Knowledge

ဆယ်တန်းကျောင်းသားဘဝကျွန်တော်ရှက်ခဲ့မိတဲ့အမေရဲဖိနပ်စုတ်လေးတစ်ရံ

ကျွန်တော်ရှက်ခဲ့မိတဲ့အမေရဲ့ဖိနပ်စုတ်လေးတစ်ရံဖတ်ရင်းမျက်ရည်ကြမိတယ်ကျွန်တော်ရှက်ခဲ့မိတဲ့အမေရဲဖိနပ်စုတ်လေးတစ်ရံဆယ်တန်းကျောင်းသားဘဝ

အဆောင်စာကျက်ခန်းမှာစာကျက်နေတဲ့ကျွန်နော်ဆရာမအသံကြောင့်

ဧည့်ခန်းဘက်ကိုထွက်လာခဲ့တယ်ဧည့်ခန်းဖိနပ်ချွတ်မှာတော့အမြှီးပျက်ပြီးစုပ်ပြတ်နေတဲ့ဖိနပ်တရံကြောင့်ကျွန်နော်နှာခေါင်းရှုံ့လိုက်မိတယ်ဧည့်ခန်းထဲဝင်မိ

တော့ကုလားထိုင်မှာထိုင်ပြီးကွမ်းသွေးတွေရဲဆံပင်ရောထွေးထွေးနဲ့သွားတွေပေါ်အောင် ပြုံးနေတဲ့

အမေအဝတ်အစားကလဲဖရိုဖရဲဖြစ်လို့နေတယ်သားအမေသားအတွက်ငရုပ်သီးကြော်ရယ်မြေပဲကြော်ရယ်မုန့်ဖိုးရယ်လာပို့တာလေအမေကပြောပြောဆိုဆိုငရုပ်

သီးကြော်ပုလင်းမြေပဲကြော်ပုလင်းမုန့်ဖိုးငွေတချို့ထုပ်ပေးရင်း

ကျွန်တော်ကိုပြုံးပြုံးလေးမော်ကြည့်နေတယ်အမေရယ်လူကြုံနဲ့ပေးလိုက်ရောပေါ့ လာရင်လဲအဝတ်အစားသပ်သပ်ရပ်ရပ်နဲ့လာပေါ့အခုဟာကစုပ်ပြက်နေတာဘဲအ

မေ့ဖိနပ်ကလဲအမြှီးပျက်စုပ်ပြက်နေတာဘဲအခြားသူငယ်ချင်းတွေတွေ့ရင်

သားသိက္ခာကျမှာပေါ့လို့စိတ်စိုးစိုးနဲ့ပြောလိုက်တယ်အင်းပါသားရယ်မတ္တရာမှာ အသီးအနှံပို့ရင်းသားကိုမတွေ့တာကြာလို့အမေတွေ့ချင်လွန်းလို့မန္တလေး

ဆင်းလာတာပါကွယ်နောက်လာရင်အမေသပ်သပ်ရပ်ရပ်လာခဲ့ပါ့မယ်အမေပြန်မယ်နော်

သားကျန်းမာရေးဂရုစိုက်အုံးခေါင်းငိုက်စိုက်နဲ့ပြန်သွားတဲ့အမေကိုကြည့်ရင်းစိတ်ထဲတမျိုးဖြစ်မိသွားသည်ဒီနောက်ပိုင်းအမေပေါ်မလာတော့ပါကျနော်တို့နေတာ

မတ္တရာမြိုနယ်ကျောက်တံတာရွာမှ(၁၀)မိုင်လောက်ဝင်ရတဲ့ရွာလေးတရွာမှာ

အသီးအနှံတွေစိုက်စားတဲ့မိသားစုလေးပေါ့အမနှစ်ယောက်ရှိပေမဲ့ရွာမူလတန်းကျောင်းလေးမှာ(၄)တန်းအထိပညာသင်ခဲ့ရတာအငယ်ဆုံးသားကျနော်ကတော့

အလယ်တန်းကိုမတ္တရာမှာထား(၉)တန်းအောင်(၁၀)တန်းရောက်တော့အမေက

ပညာတက်စေချင်သည့်အတွက်အဖေတားသည့်ကြားကမန္တလေးကဘော်ဒါတခုမှာ ကျောင်းအိပ်ကျောင်းစားပို့ကာကျောင်းထားပေးသည်ကျနော်

တို့(၁၀)တန်းစာမေးပွဲးနီးလာပြီအမေကမန္တလေးမလာတော့မကြီးတလည့်မလေးတလည့်သာလာသည်အဖေကိုမေးတော့

အဖေသားအမေဈေးအလုပ်တွေ့မအားလို့မလာတာတဲ့အမတွေမျက်နှာမကောင်းဘာလို့လဲမေးတော့ခရီးပန်းလို့ပါတဲ့၁၀တန်းတွေစာမေးပွဲပြီးတော့မကြီးလာကြို

တယ်ရွာအဝင်လမ်းမကြီးဘေးပြေးလွားရင်အိမ်ဝင်းထဲသို့ရောက်တော့အဖေအမေသားပြန်လာပြီလေစာမေးပွဲလဲဖြေနိုင်တယ်

လို့ပြောပြီးပြေးဝင်လာတော့အဖေကသားလို့အော်ရင်ပြေးဖက်ငိုပါလေရောမကြီးနဲ့မလေးလည်းဝိုင်းဖက်ငိုကြတယ်လေအာ့ကြမှအဖေအမေရောဟင်သားမင်းအမေ

နှလုံးရောဂါကြောင့်ဆုံးတာ(၃)လလောက်ရှိပြီကွဲ့ဗျာအဲ့တာဘာလို့မပြောတာလဲအမေနင့်အမေမသေခင်က

မပြောရဘူးတဲ့ငါ့သားစာမေးပွဲအတွက်စိတ်အနှောင့်အယှက်ဖြစ်မယ်ဆိုလို့အဖေတို့မပြောခဲ့တာပါသားဘော်ဒါကြေးအတွက်မတ္တရာကသီးနှံပွဲရုံကငွေတွေ

ထုတ်ထားတာပြန်ဆပ်နေရတော့မိသားစုစားဖို့သားအမေနေ့ရောညပါဈေးရောင်းဈေး

ဝယ်လုပ်ရတယ်လေသားပညာရေးအတွက်သူ့မှာအဝတ်အစားတောင်မဝယ်နိုင်ဘူးအစုပ်နဲ့မိန်းမနဲ့သမီးအပျို(၂)ယောက်အတွက်ဦးစားပေးရသေးတယ်လေ

ဟိုမှာနင်အမေစီးခဲ့တဲ့ဖိနပ်လေးကြည့်ပါဦးသားရယ်ရောဂါရှိမှန်းသိတဲ့အချိန်နောက်ကျသွားပြီးလေအဖေတို့ကိုသားမေနောက်ဆုံးထွက်သက်လေး

မှာမှာသွားသေးတယ်တကယ်လို့သူသေသွားရင်သားကိုစာမေးပွဲပြီးမှပြောပါတဲ့ပြီးတော့သားကိုဘွဲ့ရအောင်ထားပါလို့မှာသွားသေးတယ်သားရယ်ဆိုပြီးအဖေနဲ့အမ

တွေငိုကြပါတော့တယ်ကျွန်နော်မျက်ရည်တွေကျရင်းနောင်တတွေနဲ့ခေါင်းရင်းမှာထောင်ထားတဲ့အမေ့ဖိနပ်စုပ်လေးရင်မှာပိုက်ရင်းအားရပါးရအော်လိုက်မိပါတယ်အမေ ။

Zawgyi



























Unicode