အသိပညာ
စိတ်ဓာတ်ကျနေရင် ပြင်ဦးလွင်က ဒီမေမေကိုကြည့်ပါ။
ကိုယ်ဝန်သုံးလမှာ အမျိုးသားက ကလေးမလိုချင်လို့ ထားသွားတယ်။အဲတော့ ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ ပန်းရံဝင်လုပ်တယ်။
မွေးခါနီးစရိတ်ခက်ခဲနေလို့ ကျွန်တော်တို့နဲ့အဆက်သွယ်ရပြီး အခမဲ့မွေးဖို့စီစဉ်ပေးနိုင်ခဲ့ပါတယ်။
မွေးပြီးတော့လည်း အလေးအပင် မမနိုင်လို့အခု သမီးလေးကို ဆိုင်ကယ်ပေါ်တင်ပြီး အဝတ်လိုက်လျော်ပါတယ်။
အခုလည်း တစ်လ ၈သောင်းနဲ့ ပြင်ဦးလွင်က ဆိုင်တစ်ခုမှာ အဝတ်လိုက်လျော်နေပါတယ်။အိမ်ငှားခတင် တစ်လ လေးသောင်းပါ။
ဘဝကိုမဖြစ်ဖြစ်အောင်တယောက်ထဲ ရပ်တည်နေတဲ့ သတ္တိရှိတဲ့ မေမေပါ။
ပြင်ဦးလွင်က အမျိုးတို့ အလုပ်လေးဘာလေး သက်သာတာလေးရှိရင် ကူညီပေးပါအုန်း။
သူက အကူညီ မတောင်းပေမယ့် ကလေးတွဲလောင်းလေး ဆိုင်ကယ်စီးပြီး အဝတ်လိုက် လျော်နေတာ အဆင်မပြေလောက်လို့ပါ။
ကူညီချင်သူများရှိရင်လည်း သူ့ဖုန်းနံပတ်က 09260117699 ပါ။ တိုက်ရိုက်ချိတ်ဆက်ကူညီနိုင်ပါတယ်။
ဒီမေမေရဲ့သမီးလေးက လေးလပြည့်တော့ပါမယ်။ ကျွန်တော်တို့ နိုင်သလောက်ဆေးခန်း ရဲ့(၈၇) ယောက်မြောက်သမီးလေးပါ။အရမ်းလိမ်မာပါတယ်။
အလှူရှင်တွေအားလုံးရဲ့ကျေးဇူးကြောင့် အခုလိုခက်ခဲနေတဲ့ ကိုယ်ဝန် ဆောင်ပေါင်း အယောက် (၃၅၀) ကျော်ကို ကူညီနိုင်ခဲ့တာပါ။
ကူညီလှူဒါန်းပါဝင်ပေးနေသူများကိုအရမ်းကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့ နိုင်သလောက်ဆေးခန်းနဲ့ လက်တွဲ ပြီးခက်ခဲနေတဲ့မိခင်တွေကို ကူညီချင်ရင် ကျွန်တော့ကို ဆက်သွယ်ပေးပါ။
တိုက်ရိုက်ကူညီလို့ရအောင်ချိတ်ဆက်ပေးပါမယ်။.Credit
Sint Nyi Nyi Tun
Zawgyl
Sint Nyi Nyi Tun