တစ္ေန႔ကို ၾကက္ဥ နွစ္လံုးစားရင္ သင္ဘာေတြထူးျခားလာမလဲ
ၾကက္ဥ ရဲ႕အေထာက္ကူျပဳပံုေတြကို လူေတြခဏခဏေမးၾကတာေတြ႔ရပါတယ္။တစ္ေန႔ႏွစ္လံုးစားေပး႐ံုနဲ႔ ခႏၶာကိုယ္အတြက္အက်ဳိးျပဳႏုိင္တဲ့ၾကက္ဥရဲ႕အသံုးဝင္ပံုေတြကိုေျပာျပပါမယ္။
( ၁ ) မွတ္ဥာဏ္ေတြေကာင္းလာမယ္
တစ္ေန႔ကိုၾကက္ဥႏွစ္လံုးစားေပးရင္ သင့္ခႏၶာကိုယ္မွာ လံုေလာက္တဲ့အာဟာရေတြရ႐ွိျပီး Choline ဓာတ္ေတြပိုမ်ားလာကာ မွတ္ဥာဏ္ကိုပိုမိုအားေကာင္းလာေစပါတယ္။
( ၂ ) မ်က္လံုးအားပိုေကာင္းလာမယ္
႐ွာေဖြေတြ႔႐ွိခ်က္အသစ္မ်ားအရ ၾကက္ဥစားေပးျခင္းဟာ Lutein ဓာတ္ပိုမိုၾကြဝေစတယ္လို႔သိရပါတယ္။မ်က္လံုးကိုအျမင္ၾကည္႐ွင္းလင္းေစပါတယ္။မ်က္လံုးမႈန္ျခင္း..၊ မ်က္႐ိုးကိုက္ျခင္းတို႔ကိုလည္းသက္သာေစပါတယ္။
( ၃ )အသားေရ၊ ဆံသားနဲ႔အသည္းတို႔ကို ကာကြယ္ေပးႏိုင္
ဘိုင္အိုတင္း၊ဗီတာမင္ B12 တို႔ပါ၀င္ကာ အစာေျခစနစ္တို႔ကိုေကာင္းမြန္ေစျပီး အသားေရနဲ႔ဆံသားေတြကိုလည္းက်န္းမာေစပါတယ္။ Phospholipids ပါ၀င္တာေၾကာင့္အသည္းအတြက္ အႏၱရာယ္ျဖစ္ေစႏုိင္မယ့္ အဆိပ္ေတြကိုသုတ္သင္ေပးႏိုင္ပါတယ္။
( ၄ ) ဝိတ္ေတြက်လာမယ္
အေမရိကန္ သိပၸံပညာ႐ွင္ မ်ားေျပာစကားအရ ၾကက္ဥ မွာ ကယ္လိုရီ ပါဝင္မႈနည္းတာေၾကာင့္မနက္စာအေနနဲ႔ ၾကက္ဥျပဳတ္စားေပးမယ္ဆို ဝိတ္က်တာပိုျမန္မယ္လို႔သိရပါတယ္။ အစားစာခ်င္စိတ္ကိုလည္း ထိန္းေပးႏုိင္တာမို႔ ဝိတ္ခ်ခ်င္ေနတဲ့မိန္းကေလးေတြအတြက္ အဆင္ေျပေစမွာပါ။
( ၅ )ကင္ဆာေရာဂါကို ကာကြယ္ေပးႏုိင္
ဦးေႏွာက္အတြက္ လိုအပ္တဲ့ Choline ဓာတ္ေတြမ်ားစြာရ႐ွိႏုိင္သလို ကင္ဆာေရာဂါ မွလည္းကာကြယ္ေပးႏိုင္ပါတယ္။က်န္းမာေရးေလ့လာခ်က္မ်ားအရအမ်ဳိးသမီးေတြအတြက္ ရင္သားကင္ဆာျဖစ္ျခင္းကို ၁၈ရာခိုင္ႏႈန္းထိေလ်ာ့ခ်ေပးႏိုင္တယ္လို႔ သိရပါတယ္။
( ၆ )အရြယ္တင္ႏုပ်ဳိေစျခင္း
ဒါကေတာ့ ဒတ္ခ်္သိပၸံပညာ႐ွင္ေတြရဲ႕ ႐ွာေဖြေတြ႔႐ွိမႈပဲျဖစ္ပါတယ္။အသက္၃၅ႏွစ္ကေန ၄၀ထိ အမ်ဳိးသမီး ၈၇ရာခိုင္ႏႈန္းေလာက္ရဲ႕ အသားေရေပၚမွာ႐ွိတဲ့အစက္ေပ်ာက္ေတြ ေပ်ာက္ကင္းေစတယ္လုိ႔သိရပါတယ္။ အမ်ဳိးသားေတြအတြက္လည္းမ်က္ဝန္းတစ္ဝိုက္က အေရျပားတြန္႔ျခင္းေတြကိုကာကြယ္ေပးႏုိင္ပါတယ္။
Credit : myanmar 24
Unicode
တစ်နေ့ကို ကြက်ဥ နှစ်လုံးစားရင် သင်ဘာတွေထူးခြားလာမလဲ
ကြက်ဥ ရဲ့အထောက်ကူပြုပုံတွေကို လူတွေခဏခဏမေးကြတာတွေ့ရပါတယ်။တစ်နေ့နှစ်လုံးစားပေးရုံနဲ့ ခန္ဓာကိုယ်အတွက်အကျိုးပြုနိုင်တဲ့ကြက်ဥရဲ့အသုံးဝင်ပုံတွေကိုပြောပြပါမယ်။
( ၁ ) မှတ်ဉာဏ်တွေကောင်းလာမယ်
တစ်နေ့ကိုကြက်ဥနှစ်လုံးစားပေးရင် သင့်ခန္ဓာကိုယ်မှာ လုံလောက်တဲ့အာဟာရတွေရရှိပြီး Choline ဓာတ်တွေပိုများလာကာ မှတ်ဉာဏ်ကိုပိုမိုအားကောင်းလာစေပါတယ်။
( ၂ ) မျက်လုံးအားပိုကောင်းလာမယ်
ရှာဖွေတွေ့ရှိချက်အသစ်များအရ ကြက်ဥစားပေးခြင်းဟာ Lutein ဓာတ်ပိုမိုကြွဝစေတယ်လို့သိရပါတယ်။မျက်လုံးကိုအမြင်ကြည်ရှင်းလင်းစေပါတယ်။မျက်လုံးမှုန်ခြင်း..၊ မျက်ရိုးကိုက်ခြင်းတို့ကိုလည်းသက်သာစေပါတယ်။
( ၃ )အသားရေ၊ ဆံသားနဲ့အသည်းတို့ကို ကာကွယ်ပေးနိုင်
ဘိုင်အိုတင်း၊ဗီတာမင် B12 တို့ပါဝင်ကာ အစာခြေစနစ်တို့ကိုကောင်းမွန်စေပြီး အသားရေနဲ့ဆံသားတွေကိုလည်းကျန်းမာစေပါတယ်။ Phospholipids ပါဝင်တာကြောင့်အသည်းအတွက် အန္တရာယ်ဖြစ်စေနိုင်မယ့် အဆိပ်တွေကိုသုတ်သင်ပေးနိုင်ပါတယ်။
( ၄ ) ဝိတ်တွေကျလာမယ်
အမေရိကန် သိပ္ပံပညာရှင် များပြောစကားအရ ကြက်ဥ မှာ ကယ်လိုရီ ပါဝင်မှုနည်းတာကြောင့်မနက်စာအနေနဲ့ ကြက်ဥပြုတ်စားပေးမယ်ဆို ဝိတ်ကျတာပိုမြန်မယ်လို့သိရပါတယ်။ အစားစာချင်စိတ်ကိုလည်း ထိန်းပေးနိုင်တာမို့ ဝိတ်ချချင်နေတဲ့မိန်းကလေးတွေအတွက် အဆင်ပြေစေမှာပါ။
( ၅ )ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်
ဦးနှောက်အတွက် လိုအပ်တဲ့ Choline ဓာတ်တွေများစွာရရှိနိုင်သလို ကင်ဆာရောဂါ မှလည်းကာကွယ်ပေးနိုင်ပါတယ်။ကျန်းမာရေးလေ့လာချက်များအရအမျိုးသမီးတွေအတွက် ရင်သားကင်ဆာဖြစ်ခြင်းကို ၁၈ရာခိုင်နှုန်းထိလျော့ချပေးနိုင်တယ်လို့ သိရပါတယ်။
( ၆ )အရွယ်တင်နုပျိုစေခြင်း
ဒါကတော့ ဒတ်ချ်သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမှုပဲဖြစ်ပါတယ်။အသက်၃၅နှစ်ကနေ ၄၀ထိ အမျိုးသမီး ၈၇ရာခိုင်နှုန်းလောက်ရဲ့ အသားရေပေါ်မှာရှိတဲ့အစက်ပျောက်တွေ ပျောက်ကင်းစေတယ်လို့သိရပါတယ်။ အမျိုးသားတွေအတွက်လည်းမျက်ဝန်းတစ်ဝိုက်က အရေပြားတွန့်ခြင်းတွေကိုကာကွယ်ပေးနိုင်ပါတယ်။
Credit : myanmar 24