ဗေဒင်

တစ်ပတ်စာခုနှစ်ရက်သားသမီးကံကြမ္မာဟောကိန်း (25-5-2020 to 31-5-2020)…/

တနင်္ဂနွေသားသမီး

ငယ်ရွယ်သူများ အထူးစန်းပွင့်မည့်ကာလဖြစ်သလို ရုတ်တရက်အိမ်ထောင်ကျတတ်သော ကာလပါ လုပ်ငန်းနှင့်ပါတ်သက်၍ မိမိကြံရွယ်ထားသောအကြံအစည်များ အထမြောက်အောင်မြင်ပါလိမ့်မည်

လက်ရှိလုပ်ငန်းတွင် လက်အောက်ငယ်သားအချင်းချင်း နားလည်မူလွဲမှားခြင်း ရန်များခြင်းများ ဖြစ်နေတတ်ပါသည် ကျန်းမာရေးမှာ ဒူးအဆစ်အမြစ်များနာ၍ မလှုပ်ချင်မကိုင်ချင် ဖြစ်နေလိမ့်မည်

ထီ 96ပါသောထီထိုးပါ ယတြာ ကြံတစ်ညွှန့်နှင့် သပြေ၆ညွှန့်ပူး၍ဘုရားလှုပေးပါ

တနင်္လာသားသမီး

အတိုက်အခံတွေ အလွန်များနေသော ကာလပါ မိမိ၏အောင်မြင်မူအပေါ်တွင် မနာလိုသူများ၏ တိုက်ခိုက်ခြင်းခံရပါလိမ့်မည် ဘယ်လိုအခြေအနေပဲကြုံကြုံ မိမိရဲ့ကြိုးစားမူကို လုံးဝမလျှော့ပါနှင့် နှစ်ဆတိုး၍ထပ်ကြိုးစားပါ

အထူးချွန်ဆုံး အောင်မြင်မူရလာဘ်များကို ခံစားရပါလိမ့်မည် ကျန်းမာရေးတွင် အာရုံကြောအားနည်းတတ်ပါသည် သတိမကြာခဏမေ့တတ်ပါသည် ထီ 90ပါသောထီကိုထိုးပါ ယတြာ သစ်သီး၆မျိူးဘုရားလှုပေးပါ

အင်္ဂါသားသမီး

ကျန်းမာရေး အထူးဂရုပြုရမည့်ကာလပါ ရုတ်တရက်ကြီး ခေါင်းတွေမူးဝေလာတတ်ပါတယ် ဒီလိုကာလတွေမှာ အစားမှားဆေးမှားဖြစ်တတ်လို့ အထူးသတိပြုရပါလိမ့်မည်

ရပ်ဝေးခရီးမသွားသင့်သော ကာလပါ အထူးသဖြင့် ရေလမ်းခရီးရှောင်ပါ စက်ပစ္စည်းအဟောင်းတွေ အဝင်မခံပါနှင့် အကယ်၍ဝင်လာလျှင်လည်း မကြာခဏပျက်တတ်လို့ စိတ်ညစ်နေရတတ်ပါတယ်

ငယ်ရွယ်သူများ တနယ်သူနှင့်ချစ်သူရည်းစားဖြစ်တတ်ပါသည် ထီ 35ပါသောထီထိုးပါ ယတြာ မိမိမွေးနံထောင့်တွင် ပန်းငါးမျိူးလှု၍ဆုတောင်းပါ

ဗုဒ္ဓဟူးသားသမီး

မိမိရစရာရှိသော ငွေကြေးများထဲမှ တစ်ချိူ့တစ်ဝက်ပြန်လည်ရရှိပါမည် အနက်ရောင် အသုံးအဆောင်ပစ္စည်းတွေရှောင်ပါ အစိမ်းရောင် အသုံးအဆောင်ပစ္စည်းတွေအကျိူးပေးပါတယ်

ဘာသာရေးကိစ္စ အလှုအတန်းကိစ္စများတွင် ဝင်ရောက်ကူညီလုပ်ကိုင်ပေးနေရတတ်သော ကာလပါ ထီပေါက်ခြင်း ဆုမဲများပေါက်ခြင်းများကြုံရတတ်သော ကာလပါ သွားကိုက်ခြင်းသွားဖုံးယောင်ခြင်းများ ခံစားရတတ်ပါတယ်

ထီ67ပါသောထီထိုးပါ ယတြာ အုန်း၆ညွှန့်သပြေ၆ညွှန့်ပူး၍ဘုရားလှုပေးပါ

ကြာသာပတေးသားသမီး

နှစ်ကာလရှည်ကြာစွာလက်တွဲလာသော ချစ်သူများ လက်ထပ်မင်္ဂလာပြုရမည့်ကာလပါ မိမိရသင့်ရထိုက်သော အမွေအနှစ်များလည်းရရှိပါမည် လုပ်ငန်းတွင် အတွင်းရန်သူကိုအထူးသတိထားပါ

စာရင်းဇယားများကို အထူးလုံခြုံစွာထားပါ အရေးကြီးစာရွက်စာတမ်းတွေ ပျောက်ဆုံးတတ်ပါသည် အတွင်းလူ ဒုက္ခပေးတတ်သောကာလပါ ကျန်းမာရေးမှာမျက်ရိုးမကြာခဏကိုက်နေတတ်ပါတယ်

ထီ 45ပါသောထီထိုးပါ ယတြာ ရဟန်းသံဃာတော်များအား ဆပ်ပြာမှုန့်မကြာခဏလှုဒါန်းပေးပါ

သောကြာသားသမီး

အခက်အခဲမှန်သမျှ ကျော်လွှား၍ အဆင့်မြင့်တက်လမ်းများ ဖန်တီးကြိုးစားနိူင်မည့်ကာလပါ ရင်းနှီးမြုပ်နှံ့ထားသော လုပ်ငန်းများမှ အကျိူးအမြတ်များရရှိမည်

ကျန်းမာရေးတွင် လူပင်ပန်းတာထက် စိတ်ပင်ပန်းတာပိုများပါမည် စက်ပစ္စည်းများ မကြာခဏပျက်တတ်ပြီး စက်ပစ္စည်းကိစ္စအတွက် ငွေကုန်ကြေးကျများပါလိမ့်မည်

ထီ၃၅ပါသော ထီထိုးပါ ယတြာသစ်သီး၆မျိူး ဘုရားလှု၍ဆုတောင်းပါ

စနေသားသမီး

ပုံမှန်ဝင်နေကျ ဝင်ငွေထက်ပိုပြီးငွေဝင်ကိန်းရှိပါသည် အလုပ်မရှိသေးသူများ အလုပ်အကိုင်ရရှိပါမည် ကိုယ်တိုင်အတွက်သော်လည်းကောင်း မိသားစုအတွက်သော်လည်းကောင်း

ကျန်းမာရေးအတွက် ငွေကုန်ကြေးကျများမည် မိမိအထက်လူကြီးများထံမှ မိမိအတွက်သတင်းကောင်းကြားရပါမည် စုပေါင်းဆောင်ရွက်ရသောလုပ်ငန်းများ အထူးအောင်မြင်ပါမည်

ထီ ၆၅ပါသောထီထိုးပါ ယတြာ နေအိမ်ဘုရားတွင် မာလကာရွက်၁၁ရွက်လှုပေးပါ

ကျော်ဘိုဘိုဟိန်း


တနင်္ဂနွေသားသမီး




တနင်္လာသားသမီး


အထူးချွန်ဆုံး အောင်မြင်မူရလာဘ်များကို ခံစားရပါလိမ့်မည် ကျန်းမာရေးတွင် အာရုံကြောအားနည်းတတ်ပါသည် သတိမကြာခဏမေ့တတ်ပါသည် ထီ 90ပါသောထီကိုထိုးပါ ယတြာ သစ်သီး၆မျိုးဘုရားလှုပေးပါ

အင်္ဂါသားသမီး



ငယ်ရွယ်သူများ တနယ်သူနှင့်ချစ်သူရည်းစားဖြစ်တတ်ပါသည် ထီ 35ပါသောထီထိုးပါ ယတြာ မိမိမွေးနံထောင့်တွင် ပန်းငါးမျိုးလှု၍ဆုတောင်းပါ

ဗုဒ္ဓဟူးသားသမီး

မိမိရစရာရှိသော ငွေကြေးများထဲမှ တစ်ချို့တစ်ဝက်ပြန်လည်ရရှိပါမည် အနက်ရောင် အသုံးအဆောင်ပစ္စည်းတွေရှောင်ပါ အစိမ်းရောင် အသုံးအဆောင်ပစ္စည်းတွေအကျိုးပေးပါတယ်



ကြာသာပတေးသားသမီး




သောကြာသားသမီး

အခက်အခဲမှန်သမျှ ကျော်လွှား၍ အဆင့်မြင့်တက်လမ်းများ ဖန်တီးကြိုးစားနိုင်မည့်ကာလပါ ရင်းနှီးမြုပ်နှံ့ထားသော လုပ်ငန်းများမှ အကျိုးအမြတ်များရရှိမည်


ထီ၃၅ပါသော ထီထိုးပါ ယတြာသစ်သီး၆မျိုး ဘုရားလှု၍ဆုတောင်းပါ

စနေသားသမီး




ကျော်ဘိုဘိုဟိန်း