အနုပညာ

ဆွမ်းခံကြွလို့မရတဲ့ဆရာလေးအပါး (၂၀၀) ကျော်ကို တတ်နိုင်သလောက် လှူဒါန်းလိုက်တဲ့ ဖြူဖြူထွေး(ရုပ်သံ)

ဆွမ်းခံကြွလို့မရတဲ့ဆရာလေးအပါး (၂၀၀) ကျော်ကို တတ်နိုင်သလောက် လှူဒါန်းလိုက်တဲ့ ဖြူဖြူထွေး(ရုပ်သံ)



Unicode

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးက ကျေးရွာသူလေးတစ်ယောက်ပီပီ ရိုးသားဖြူစင်ပြီး ပွင့်လင်းလှလွန်းသူ ဖြစ်ပါတယ်။

ဖြူဖြူထွေးက အနုပညာလမ်းကြောင်းပေါ်ကို မထင်မှတ်ပဲ ရောက်ရှိလာပြီးနောက် အခုဆိုရင် တိုင်းသိပြည်သိ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား အောင်မြင်မှုတွေများစွာတိုးလာခဲ့တဲ့ ဖြူဖြူထွေးက သူမရဲ့ ကိုယ်ပိုင်တိုက်၊ ကိုယ်ပိုင်ကားတွေနဲ့ ပြည့်စုံတဲ့ဘဝလေးကို ပိုင်ဆိုင်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။

လူလေးချစ်စရာကောင်းသလို အလှူရေစက် လက်နဲ့မကွာ လှူဒါန်းတတ်တဲ့ ဖြူဖြူထွေးက ဒီကနေ့မှာတော့ COVID ကာလကြီးမှ ဆွမ်းခံကြွလို့မရတဲ့
ဆရာလေးအပါး (၂၀၀) ကျော်ကို ဖြူဖြူတတ်နိုင်သလောက် လှူဒါန်းခဲ့တာဖြစ်ပါတယ် အားလုံးပဲ သာဓုခေါ်ဆိုနိုင်ဖို့ သူမရဲ့ဗွီယိုဖိုင်လေးကိုမျှဝေပေးလိုက်ပါတယ်