Knowledge

အေမရိကန္ႏိုင္ငံကအျဖစ္အပ်က္ေလးပါ အရမ္းေကာင္းလို႔ဖတ္ၾကည့္ေပးပါေနာ္…

အေမရိကန္ႏိုင္ငံမွာ လူမည္းအမ်ိဳးသမီးႀကီး တစ္ဦးရွိတယ္။ သူ႔မွာ သားႏွစ္ေယာက္ရွိတယ္။

ဘယ္သူနဲ႔ရမွန္း သူေတာင္မသိဘူး။ ဒါေပမယ့္ ျပႆနာမရွိဘူး။ သူေကြၽးထားတယ္ လူမည္း

မႀကီးက အိမ္ေပၚအလုပ္လုပ္တယ္။

သူ႔သားႏွစ္ေယာက္ကို ျပဳစုေစာင့္ေရွာက္ဖို႔ အခ်ိန္မရဘူး။ သားႏွစ္ေယာက္ကလဲ ဆိုးခ်င္တိုင္း ဆိုးပီး လမ္းသရဲ ျဖစ္ေနတာေပါ့။

ေလာကမွာ သားသမီးငယ္႐ြယ္စဥ္မွာ မိဘအဆုံးအမ မရွိရင္ အဲ့ဒီသားသမီးေတြ လမ္းေပၚေရာက္ၾကတာမ်ားပါတယ္။ ။

တစ္ေန႔ေတာ့ လူမည္းမႀကီး အလုပ္သြားတယ္။ အိမ္ေပၚအလုပ္ဆိုေတာ့ ခ်မ္းသာတဲ့အိမ္ေတြကို သြားပီးလုပ္ေပးရတာေပါ့။ ပထမဆုံးအိမ္မွာ သူမတစ္ခုသတိထားမိလိုက္တယ္။

အိမ္နံရံေတြမွာ စာအုပ္ေတြအျပည့္ရွိေနတာေပါ့ သူမေတြးလိုက္တယ္။ ” သူတို႔ေတမ်ား ခ်မ္းသာ လိုက္တာ.. ဖတ္စရာ စာအုပ္ေတအမ်ားႀကီး….

ငါတို႔မွာေတာ့ ဆင္းရဲတယ္..ဖတ္စရာ တစ္အုပ္မွ မရွိဘူး။” ေနာက္တစ္အိမ္ေရာက္သြားတယ္။ ပထမအိမ္ထက္ခ်မ္းသာတယ္။

စာအုပ္ေတြကလည္း ေလွကားေတြမွာပါ ရွိတယ္။သူမေတြးျပန္တယ္။ ” သူတို႔ေတြမ်ား ဖတ္နိင္လိုက္ၾကတာ .ငါတို႔မွာ ဖတ္ခ်ိန္ေတာင္မရဘူး. ေနာက္တစ္အိမ္ က်ေတာ့ စာအုပ္ေတြကပိုမ်ား။

စာၾကည့္စားပြဲ ေတနဲ႔ အက်အနေပါ့။ ဒီတစ္ခါေတာ့ သူမတစ္မ်ိဳးေတြးတယ္။ “.စာဖတ္တာနဲ႔ ခ်မ္းသာတာဟာ ပတ္သတ္မႈ ရွိတယ္လား?..စာမ်ားမ်ား ဖတ္ေလ.. မ်ားမ်ား ခ်မ္းသာေလလား..?”။

ေအာင္ျမင္တိုးတက္ခ်င္ရင္ ေအာင္ျမင္ေနတဲ့ သူေတြဆီကေန စံနမူနာယူၾကည့္ရတယ္ သူမက သားႏွစ္ေယာက္ကို ေခၚလိုက္တယ္။

“. ငါ့သားတို႔ ေမေမ့ကို ခ်စ္လား” လို႔ေမးတယ္။ သားေတြကလည္း “ခ်စ္ပါတယ္” ေပါ့။

” ဒါဆိုအေမ ခိုင္းတဲ့အတိုင္းလုပ္”။ သားႏွစ္ေယာက္ကို စာၾကည့္တိုက္ေခၚသြားတယ္ သူတို႔ႏိုင္ငံမွာ စာၾကည့္တိုက္ေတြက အႀကီးႀကီးေတြ။

သူတို႔လူမ်ိဳးေတြက စာဖတ္ၾကတယ္။ အရမ္းလည္းတိုးတက္ ၾကတယ္။ စာဖတ္ေသာ လူမ်ိဳးသည္ တိုးတက္၍ တိုးတက္ေသာ လူမ်ိဳးတိုင္း စာဖတ္ၾကသည္။

စာၾကည့္တိုက္မႉးဆီကို သားႏွစ္ေယာက္စလုံးကိုအပ္ တယ္။ သင့္ေတာ္တဲ့စာအုပ္ေတြေပးဖို႔

ေတာင္းဆိုလိုက္တယ္။

စာၾကည့္တိုက္မႉးကလည္း စိတ္ခ်လက္ခ်သာထားခဲ့ေပါ့။အႀကီးေကာင္ကို ဘာဝါသနာပါလဲ
ေမးေတာ့ “.. ကြၽန္ေတာ္ ကိုယ္အဂ္ါအစိတ္အပိုင္း ေတြကို ေလ့လာခ်င္တယ္”။

သူ႔ကို စာအုပ္ေတြေပးတယ္။ ေရာင္စုံ ကာလာ ေတြနဲ႔ဆိုေတာ့ သေဘာက်တာေပါ့။တစ္အုပ္ပီး တစ္အုပ္ဖတ္တယ္။

အငယ္ေကာင္က အင္ဂ်င္နီယာ ျဖစ္ခ်င္တယ္။ ကားေတြကို ဝါသနာ ပါတယ္တဲ့။ သူ႔ကိုလည္း ႏိုင္ငံမ်ိဳးစုံ က ကားမ်ိဳးစုံအေၾကာင္း ဖတ္ခိုင္းတယ္။

ႏွစ္ေယာက္စလုံး သေဘာက်တာေပါ့။ ေန႔တိုင္း စာၾကည့္တိုက္ကိုသြားၾကတယ္။ ကေလးေတြကို စာဖတ္ခိုင္းရင္ သူတို႔ဝါသနာပါတဲ့ အေၾကာင္းအရာကို အရင္ဖတ္ခိုင္းမွ စာဖတ္ဝါသနာ စြဲၿမဲလာေပမည္။

လူမည္းမႀကီးရဲ႕ သားႏွစ္ေယာက္စလုံးဟာ ေက်ာင္းစာမွာေတာ္လာၾကတယ္။ ျပင္ပ ဗဟုသုတ စုံလာေတာ့ ေက်ာင္းစာနယ္ပယ္ဟာ က်ဥ္းေျမာင္းသြားတယ္။

အထူးအေထြ မွတ္စရာမလိုေတာ့ဘူး။ အတန္းထဲမွာ ပထမျဖစ္လာတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံက မိဘေတြဟာ စာဖတ္ရင္ ေက်ာင္းစာေနာက္က်တယ္လို႔ ထင္ၾကတယ္။

တကယ္ေတာ့ စာဖတ္ေလေလ ေက်ာင္းစာကို မွတ္ရလြယ္ကူေလပါ။ လူမည္းမႀကီးက သူ႔သားႏွစ္ေယာက္ကို မွာထားတယ္။

“မင့္တို႔ဖတ္ခဲ့တဲ့ စာအုပ္ေတြ အေၾကာင္းကို အိမ္ျပန္ေရာက္ေတာ့ အေမ့ကို ေရးျပရမယ္” ေပါ့။

သားေတြကလည္း ေန႔တိုင္းေရးေပးပါတယ္။ ဒီလိုနဲ႔ သူ႔သားႏွစ္ေယာက္စလုံး ပညာတတ္ေတြ ျဖစ္သြားတယ္။ အႀကီးေကာင္က ဆရာဝန္ ျဖစ္သြားတယ္။

အငယ္ေကာင္က အင္ဂ်င္နီယာေပါ့။ ခရစ္စမတ္ေန႔မွာ ေပါ့။ သူ႔တို႔သားအမိသုံးေယာက္
ဆုံၾကတယ္။ အငယ္ေကာင္ကေမးတယ္။

“. သားတို႔ငယ္ငယ္က အေမစာေတြေရးခိုင္းပီး ဘာလို႔မေဝဖန္တာလည္း”သူ႔အေမက လက္ကိုင္ ပဝါနဲ႔ထုတ္ထားတဲ့ စာ႐ြက္ေတြယူလာတယ္။

“မင့္တို႔ေရးထားတဲ့ စာ႐ြက္ေတြ အေမ အျမတ္တႏိုးသိမ္းထားပါတယ္။ မေဝဖန္ဘူးဆိုတာကေတာ့ သားရယ္.. အေမမွ စာမဖတ္တတ္တာ..သားတို႔ကို မွတ္မိ ေစခ်င္လို႔ပါ” မ်က္ရည္ဝဲပီးေျပာရွာတာေပါ့။

မိဘဆိုတာ သားသမီးကို ေစတနာထားၾကတာခ်ည္းပါ။ဒါေပမယ့္ ေစတနာ မလြဲၾကေစနဲ႔။ ေငြေနာက္ကို လိုက္ပီး သားသမီးကို ေက်ာင္းမထုတ္ပါနဲ႔ေလ။

စာေပနဲ႔နီးေအာင္ထားရင္ သားသမီးေတြ ေအာင္ျမင္လာမွာပါ။ ယေန႔ေခတ္ မိဘဝတ္တရားထဲမွ ” သားသမီးကို စာၾကည့္တိုက္နဲ႔နီးေအာင္ ဖန္တီးေပးရမည္” လို႔ ေပါင္းထည့္ခ်င္ပါသည္။

#Crd to original

unicode

အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသမီးကြီး တစ်ဦးရှိတယ်။ သူ့မှာ သားနှစ်ယောက်ရှိတယ်။

ဘယ်သူနဲ့ရမှန်း သူတောင်မသိဘူး။ ဒါပေမယ့် ပြဿနာမရှိဘူး။ သူကျွေးထားတယ် လူမည်း

မကြီးက အိမ်ပေါ်အလုပ်လုပ်တယ်။

သူ့သားနှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့ အချိန်မရဘူး။ သားနှစ်ယောက်ကလဲ ဆိုးချင်တိုင်း ဆိုးပီး လမ်းသရဲ ဖြစ်နေတာပေါ့။

လောကမှာ သားသမီးငယ်ရွယ်စဉ်မှာ မိဘအဆုံးအမ မရှိရင် အဲ့ဒီသားသမီးတွေ လမ်းပေါ်ရောက်ကြတာများပါတယ်။ ။

တစ်နေ့တော့ လူမည်းမကြီး အလုပ်သွားတယ်။ အိမ်ပေါ်အလုပ်ဆိုတော့ ချမ်းသာတဲ့အိမ်တွေကို သွားပီးလုပ်ပေးရတာပေါ့။ ပထမဆုံးအိမ်မှာ သူမတစ်ခုသတိထားမိလိုက်တယ်။

အိမ်နံရံတွေမှာ စာအုပ်တွေအပြည့်ရှိနေတာပေါ့ သူမတွေးလိုက်တယ်။ ” သူတို့တေများ ချမ်းသာ လိုက်တာ.. ဖတ်စရာ စာအုပ်တေအများကြီး….

ငါတို့မှာတော့ ဆင်းရဲတယ်..ဖတ်စရာ တစ်အုပ်မှ မရှိဘူး။” နောက်တစ်အိမ်ရောက်သွားတယ်။ ပထမအိမ်ထက်ချမ်းသာတယ်။

စာအုပ်တွေကလည်း လှေကားတွေမှာပါ ရှိတယ်။သူမတွေးပြန်တယ်။ ” သူတို့တွေများ ဖတ်နိင်လိုက်ကြတာ .ငါတို့မှာ ဖတ်ချိန်တောင်မရဘူး. နောက်တစ်အိမ် ကျတော့ စာအုပ်တွေကပိုများ။

စာကြည့်စားပွဲ တေနဲ့ အကျအနပေါ့။ ဒီတစ်ခါတော့ သူမတစ်မျိုးတွေးတယ်။ “.စာဖတ်တာနဲ့ ချမ်းသာတာဟာ ပတ်သတ်မှု ရှိတယ်လား?..စာများများ ဖတ်လေ.. များများ ချမ်းသာလေလား..?”။

အောင်မြင်တိုးတက်ချင်ရင် အောင်မြင်နေတဲ့ သူတွေဆီကနေ စံနမူနာယူကြည့်ရတယ် သူမက သားနှစ်ယောက်ကို ခေါ်လိုက်တယ်။

“. ငါ့သားတို့ မေမေ့ကို ချစ်လား” လို့မေးတယ်။ သားတွေကလည်း “ချစ်ပါတယ်” ပေါ့။

” ဒါဆိုအမေ ခိုင်းတဲ့အတိုင်းလုပ်”။ သားနှစ်ယောက်ကို စာကြည့်တိုက်ခေါ်သွားတယ် သူတို့နိုင်ငံမှာ စာကြည့်တိုက်တွေက အကြီးကြီးတွေ။

သူတို့လူမျိုးတွေက စာဖတ်ကြတယ်။ အရမ်းလည်းတိုးတက် ကြတယ်။ စာဖတ်သော လူမျိုးသည် တိုးတက်၍ တိုးတက်သော လူမျိုးတိုင်း စာဖတ်ကြသည်။

စာကြည့်တိုက်မှူးဆီကို သားနှစ်ယောက်စလုံးကိုအပ် တယ်။ သင့်တော်တဲ့စာအုပ်တွေပေးဖို့
တောင်းဆိုလိုက်တယ်။

စာကြည့်တိုက်မှူးကလည်း စိတ်ချလက်ချသာထားခဲ့ပေါ့။အကြီးကောင်ကို ဘာဝါသနာပါလဲ
မေးတော့ “.. ကျွန်တော် ကိုယ်အဂ်ါအစိတ်အပိုင်း တွေကို လေ့လာချင်တယ်”။

သူ့ကို စာအုပ်တွေပေးတယ်။ ရောင်စုံ ကာလာ တွေနဲ့ဆိုတော့ သဘောကျတာပေါ့။တစ်အုပ်ပီး တစ်အုပ်ဖတ်တယ်။

အငယ်ကောင်က အင်ဂျင်နီယာ ဖြစ်ချင်တယ်။ ကားတွေကို ဝါသနာ ပါတယ်တဲ့။ သူ့ကိုလည်း နိုင်ငံမျိုးစုံ က ကားမျိုးစုံအကြောင်း ဖတ်ခိုင်းတယ်။

နှစ်ယောက်စလုံး သဘောကျတာပေါ့။ နေ့တိုင်း စာကြည့်တိုက်ကိုသွားကြတယ်။ ကလေးတွေကို စာဖတ်ခိုင်းရင် သူတို့ဝါသနာပါတဲ့ အကြောင်းအရာကို အရင်ဖတ်ခိုင်းမှ စာဖတ်ဝါသနာ စွဲမြဲလာပေမည်။

လူမည်းမကြီးရဲ့ သားနှစ်ယောက်စလုံးဟာ ကျောင်းစာမှာတော်လာကြတယ်။ ပြင်ပ ဗဟုသုတ စုံလာတော့ ကျောင်းစာနယ်ပယ်ဟာ ကျဉ်းမြောင်းသွားတယ်။

အထူးအထွေ မှတ်စရာမလိုတော့ဘူး။ အတန်းထဲမှာ ပထမဖြစ်လာတယ်။ ကျွန်တော်တို့နိုင်ငံက မိဘတွေဟာ စာဖတ်ရင် ကျောင်းစာနောက်ကျတယ်လို့ ထင်ကြတယ်။

တကယ်တော့ စာဖတ်လေလေ ကျောင်းစာကို မှတ်ရလွယ်ကူလေပါ။ လူမည်းမကြီးက သူ့သားနှစ်ယောက်ကို မှာထားတယ်။

“မင့်တို့ဖတ်ခဲ့တဲ့ စာအုပ်တွေ အကြောင်းကို အိမ်ပြန်ရောက်တော့ အမေ့ကို ရေးပြရမယ်” ပေါ့။

သားတွေကလည်း နေ့တိုင်းရေးပေးပါတယ်။ ဒီလိုနဲ့ သူ့သားနှစ်ယောက်စလုံး ပညာတတ်တွေ ဖြစ်သွားတယ်။ အကြီးကောင်က ဆရာဝန် ဖြစ်သွားတယ်။

အငယ်ကောင်က အင်ဂျင်နီယာပေါ့။ ခရစ်စမတ်နေ့မှာ ပေါ့။ သူ့တို့သားအမိသုံးယောက်
ဆုံကြတယ်။ အငယ်ကောင်ကမေးတယ်။

“. သားတို့ငယ်ငယ်က အမေစာတွေရေးခိုင်းပီး ဘာလို့မဝေဖန်တာလည်း”သူ့အမေက လက်ကိုင် ပဝါနဲ့ထုတ်ထားတဲ့ စာရွက်တွေယူလာတယ်။

“မင့်တို့ရေးထားတဲ့ စာရွက်တွေ အမေ အမြတ်တနိုးသိမ်းထားပါတယ်။ မဝေဖန်ဘူးဆိုတာကတော့ သားရယ်.. အမေမှ စာမဖတ်တတ်တာ..သားတို့ကို မှတ်မိ စေချင်လို့ပါ” မျက်ရည်ဝဲပီးပြောရှာတာပေါ့။

မိဘဆိုတာ သားသမီးကို စေတနာထားကြတာချည်းပါ။ဒါပေမယ့် စေတနာ မလွဲကြစေနဲ့။ ငွေနောက်ကို လိုက်ပီး သားသမီးကို ကျောင်းမထုတ်ပါနဲ့လေ။

စာပေနဲ့နီးအောင်ထားရင် သားသမီးတွေ အောင်မြင်လာမှာပါ။ ယနေ့ခေတ် မိဘဝတ်တရားထဲမှ ” သားသမီးကို စာကြည့်တိုက်နဲ့နီးအောင် ဖန်တီးပေးရမည်” လို့ ပေါင်းထည့်ချင်ပါသည်။

#Crd to original