မန္တလေးမှာ ကဖေးနှင့် စားဖွယ်စုံဆိုင်ကြီး ဖွင့်လှစ်လိုက်ပြီး ပရိသတ်တွေကို လာရောက်အားပေးဖို့ ဖိတ်ခေါ်ခဲ့တဲ့ ခင်လှိုင် . . .

မန္တလေးမှာ ကဖေးနှင့် စားဖွယ်စုံဆိုင်ကြီး ဖွင့်လှစ်လိုက်ပြီး ပရိသတ်တွေကို လာရောက်အားပေးဖို့ ဖိတ်ခေါ်ခဲ့တဲ့ ခင်လှိုင်

အငြိမ့်ဇာတ်သဘင်တွေမှာ ခင်လှိုင်ကတော့ ဟာသလူရွှင်တော်တစ်ယောက်အဖြစ် ဆောင်ရွက်ခဲ့ပြီး ဇာတ်ပို့ဇာတ်ရံတစ်ယောက်အဖြစ် အောင်မြင်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ခင်လှိုင်က သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းရိုက်ကူးနေလျက်ရှိပြီး ပရိသတ်အားပေးမှုကို အထိုက်အလျောက်ရရှိနေတာပဲ ဖြစ်ပါတယ်။

ခင်လှိုင်ကတော့ တစ်နှစ်ထက်တစ်နှစ် သူ့ကိုယ်သူတိုးတက်အောင် အမြဲတမ်းကြိုးစားနေလျက်ရှိပါတယ်။

ဒီတစ်ခါမှာလည်း ခင်လှိုင်က သူ့ရဲ့စီးပွားရေးခြေလှမ်းအသစ်ဖြစ်တဲ့ကဖေးနဲ့စားဖွယ်စုံဆိုင်ကြီးကို မန္တလေးမြို့မှာ မောင်နှမတွေနဲ့အတူ စုပေါင်းပြီး ဖွင့်လှစ်လိုက်တဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

“ကျွန်တော်တို့ညီအကိုမောင်နှတွေစုပေါင်းအားနှင့် အညာမြေ ကဖေးနှင့်စားဖွယ်စုံ ဆိုင်သစ်ကို မန္တလေးမြို့ ၆၂ လမ်း သိပ္ပံလမ်း ၁၀၁/၁၀၂ ကြားတွင်ဒီနေ့ဖွင့်နိုင်ခဲ့ပါပြီ

မန်းရွှေမြို့ကိုရောက်ရင်ကြွရောက်ပြီးအားပေးကြပါဦးခင်ဗျာ” ဆိုပြီး ပရိသတ်တွေကို ဖိတ်ခေါ်ထားပါတယ်။

ခင်လှိုင်ကတော့ သူ့ရဲ့ နောက်ထပ်စီးပွားရေးခြေလှမ်းတစ်ခုကို စတင်လိုက်ပြီပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း မန္တလေးရွှေမြို့တော်ကြီးကိုရောက်ဖြစ်ခဲ့ရင် ခင်လှိုင့်ရဲ့ ဆိုင်လေးကို သွားရောက်အားပေးကြပါဦးနော်။

Source : Khin Hlaing’s Facebook