ၾကားသိရသမွ်

တန္(၅၀၀) ေလးၿပီး ေပ (၆၀) ရွည္တဲ့ သံမဏိတံတားႀကီးတစ္စင္းလုံးကို ခိုးယူျခင္းခံခဲ့ရတဲ့ အျဖစ္…

တန္(၅၀၀) ေလးၿပီး ေပ (၆၀) ရွည္တဲ့ သံမဏိတံတားႀကီးတစ္စင္းလုံးကို ခိုးယူျခင္းခံခဲ့ရတဲ့ အျဖစ္…
ေဒးဗစ္ေကာ့ပါးဖီးလို မ်က္လွည့္ဆရာေလာက္ေတာ့ အိႏၵိယက လူေတြက သနားတယ္… အိႏၵိယႏိုင္ငံ အေရွ႕ပိုင္း ဘီဟာျပည္နယ္ရွိ စြန႔္ပစ္ထားတဲ့

ေပ ၆၀ ရွည္ လ်ား တဲ့ သံ မ ဏိ တံ တား တစ္ စင္း ကို သူ ခိုး ေတြ က အ ပိုင္း ပိုင္း ျဖတ္ ျပီး ခိုး ယူသြား ေၾကာင္း တာ ဝန္ ရွိ သူေတြက

ဧၿပီ ၉ ရက္မွာ ေျပာပါတယ္။ တန္ခ်ိန္ ၅၀၀ ေလးလံတဲ့ အဆိုပါတံတားကို ဘီဟာျပည္နယ္ရဲ႕ အေနာက္ေတာင္ဘက္ ၁၁၉ ကီလိုမီတာ အကြာရွိ ႐ိုတက္စ္ခ႐ိုင္ရွိ အမိယာဝါ ေက်း႐ြာမွာ ခိုးယူ ခံလိုက္ရတာ ျဖစ္ပါတယ္။

တံတားရဲ႕ သံမဏိေဘာင္ကို ျဖတ္ဖို႔ အႀကီးစားစက္ယႏၲရားေတြနဲ႔ ဓာတ္ေငြ႕ျဖတ္စက္ေတြကို အသုံးျပဳခဲ့ေၾကာင္း ေဒသခံေတြက ဆိုပါတယ္။ တံတားကို

အ ပိုင္း ပိုင္း ျဖတ္ၿပီးေနာက္ သူခိုးေတြက အပိုင္းအစေတြကို ယာဥ္ေတြေပၚ တင္ေဆာင္သြားခဲ့ေၾကာင္း သိရပါတယ္။

သူခိုးေတြက စက္မႈဌာနမွ အရာရွိေတြအျဖစ္ အေယာင္ေဆာင္ခဲ့ၾကတာ ျဖစ္ေၾကာင္း ေဒသခံ ဆည္ေျမာင္းဌာနမွ အငယ္တန္း အင္ဂ်င္နီယာ ရွမ္ရွိ က

မီဒီယာေတြကို ေျပာၾကားခဲ့ပါတယ္။ အဆိုပါ တံတားကို ၁၉၇၂ ခုႏွစ္ က အာရာ တူးေျမာင္းေပၚမွာ တည္ေဆာက္ခဲ့တာ ျဖစ္ၿပီး လြန္ခဲ့တဲ့ ၅ ႏွစ္က

ကြန္ကရစ္ တံတား တစ္စင္း အၿပိဳင္ ဖြင့္လွစ္ခဲ့ၿပီးေနာက္ ႐ြာသားေတြက ၎တံတားကို အသုံးမျပဳေတာ့ပါဘူး။ ေပ ၆၀ ရွည္တဲ့

သံမဏိ တံတားႀကီးတစ္ခုလုံးကို လူျမင္ကြင္းမွာ ေပၚတင္ ခိုးယူသြားတဲ့ သူခိုးေတြကေတာ့ ကမာၻေက်ာ္ သူခိုးအျဖစ္ စာရင္းဝင္သြားၿပီ ျဖစ္ပါတယ္။

မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

တန်(၅၀၀) လေးပြီး ပေ (၆၀) ရှည်တဲ့ သံမဏိတံတားကြီးတစ်စင်းလုံးကို ခိုးယူခြင်းခံခဲ့ရတဲ့ အဖြစ်…
ဒေးဗစ်ကော့ပါးဖီးလို မျက်လှည့်ဆရာလောက်တော့ အိန္ဒိယက လူတွေက သနားတယ်… အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ စွန့်ပစ်ထားတဲ့

ပေ ၆၀ ရှည် လျား တဲ့ သံ မ ဏိ တံ တား တစ် စင်း ကို သူ ခိုး တွေ က အ ပိုင်း ပိုင်း ဖြတ် ပြီး ခိုး ယူသွား ကြောင်း တာ ဝန် ရှိ သူတွေက

ဧပြီ ၉ ရက်မှာ ပြောပါတယ်။ တန်ချိန် ၅၀၀ လေးလံတဲ့ အဆိုပါတံတားကို ဘီဟာပြည်နယ်ရဲ့ အနောက်တောင်ဘက် ၁၁၉ ကီလိုမီတာ အကွာရှိ ရိုတက်စ်ခရိုင်ရှိ အမိယာဝါ ကျေးရွာမှာ ခိုးယူ ခံလိုက်ရတာ ဖြစ်ပါတယ်။

တံတားရဲ့ သံမဏိဘောင်ကို ဖြတ်ဖို့ အကြီးစားစက်ယန္တရားတွေနဲ့ ဓာတ်ငွေ့ဖြတ်စက်တွေကို အသုံးပြုခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။ တံတားကို

အ ပိုင်း ပိုင်း ဖြတ်ပြီးနောက် သူခိုးတွေက အပိုင်းအစတွေကို ယာဉ်တွေပေါ် တင်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

သူခိုးတွေက စက်မှုဌာနမှ အရာရှိတွေအဖြစ် အယောင်ဆောင်ခဲ့ကြတာ ဖြစ်ကြောင်း ဒေသခံ ဆည်မြောင်းဌာနမှ အငယ်တန်း အင်ဂျင်နီယာ ရှမ်ရှိ က

မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ အဆိုပါ တံတားကို ၁၉၇၂ ခုနှစ် က အာရာ တူးမြောင်းပေါ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်က

ကွန်ကရစ် တံတား တစ်စင်း အပြိုင် ဖွင့်လှစ်ခဲ့ပြီးနောက် ရွာသားတွေက ၎င်းတံတားကို အသုံးမပြုတော့ပါဘူး။ ပေ ၆၀ ရှည်တဲ့

သံမဏိ တံတားကြီးတစ်ခုလုံးကို လူမြင်ကွင်းမှာ ပေါ်တင် ခိုးယူသွားတဲ့ သူခိုးတွေကတော့ ကမ္ဘာကျော် သူခိုးအဖြစ် စာရင်းဝင်သွားပြီ ဖြစ်ပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။