ဖုန်းဘေလ် မရှိလဲ သုံးလို့ရမယ် VPN နှင့်အသုံးပြူနည်းလေးများ မျှဝေပေးလိုက်ပါတယ်..






crd

ဖုန်းဘေလ် မရှိလဲ သုံးလို့ရမယ် VPN နှင့်အသုံးပြူနည်းလေးများ မျှဝေပေးလိုက်ပါတယ်..






crd
ကိုယ့်ကိုယ်ကို အပျိုဖော်ဝင်ပြီလို့ ထင်လိုက်ပြီလား…? ပျိုမေတို့ဟာ မိုးလင်းလို့ အိပ်ရာကထလိုက်တာနဲ့ အိပ်ရာခင်းပေါ်မှာ ဘာတွေ့မလဲ၊လုံချည်မှာ ဘာတွေ့မလဲလို့ စိုးရိမ်စိတ်နဲ့ ရင်တွေဖိုရတာရယ်၊ မှန်ထဲ ကြည့်လိုက်ချိန်မှာ ငါ့ကိုယ်ခန္ဓာ ဘယ်လောက်များဖွံ့ထွားပြီး စွင့်ကားလာပြီလဲလို့ သုံးသပ်ရတာရယ် ဖြစ်လာပြီဆိုရင်ထင်တဲ့အတိုင်း အပျိုရိုင်းစိတ်တွေ ဝင်လာပြီလို့သာ မှတ်လိုက်တော့။ စိတ်ကူးတွေ ယဉ်ချင်လာတာကနေ ကျောင်းရောက်ရင် ငါ့ကိုကြည့်သူတွေ ရှိရဲ့လား၊သတိထားသူတွေ ရှိပါ့မလားလို့ စိတ်ကစားတာ၊ အရွယ်တူယော က်ျားလေးတွေ ရဲ့ ဂရုစိုက်ကြည့်တာများခံလိုက်ရရင် ရင်ထဲမှာ သိမ့်သိမ့် တုန်လောက်အောင် ဖြစ်သွားတာတွေဟာလည်း ငါဘာလဲ ဆိုတာ ကြေညာလိုက်သလို ဖြစ်သွားပါ တော့တယ်။ ဒီအချိန် အရွယ်တွေမှာ မိဘတွေအတွက်တော့ အတော်လေး သောကပွားရတော့မယ်လို့သာ မှတ်လိုက်တော့။ ကိုယ်က မိဘအရွယ် ရောက်လာပြီ၊ ကိုယ်လည်း တစ်ချိန်တုန်းက ရင်ခုန်မှုတွေ ခံစားခဲ့ရပေမယ့်ကိုယ့် သမီးလေးကိုတော့ […]
သံပုရာပင်တွေ အသီးတင်ဖို့ ဘာတွေလုပ်ဖို့လိုလဲ သံပုရာပင်စိုက်တဲ့ ဦးကြီးတချို့ စိုက်ထားတာ (၃-၄) နှစ်ရှိပြီ အပွင့်တွေလည်း ပွင့်တဲ့အခါ ပွင့်ပေမယ့် အသီးမတင်ဘူး ကြုံတွေ့နေပါသလား။ ဒါဆိုရင်တော့ အောက်ကအချက်တွေ လုပ်ဖို့ လိုအပ်နေပါပြီဗျ။ ၁။ နေရောင်ခြည် သံပုရာပင်က အသီးတွေ မသီးခင်အချိန်မှာ နေရောင်ခြည်ကောင်းကောင်းရဖို့လိုပါတယ်ဗျ။ နေရောင်ကောင်းစွာမရရင်တော့ ပန်းလည်းများများစားစားပွင့်မှာ မဟုတ်ပါဘူး။ ပန်းမပွင့်ရင်တော့ အသီးလဲ မတင်တော့ပါဘူး။ သံပုရာပင်က တစ်ရက်ကို အနည်းဆုံး (၆)နာရီလောက် နေရောင်ရဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဦးကြီးတို့ရဲ့ သံပုရာပင်တွေက အရိပ်အောက်ရောက်နေတယ်ဆိုရင်တော့ အရိပ်ဖြစ်စေတဲ့အပင်တွေကို ကိုင်းချိုင်တာမျိုးလုပ်ပြီး အလင်းရရှိအောင် လုပ်ပေးလိုက်ပါ။ ၂။ ရေ အသီးတင်ဖို့ ဒုတိယအရေးကြီးဆုံးအချက်ကတော့ ရေရရှိမှုပါ။ ရေကို လုံလုံလောက်လောက် ပေးသွင်းခြင်းကသံပုရာသီးတွေ အထွက်ကောင်းဖို့ ကူညီပါလိမ့်မယ်။ စိုက်တဲ့မြေကလည်း ရေစီးရေလာကောင်းတဲ့မြေ […]
စင်္ကြာလက်ဗွေ(သို့) ခရုပတ်ဗွေ ရှိသူများ၏ စရိုက်လက္ခဏာများ စကြ်ာလက်ဗွေ(သို့) ခရုပတ်ဗွေ ရှိသူများ၏ စရိုက်လက္ခဏာ သဘောတရာအတွေးအခေါ် အကြံအစည် အလုပ်အကိုင် လှုပ်ရှားမှုများတွင် လွတ်လပ်မှုရှိခြင်း ၊ ပြတ်သားခြင်း ၊စိတ်အင်အား၏ သတ်မှတ်ချက်ဖြင့် ချုပ်ထိန်း ထားတတ်ခြင်း ၊ လှုပ်ရှားထကြွမှု အစိတ်အပိုင်းတွင် နည်းပါးစေရန် စိတ်နှင့် တိုးတက်မှု အင်္ဂါ ရပ်များ က ထိန်းသိမ်းထားခြင်းဖြစ်သည်။ မိမိမှာ ခရုပတ်ဗွေ ပါလာပြီ ဆိုရင်တော့ -စကားပြောသည်ထက် စဉ်းစားတွေးခေါ်၍ နှုတ်ဆိတ်နေတတ် တယ်။ အကြံအစည်များအား အထူးလျှို့ဝှက်ထားတတ်ပြီး သူတို့နှင့် ဆွေးနွေးတိုင်ပင်ရန် ခက်ခဲပေစွ ။ သူတို့၏ စိတ်အတွင်း ဖြစ်ပေါ်နေသော အကြံအစည် အသိဉာဏ်များအား ပြင်ပသို့ ရှင်းလင်းပြတ်သားအောင် မဖော်ပြတတ်။ ကျန်းမာရေးရှူ့ထောင့် အနေဖြင့် နှလုံး နှင့် […]