တနဂ်နွေသားသမီးများအတွက် ၂၀၂၂ခုနှစ် မေလ (၁)လစာ ဟောစာတမ်း
ယခုအချိန်ကာလတွင် သင့်အနေဖြင့် အလုပ် အကိုင်အသစ် အကြံအစည်အသစ်များ စတင်ပြုလုပ်ရန် ကောင်းမွန်သောအချိန်အခါဖြစ်ပါတယ်။
သင့်အနေဖြင့်အလုပ်အကိုင် စီးပွားရေးကိစ္စများအတွက် စိတ်ရော လူရော ပင်ပန်းနေရမည့်အချိန်ကာလဖြစ်သော်လည်း မိမိကြိုးစားမှုရှိသလောက် အောင်မြင်မှုများရရှိခြင်း၊ ဝင်ငွေကောင်းမွန်ခြင်းများ ကြုံရပါလိမ့်မည်။
ရာထူး ၊ နေရာ အလုပ်အကိုင် အသစ်များရရှိတတ်ပါတယ်။ အထက်အအကြီးအကဲများ၏ ချီးမြောက်ခြင်း အသိအမှတ်ပြုခြင်းများခရတတ်ပါတယ်။
မည့်သည့်ကိစ္စမဆိုခိုင်မာသော ဆုံးဖြတ်ချက်များနှင့် ဇွဲရှိစွာပြုလုပ်သင့်ပါတယ်။ စီးပွားရေးနှင့်ဆိုင်သောကိစ္စများ ရဲ့ရဲ့ဝံ့ဝံ့သာပြုလုပ်ပါ ကံတရားရဲအထောက်အပံ့ရရှိနိုင်ပါတယ်။
သို့သော်မည်သည့်ကိစ္စကိုမဆို အချေအတင်အတိုက်အခံ အပြိုင်အဆိုင်များကြားမှ အောင်မြင်မှုရရှိတတ်ပါတယ်။
လူငယ်များ ယခင်ကအချစ်ရေး အိမ်ထောင်ရေးအညံ့များမှာ ယခုကာလအတွင်း အကောင်းဘက်သို့ပြောင်းလဲလာမည့် အချိန်ဖြစ်ပါတယ်။
ချစ်သူမရှိသူများ ချစ်သူရရှိတက်ပြီး လက်ထပ်ရန်ရည်ရွယ်ထားသူများအတွက်မှာ စေ့စပ် ထိမ်းမြား လက်ထပ်ရ၍ အိမ်ထောင်ကျတက်သလို အချစ်ရေး အိမ်ထောင်ရေးတွင် အဆင် ပြေအေးချမ်းမှုများရရှိတက်ပါတယ်။
ကျန်းမာရေးအနည်းချူချာတက်၍ ကျန်းမာရေး သတိထားသင့်ပါတယ်။ သွေးတိုး သွေးအားနည်း သွေးလေနှင့်ဆိုင်သော ရောဂါများသတိထားဖို့လိုအပ်ပါတယ်။
သောကြာနေ့သားသမီးများနှင့် အဆင်မပြေဖြစ်တတ်၍ သတိထားဆက်ဆံပြောဆိုဖို့လိုအပ်ပါတယ်။မိမိစိတ်တွင်မဟုတ်မခံလိုသောစိတ်များဖြစ်ပေါ်တက်၍တက်နိုင်သမျှစိတ်ရှည် သီးခံရန်လိုအပ်ပါတယ်။
လူငယ်များ အပျော်အပါးကိစ္စများသတိထားသင့်ပါတယ်။ မြောက်အရပ်သို့ ခရီးသွားခြင်းရှောင်ကြဉ်သင့်ပါတယ်။
အညံ့များပျောက်၍ ကံတရား၏ အထောက်အပံ့ကိုရစေနိုင်ရန်အတွက် သပြေညွှန် ၆ အား တန်ခိုးကြီးဘုရား၏ အရှေ့မြောက်အရပ်မှနေ၍ လှူဒါန်းပါ။
ယခုကာလအတွင်း အကျိုးပေးသောဂဏန်းများမှာ ၁ ဂဏန်း ၊ ၄ ဂဏန်း ၊ ဂဏန်း၅ တို့ဖြစ်ပါတယ်..။
တနင်္ဂနွေ နေ့ သားသမီးများအားလုံး ကိုယ် စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ…..
သီးသန့် ဗေဒင်မေးလိုပါက..
Cb or viber or ph 09428121824 သို့ဆက်သွယ်နိုင်ပါတယ်….
#ဆရာဦးဘိုနိုင် (ဗေဒင်)
Zawgyi
#ဆရာဦးဘိုနိုင် (ဗေဒင်)



