲ႔ယူသြားတယ္ မတိုင္ခင္တစ္ပတ္ေလာက္အလိုကလည္းဖုန္းဆက္ေတာ့ အဆင္ေျပတယ္တဲ့ ဘာမွမပူပါနဲ႔ လာေပးမယ္တဲ့ ကၽြန္ေတာ့္မွာေတာ့ လာနိုးနိုး လာနိုးနိုးနဲ႔ ေငြရွင္းရမယ့္အခ်ိန္သာေရာက္လာတယ္ ဆရာကေတာ့ေပၚမလာေတာ့ဘူး ေက်းဇူးဆပ္သြားခဲ့ပါၿပီ ကၽြန္ေတာ္တို႔တစ္ေယာက္မ်က္ႏွာတစ္ေယာက္ မၾကည့္နိုင္ ေခၽြးဒီးဒီးက်ေနခ်ိန္ေငြမရွင္းခင္နာရီပိုင္းေလးအလိုမွာပဲ ေနာက္ထပ္ခရီးစဥ္တစ္ခုအတြက္ စရံေငြလာေပးတာ လိုေနတဲ့ေငြထက္ တစ္သိန္းေက်ာ္ေတာင္ပိုသြားခဲ့ပါတယ္ Due Date ေရာက္လို႔ ေငြမရွင္းရင္ booking ေတြကင္ဆာလုပ္တာခံရရင္ ဧည့္သည္နဲ႔ကိုယ္ယုံၾကည္မူပ်က္ၿပီး လုပ္ငန္းပါblack list ျပၿပီးလိမ္လည္မူေျမာက္ၿပီး အခ်ဳပ္ေရာက္မယ့္ကိန္းပါပဲဗ်ာ ဧည့္သည္ေတြျပန္သြားခ်ိန္မွာေတာ့ကၽြန္ေတာ္တို႔ေတြေသာကေတြေမ့ၿပီး တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ ဝမ္းသာအားရနဲ႔ တစ္ေယာက္ျဖစ္ေနတာတစ္ေယာက္ျပန္ေျပာၿပီးတစ္ေသာေသာရယ္ၾကပါေတာ့တယ္
ကိုးနဝင္း အဓိဌာန္အေပၚမွာလည္းယုံၾကည္မူပိုတိုးခဲ့ပါတယ္ သူငယ္ခ်င္းအေၾကာင္းဆက္ပါဦးမယ္
သူကေတာ့ရြာျပန္ၿပီးေအးေဆးပဲဗ် အျခားသူငယ္ခ်င္းအကူညီနဲ႔ဖုန္းေျပာရေတာ့ မူဆယ္ကပစၥည္းအခ်မွာ ရင္းထားတာေတြအဖမ္းခံရတယ္တဲ့ ကၽြန္ေတာ့္မွာေတာ့ ေဒါသေလးေတြေျပခဲ့တယ္ ငါ့မွာေတာ့အခ်ဳပ္မက်႐ုံေလးေပါ့ ေအာ္ ဒါေပမယ့္ ဒါလည္းဟုတ္မွာပါေလ တ႐ုတ္ပစၥည္းေတြကလည္း တခါတစ္ေလ ၁၀၅ မိုင္ဂိတ္မွာျဖစ္ေစ အခန႔္မသင့္တဲ့အခါလည္းဒီလိုပဲျဖစ္ပါတယ္ေလလို႔ေတြးပါေသးတယ္ ဒါေပမယ့္ကၽြန္ေတာ္သိပ္မယုံဘူးဗ် အဲတာနဲ႔ကြင္းဆက္လိုက္စုံစမ္းေတာ့ သူ႔သူငယ္ခ်င္းတစ္ေယာက္ေျပာျပသြားတာ KTV မွာ ေငြေတြ တရက္တည္းသိန္းခ်ီျဖဳန္းသြားတယ္တဲ့ သူေဌးပုံစံနဲ႔အကုန္ဒကာခံသြားသတဲ့ တားမရဘူးတဲ့ဗ်ာ ကၽြန္ေတာ္ အရက္တိုက္ၿပီးေမးေတာ့အကုန္ေပၚတယ္ဗ် ေအာ္ကၽြန္ေတာ္တို႔မွာတေတြမွာေတာ့အလုပ္ကေလးအေပၚမွာအာ႐ုံစိုက္ၿပီးျဖစ္သလိုစားေသာက္လို႔ စိတ္နာသြားတယ္ဗ်
ဒီလိုနဲ႔ လဲရင္ျပန္ထ ဒါလူ႔ဘဝပဲဗ် ေရွ႕ဆက္လာလိုက္ၾကတာ ရာသီကုန္ခါနီးသၾကၤန္အတြက္ လမ္းေၾကာင္းေတြထပ္ဆြဲတယ္ ခရီးသည္ေတြလည္းအျပည့္ အားလုံးကြက္တိပဲ သၾကၤန္မွာကားေတြကရွားေတာ့ အသိတစ္ေယာက္ဆီမွာ ကားႏွစ္စီးက်န္တယ္ ဆိုလို႔ စရံေငြငါးသိန္းေပးလိုက္တယ္ ဒီလိုပဲအျပန္အလွန္ ရွိေနက်ဆိုေတာ့လည္း
ကားထြက္မယ့္ေန႔လည္းက်ေရာ႐ုံးခန္းပါပိတ္ၿပီး ထြက္ေျပးသြားၾကၿပီ အားလုံးစုစုေပါင္းသိန္း ၂၀ ေလာက္ပါသြားၾကတယ္ေျပာတယ္ဗ် ကၽြန္ေတာ့္မွာညတြင္းခ်င္း ေငြေပးရင္ေတာင္ေနာက္ကားရွာမရတဲ့အခ်ိန္မွာ တစ္ျခားအသိဆီကကားတစ္စီးရပါတယ္ ႏွစ္ဆေလာက္ေပးလိုက္ရတယ္ ဘာပဲျဖစ္ျဖစ္ပါ ေက်းဇူးအရမ္းတင္မိပါတယ္ ေလာေလာစယ္အပူကိုေတာ့ ေျဖရွင္းလိုက္နိုင္ပါတယ္ ေနာက္ေန႔ထြက္မယ့္ကားရဲ့ေငြမေလာက္မငမူကိုလည္း အကိုလို အင္တာဗ်ဴး တစ္ခုမွာ ဆုံရင္းခင္မင္ခဲ့ၾကတဲ့ ဆရာက လိုေငြကိုစိုက္ေပးၿပီး အခ်ဳပ္အေႏွာင္က်မယ့္ကိန္းကေနကူညီေပးခဲ့ပါတယ္ သူကိုေတာ့ကၽြန္ေတာ္ေက်းဇူးအေႂကြးတင္သြားခဲ့ပါတယ္ တကယ္ေမ့မရပါဘူး
ကၽြန္ေတာ္တို႔ေသာကေတြေရာက္ခဲ့ၾကတယ္ အိပ္ေရးေတြပ်က္ခဲ့ၾကတယ္ ဒုကၡေတြေရာက္ခဲ့ေပမယ့္ ကိုးနဝင္းတန္ခိုးေၾကာင့္ေက်ာ္ျဖတ္နိုင္ခဲ့ၾကပါတယ္ အဆိုးထဲကအေကာင္းေပါ့ ကၽြန္ေတာ္တို႔သူငယ္ခ်င္းႏွစ္ေယာက္တစ္ႏွစ္ပတ္လုံးနီးပါး ကိုးနဝင္းစိပ္ခဲ့ၾကတဲ့ေက်းဇူးေတြကေတာ့အဆိုးဆုံးႏွစ္တစ္ႏွစ္ကို အေတြ႕ၾကဳံသစ္ေတြနဲ႔ ဟန္မပ်က္ေရွ႕ဆက္နိုင္ခဲ့ၾကပါတယ္
ႏွစ္ေခါက္အလိမ္ခံရေတာ့ ရာသီကုန္ခ်ိန္မွာေငြမက်န္ခဲ့ေပမယ့္္ ေနာက္ႏွစ္ရာသီေပၚခ်ိန္မွာပဲ အေဖာ္ေကာင္းတစ္ေယာက္ေတြ႕ၿပီးအခန္းျပန္ငွါးၿပီးဆက္လက္လုပ္ၾကပါတယ္ နာမည္ေလးလည္းရလာပါတယ္ ရာသီကုန္စာရင္းခ်ဳပ္ေတာ့ အျမတ္ေငြေလးေတြလည္းသီးခဲ့ၾကပါတယ္ ေလးရာသီေျမာက္မွာေတာ့ ေငြေၾကးရွင္ေတြကရင္းႏွီးျမဳပ္ႏွံၿပီးလုပ္ကိုင္လာၾကတာေၾကာင့္ ေဈးကြက္မယွဥ္ၿပိဳင္နိုင္ေတာ့တာေၾကာင့္ ေလးႏွစ္ေျမာက္မွာပဲ ရပ္နားခဲ့ၾကပါတယ္
လိမ္သြားတဲ့မိတ္ေဆြကေတာ့ငတ္တလွည့္ျပတ္တလွည့္နဲ႔ ဒုကၡပင္လယ္ေဝၿပီး လူေတာမတိုးေတာ့တာကိုလည္း သူငယ္ခ်င္းတစ္ေယာက္ဆီကတဆင့္ျပန္သိခဲ့ရပါတယ္ ကၽြန္ေတာ့္ကိုေတာ္ေတာ္ၾကာတဲ့အခါေနာင္တရၿပီးဖုန္းဆက္ပါတယ္ ကၽြန္ေတာ္ကေတာ့တစ္သက္စာတတာျပလိုက္ပါၿပီ ေနာက္တစ္ေယာက္ကလည္း ဝရမ္းေျပးနဲ႔ထြက္ေျပးေနရပါတယ္
ကၽြန္ေတာ့္တို႔လည္းဒုကၡေရာက္ခဲ့ၾကေပမယ့္ ဂုဏ္ေတာ္ေက်းဇူးေၾကာင့္ အခ်ဳပ္အေႏွာင္က်မယ့္ကိန္းေတြကို လက္တလုံးျခားျဖတ္ေက်ာ္ခဲ့ၾကတာ ခုထက္ထိ ေမ့မရခဲ့ပါဘူး
ကၽြန္ေတာ့္သူငယ္ခ်င္းနဲ႔ကၽြန္ေတာ္ကေတာ့ခုထက္ထိ အဆက္သြယ္ရွိေနပါတယ္ သူကခုထက္ထိ လည္းကိုးနဝင္းပုတီးစိပ္တယ္ေျပာပါတယ္ သူ႔မွာလည္းခုဆိုရင္ ကိုယ္ပိုင္ေျမကြက္ေလးေတြဝယ္နိုင္ခဲ့သလို ကၽြန္ေတာ့္မွာလည္းအငွါးယာဥ္ေလးတစ္စီးပိုင္ဆိုင္ခဲ့ပါၿပီ
ႂကြားဝါျခင္းမဟုတ္ပါဘူးခင္ဗ်ာ ဆိုလိုခ်င္တာကဂုဏ္ေတာ္ေတြရဲ့ေက်းဇူးေၾကာင့္ခုလို တျဖည္းျဖည္းအဆင္ေျပလာတာကိုယုံၾကည္ေစခ်င္လို႔မၽွေဝတာပါခင္ဗ်ာ ကၽြန္ေတာ္တို႔ပိုင္ဆိုင္မူဆိုတာ စာမဖြဲ႕ေလာက္ပါဘူး ပစၥည္းသခၤါရ လူသခၤါရဆိုတာ ဓမၼမိတ္ေဆြေတြသိၿပီးသားျဖစ္သလို မျမဲပါဘူး
ဒါေပမယ့္ ေနာက္ဆုံးေပးခ်င္တဲ့ မက္ေစ့ကေတာ့ မိဘေက်းဇူးကိုနိုင္သေလာက္ဆပ္ပါ ေက်းဇူးရွိဖူးသူကို မဆပ္နိုင္ရင္ေတာင္ ေက်းမစြပ္ပါနဲ႔ ရိုးသားပါ စိတ္ေကာင္းထားပါ ဘာသာတရားအေပၚ၌ သက္ဝင္ယုံၾကည္ၿပီးတကယ္ အလုပ္လုပ္ေသာသူအတြက္ ဓမၼရဲ့ေစာင့္ေရွာက္ျခင္းကိုခံရၿပီး ဒုကၡဆိုတာပိန္းၾကာရြက္ေပၚ ေရမတင္သကဲ့သို႔ လြတ္ေျမာက္နိုင္ၾကပါလိမ့္မယ္ ကၽြန္ေတာ့္ရဲ့ကိုယ္ေတြ႕ျဖစ္ရပ္မို႔ ရဲရဲႀကီးအာမခံပါတယ္ တကယ္ယုံၾကည္မူထားၿပီး လုပ္ၾကပါလို႔တိုက္တြန္းရင္း
ဓမၼမိတ္ေဆြအေပါင္းသူေတာ္ေကာင္းတို႔ ကိုယ္စိတ္ႏွစ္ျဖာက်န္းမာခ်မ္းသာၿပီး စီးပြားလာဒ္လာဘမ်ားဒီေရအလားတိုးပြားနိုင္ၾကပါေစလို႔
ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္
ပင္လယ္ ေငြ ဇင္ေယာ္