အင်္ဂါသားသမီးများသည် ဒီကာလတွင် နာမည်ဂုဏ်သတင်းတိုးတက်ခြင်း၊
သြဇာအရှိန်အဝါကြီးမားခြင်းတို့ ဖြစ်ပေါ်ရတတ်သည်။ ဝန်ထမ်းများဖြစ်ပါက ရာထူးလစာအခွင့်အရေးများ တိုးတက်ရရှိရတတ်သည်။ ပျော်ရွှင်ဖွယ်ရာခရီးများ သွားရတတ်သည်။ မိမိအတွက် အကျိုးရှိသောခရီးများလည်း သွားရလိမ့်မည်။ ရပ်ဝေးမှ သတင်းကောင်း၊ ဧည့်သည်ကောင်းများ ရောက်ရှိလာရတတ်သည်။ ကား၊ စက်ဘီး၊ ဆိုင်ကယ်စသော
ယာဥ်တစ်မျိုးမျိုးဝင်လိမ့်မည်။ ပညာရေးပိုင်းတွင် ထူးချွန်မှုများနှင့် ကြုံတွေ့လိမ့်မည်။ ဆရာကောင်းသမားကောင်းများနှင့် တွေ့ကြုံသင်ကြားခွင့် ရရှိရတတ်သည်။ စပ်တူစပ်ဖက်လုပ်ငန်းများ လုပ်ကိုင်ရကာ အောင်မြင်မှုများလည်းရရှိလိမ့်မည်။ အိမ်ထောင်ရေးတွင် နှစ်ဦးသဘောတူ သာယာချမ်းမြေ့သောအိမ်ထောင်ရေးကို ပိုင်ဆိုင်ရတတ်သည်။
မိမိ၏ လုပ်ငန်းကိုင်ငန်းများ တိုးတက်အောင်မြင်မှုများနှင့် ကြုံတွေ့လိမ့်မည်။ မျှော်လင့်မထားသူများထံမှ အကူအညီကောင်းများ ရရှိရတတ်သည်။ ပြည်ပခရီး၊ ရပ်ဝေးခရီးများ သွားရတတ်သည်။ ၂၉ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံကြမ္မာနိမ့်ကျရတတ်သည်။ ငွေ ကြေးဆုံးရှုံးမှုများ ကြုံတွေ့လိမ့်မည်။ ဆွေမျိုးများကိုအကြောင်းပြုပြီး လင်မယားစိတ်ဆိုးစိတ်ကောက် ဖြစ်ရတတ်သည်။ ထိတ်လန့်ချောက်ခြားစရာကောင်းသော အိပ်မက်ဆိုးများ မြင်မက်ရတတ်သည်။ လေထိုးလေအောင့်ရောဂါများ ဖြစ်ပွားရတတ်သည်။ မိမိအနီးအနားပတ်ဝန်းကျင်မှလူများနှင့် စကားများရန်အတိုက်အခံ ဖြစ်ရတတ်၏။ အောက်လက်ငယ်သားများ ဒုက္ခပေးတတ်သည်။ မျက်စိနာခြင်းဝေဒနာများ ခံစားရတတ်သည်။ ဆေးဖိုးဝါးခအတွက် ငွေကုန်ကြေးကျများပြားရတတ်သည်။ အလုပ်အပြောင်းအရွှေ့အတွက် အကြောင်းအရင်းများ ပေါ်ပေါက်လာတတ်သည်။ ထို့ကြောင့် မိမိနှင့်မဆိုင်သောကိစ္စများ၌ နှုတ်ဆိတ်နေရန်အရေးကြီးပါသည်။
လူမှုရေးတွင် လူအများကြားတွင် ထင်ပေါ်မှုများရှိသော်လည်း မပျော်မရွှင်နိုင်ဖြစ်ရတတ်သည်။
အချစ်ရေးတွင် မိမိရည်စူးထားသောချစ်သူနှင့် လက်တွဲရတတ်သည်။
အိပ်မက်
စိမ်းလန်းစိုပြေသော စပါးခင်းများကို အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၉-၃-၅
ယတြာ
ကလေးတစ်ယောက်ယောက်ကို ရေခဲမုန့်ကျွေးလိုက်ပါ။



