ကလေးတွေ ဆုံးရှုံးရပြီးနောက် ကြောင်လေးတွေကို အမေရင်းတစ်ယောက်လို စောင့်ရှောက်နေတဲ့ ခွေးလေး (ရုပ်သံ)
မိခင်မေတ္တာဆိုတာ လူသားတွေမှာပဲ ရှိတာမျိုး မဟုတ်ပါဘူး။ တိရစ္ဆာန်လေးတွေမှာလည်းရှိပါတယ်။ သူတို့ရဲ့ကလေးတွေကို ကာကွယ်စောင့်ရှောက် တတ်သလို ကလေးတွေကို ကာကွယ်ရင်း သေဆုံးသွားတဲ့ တိရစ္ဆာန်အမေတွေလည်း အများကြီး ရှိပါတယ်။
အိန္ဒိယနိုင်ငံဧ Gudiyatham ပြည်နယ်၊ Vellore ခရိုင်က ရွာတစ်ရွာမှာ Subramani လို့ခေါ်တဲ့လယ်သမားတစ်ယောက်ကခွေးနဲ့ကြောင် မွေးထားပါတယ်။
ခွေးနဲ့ကြောင်က တစ်ပြိုင်တည်း ကိုယ်ဝန် ရှိနေပြီး ကံမကောင်းချင်တော့ ခွေးကကိုယ်ဝန်ပျက်ကျ သွားပါတယ်။ နောက်ပြီး ကြောင်အမေကြီးကလည်း ကြောင်လေးတွေ မွေးရင်း သေဆုံးသွားပါတယ်။
Doberman အမျိုးအစား ခွေးလေးက အမေမဲ့သွားတဲ့ ကြောင်လေးတွေကို တွေ့တဲ့အခါ ချက်ချင်းမွေးစားပြီး အမေအရင်း တစ်ယောက်လို ပြုစုပေးပါတယ်။
ခွေးက ကြောင်ပေါက်စတွေကို အစာတွေလည်း ကျွေးသလို အတူတူလည်း ဆော့ပေးပါတယ်။ ကြောင်လေးတွေကလည်း ခွေးကို သူတို့ရဲ့အမေလို့ ထင်နေကြပါတယ်။ ခွေးက ကြောင်လေးတွေကို အရမ်းကာကွယ်ပေးပြီး ကြောင်လေးတွေအနားကို ဘယ်သူမှ အကပ်မခံပါဘူး။
ကြောင်နဲ့ခွေးက များသောအားဖြင့် မတည့်တတ်ကြပေမယ့် ဒီအဖြစ်ကတော့ ခွေးရဲ့ အမေမေတ္တာကို အထင်အရှား ပေါ်လွင်စေပါတယ်။
ရုပ်သံ
crd
for zawgyi
ကလေးတွေ ဆုံးရှုံးရပြီးနောက် ကြောင်လေးတွေကို အမေရင်းတစ်ယောက်လို စောင့်ရှောက်နေတဲ့ ခွေးလေး (ရုပ်သံ)
မိခင်မေတ္တာ ဆိုတာ လူသားတွေမှာပဲ ရှိတာမျိုး မဟုတ်ပါဘူး။ တိရစ္ဆာန်လေးတွေမှာလည်းရှိပါတယ်။ သူတို့ရဲ့ကလေးတွေကို ကာကွယ်စောင့်ရှောက် တတ်သလို ကလေးတွေကို ကာကွယ်ရင်း သေဆုံးသွားတဲ့ တိရစ္ဆာန်အမေတွေလည်း အများကြီး ရှိပါတယ်။
အိန္ဒိယနိုင်ငံဧ Gudiyatham ပြည်နယ်၊ Vellore ခရိုင်က ရွာတစ်ရွာမှာ Subramani လို့ခေါ်တဲ့ လယ်သမား တစ်ယောက်က ခွေးနဲ့ကြောင် မွေးထားပါတယ်။
ခွေးနဲ့ကြောင်က တစ်ပြိုင်တည်း ကိုယ်ဝန်ရှိနေပြီး ကံမကောင်းချင်တော့ ခွေးကကိုယ်ဝန်ပျက်ကျ သွားပါတယ်။ နောက်ပြီး ကြောင်အမေကြီးကလည်း ကြောင်လေးတွေ မွေးရင်း သေဆုံးသွားပါတယ်။